မှီခိုစရာရှိရတာ ကောင်းလိုက်တာ
Vol. 43 Ch. 843
နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း၏ ရွှေ့ပြောင်းအစီအရင်အသက်ဝင်မှုသည် လျိုရွှီ၏အသက်ကို ကယ်လုနီးပါးဖြစ်သွားသည်။ သူတင်မဟုတ်ဘဲ တခြား သော အဖွဲ့ဝင် ၇ ယောက်သည်လည်း လေးလံစွာ သက်ပြင်းချလိုက်သည်။ သူတို့အားလုံးသည် ယန်ယဲ့အား ကျေးဇူးတင်သည့်မျက်လုံးများနှင့် ကြည့်ကြ ကာ စိတ်ထဲမှသက်ပြင်းချမိလေသည်။ ယန်ယဲ့သည် ယဲ့ချီဖြစ်သော်လည်း ယဲ့ချီပေးသည့်ဖိအားမှာ လျော့နည်းသည်။
အလင်းတံတိုင်းပျောက်ကွယ်သွားပြီးနောက် လူ ၁၀ ယောက် ရပ်နိုင်သော ကျောက်စိမ်းစင်တစ်ခုပေါ်လာသည်။ ၎င်းပေါ်တွင် တိုက်ကြီးပေါ် ရှိ အမြင့်ဆုံးခွန်အားကို ကိုယ်စားပြုသည့် ထောင့်ဆယ်ထောင့်ပါသည့် ကြယ် ဖွဲ့စည်းမှုပေါ်တွင် ထူးခြားသော မျဉ်းများပေါ်ပေါက်လာသည်။ မျဉ်းများမှ ငွေရောင်အလင်းတန်းသည် လူဆယ်ယောက်အား ဝန်းရံလေသည်။ ထိုမှသာ စိတ်တည်ငြိမ်သောလူတစ်ယောက် ကြယ်အဖွဲ့အစည်းပေါ်တွင် ရပ်လျှင် အားကောင်းသော စိတ်အားထက်သန်ခြင်း စီးဆင်းမှုသည် ပိုသန်မာလာကာ နတ်ဘုရားအဆင့်သို့ တက်မည်ဖြစ်သည်။
ယန်ယဲ့သည် ပေထင်းဟွမ်အား တခြား ၈ ယောက်နှင့် နီးစပ်ခြင်းကို ခွင့်မပြုပေ။ သူသည် ပေထင်းဟွမ်၏ တပ်မက်စရာကောင်းသော ခန္ဓာကိုယ်ကို လက်ဖြင့်ဖက်လိုက်သည်။ လျိုရွှီနှင့်တခြားသူများလည်း သူ့အနောက်တွင် ရှိနေ ကြ၏။ ကြီးမားသောအင်္ကျီလက်သည် ပေထင်းဟွမ်အား အလုံးစုံအုပ်မိလေ သည်။ ပေထင်းဟွမ်၏ စူးစိုက်ကြည့်နေသော မျက်လုံးများကို မြင်ပြီးနောက် ယန်ယဲ့၏ ပေါ့ပါးသည့်အသံနက်နက်သည် အလိုလိုက်သည့်ခံစားချက်နှင့် ပေထင်းဟွမ်ကိုပြောလေသည်။ “မျက်လုံးမှိတ်ထား မူးလိမ့်မယ်”
အလင်းများအားလုံးသည် မျက်လုံးထဲမှ ပျောက်ကွယ်သွားကာ နားထဲ တွင် တုန်ခါသောအသံရှိနေပြီး စူးရှသောအသံဖြင့်လွှမ်းခြုံသွားလေသည်။ ပေါ့ပါးသောခံစားချက်မျိုးရောက်လာပြီး ပေထင်းဟွမ်သည် အလိုလိုပင် ယန်ယဲ့ ၏ ခါးကိုဖက်ကာ သူ့ရင်ခွင်ထဲ ခေါင်းမြှုပ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို မှီလိုက် သည်။
မှီခိုရမည့်အရာရှိသည်မှာ ခံစား၍အလွန်ကောင်းသည်။
သူ့ခန္ဓာကိုယ်မှ ကြာပန်းအမြစ်နံ့ကို ရှူရိုက်ပြီးနောက် မသက်မသာခံစား ချက်သည် သက်သာသွား၏။ ယန်ယဲ့သည် ကောင်မလေး၏ ဖက်တွယ်မှုကို ခံစားမိသဖြင့် ခေါင်းငုံ့ကာ ပေထင်းဟွမ်၏ဆံပင်ကို နမ်းရှိုက်ရာ သူ့နှလုံးသား တစ်ခုလုံးအေးချမ်းသွားကာ ကျေနပ်မှုကိုခံစားရလေသည်။
တုန်ခါနေသောအသံ ငြိမ်ကျသွားရန် အချိန်မည်မျှကြာသွားသည်တော့ မသိပေ။ ကြမ်းတမ်းစွာခါယမ်းပြီးနောက် လေဟာနယ်သည် ဆင်းသက်သွား သကဲ့သို့ ခံစားချက်မျိုးရလေသည်။ သူတို့နှစ်ယောက် ပူးကပ်သွားသည်နှင့် ထိတ်လန့်သော လူ ၈ ယောက်ကို အာရုံမစိုက်ဘဲ သူမသည် သူ၏ရင်ခွင်ထဲမှ မော့ကြည့်လေသည်။
ကောင်းကင်နှင့်မြေကြီးမှာ မှောင်မိုက်နေသည်။ မိုးကောင်းကင်သည် နိမ့်ကျနေကာ ပတ်ဝန်းကျင်တစ်ခုလုံးသည် အလွန်ပင် ထိုင်းမှိုင်းနေပုံပေါက် သည်။ တစ်နေရာမှ လေတိုက်လာပုံသည် တစ္ဆေတစ်ကောင်ငိုကြွေးနေသကဲ့သို့ တစ်ခါတရံတွင် သစ်ရွက်များလိမ့်ပါလာသည်။ ထိုသစ်ရွက်သည် ရှေးခေတ်များ ဆီကတည်းက ရှိလာသကဲ့သို့ ဤကမ္ဘာတွင် ထာဝရတည်ရှိနေပုံပင်။
ထူးဆန်းသည့်နေရာသို့ရောက်လာသည်။ ဤနေရာ၏နာမည်ကပင် အလွန်ပင် အထင်ကြီးစရာကောင်းလှသည်။ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း... ၎င်းသည် ဖန်တီးရေးကမ္ဘာမှ လက်ရှိထိ ပတ္တမြားကမ္ဘာတစ်ခုလုံး၏ စစ်ပွဲတိုင်း ကို မှတ်တမ်းတင်ထားသည်ဟု ဆိုကြသည်။ ၎င်းသည် စစ်ပွဲတွင် ကျဆုံးသွားခဲ့ သော အင်အားကြီးများ၏ မြှုပ်နှံရာဖြစ်သည်။
ပေါ့ပေါ့တန်တန်ပြောရလျှင် ၎င်းသည် သင်္ချိုင်းခြံဝင်းကြီးဖြစ်သည်။
“ဒါက အစွန်ပိုင်းပဲရှိသေးတယ် အထဲသွားရအောင်” ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်ကာ လျှောက်သွားရင်းပြောလေသည် “ဒီမှာ နေ့ဆိုတာမရှိဘူး၊ အမြဲတမ်းမှောင်မည်းနေတာ၊ ဒါက ပတ္တမြားကမ္ဘာရဲ့ နယ်မြေ အပိုင်းအများကြီးမရှိပေမဲ့ အစိတ်အပိုင်းတစ်ခုပဲ” လေဟာနယ်ထဲတွင် အက်ကွဲ ရာတစ်ခုပေါ်လာသည်။ “ဒီနေရာကို ပြီးပြည့်စုံချင်ရင် လေထဲမှာလမ်းလျှောက် နိုင်တဲ့ ကောင်းကင်အဆင့် သန်မာတဲ့လူတောင်မှ ၁၀ နှစ်အတွင်း ပြည့်စုံအောင် မလုပ်နိုင်ဘူး၊ အဲဒါကြောင့် ဒီမှာကံစမ်းကြည့်လို့ရသေးတယ်၊ သားရဲအရိုးစု ဒါမှမဟုတ် အရင်ဘဝက အားကောင်းတဲ့လူချန်ထားခဲ့တဲ့ လက်နက်ုကိုတွေ့ရင် အကြီးစားရိတ်သိမ်းမှုကြီးပဲ”
ထိုစကားလုံးများကို လျိုရွှီနှင့် တခြားသူများကြားရမည်မဟုတ်ပေ။