← Chapters

ယန်ယဲ့ ငါ့ကိုမြင်စေချင်တာ ဒါလား

Vol. 43 Ch. 848

ယန်ယဲ့ ငါ့ကိုမြင်စေချင်တာ ဒါလား

Vol. 43 Ch. 848

စကားတစ်လုံးသည် စကြာဝဠာတစ်ခုလုံးကို ဆုံးဖြတ်နိုင်သည်။

စစ်မြေပြင်တွင် နဂါးနှစ်ကောင်အစီအရင်တွင် နေရာယူထားသော နတ်မိစ္ဆာဧကရာဇ်ပိုင်ဆိုင်သည့် မရေမတွက်နိုင်သော စစ်သည်များသည် လက်နက်များကို ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရှိရာသို့ ဝေ့ယမ်းကာ စိတ်ဓာတ် တက်ကြွစွာဖြင့် ကျယ်လောင်စွာအော်ဟစ်လေသည်။ ဝိညာဉ်နတ်ဘုရား မျိုးနွယ်ဘက်တွင် စစ်တပ်သည် တောင်တစ်လုံးကဲ့သို့ ရှုံးနိမ့်သွားရာ ကြိုးပြတ် သွားသည့်ရုပ်သေးရုပ်ကဲ့သို့ အပြတ်အသတ်အနိုင်ပေးလိုက်ရသည်။

“မင်ရှို့နဲ့ယှဉ်ရင် ဒီနေရာက ဘယ်လိုနေလဲ”

တိုက်ခိုက်သံများ အဆက်မပြတ်ထွက်လာနေကာ သွေးများသည် မိုးရွာ နေသကဲ့သို့ပင်။ သို့သော် မိုးပေါ်တွင် မြောက်နေသော နတ်မိစ္ဆာဧကရာဇ်သည် မင်းသမီးဟွမ်ကျို့အား စိတ်ဝင်တစားမေးလေသည် “ငါ မင်းနဲ့ တိုက်ခိုက်လာ တာ နှစ် ၂ ထောင်လောက်ရှိပြီ၊ တိုက်ပွဲတစ်ပွဲဆိုလည်း နှစ်ချီကြာတယ်၊ မင်းက ခေါင်းမာတဲ့မိန်းကလေးဆိုတော့ ငါ အခုထိမင်းနဲ့ ကစားပေးလာတာ၊ လူတွေ သားရဲတွေ ဘယ်လောက်သေလဲကြည့်လိုက်”

ဟွမ်ကျို့သည် ဘေးမှ နတ်မိစ္ဆာဧကရာဇ်ကို ချောင်းကြည့်လိုက်သည်။ သူမသည် အကျဉ်းသားဖြစ်နေသော်လည်း စိတ်လှုပ်ရှားမှုတစ်စုံတစ်ရာကို ရှာမတွေ့ပေ။ ထိုအစား သူမသည် စစ်မြေပြင်ဆီသို့ လျှောက်သွားပြီး ခေါင်းကို ပြန်လှည့်ကာ နတ်မိစ္ဆာဧကရာဇ်ကို လျစ်လျူရှုလိုက်သည်။ စိတ်မရှည်စွာဖြင့် “ကျွန်မကို လွှတ်ပေးပါ”

“ငါက အကြောင်းမရှိဘဲ အကျဉ်းသားတွေကို လွှတ်ပေးရလောက်အောင် သဘောမကောင်းဘူး” ပြောပြီးသည်နှင့် နတ်မိစ္ဆာဧကရာဇ်သည် သူမကို ပွေ့ လိုက်ရာ သူ၏ခြေထောက်ကို မြူခိုးမည်းများ လာရစ်ပတ်လေသည်။ ထို့နောက် ခမ်းနားစွာဖြင့် "နောက်ဆုတ်မယ်" ဟုဆိုလိုက်သည်နှင့် သူသည် ထုံရှန်းတောင် နှင့် မိုင်ပေါင်း တစ်သိန်းအကွာသို့ ရောက်သွားလေသည်။

ထုံရှန်းတောင်သည် မိုင်ပေါင်း တစ်သောင်းရှည်လျားကာ မရေမတွက်နိုင် သော သားရဲများ၏အိမ်ဖြစ်သလို ယန်းမိုထျန်းမျိုးနွယ်၏ အနောက်ဘက် ဥယျာဉ်လည်းဖြစ်သည်။ သွေးလနန်းတော်ကို ကျယ်ပြန့်သောတိမ်ပင်လယ်များ တွင် တည်ဆောက်ထားသည်။ သွေးလနန်းတော်မှလူများသည် ထုံရှန်းရှိ သစ်သားအိမ်တန်းများကို မြင်နေရသည်။ နတ်မိစ္ဆာဧကရာဇ်၏ ဝိညာဉ်စွမ်းအား နှင့် တည်ဆောက်ထားသော အစီအရင်သည် အိမ်ငယ်လေးအား တင်းကြပ်စွာ ချုပ်နှောင်ထားသည်။ ဟွမ်ကျို့ကို ထိုအိမ်ငယ်လေးတွင် ချုပ်ထား၏။

အနောက်ဘက်အရိုင်းမြေကြီး၏ မင်းသမီးတစ်ပါးအနေနှင့် ဝိညာဉ် နတ်ဘုရားမျိုးနွယ်၏ အိမ်ရှေ့စံမင်းသားကို ကူညီကာ ယန်းမိုထျန်းမျိုးနွယ်ကို တိုက်ခိုက်ခဲ့သည်။ သူမ လုပ်ကိုလုပ်ရမည့်အကြောင်းအရင်းလည်းရှိသည်။

မင်းသမီးဟွမ်ကျို့၏ အကျင့်သဘောထားသည် သူမနှင့်တူသည်ကို ပေထင်းဟွမ် ပြောနိုင်သည်။ သူမသာ အမြင်အာရုံမကောင်းလျှင် ဤမြင်ကွင်း သည် ဤမြေကြီးတွင်ချန်ထားခဲ့သည့် စစ်ပွဲဟုသိမည်မဟုတ်ပေ။ ထိုအမျိုးသမီး သည် သူမဟုပင် ပေထင်းဟွမ် တွေးမိတော့မလိုပင်။

“ဒါက ယန်ယဲ့ ငါ့ကိုမြင်စေချင်တာလား” ပေထင်းဟွမ်သည် အပြင်လူ ကဲ့သို့ပင် ထိုမြင်ကွင်းကိုကြည့်နေရသည်။ နတ်မိစ္ဆာဧကရာဇ်သည် ထုံရှန်းရှိ သစ်သားအိမ်လေးတွင်ရှိသော ဟွမ်ကျို့ဆီသို့ လာလည်သည့်အချိန်တိုင်းသည် နှစ်ယောက်သည် ထိပ်တိုက်ရင်ဆိုင်ပြီး တစ်ခါတစ်ခါ ရန်ဖြစ်ကြသည်။ နောက် ပိုင်းတွင် တိုက်ခိုက်လိုသည့်စိတ်များလျော့နည်းသွားသည်။ သို့သော် လှုပ်ရှားမှု များသည် ကြမ်းတမ်းတုန်းပင်ဖြစ်သည်။

ပေထင်းဟွမ်သည် ဟွမ်ကျို့၏ရင်ထဲမှ ခံစားချက်များကို ခံစားမိသဖြင့် ဖိနှိပ်၍မရပေ။

သူမ နားမလည်နိုင်သည်မဟုတ်ပေ။ မင်မင်ဟွမ်ကျို့သည် ယန်ယဲ့ကို နှစ်သက်သည်။ သို့သော် သူမသည် အချိန်တိုင်း သူ့အပေါ်တွင် ဘာကြောင့် အေးစက်နေသနည်း။ သူမ ပြင်းထန်စွာတိုက်ခိုက်သည့်အချိန်တိုင်းတွင် သူမ သည် သူ့အား အညှာတာမဲ့စွာ ခေါင်းဖြတ်သည်။ ထိုအမျိုးသမီးသည် အနည်းငယ်စိတ်လှုပ်ရှားနေသည်ကို ပေထင်းဟွမ်ခံစားမိသည်။

ဒီနေရာက သူမအတွက်မဟုတ်ဘူး။ ယန်ယဲ့က သူမကို မှားပို့ပေးလိုက် တာဖြစ်မယ်။

“ငါက ဘာလို့ ဒီရောက်လာတာလဲ၊ ငါက တိုက်ခိုက်ရေးစိတ်ဓာတ်ကို ခံစားဖို့လာတာလေ၊ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဘာလို့ ဂရုစိုက် နေရမှာလဲ” ပေထင်းဟွမ်သည် ခေါင်းကိုရိုက်ကာ ရုတ်တရက် အရင်စစ်ပွဲကို စဉ်းစားလိုက်သည်။ အးကောင်းသည့်သားရဲများပေါ်လာသည်နှင့် ဟွမ်ကျို့၏ နဂါးဇာမဏီ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် သူမ၏ နဂါးဇာမဏီချပ်ဝတ် တန်ဆာနှင့် ကွဲလွဲသည်ကို တွေ့လိုက်ရသည်။

ဟွမ်ကျို့၏ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် ပို၍သန့်စင်ပြီး ရိုးရှင်း သည်။ ပြောဖို့မလိုအောင်ပင် သူမ ကိုးရောင်နဂါးဇာမဏီနှင့် အသွင်ပြောင်းပြီး နောက် သူမသည် ကိုးရောင်နဂါးဇာမဏီကိုစီးနင်းဆဲဖြစ်သည်။ သူမလက်ထဲမှ ဓားပျော့သည် အသက်ဝင်သည်။ စွမ်းအင်ကြောင့် အသွင်ပြောင်းပြီးနောက် သူမတွင် ကိုးရောင်နဂါးဇာမဏီနှင့်တူညီသည့် သားရဲနှစ်ကောင်ရှိသည်ဟုဆို နိုင်သည်။ တစ်ခုသည် သူမခန္ဓာကိုယ်မှ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာဖြစ်ပြီး နောက်တစ်ခုသည် သူမလက်ထဲမှ လက်နက်ဖြစ်နေသည်လား။

မေးခွန်းမရှိတော့ပေ။

နဂါးဇာမဏီသည် ရှေးခေတ်များဆီက တစ်ကောင်သာရှိခဲ့သည်။ ထိုအခါ ဟွမ်ကျို့၏ ချပ်ဝတ်တန်ဆာပြောင်းနည်းလမ်းသည် သူမနှင့်မတူညီ၍ဖြစ်မည်။ ဤသည် ပိုအဆင့်မြင့်သည့် အသွင်ပြောင်းနည်းဖြစ်သည်။ ၎င်းသည် သားရဲများ ကို ထိန်းချုပ်သည့် အဆင့်မြင့်သောနည်းလမ်းဖြစ်သည်။

All Chapters