မင်းသမီးဟွမ်ကျို့ အဖမ်းခံလိုက်ရတယ်
Vol. 43 Ch. 847
နတ်မိစ္ဆာဧကရာဇ်၏ဘက်တွင် ဖွဲ့စည်းမှုလုပ်ဆောင်ပြီးလေ၏။ စစ်မြေပြင်၏ တခြားတစ်ဖက်တွင် မင်းသားမင်ရှို့နှင့် မင်းသမီးဟွမ်ကျို့တို့ ဦးဆောင်သည့် လူသားဝိညာဉ်သခင်အဖွဲ့သည်လည်း မင်းသမီးဟွမ်ကျို့၏ အမိန့်အောက်တွင် ကျားဖြူဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းပြီးလေသည်။ ကျားဖြူ သည် ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ကာ နဂါးနက်ကိုထိန်းချုပ်နေသည့် အမျိုးသား၏ နဂါးပုံစံဖွဲ့စည်းမှုကို မျက်နှာချင်းဆိုင်ထားသည်။
ထိုအရာကိုကြည့်ပြီး နတ်မိစ္ဆာဧကရာဇ်၏ အေးစက်သောမျက်လုံးများ သည် အနည်းငယ် နွေးထွေးလာက သူ၏မျက်လုံးထဲမှ စူးရှသောအလင်းတစ်ခု ထွက်ပေါ်လာပြီး လက်ထဲမှ ကြီးမားသောခရမ်းရောင်ားကြီးကို ဝေ့ယမ်းလိုက် သည် “ဟုတ်ပြီလေ အနောက်တောရိုင်းရဲ့ မင်းသမီးကို ဒီနေ့ နောက်ဆုံး တစ် ကြိမ်တွေ့လိုက်တာပေါ့”
ဟွမ်ကျို့ ထိန်းချုပ်သည့် နဂါးနှင့်ဇာမဏီတို့သည် မာန်ဟိန်းလိုက်ကာ နတ်မိစ္ဆာဧကရာဇ်၏ အားကောင်းသောတိုက်ခိုက်လိုစိတ်ကို အာရုံခံမိ ပြီးနောက် ခမ်းနားသောအသံ၊ ကောင်းကင်ကွဲနိုင်သည့်ရောင်ဝါသည် ကိုးရောင် အလင်းတန်းအဖြစ်ပြောင်းသွားကာ ဟွမ်ကျို့ကို လွှမ်းခြုံလေသည်။ သူမလက် ထဲမှ ဓားပျော့သည်လည်း ကိုးရောင်နှင့်အတူ လင်းလက်ကာ လူနှင့်သားရဲသည် အလင်းစီးကြောင်းအဖြစ်ပြောင်းကာ နတ်မိစ္ဆာဧကရာဇ်ဆီသို့ တဟုန်ထိုးဝင် လေသည်။
မြေပေါ်တွင် မာန်ဟိန်းသံသည် ကောင်းကင်ကို ထိုးဖောက်လုမတတ်ပင်။ နဂါးနက်ကိုထိန်းချုပ်ထားသော အမျိုးသား၊ ဝိညာဉ်ဝါးမျိုသားရဲ ဦးဆောင်သည့် နဂါးနှစ်ကောင်ဖွဲ့စည်းမှုနှင့် ပြိုင်ဘက်၏ ကျားဖြူဖွဲ့စည်းမှုတို့သည် ချောင်ပိတ် နေကြသည်။ ခမ်းနားသောတိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ၊ တောက်ပသော လက်နက်များပါဝင်ပြီး ရှေးခေတ်သားရဲများသည် ကောင်းကင်ကိုမျှော်ကာ မာန်ဟိန်းနေကြသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက တောက်ပသောနေ ရောင်အောက်တွင် မရေမတွက်နိုင်သော သန်မာသည့်အမျိုးသားများ ကျဆုံးခဲ့ သည်။
ဟွမ်ကျို့၏လက်ထဲမှ ဓားပျော့သည် ကောင်းကင်ခွဲနိုင်သည့် ခွန်အား ပါဝင်သည်။ သူမ၏ခြေထောက်အောက်ရှိ ကိုးရောင်နဂါးနှင့်ဇာမဏီနှင့်အတူ ရှေ့တက်ချိန်တွင် သူမအနောက်မှ မင်ရှို့သည် တိတ်တိတ်ကလေး နောက်ဆုတ်သွားသည်။ တောက်ပသောလေးနှင့်မြားတို့သည် စွမ်းအင်အဖြစ် ပြောင်းသွားပြီး လေးကိုင်းတွင်ရောက်ရှိကာ ဟွမ်ကျို့ရှိရာသို့ ဦးတည်လေ၏။
“မင်ရှို့ မင်းက ကျုပ်ကိုပစ်ချင်တာလား ဒါမှမဟုတ် မင်းသမီးဟွမ်ကျို့ကို ပစ်ချင်တာလား”
ထိုအခိုက်အတန့်တွင် အသံဖျော့ဖျော့ထွက်လာကာ ဝဲနက်ကြီးတစ်ခု သည် ဟွမ်ကျို့ဆီသို့ ကြောက်စရာကောင်းသောစွမ်းအားနှင့် လှိမ့်တက်လာပြီး ခရမ်းရောင်ဝတ်စုံနှင့်ပုံရိပ်သည်လည်း သူ့ဆီသို့ အလျင်စလိုရောက်လာပြီး ရွှေရောင်မြားနောက်သို့လိုက်လေသည်။ ဆောင်းတွင်း၏ ညလယ်သည် ပိုပြီး မှောင်မိုက်လာကာ ပို၍ကြောက်စရာကောင်းလာသည်။ စွမ်းအင်ဓားသွားနှင့် ရှည်လျားသောရွှေရောင်မြားများသည် အတူထိပ်တိုက်တွေ့လေသည်။
ကြီးမားသောပေါက်ကွဲမှုသည် ပေထင်းဟွမ်အား လှုပ်ခါသွားစေပြီး ၎င်း သည် ထင်ယောင်ထင်မှားဆိုသည်ကို သိသော်လည်း နောက်သို့ခြေနှစ်လှမ်း ဆုတ်မိလေသည်။ လေဟာနယ်သည် ပြိုလဲတော့မည့်ပုံပေါက်ကာ လေဟာ နယ်အပြင်ဘက်တွင် ရှုပ်ထွေးသောစီးဆင်းမှုဖြစ်ပေါ်ပြီး စစ်မြေပြင်မှ မရေမတွက်နိုင်သော သတ္တဝါများကို ဝါးမျိုလေသည်။
လေဟာနယ်ပြိုကျပြီးနောက် အမှောင်စွမ်းအင်သည် စစ်မြေပြင်တစ်ခု လုံးကို ရှင်းလင်းလိုက်ပြီး လေးကိုင်းမပစ်ရသေးသည့် မင်ရှို့ဆီသို့ ပြင်းထန်စွာ ရိုက်မိလေသည်။ နှင်းဖြူရောင် ဝတ်စုံဝတ်ဆင်ထားသည့် ဝိညာဉ်နတ်ဘုရား မျိုးနွယ်၏မင်းသားသည် နေရာတွင်ပင် ပါးစပ်အပြည့်သွေးများ အန်လေသည်။ သူ့ကိုသယ်ဆောင်ထားသော ဦးချိုပါမြင်းပျံသည် စစ်မြေပြင်ဆီသို့ အမြင့်ဆုံး အရှိန်နှုန်းဖြင့် ပြေးလေသည်။
ထိုမြင်ကွင်းသည် ကျားဖြူဖွဲ့စည်းပုံထဲမှ စစ်သည်များ၏ တိုက်ခိုက်ရေး စိတ်ဓာကိုပိုပြင်းပြစေသည်။ ရှန်းဇီမင်ရှို့သည် မြားပစ်လွှတ်ကာ မင်းသမီး ဟွမ်ကျို့ကို သတ်လေသည်။ ထို့အပြင် မင်းသမီးဟွမ်ကျို့သည် ဝိညာဉ်နတ် ဘုရားမျိုးနွယ်မှမဟုတ်သဖြင့် မင်းသားမင်ရှို့သည် မင်းသမီးဟွမ်ကျို့ကို မှားပြီး ပစ်သည်ဟု ပြောမရပေ။ သူသည် နတ်မိစ္ဆာဧကရာဇ်မှ အလှလေးကို ကာကွယ် ရန် လှုံ့ဆော်နေခြင်းပင်။
သို့သော် ယခုအခါ သူတို့၏စိတ်ထဲမှ အသင့်တော်ဆုံးပြောရေးဆိုခွင့်ရှိသူ မင်းသားကို စီရင်ချက်ဗိမာန်မှ နတ်အလင်းဖြင့် ကာကွယ်ထားသည်။ သူတို့ ဤ စစ်ပွဲကိုမည်သို့ရှေ့ဆက်ရမည်နည်း။
ဆောင်းတွင်းညထက် မှောင်မိုက်သည့်ဝဲနက်ထဲသည် လည်ခြင်းရပ်သွား ပြီး အလင်းနက်ထွက်လာကာ ဝဲအလယ်တွင် ပုံရိပ်နှစ်ခုမှာ ပေါ်ပေါ်လာသည်။ အမှောင်စွမ်းအင်ကြိုးကြောင့် လွင့်သွားသော မင်းသမီးဟွမ်ကျို့နှင့် မင်းသမီးကို ပွေ့ဖက်ထားသော နတ်မိစ္ဆာဧကရာဇ်ပင်ဖြစ်သည်။
နဂိုကရေခဲကဲ့သို့ဖြစ်နေသော ခရမ်းရောင်မျက်လုံးအိမ်သည် ထိုအချိန် တွင် တောက်ပနေသည်။ ထိုမျက်လုံးများသည် စစ်မြေပြင်မှ သတ္တဝါများကို ကြည့်ပင်မကြည့်ပေ။ ကောင်းကင်နှင့်မြေကြီးအကြားတွင် သူ၏ပုံရိပ်သည် အားလုံး၏မြင်ကွင်းကို သိမ်းပိုက်ထားပြီး နူးညံ့သောအသံသည် အားလုံး၏ နားစည်ထဲထိဝင်လေသည် “မင်းသမီးဟွမ်ကျို့က အဖမ်းခံလိုက်ရပြီ အခုက စပြီး ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကမကြောက်တော့ဘူး”