← Chapters

ဘာလို့ရှာလကာရည်နံ့ရနေတာလဲ

Vol. 43 Ch. 841

ဘာလို့ရှာလကာရည်နံ့ရနေတာလဲ

Vol. 43 Ch. 841

ထိုနှစ်ကစစ်ကြီးတွင် နန်လင်းသည်လည်း လန်ချန်းလန် ပေထင်းလန် တို့နှင့် ညီအစ်ကိုကောင်းများဖြစ်ကြသဖြင့် ပေထင်းလန်နှင့်ဇနီးဖြစ်သူတို့ကို ကူညီခဲ့သည်။ သို့သော် ထိုအကြောင်းသည် ပေထင်းဟွမ်ရှေ့တွင် ပြောနေရန် မလုံလောက်ပေ။

သူ ပေထင်းဟွမ်ကို တောထဲတွင်တွေ့စဉ်က လူငယ်၏အရည်အချင်းနှင့် ခွန်အားကို အံ့အားသင့်မိသဖြင့် သူမကို ကျောင်းသားအဖြစ်လက်ခံရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။ ပေထင်းဟွမ်သည် ပေထင်းမိသားစု၏ သခင်လေး ၉ ဖြစ် လိမ့်မည်ဟု ထင်မထားပေ။

“ဟုတ်ပြီ ညအရှင်သခင်က မင်း နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုသွားဖို့ လမ်းဖောက်ဖို့လောနေတာဖြစ်မယ်၊ ဆရာဒီမှာရှိနေရင်တော့ ဇာမဏီမြို့က ကိစ္စတွေကို စိတ်ပူဖို့မလိုဘူး” နန်လင်းသည် နောက်ဆုံးတွင် ပေထင်းဟွမ်အား အင်တင်တင်နှင့် ပွတ်သပ်လေသည်။ ပေထင်းဟွမ်၏ဦးခေါင်းသည် ယန်ယဲ့ဆီ သို့ နူးညံ့စွာ တွန်းပို့နေသည် “ညအရှင်သခင် သံမဏိအသင်းက အဖွဲ့ဝင် ၈ ယောက်တို့က နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း ရွှေ့ပြောင်းအစီအရင်ဆီကို သွားနေပါ ပြီ၊ ရွှေ့ပြောင်းအစီအရင်စဖို့က နာရီဝက်ကျန်ပါသေးတယ်”

ပေထင်းဟွမ်သည် ယန်ယဲ့၏ စေးကပ်နေသောမျက်နှာကိုမြင်သောအခါ ဘာကြေင့် ဒေါသထွက်နေသည်ကိုမသိသော်လည်း ပြုံးပြီးပြောလိုက်သည် “ဆရာ ယဲ့ချီကိုသိလား”

ယဲ့ချီက ယဲ့ချီပဲမလား။

ပေထင်းဟွမ်အား တွေ့ရန်လာသည့် ပေထင်းကျင်နှင့် ရှီမန်ဆုန်းတို့သည် ရုတ်တရက် မျက်လုံးများပြူးကျယ်သွားကြကာ ယန်ယဲ့အား မယုံနိုင်စွာဖြင့် ကြည့်ကြလေသည်။ ယန်ယဲ့၏သရုပ်မှန်သည် မရိုးရှင်းသည်ကို သူတို့အားလုံး သိကြသော်လည်း ဤမျှလောက်ရှုပ်ထွေးလိမ့်မည်ဟု ထင်မထားပေ။ ယန်ယဲ့ ကဲ့သို့ ဆွဲဆောင်မှုရှိပြီး အေးစက်ကာ အညှာတာကင်းမှုနှင့်အတူ နတ်သားနှင့် တူသော နှင်းဖြူရောင်ဝတ်ထားသော်လည်း နွေဦးနေရောင်ကဲ့သို့ နွေးထွေး သောလူမျိုးနှင့် ညှိနှိုင်းရသည်မှာ အလွန်ပင်ခက်ခဲလှသည်။

ထိုအစား နန်လင်းပြုံးလေသည်။ အစက ထိုအရာကိုမစဉ်းစားမိ သော်လည်း ယန်ယဲ့ထိုနေရာတွင်စောင့်နေသည်ကိုမြင်သောအခါ စိတ်ထဲမှ ခန့်မှန်းမိပြီးသားဖြစ်ကာ ပေထင်းဟွမ်အား မေးလိုက်သည် “ရှောင်ကျို့က အဲဒါ ကိုဘယ်လိုတွေးမိတာလဲ”

“ကျွန်တော်လား” ပေထင်းဟွမ်သည် နှာခေါင်းကိုထိကာ တည်ငြိမ်စွာ ပြောလေသည် “သူ့ခန္ဓာကိုယ်က အနံ့လေ၊ ကြာပန်းနံ့ အဲဒီအနံ့ရှိတဲ့လူမျိုး ဒီ ကမ္ဘာမှာ နှစ်ယောက်မရှိနိုင်ဘူး”

ရေမွှေးတူညီလျှင်တောင် နှလုံးသားထဲထိထည့်လိုက်မှ အနံ့ခံနိုင်မည်ဖြစ် သည်။

အားလုံးသည် ထုံထိုင်းသွားကာ မည်သို့ပြန်ဖြေရမည်မသိတော့ပေ။

ယန်ယဲ့၏ ဝိညာဉ်လက်နက်ပျံပေါ်သို့ တက်ပြီးနောက် ယန်ယဲ့သည် ပေထင်းဟွမ်၏လက်မောင်းကို ဆွဲကိုင်ကာ ကြမ်းကြုတ်စွာပြောလေသည် “ပြော မင်း ဘယ်သူ့အနံ့ခံသေးတာလဲ”

ဒီကမ္ဘာမှာ အနံ့တူတဲ့လူနှစ်ယောက်မရှိနိုင်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒီကောင်မလေးက တခြားယောက်ျားတွေရဲ့ အနံ့ကိုလိုက်ခံနေတာလား။

၎င်းသည် သူ့အတွက် အထူးသီးသန့်ဖြစ်လိမ့်မည်ဟု ထင်ထား သော်လည်း သူမအတွက်တော့ လူများ၏သရုပ်မှန်ကို အာရုံခံရန်အတွက်သာ ဖြစ်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ဒေါသအပြည့်ရှိတတ်သော ယန်ယဲ့ သည် စိတ်ထဲမှ ဒေါသကို မည်သို့ဖိနှိပ်ရတော့မည်နည်း။

ပေထင်းဟွမ် နှာရှုတ်ကာ ယန်ယဲ့အား အံ့ဩသောမျက်နှာထားဖြင့် ကြည့် လေသည်။ သူ၏ခရမ်းရောင်မျက်အိမ်များထဲတွင် ခရမ်းရောင်လေနှင့် မိုးများ သည်းထန်လာသည်။ ထိုအရာကိုမြင်သူတိုင်း ကြောက်လန့်သွားနိုင်သည်။ သို့သော် ပေထင်းဟွမ်သည် သူ့ကိုလွှမ်းမိုးနိုင်လောက်အောင် ကြီးမားသည်။ ဘုရားရေ၊ ငါ သူ့ရောင်ဝါကို နည်းနည်းမှမကြောက်ဘူး။ သို့သော် သူမသည် စသလိုလိုနှင့်ပြောလိုက်သည် “ဘာလို့ ရှာလကာရည်နံ့ရနေတာပါလိမ့်”

သည်တစ်ကြိမ်တွင် သူမသည် ယန်ယဲ့၏ အကြမ်းဖက်သော အပြုအမ ကို လျစ်လျူရှုကာ ယန်ယဲ့၏ သတိပေးသည့် အံကြိတ်သံကို တည်ငြိမ်စွာ နားထောင်နေလိုက်သည် “နောက်ဆိုရင် တခြားယောက်ျားတွေနဲ့ အဝေးမှာ နေတာကောင်းလိမ့်မယ်”

ပေထင်းဟွမ်၏အတွေးများသည် ထိုထဲတွင်မရောက်ပေ။ ဝိညာဉ်ယာဉ် ပျံသည် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းဆီသို့ အလင်း၏အရှိန်နှင့် ပြေးဝင်သွားရာ သူမသည် အတိုတေငါ်းဆုံးအချိန်တွင် ဆုံးဖြတ်ချက်တစ်ခုချရတော့မည်ဖြစ် သည် “ယဲ့ ကျွန်မကို ပြောပါဦး ဘယ်စစ်ပွဲကိုရွေးရမလဲ၊ ဖန်တီးရေးနတ်ဘုရားရဲ့ စစ်ပွဲသုံးခုလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်တစ်သောင်းက နတ်မိစ္ဆာဧကရာဇ်ရဲ့ စစ်ပွဲလား”

သေချာသည်မှာ ပေထင်းဟွမ်၏ စကားလုံးများသည် ယန်ယဲ့အာရုံကို ဆွဲဆောင်ရာတွင် အောင်မြင်သွားသည်။ သူ့မျက်လုံးများသည် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပေထင်းဟွမ်အား စိုက်ကြည့်လေသည် “ဟွမ်အာက ဘယ်စစ်ပွဲကို ရွေးမှာလဲ”

သူမ ဘယ်စစ်ပွဲကိုရွေးမှာလဲ၊။ ဒီကမ္ဘာရဲ့ မူလစစ်ပွဲလား ဒါမှမဟုတ် လွန်ခဲ့တဲ့နှစ်တစ်သောင်းက ဖြစ်ခဲ့ဖူးတဲ့စစ်ပွဲလား။

All Chapters