← Chapters

မှင်အမိန့်ပြား

Vol. 24 Ch. 3.109

မှင်အမိန့်ပြား

Vol. 24 Ch. 3.109

"ငါတို့သခင်ကို လှည့်စားရင် မင်းဘယ်လို ပြန်ပေးဆပ်ရမယ် ဆိုတာ သိလား?"

ရှောက်ရန်ရဲ့မျက်နှာက မှိုင်းညို့ပြီး ကြောက်စရာကောင်းတဲ့ အမိန့်ကိုကြားတာနဲ့ အချိန်မရွေး တိုက်ခိုက်တော့မလိုပင်။ အခုဆို ကောင်လေးက ပေါက်ကရတွေ ပြောနေတာ သေချာသလောက်ပဲ။

မြရောင်ဝါးက အတုလို့ ပြောတယ်။ ပြီးတော့ အဲဒါက အစစ်လို့ ပြန်ပြောပြန်တယ်။ ဒါကြောင့် ဒီလူငယ်က သူတို့ကို ကစားနေတာသာ ဖြစ်ရမယ်။

"မလောပါနဲ့.."

တစ်ဖက်လူ၏ မျက်နှာ မည်းမှောင်သွားသည်ကို မြင်လိုက်ရတော့ လုရွှမ်က တည်ငြိမ်စွာ ပြုံးကာ။

"အခုနက ပြောခဲ့တာက ခင်ဗျားလင်းလုံဆေးကို သန့်စင်ဖို့ အတုကို ဝယ်ခဲ့မိတာလို့ ပြောတာ... အဲဒါက မြရောင်ဝါး အစစ်မဟုတ်ဘူးလို့ မပြောဘူး!"

သူ၏ ရှုပ်ယှက်ခတ်နေသော စကားကိုကြားတော့ အစိမ်းရောင်ဝတ်ရုံ အဘိုးကြီးနှင့် ရှောက်ရန်တို့သည် တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး နောက်မှ မထိန်းနိုင်တော့ဘဲ။

"မင်းဘာကို ဆိုလိုချင်တာလဲ?"

"ဒါက အရမ်းရိုးရှင်းပါတယ်။ ဒါက မြရောင်ဝါးပဲ... ဒါပေမဲ့ လင်းလုံဆေးကို သန့်စင်ဖို့အတွက် ဒီမြရောင်ဝါး အရွက်ကို တကယ်သုံးချင်တယ် ဆိုရင်တော့ ဒီဆေးကို စားပြရင် အာနိသင်ရှိမှာ မဟုတ်ဘူးလို့ အာမခံနိုင်တယ်... သေတောင် သေသွားလိမ့်မယ်!"

"စားမိရင် သေလိမ့်မယ်? ငါ့ကို နောက်နေတာလား! အဆင့်၅ ပေါင်းစပ်ဝိညာဥ်နယ်ပယ် ရောက်တဲ့အခါ မင်းရဲ့စိတ်ဝိညာဉ်က သဘာဝကို သိမြင်လာပြီး မင်းရဲ့ဝိညာဉ်စွမ်းအား အတိုင်းအတာဟာ အရှိန်အဟုန်နဲ့ တိုးလာလိမ့်မယ်.... လင်းလုံဆေးလုံးက လူတွေကို မွန်မြတ်တဲ့စိတ်နှလုံးကို ဖန်တီးပေးနိုင်တယ်။ မင်းမှာ နတ်ဆိုးတွေ ရှိရင်တောင် အတွင်းနတ်ဆိုးတွေရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားပစ်ဖို့ အကျိုးကျေးဇူးတွေပဲရှိတယ်.... လူတွေကို ဘယ်လိုလုပ် သေစေနိုင်မှာလဲ??"

ရှောက်ရန်သည် သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်စွာ လက်ကို ဝှေ့ယမ်းလိုက်သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ပေါင်းစပ်ဝိညာဥ်နယ်ပယ်သည် ဝိညာဥ်နှင့် ခန္ဓာစွမ်းအင်ကို ပေါင်းစပ်၍ ဝိညာဉ်စွမ်းအားများ တိုးမြင့်လာပါသည်။ ထိုအချိန်တွင် နတ်ဆိုးစိတ်များ ပေါက်ပွားရန် လွယ်ကူလေသည်။

လင်းလုံဆေးသည် နတ်ဆိုးစိတ်များကို နှိမ်နင်းရန် အကောင်းဆုံးဆေး ဖြစ်သည်။ တစ်ခုနှင့်တစ်ခု အကျိုးသက်ရောက်မှုသည် အလွန်ကောင်းသည်။ ၎င်းသည် လူများကို မည်သို့ သေစေနိုင်မည်နည်း။

ဒီကလေးက မိုက်မဲနေတာ မဟုတ်ဘူးလား။

"ခင်ဗျား မယုံဘူးဆိုတာ ကျုပ်သိတယ်... ဒီလိုဖြစ်ရင် ဝါးရွက်တစ်ရွက်ကို ယူလိုက်ပါ!"

လုရွှမ်က ဆိုလိုက်သည်။

ရှောက်ရန် ခဏလောက်ရပ်ပြီး အစိမ်းရောင်ဝတ်ရုံနဲ့ အဘိုးအိုကို ကြည့်ကာ သူ့အမိန့်ကို နာခံဖို့ အသင့်ဖြစ်နေ၏။

"အင်း"

အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးကြီးသည် လူငယ်၏ စကားများကို စိတ်ချယုံကြည်ရဟန် ရှိနေသော သူ့မျက်နှာမှ ယုံကြည်မှု အရှိန်အဝါကို မြင်လိုက်ရကာ ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

ရှောက်ရန် လက်ဆန့်ပြီး မြရောင်ဝါးပင်မှ သစ်ရွက်တစ်ရွက်ကို ဆုတ်လိုက်သည်။

"မင်း အခု မီးကိုယူပြီး သစ်ရွက်ကို မီးရှို့လိုက်... ဘာဖြစ်သွားလဲ ကြည့်နေ!" လုရွှမ်က ဆက်ပြောသည်။

"မီးရှို့ရမယ်?"

အဘိုးအို၏ သဘောတူညီချက်ကို ထပ်မံရရှိပြီးနောက် ရှောက်ရန်သည် မီးရှူးတိုင်ကို ထုတ်ကာ ဝါးရွက်အောက်တွင် ထားလိုက်သည်။

"ဒီဝါးရွက်က အနည်းဆုံး ထောင်ချီတဲ့ ဝိညာဉ်ကျောက်တုံးတွေလောက် တန်ဖိုးရှိတယ်။ မင်း မိုက်မဲတဲ့ စကားတွေ ထပ်ပြောရင် ဆုံးရှုံးမှုနောက်ကို လိုက်သွားရလိမ့်မယ်"

မီးလောင်နေချိန်တွင် ရှောက်ရန်က ဟစ်အော်လိုက်သည်။

မြရောင်ဝါး၏ အရွက်များကို သေမျိုးနယ်ပယ် အဆင့်၅ အဂ္ဂိရတ်ဆေး သန့်စင်ရန်အတွက် အသုံးပြုနိုင်ပါသည်။ တန်ဖိုးသည် အလွန်မြင့်မားသောကြောင့် သေးငယ်သော အရာမဟုတ်ပေ။ ထောင်ပေါင်းများစွာသော ဝိညာဉ်ကျောက်များနှင့် ညီမျှသည်။

"စိတ်မပူပါနဲ့... ပြဿနာရှိရင် ငါမင်းကို လျော်ကြေးပေးမယ်။ ဒါပေမဲ့ ခဏကြာရင် မင်းဒီလိုမပြောနိုင်တော့မှာကို ကြောက်ရတယ်"

လုရွှမ်၏ မျက်နှာမှာ မပြောင်းလဲဘဲ သူ့အမူအရာက ဘာမှမထူးခြားပေ။

"မင်းဘာတွေလုပ်နေလဲ ငါကြည့်ချင်သေးတယ်!"

သူအရမ်း ယုံကြည်မှု ရှိနေတာကို မြင်တော့ ရှောက်ရန်က သံသယနဲ့ အော်ဟစ်လိုက်ပြီး အရွက်အောက်မှာ မီးက ဆက်လောင်နေ၏။

ဇိ!

နှစ်မိနစ်ခန့် တောက်လောင်ပြီးနောက် လေပြင်းတိုက်သံကို ကြားရသောအခါတွင်မူ စိမ်းမြသော သစ်ရွက်သည် ရုတ်တရက် မည်းတူးသွားကာ အရွက်၏ မြှေးကဲ့သို့ သွေးကြောများသည် အလွန်နက်ရှိုင်းသော မိစ္ဆာသွေးကြောများ ကဲ့သို့ မည်းနက်သွားလေ၏။

"အာ"

ရှောက်ရန် အံ့အားသင့်သွားပြီး ချက်ချင်း လွှတ်ချလိုက်တာကြောင့် မီးလောင်နေသော ဝါးရွက်များ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"အမ်?"

အစိမ်းရောင် ၀တ်စုံနဲ့ အဘိုးအိုသည် အစပိုင်းတွင် ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ လုရွှမ်ကို ကြည့်နေခဲ့သည်။ လက်ရှိတွင် သူ့မျက်နှာမှာ အရောင်ပြောင်းသွားကာ လက်ဖဝါးပေါ်ရှိ ဝါးရွက်များကို လွှတ်ချမိလုမတတ် ခန္ဓာကိုယ်က လျင်မြန်စွာ တုန်လှုပ်သွားသည်။ သူ့မျက်လုံးများက မယုံနိုင်စရာ တစ်စုံတစ်ခုကို တွေ့လိုက်ရသည့်နှယ် ဝိုင်းစက်လျက်။

"ဒါက မကောင်းတဲ့ ဘေးဆိုးရဲ့ အရှိန်အဝါပဲ... ဒါကိုလင်းလုံဆေးလုံးထဲ သန့်စင်လိုက်ရင် အတွင်း နတ်ဆိုးစိတ်တွေကို မဖယ်ရှားနိုင်ရုံ သာမက အတွင်းနတ်ဆိုးစိတ်ကို ပိုတောင် ဖြစ်ပေါ်စေပြီး လူတွေကို ရုတ်တရက် ပွဲချင်းပြီး သေသွားစေနိုင်တယ်"

ဒီအကြောင်းပြောရင်း ခေါင်းမှ အေးစက်စက် ချွေးများ ထွက်ကျလာခဲ့သည်။

အကယ်၍ လူငယ်သည် ဘာမှ မပြောဘဲ ပစ္စည်းများကို သူ့ဘာသာသူ ပြန်ယူသွားကာ ဆေးလုံးအဖြစ် သန့်စင်ပြီးသည်နှင့် တစ်ပြိုင်နက် သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၅ရှိ ကျွမ်းကျင်သူ အများအပြားကို သတ်ပစ်မည် ဖြစ်၍ ၎င်း၏ ဂုဏ်သိက္ခာလည်း ပျက်ပြားသွားမည် ဖြစ်သည်။

"ဘယ်လို ဖြစ်တာလဲ?"

အစိမ်းရောင် ဝတ်ရုံနှင့် အဘိုးကြီး၏ မျက်နှာသည် အနည်းငယ် ကြည့်ရဆိုးနေပြီး ယခင်လို တည်ငြိမ်မှု မရှိတော့ပေ။

ချွင်း!

ရှောက်ရန်၏ မျက်နှာမှာလည်း မည်းမှောင်သွားကာ သူ့လက်ကောက်ဝတ်ကို လှည့်၍ ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်ပြီး မိုက်မဲသော စကားအား ပြောခဲ့သည့် တာဝန်ခံယွင်ကို အသေပစ်သတ်ချင် နေသကဲ့သို့ ဖြစ်သွားသည်။

သာမာန်အတုများသည် သည်းခံနိုင်သော်လည်း ယခု အဓိကအချက်မှာ အတုသည် လူကိုသေစေနိုင်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကို နှလုံးသားအောက်ခြေကို ကျဆင်းသွားစေနိုင်သည့် အရာဖြစ်၏။

ဒါ့ထက် သူတို့သည် တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ သိခဲ့ကြပြီး အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက် ခဲ့ကြပေမယ့် အခုက သူ့ကို အန္တရာယ်ပြုဖို့ တစ်ယောက်ယောက်ကို အသုံးချချင်နေသလိုပဲ။

"လူကြီးမင်းပိုင်လျဲ့ ကျုပ်ကို ခွင့်လွှတ်ပါ.... ကျုပ်လည်း ဘယ်လိုဖြစ်မှန်း မသိဘူး။ ဒီမြရောင်ဝါးကို အပြင်ကနေ ယူဆောင်လာခဲ့တာ... လူကြှးမင်းလို အကြီးအကဲတောင်မှ အခြေအနေကို အတိအကျ မမြင်ရတာ ကျုပ်က ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ?"

တာဝန်ခံယွင်သည် အလွန်ထိတ်လန့်သွားပြီး ဒူးထောက်ကာ မြေပြင်ပေါ်တွင် မရပ်မနား တောင်းပန်နေလေ၏။ တခြားသူတွေက အဘိုးကြီးရဲ့ အနေအထားနဲ့ စွမ်းအားကို မသိပေမယ့် သူ ကောင်းကောင်းသိသည်။

တစ်ဖက်လူက သူ့ကိုတကယ် ဒေါသထွက်ပြီး သတ်လိုက်မယ်ဆိုရင် အရာအားလုံး အချည်းနှီး ဖြစ်သွားမှာပင်။ ဒီအခြေအနေမှာ သူ ဘယ်လောက်မှ မတွန့်ဆုတ်ဝံ့ဘဲ ချက်ချင်း ဒူးထောက်ပြီး အမှားကို ဝန်ခံလိုက်သည်။

"ဟင့်အင်း သူတကယ်မသိဘူး!"

သူ့အသက်ကို သက်ညှာပေးဖို့ တောင်းဆိုနေတာကို ကြားတော့ အစိမ်းရောင်ဝတ် အဘိုးကြီးက တစ်ဖက်လူကို အပြစ်မတင်နိုင်တာကို နားလည်သွားပုံ ပေါ်လေသည်။ သူ့ရဲ့ ညံ့ဖျင်းတဲ့ မျက်လုံးတွေကြောင့် မမြင်ခဲ့မိတာကြောင့် လက်ကို ချက်ချင်းဝှေ့ယမ်းပြီး ရှောက်ရန်ကို သူ့လက်နက် ပြန်သိမ်းဖို့ အချက်ပြလိုက်သည်။

"ဟမ့်!"

လက်နက်ကို ရုပ်သိမ်းလိုက်သော်လည်း ရှောက်ရန်မှာ ဒေါသထွက်နေသေးသည်။

သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ တွင် ရှိနေပါသည်။ သူသည် ဤအရာအား လင်းလုံဆေးလုံးအဖြစ် သန့်စင်ပြီး အမှန်တကယ် အသုံးပြုပါက သူသည် ၎င်းကို ပထမဆုံး သောက်သုံးသူ ဖြစ်မည်မှာ သေချာပါသည်။

ထိုအခါ သေချာပေါက် သေသွားနိုင်၏။ ဆေးအတုကြောင့် သေလုနီးပါး ဖြစ်သွားနိုင်လို့ ဘယ်လိုမှ ဒေါသမထိန်းနိုင်တော့ပေ။

"ညီလေး မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်!"

အစိမ်းရောင် ဝတ်ထားသော အဘိုးအို၏ စိတ်အခြေအနေသည် ပြန်လည် ကောင်းမွန်လာပြီး ခဏအတွင်း သူ့မျက်နှာပေါ်တွင် ထိတ်လန့်တကြား အမူအရာများ ပေါ်လာပြန်သည်။ လုရွှမ်အား ထပ်မံ၍ မထီမဲ့မြင်ပြုကာ အထင်မသေးရဲတော့ဘဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဒီမြရောင်ဝါးကို သူမြင်ခဲ့တာတောင် ဘာမှ အမှားအယွင်းမှ ရှာမတွေ့နိုင်ခဲ့ဘူး။ လူငယ်က တစ်ချက်ကြည့်လိုက်ရုံနဲ့ အနားတောင် မကပ်ဘဲ ပစ္စည်း အရည်အသွေးကို သေချာသိနေခဲ့သည်။

"အခု အတုဆိုတာ သေချာသွားပြီလား?"

လုရွှမ်က အပြုံးတစ်ပွင့်နဲ့ မေးလိုက်သည်။

"ဟုတ်ပါတယ် အတုပါ... ရှောက်ရန် စိမ့်မြက်ပင်ကို ဒီက သခင်လေးဆီ ပေးလိုက်ပါ.....ပြီးတော့ ငါ့ရဲ့ မှင်အမိန့်ပြား တစ်ခုကိုလည်း ပေးလိုက်ပါ"

အဖိုးအိုက ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်၏။

ယခုအချိန်တွင် လုရွှမ်သည် ပစ္စည်းအတု၏ ဆိုလိုရင်းကို ဖော်ထုတ်နိုင်ခဲ့သည်။ မြရောင်ဝါးသည် အစစ်အမှန် ဖြစ်သော်လည်း အတုများထက်ပင် ပို၍ကြောက်စရာ ကောင်းပါသည်။ သူသာရှာမတွေ့ပါက သန့်စင်လိုက်လျှင် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာမှာ မလွဲပေ။

သူသည် ရက်ရောသူလည်း ဖြစ်သည်။ အခြားသူသည် သူ့အား ကြီးမားသော အကူအညီ ပေးခဲ့သည်ကို သိသဖြင့် ရှက်ရွံ့ခြင်းလည်း မရှိပေ။

"မှင်အမိန့်ပြား? သခင် ဒါက...."

ရှောက်ရန်သည် မြေစိမ့်မြက် ပေးလိုက်ဟူသည့် အမိန့် ထွက်လာသည်ကို ကြားသိရသော်လည်း မအံ့သြပေ။ အထက်ကပြောခဲ့သည့် စကားအတိုင်း သခင်သည် အလွန်တန်ဖိုးရှိသောကြောင့် မြက်သေးသေးလေးကြောင့် သူ့ဂုဏ်သတင်းကို သဘာဝအတိုင်း မပျက်စီးစေရပေ။

သို့သော် မှင်အမိန့်ပြားဟု ကြားလိုက်သောအခါတွင် သူ၏အမူအရာမှာ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

"ဒီညီလေးမှာ ထူးထူးခြားခြား ဉာဏ်ရည်ဥာဏ်သွေးနဲ့ ယှဉ်လို့မရတဲ့ အသိပညာတွေ ရှိတယ်.... အဲဒါက မှင်အမိန့်ပြားလေး တစ်ခုပဲလေ....ပြောရရင် မင်းကို ငါ့စကားကို မနာခံချင်တာလား!"

ရှောက်ရန်က ပေးချင်တဲ့ပုံ မပေါ်တာကို မြင်တော့ အစိမ်းရောင်ဝတ်ရုံ အဖိုးအိုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါ၏။

All Chapters