← Chapters

မင်းသမီးဟွမ်ကျို့

Vol. 43 Ch. 846

မင်းသမီးဟွမ်ကျို့

Vol. 43 Ch. 846

သူ့အနောက်တါင် ထောင်ချီသောနတ်မိစ္ဆာကျင့်ကြံသူများနှင့် သားရဲများ လိုက်ပါလာသည်။ သူ့အနောက်တွင်လိုက်ပါလာကြသော သားရဲများသည် ပုံရိပ်ကြီးမားလှသည်။ သူတို့၏ လူသတ်နိုင်သည့်ရောင်ဝါများသည် ရှေးခေတ် များဆီက နတ်မိစ္ဆာနတ်ဘုရားနှင့် ဝိညာဉ်နတ်ဘုရားတို့ထက်မလျော့ပေ။ ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်နှင့်မြေကြီး၏ အုပ်စိုးသူဖြစ်နေ သလိုပင်။ သို့သော် ဖန်တီးရေးနတ်ဘုရားထက် ပိုသာလွန်သည်။

“ယန်ယဲ့ အမှောင်နတ်မိစ္ဆာကျင့်ကြံသူ မင်းက စစ်ပွဲစပြီးတော့ ကမ္ဘာကြီး ကို ငရဲဖြစ်အောင်လုပ်ချင်နေတာလား”

ကြည်လင်သောအသ့တစ်ခုထွက်လာကာ အမျိုးသမီးတစ်ဦးသည် ကိုးရောင်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားကာ ကိုးရောင်နဂါး ဇာမဏီကို စီးနင်းလာပြီး ကိုးရောင်နိဗ္ဗာန်မီးသည် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ သူမသည် ကိုးရောင်နဂါးဇာမဏီပေါ်တွင် မတ်တတ်ရပ်နေ သည်။ ကိုးရောင်မျက်အိမ်ရှိပြီး ကိုးရောင်ဆံပင်ရှည်သည် လေနှင့်အတူ လွင့်ပါ နေကာ လက်ထဲမှကိုးရောင်ဓားပျော့သည် ထိုလူကို ညွှန်နေလေသည် “ထာဝရ ဖွဲ့စည်းပုံကို ဖြတ်ကျော်လိုက်ရင် လုပ်နိုင်မယ်လို့ တကယ်ထင်နေတာလား၊ မင်းက အင်အားစုအကုန်လုံးကို နိုင်ဖူးလို့လား၊ ဟင်း ဒီနေ့ ဒီမင်းသမီးက မင်းနဲ့ တိုက်ခိုက်ပေးလိုက်မယ် မင်းရှုံးရင်တော့ မင်းရဲ့သွေးလနန်းတော်ကိုပြန်ပြီး နောက်တစ်ခါ ထွက်မလာနဲ့တော့”

နတ်မိစ္ဆာဧကရာဇ်၏အကြည့်သည် အမျိုးသမီး၏မျက်နှာပေါ်တွင် ကျရောက်နေပြီး အေးစက်မှုသည် ခေတ္တမျှပျော်ကျသွားသည်။ ထို့နောက် နှင်းဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးဘေးမှ ဦးချိုပါမြင်းစီးသည့် အမျိုးသားဆီသို့ အကြည့်ရောက်သွားသည်။ သူ စကားတစ်လုံးမှမပြော သော်လည်း သူ့မျက်လုံးထဲမှ ဆော့ကစားပြီး အထင်သေးတတ်သောအကြည့် သည် ထိုလူ့ကို ကြည့်နေသည်မှာ မြင်းပေါ်ကပြုတ်ကျလုမတတ်ပင်။

“ရှေးခေတ်ဖွဲ့စည်းမှုကို မချိုးဖျက်နိုင်ရင်တောင် မင်းသားရှန်းဇီကို အနိုင် ရဖို့လောက်တော့ လုံလောက်ပါတယ်၊ ဒါပေမဲ့ အနောက်မြေရိုင်းရဲ့ မင်းသမီး ဟွမ်ကျို့က ကျုပ်နဲ့ ဆော့ကစားချင်မှတော့ စလိုက်ကြတာပေါ့” နတ်မိစ္ဆာ ဧကရာဇ် ပြောလေသည်။ သူ့လက်ထဲမှ ဓားကြီးမြောက်လာသည်နှင့် သူ၏ ကျောက်တုံးနှင့်ရွှေကိုအက်ကွဲစေသည့် စွမ်းအားနှင့် ပေါ့ပါးသောစကားသံကို ကြားရုံမျှသာကြားရ၏ “ဖွဲ့စည်းမှုစလိုက်တော့”

ဟွမ်ကျို့ ဟုတ်လား။ ပေထင်းဟွမ်သည် သူမကို ခေါ်သည်ဟုပင် ထင်မှတ်မိမလိုပင်။ သို့သော် ဤအမျိုးသမီး၏နာမည်သည် သူမ၏နာမည်ခွဲနှင့် တူနေသည်။

သူ့အနောက်တွင် လူသတ်မည့်ရောင်ဝါအပြည့်နှင့် ချောမောလှသော အမျိုးသားနှစ်ယောက်သည် အမှောင်နဂါးနှင့် အမှောင်ကျားဖြူတို့ကို စီးနင်းလာပြီးတစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ နတ်မိစ္ဆာကမ္ဘာရှိ သူတို့၏ သန်မာသောအမျိုးသားများ၊ သားရဲများနှင့် နဂါးများကို ဦးဆောင်လာသည်။ ဧကရာဇ်၏လှုံ့ဆော်အောက်တွင် နဂါးနှစ်ကောင်သည် ဖွဲ့စည်းမှုစတင်လေ သည်။

ထိုလူများ၏ခွန်အားကို ပေထင်းဟွမ် ထိုးဖောက်မမြင်ရသော်လည်း သူတို့၏ခွန်အားသည် လက်ရှိသူမ လိုက်မမှီသည့်နေရာသို့ ရောက်နေကြောင်း ကို မြင်နေရသည်။ ပင်မတိုက်ကြီးသည် နဂိုက နိမ့်ကျသောလေဟာနယ်ဖြစ်ပြီး တင်းကြပ်ခြင်းခံထားရကာ လူသားကျင့်ကြံသူရောက်နိုင်သည့် အမြင့်ဆုံးဘုံ သည် နတ်ဘုရားဧကရာဇ်သာဖြစ်သည်။

ထိုလူများ၏အဆင့်သည် ဝိညာဉ်နတ်ဘုရားအဆင့် သို့မဟုတ် ဝိညာဉ် အဆင့်ထက်ပင် ပိုမြင့်နိုင်သည်။

ထိုလူများအကြားတွင် နတ်မိစ္ဆာဧကရာဇ်သည် အသန်မာဆုံးဖြစ်သည်ကို ပေထင်းဟွမ်မြင်နေရသည်။ သူ့အနောက်မှ နဂါးနက်နှင့် ကျားဖြူကိုမောင်းနှင် လာသောလူသည် သူ့ကိုလေးစားပြီး ကြောက်လန့်ရသည်။ သူနှင့်မျက်နှာချင်း ဆိုင်ရှိ ဦးချိုပါမြင်းပျံကိုစီးနင်းလာသည့် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မင်းသား မင်ရှို့ပင်လျှင် သူ့ကိုမြင်သည်နှင့် ကြောက်လန့်မှုကို ပြသလေသည်။

ပေထင်းဟွမ်သည် ထိုလူများထိန်းချုပ်ထားသော သားရဲများကိုကြည့်ပြီး အနည်းငယ်အံ့ဩသွားသည်။ ဝိညာဉ်သခင်များ၏ ခန္ဓာကိုယ်အောက်မှ သားရဲ များသည် သူမ အစောကမင်လိုက်သည့်သားရဲများထက်ပင် ပို၍သန်မာသည်။ တိုက်ခိုက်ရေးခွန်အားသည် ၎င်းတို့၏ခန္ဓာကိုယ်နှင့်တိုက်ရိုက်အချိုးကျသည်ကို သိထားရန်လိုသည်။ ထို့အပြင် သားရဲများ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ရန်လိုမှု သည် အစောက သူမမြင်လိုက်သည့်သားရဲများနှင့် ယှဉ်မရပေ။

အချိန်တစ်ခုလောက် လျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းနိုင်သဖြင့် ပေထင်းဟွမ်သည် နတ်မိစ္ဆာဧကရာဇ်ကို အာရုံစိုက်ထားသည်။ စစ်မြေပြင်တွင် ပင် သူသည် အင်္ကျီလက်ဝကျယ်သော ခရမ်းရောင်ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင် ထားသည်။ ပင့်ကူနှင်းပန်းကိုးလွှာသည် စစ်မြေပြင်၏ တောက်ပသောနေရောင် အောက်တွင် ရွှေရောင်လင်းလက်နေကာ သူ၏ရောင်ဝါသည် စစ်သည် ထောင်ချီကို လွှမ်းမိုးနိုင်လေသည်။

All Chapters