← Chapters

ကြာပန်းနီချပ်ဝတ်တန်ဆာ

Vol. 43 Ch. 842

ကြာပန်းနီချပ်ဝတ်တန်ဆာ

Vol. 43 Ch. 842

ဝိညာဉ်ယာဉ်ပျံ၏အရှိန်သည် အလွန်မြန်ဆန်သည်။ မျိုးနွယ်လေးခုမြို့ ဟောင်း၊ လက်ရှိဇာမဏီမြို့မှ ဝိညာဉ်ထောင်ချီအတွင်းနက်ထဲတွင်ရှိသည့် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း၏ ရွှေ့ပြောင်းအစီအရင်အပြင်ထိ ကောင်းကင် အဆင့် ပျံသန်းမှုသည် တစ်နာရီကြတတ်သော်လည်း ဝိညာဉ်ယာဉ်ပျံ ပျံသန်း သည်မှာ နာရီဝက်ပင်မကြာလိုက်ပေ။

လျိုရွှီနှင့်တခြားသူများသည် စိတ်လှုပ်ရှားစွာနှင့်စောင့်ဆိုင်းနေချိန်တွင် ပေထင်းဟွမ်နှင့် ယန်ယဲ့တို့ လက်ချင်းတွဲပြီးလျှောက်လာသည်ကို မြင်လိုက်ရ သည်။ ယန်ယဲ့၏သရုပ်မှန်သည် ပေထင်းဟွမ်ကြောင့်ပေါ်ပေါက်သွားပြီဖြစ်ရာ ဖုံးကွယ်နေရန်မလိုတော့ပေ။ ချက်ချင်းဆိုသလိုပင် ယန်ယဲ့သည် ယဲ့ချီဖြစ် ကြောင်းကို အားလုံးသိသွားကြချိန်တွင် ထိတ်လန့်မှုကြောင့် မျက်နှာ အကြော သေပြီး ပါးစပ်ဟသွားသည်မှာ ယင်ကောင်ပင် ဥဝင်ဥနိုင်လောက်သည်အထိ ပင်။

“ဒါ ဒါ.. ညအရှင်သခင် အရင်ကြွပါ” လျိုရွှီနှင့်တခြားသူများသည် တစ်ချိန် တည်းမှာပင် လမ်းဖောက်ပေးကြသည်။ သူတို့ရှေ့တွင် နတ်မိစ္ဆာဝိညာဉ်ဂူ သင်္ချိုင်း၏ ရွှေ့ပြောင်းအစီအရင်ကို မြင့်မားသောတောင်များ ဝန်းရံထားသည် မှာ ရွှေ့ပြောင်းအစီအရင်ကို စောင့်ကြပ်နေသလိုပင်။ ဖွဲ့စည်းမှုတစ်ခုလိုပင် ရွှေ့ပြောင်းအစီအရင်ကို တစ်နှစ်ပတ်လုံး အလင်းတံတိုင်းတစ်ခု အုပ်မိုးထား ကာ ထူးခြားသည့်အချိန်တစ်ခုမှပင် ပွင့်သည်။

ယန်ယဲ့သည် အားလုံးရှေ့တွင် သူ၏မူလပုံစံ အေးစက်ပြီး ဆွဲဆောင်မှု တစ်ခုပေါ်ပေါက်လာသည်။ သူ၏ပြောင်မြောက်သောမျက်နှာကို မည်သူကမှ ချောင်းမကြည့်ရဲကြပေ။ သူ၏လက်ကိုတွဲထားသော ပေထင်းဟွမ်သာ သူ့ မျက်နှာကို တစ်ခါတစ်ခါချောင်းကြည့်နေမိသည်။ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း၏ ရွှေ့ပြောင်းအစီအရင်ရှေ့တွင် လူ ၁၀ ယောက်ရပ်နေကြသည်။

ချုံချီ နောက်မှလိုက်လာကာ နတ်အဆင့်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာ ၈ စုံကို ပေထင်းဟွမ်အား တရိုတသေပေးလေသည်။ “ဒီတစ်ခေါက်အပြင်ထွက် တာကို မလိုက်တော့ဘူးလို့ အကြီးအကဲကြီးကပြောလိုက်တယ်၊ ဒီနတ်အဆင့် တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ ၈ စုံက ယန်းမြို့က ဆုပေးလိုက်တာပါ၊ သံမဏိ သွေးအတွက်က ၁၀ စုံရှိရမှာဖြစ်ပေမဲ့ ညအရှင်နဲ့ သခင်ကြီးလျိုရွှီအတွက်က တော့ ထားလိုက်ပါတော့”

ပေထင်းဟွမ်ချပ်ဝတ်တန်ဆာများကိုယူပြီး အနီရောင်ကို ရွေးထုတ်ကာ ကျန်သည့်အစုံများကို အဖွဲ့ဝင် ၇ ယောက်အား ခွဲဝေပေးလိုက်သည်။ လူ ၈ ယောက်သည် သွေးစက်ချပြီး သခင်အဖြစ် အသိအမှတ်ပြုပြီးနောက် တိုက်ခိုက် ရေးချပ်ဝတ်တန်ဆာသည် အလင်းတန်းအဖြစ်ပြောင်းကာ လူအများ၏ ခန္ဓာ ကိုယ်အား ဖုံးလွှမ်းသွားလေသည်။ နက်ရှိုင်းသောတောထဲ၌ပင် တောက်ပသော အလင်းနှင့်အတူ နတ်အဆင့်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ၏ လင်းလက်မှုနှင့် ကွာခြားမှုကို ခံစားနိုင်သေးသည်။ အထူးသဖြင့် ပေထင်းဟွမ်၏ အနီရဲရဲ ကြာပန်းတိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် ကြာပန်း၏မီးတောက်ကဲ့သို့ တောက်ပနေသည်။ လင်းလက်နေသော နောက်ခံတွင်ပင် သူမ၏ နူးညံ့ ချောမွတ်ပြီး ကျောက်စိမ်းနှင့်တူသော မျက်နှာသည် ဆယ်ကျော်သက်သာ ရှိသေးသည်ကို သိသော်လည်း သူမ၏မျက်နှာဆီမှ အကြည့်မလွှဲနိုင်ကြပေ။

“မျက်နှာဖုံးဝတ်လိုက်”

အစောက ဝိညာဉ်ယာဉ်ပျံပေါ်တွင် ယန်ယဲ့သည် သူမ၏မျက်နှာဖုံးကို ချွတ်ခဲ့သည်။ သူတို့၏မျက်လုံးများ ပေထင်းဟွမ်ပေါ်သို့ ကျရောက်နေသည်ကို မြင်ပြီး သူ လွန်စွာနောင်တရမိသည်။ သူမသည် လက်ဖြင့်မျက်နှာကို ကာလိုက် ရာ မျက်နှာတစ်ဝက်ကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ပြီးသားဖြစ်လေသည်။ မည်းနက် သောမျက်လုံးတစ်စုံသာ ပေါ်လွင်နေသည်။ သူသည် ခန္ဓာကိုယ်မှ ချပ်ဝတ်တန် ဆာကို သိချင်စိတ်ဖြင့်ငုံ့ကြည့်ရာ ချပ်ဝတ်တန်ဆာနှင့် ဝိညာဉ်အကြားမှ ဆက်နွယ်မှု၊ ၎င်း၏အားကောင်းသော ဝိညာဉ်စွမ်းအားကို ခံစားမိကာ လျှိုရွှီ အား ပြုံးပြီးပြောလိုက်သည် “လျိုရွှီ၊ ငါ့ကြာပန်းနီတိုက်ခိုက်ရေး ချပ်ဝတ်တန် ဆာကို တိုက်ခိုက်ဖို့ မင်းရ့လက်နက်ကိုမသုံးချင်ဘူးလား”

အားလုံးပေါင်း နတ်အဆင့်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ ၈ စုံရှိသည်။ သူတို့သည် အားလုံးနတ်အဆင့်ဖြစ်ကြသော်လည်း အမြင့်ဆုံး၊ အလယ်အလတ် နှင့် အဆင့်နိမ့်ဟူ၍ ခွဲခြားထားသည်။ နတ်အဆင့်လက်နက်ပညာရှင် မည်မျှပင် အားကောင်းပါစေကာမူ ထိပ်တန်းအဆင့် ပစ္စည်းမျိုး အသုတ်မည်မျှ ထုတ်လုပ် နိုင်မည်ကို အာမမခံနိုင်ပေ။ ပေထင်းဟွမ်၏ တိုက်ခိုက်ရေးဝတ်စုံသည် အဆင့် ၃ ရှိကာ အရောင်သည် ထူးခြားသည့် အနီရောင်ဖြစ်သည်။

လျှိုရွှီအဆိုရဆိုလျှင် ၎င်းတိုက်ခိုက်ရေးဝတ်စုံကို ဖခင်၏ အထူးစီမံထား သည်ဟုဆိုသည်။ ၎င်းသည် ထိပ်တန်းအဆင့်ဖြစ်သော်လည်း ၎င်း၏ ခုခံရေး စွမ်းအားသည် သူဝတ်ဆင်သည့် အဇူရာတိုက်ခိုက်ရေးဝတ်စုံနှင့် မယှဉ်နိုင်သည် ကို သူရှင်းလင်းစွာသိသည်။ သို့သော် လျိုရွှီသည် သတ္တိ ၁၀ ခုပေးလျှင်တောင် ပေထင်းဟွမ်အား အလွယ်တကူ မနှုတ်ဆက်ရဲပေ။

အထူးသဖြင့် ယန်ယဲ့ရှိလျှင် သူ အသက်ရှင်ရသည်ကို မငြီးငွေ့သရွေ့ သူမ ကို ခုခံရေးလက်နက်ဖြင့် တိုက်ခိုက်မည်မဟုတ်ပေ။ သူမကို ထိခိုက်အောင် လုပ်မည်ဟု သူ သိသော်လည်း ခွင့်ပြုမည်မဟုတ်ပေ။

ကံကောင်းစွာပင် ရွှေ့ပြောင်းအစီအရင်သည် လှုပ်ရှားနေပြီဖြစ်ရာ လျှိုရွှီ သည် အလင်းတံတိုင်းပေါ်တွင် စီးဆင်းနေသည့်အလင်းကို ညွှန်ပြကာ ပေထင်းဟွမ်အား ပြောလေသည် “ကြည့်လိုက် ရွှေ့ပြောင်းအစီအရင်က စတော့ မယ်၊ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို သွားရအောင် အချိန်လွဲသွားတော့မယ်”

All Chapters