သူမ၏ရွေးချယ်မှု၊ နှလုံးသား၏အစိတ်အပိုင်းနောက် လိုက်ခြင်း
Vol. 43 Ch. 845
ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့စကားဆုံး သည်နှင့် သူဆုပ်ကိုင်ထားသည့်လက်သည် အနည်းငယ် တင်းကြပ်နေသည်ကို ပေထင်းဟွမ် ခံစားမိလိုက်သည်။
ယန်ယဲ့သည် စိတ်လှုပ်ရှားနေသည်ကို သူမ ကောင်းကောင်းကြီးသိသည်။ သူ ဘာမြင်ချင်နေတာလဲ။ လွန်ခဲ့တဲ့နှစ်တစ်သောင်းက စီရင်ချက်ဗိမာန်နဲ့ ယန်းမိုထျန်းမျိုးနွယ်ကြားက တိုက်ပွဲကြီးမှာ နတ်ဆိုးဧကရာဇ်ရဲ့ ဇနီးသည် ကျဆုံးသွားခဲ့တဲ့ဟာကိုလား။ ဒါမှမဟုတ် နောက်ပိုင်း နတ်ဆိုးဧကရာဇ်က တပ်ကြီးတစ်ခုလုံးကို ဦးဆောင်ပြီး စီရင်ချက်ဗိမာန်ကိုတိုက်ခိုက်ခဲ့လို့ ၃၃ ရက် လုံး ကပ်ဘေးဆိုက်ခဲ့တဲ့ဟာကိုလား။ နောက်ဆုံးမှာ နတ်ဆိုးဧကရာဇ်က နေရာ တစ်ခုလုံးစုတ်ပြဲပြီး သုံးပိုင်းကွဲလို့ လက်ရှိကမ္ဘာပုံစံဖြစ်ပေါ်လာတဲ့ဟာကိုလား။
သို့သော် မည်သို့ပင်ဆိုစေကာမူ ဤလူသည် အလွန်အားကောင်းပြီး မေတ္တာကြီးမားသည်ဟု ပေထင်းဟွမ် ဝန်ခံရပေမည်။
တဒင်္ဂအတွင်းတွင် သူမ၏ နှလုံးသားထဲတွင် မည်သို့ဖြစ်သွားသည်ကို ပေထင်းဟွမ်မပြောနိုင်ပေ။ သူမသည် ထိုအမျိုးသမီးဖြစ်ချင်သည်။ သို့သော် ဖြစ်လည်းမဖြစ်ချင်ပေ။ သူမသည် ယန်ယဲ့ကဲ့သိုလူမျိုးကို ကောင်းကောင်းကြီး သိသော်လည်း ဤအဆင့်သို့ရောက်ပြီးနောက် လောကီရေးရာတွင် လူတစ်ဦး ၏ အသွင်အပြင်ကို ဂရုမစိုက်တော့ပေ။ သို့သော် ဝိညာဉ်နှင့် စိတ်ဝိညာဉ်ထဲတွင် တော့ နှလုံးသားထဲတွင် ရန်ငြိုးထားတုန်းပင်ဖြစ်သည်။
အမှောင်ကမ္ဘာထဲတွင် ယန်ယဲ့သည် မျက်လွှာချထားကာ ပေထင်းဟွမ်၏ ပုံရိပ်သည် သူ၏ခရမ်းရောင်မျက်အိမ်ထဲတွင် ရှင်းလင်းစွာရောင်ပြန်ဟပ်နေ တုန်းပင်ဖြစ်သည်။ ကောင်လေး၏ မျက်လုံးများသည် ဆောင်းတွင်းညရှိ လင်းလက်နေသော ကြယ်များကဲ့သို့ အလွန်မည်းနက်ပြီးတောက်ပကာ သူ၏ နူးညံ့သည့်မေးစေ့သည် တတိုင်းမွှေးပွင့်ဖတ်များကဲ့သို့ လှပသောကောက် ကြောင်းရှိသည်။
ယန်ယဲ့သည် ဘာမှမပြောတော့ဘဲ လက်မြှောက်ကာ ပေထင်းဟွမ်၏ မျက်လုံးများကို ဖြည်းဖြည်းချင်းကာလိုက်သည်။ သူ၏အသ့သည် ပေါ့ပါးပြီး အနည်းငယ် ကျောစိမ့်စရာကောင်းသည် “မျက်လုံးမှိတ်ထား နတ်မိစ္ဆာဝိညာဉ် ဂူသင်္ချိုင်းက မင်းသွားချင်တဲ့တိုက်ပွဲမြေပြင်ကို ခေါ်သွားလိမ့်မယ်၊ အဲထဲက တိုက်ခိုက်ရေးဝိညာဉ်တွေကို ခံစားလိုက်”
သူသည် ပေထင်းဟွမ်ကို မည်သည့်စစ်မြေပြင်ကိုရွေးချယ်ပါဟုမပြော ပေ။ ရှေးခေတ်ဖန်တီးရေးနတ်ဘုရားလား။ သို့မဟုတ် လွန်ခဲ့တဲ့နှစ်တစ်သောင်း က နတ်ဆိုးဧကရာဇ်နဲ့ ဧကရီတို့ပါဝင်ခဲ့တဲ့စစ်ပွဲလား။ သူ မည်မျှပင်အားကောင်း စေကာမူ ကမ္ဘာကြီးကိုဖန်တီးခဲ့သည့် ဖန်တီးရေးနတ်ဘုရားမိခင်လောက် အားမကောင်းနိုင်ပေ။ ပေထင်းဟွမ် ဂရုစိုက်သည်မှာ သူ့ခွန်အားပင်ဖြစ်သည်။ သူမ မည်သို့ပင်ရွေးချယ်စေကာမူ ယန်ယဲ့သည် စိတ်ပျက်သွားမည်မဟုတ်ပေ။
ပေထင်းဟွမ်သည် မျက်လုံးများကိုမှိတ်လိုက်သည်။ သူမသည် အလင်း တန်းများရှေ့တွင် ထပ်မံရပ်လိုက်သလိုပင်။ သူမပတ်တပ်လည်မှ ပန်းများ လျင်မြန်စွာ ဝေ့ဝဲသွားကာ ထောင်ချီသောဝိညာဉ်သခင်များကိုဦးဆောင်သည့် ဝိညာဉ်နတ်ဘုရားကို မြင်လိုက်ရ၏။ နတ်မိစ္ဆာဧကရာဇ်သည် တိုက်ခိုက်ရန် သားရဲများကို ဦးဆောင်လာသည်။ ကမ္ဘာကြီးပေါ်ရှိသက်ရှိများကို ကာကွယ်ရန် ငွေရောင် ဓားပျော့ထုတ်လိုက်သည့် ကမ္ဘာမြေကြီးမိခင်ကိုလည်း မြင်လိုက်ရ သည်။
နားထဲတွင် ဗုံသံများသည် မိုးကြိုးပစ်လိုက်သကဲ့သို့ ရှေးသားရဲများကို တုန်ယင်သွားစေသည်။ ဝိညာဉ်စွမ်းအားနှင့် အမှောင်စွမ်းအင်တို့ ထိပ်တိုက် တွေ့ရာမှ ပေါက်ကွဲမှုသည် အလင်းတန်းအဖြစ်ထွက်ပေါ်လာပြီး သွေးနှင့် အသားများ ပြန့်ကျဲသွားသည်။ မြစ်တစ်စင်းကဲ့သို့ သွေးနံ့များစီးဆင်းလာပြီး ကမ္ဘာမြေကြီးကွဲသွားသလိုမျိုး လေဟာနယ်သည် ကွဲအက်သွားကာ အားကောင်းသောစွမ်းအင်သည် လူသားဝိညာဉ်ကို လှုပ်ယမ်းလိုက်သည်မှာ လူတစ်ဦး၏ခန္ဓာကိုယ်ကို စုတ်ဖြဲလိုက်သလိုပင်။
ပေထင်းဟွမ်သည် အသက်ရှူကြပ်လာသလို ခံစားရသည်။ စစ်ပွဲ စစ်ပွဲ၊ အားကောင်းသော စိတ်ဓာတ်ပြင်းပြမှုသည် ကြီးမားသောစွမ်းအင်၏ ချေဖျက် ခြင်းကိုခံလိုက်ရပြီး သွေးနံ့များစီးမျောလာသည်။ လူသတ်ရသည့် ပျော်ရွှင်မှု သည် လူအများကို တိုက်ခိုက်ရန် လှုံ့ဆော်နေသည်။
သူမ၏စိတ်ထဲတွင် အလင်းတစ်ခုလက်သွားကာ ပုံရိပ်တစ်ခုသည် ရှေးခေတ်များဆီမှ သူမဆီသို့ရောက်လာပုံပင်။ သူသည် ခရမ်းရောင်ဘရိုကိတ် ဝတ်ရုံကိုဝတ်ဆင်ထားကာ မျက်နှာတစ်ခုလုံးကို အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားပြီး ခရမ်းရောင်မျက်အိမ်ကိုသာ ချန်လှပ်ထားကာ ကမ္ဘာကြီးကို အေးစက်စွာကြည့်နေသည်။ သူသည် ကြီးမားသောနဂါးတစ်ကောင်၏ ဦးခေါင်း တွင်ရပ်နေသည်။ ခရမ်းရောင်နဂါးကိုယ်ထည်သည် ကောင်းကင်တစ်ခုလုံးကို အုပ်ဆိုင်းထားသည်။ အားကောင်းသောလေသည် သူ၏ဝတ်ရုံကိုလိပ်တက်စေ သည်။ သူ၏လက်များသည် နဂါးဦးချိုကဲ့သို့ဖြူဖွေးနေသည်။ ရှုပ်ထွေးသော ပုံစံ ထွင်းထုထားသည့် ခရမ်းရောင်ဓားကို ဆုပ်ကိုင်ထားကာ အလင်းနှင့် မောက်မာ သောအသ့သည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ထွက်ပေါ်လာသည် “မင်ရှို့ တိုက်ခိုက်ဖို့ကို မိန်းမတစ်ယောက်ရဲ့ အကူအညီကို အမြဲတမ်းယူနေရ တာ ဘာအရည်အချင်းလဲ၊ မင်းမှာအရည်အချင်းရှိရင် ငါ့ကိုအဖော်လာပြုပေး လိုက်၊ သေတဲ့အထိအာမခံတယ်”