← Chapters

လွန်ခဲ့တဲ့နှစ်တစ်သောင်း

Vol. 43 Ch. 849

လွန်ခဲ့တဲ့နှစ်တစ်သောင်း

Vol. 43 Ch. 849

ဟွမ်ကျို့၏ ယန်ယဲ့အပေါ်ခံစားချက်၊ ဟွမ်ကျို့၏ သားရဲထိန်းချုပ်သည့် အရည်အချင်း၊ ထိုသားရဲများသည် လက်ရှိသားရဲများထက် သန်မာသည့် အကြောင်း... ပေထင်းဟွမ်၏စိတ်ထဲတွင် မေးခွန်းမျိုးစုံပေါ်လာသည်။ သို့သော် သူမသည် တိုက်ပွဲကို အာရုံစိုက်ထားရန်ကိုသာ ရွေးချယ်ရသည်။

စစ်ပွဲပြီးသွားသည်နှင့် ပေထင်းဟွမ်သည် ထိုထင်ယောင်ထင်မှားမြင်ကွင်း မှ ထွက်လာခဲ့လိုက်သည်။ သူမ ရုတ်တရက်မျက်လုံးဖွင့်လိုက်ရာ ယန်ယဲ့သည် သူမအား ပူပြင်းသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကိုမြင်လိုက်ရာ သူမ သည် နှာခေါင်းကိုထိပြီး မေးလိုက်သည် “ကျွန်တော့်ကို ကြည့်ပြီးဘာလုပ်နေ တာလဲ”

ယန်ယဲ့သည် စိတ်ထဲမှခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီး မျက်လုံး များကိုအကြည့်လွှဲကာ ဂရုမစိုက်သလို ဟန်ဆောင်ပြီးမေးလိုက်သည် “ဘယ်လို ခံစားရလဲ”

ပေထင်းဟွမ်သည် ခေါင်းညိတ်ကာ ခေတ္တမျှစဉ်းစားကာ အနည်းငယ် မျက်မှောင်ကြုတ်ပြီး မျက်လုံးများကိုကျဉ်းမြောင်းကာ နားမလည်သလိုကြည့် လေသည် “ယဲ့ ကျွန်တော့်ကိုပြော.. ဒီတိုက်ကြီးက မှော်စွမ်းအင်က ပျောက် သွားတာကြာသွားလို့ သားရဲတွေရဲ့ခွန်အားက နိမ့်ပြီးရင်းနိမ့်၊ သွေးက ပိုပိုပြီး ကျဲလာတာမလား၊ ကျွန်တော့်အမြင်အရဆိုရင် လွန်ခဲ့တဲ့နှစ်တစ်သောင်းက ထက် ၁၀ ပုံတစ်ပုံတောင်လျော့နေပြီ”

သားရဲများသည် နာမည်အတိုင်းပင် မှော်စွမ်းအင်များကို စုပ်ယူပြီး ကျင့်ကြံရန် အသင့်တော်ဆုံးဖြစ်သင့်သည်မဟုတ်ပါလား။

နဂိုက ယန်ယဲ့ ပေထင်းဟွမ်အား “ဘယ်လိုခံစားရလဲ” ဟုမေးလိုက်ချိန် တွင် ပေထင်းဟွမ်သည် မေးခွန်းဖြေပြီး သားရဲများ၏ခွန်အားကို ပြောလိုက် သည်နှင့် ယန်ယဲ့သည် အနည်းငယ် လမ်းပျောက်သွားသလိုခံစားရသည်။ သေချာပေါက်ပင် ပေထင်းဟွမ်သည် ခင်တွယ်မှုထက် ခွန်အားကို တန်ဖိုး အထားဆုံးဖြစ်သည်ကို သူသိသည်။ သိုသော် သူသည် လွန်ကဲသော မျှော်လင့် ချက်များထားတုန်းပင်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းကအတိုင်း ပေထင်းဟွမ်သည် သူ့ကို ချစ်ဦးမည်ဟု မျှော်လင့်နေသည်။

သူသည် စိတ်ထဲမှပြောနေမိသည်။ ထင်ထားသည့်အတိုင်းပင် သူမသည် သူချစ်သည့်မိန်ကလေးဖြစ်နေတုန်းပင်။ သူမသည် ခွန်အားကို တွေးတောနေ သည်။ သူမသည် ရှေးခေတ်က သားရဲများကို အာရုံစိုက်ထားခြင်းဖြစ်မည်။ လက်ရှိသားရဲများသည် ရှေးခေတ်တွင် ကြောင်နှင့်ခွေးများလိုဖြစ်နေသည်။

“လွန်ခဲ့သည့်နှစ်တစ်သောင်းက...” ဆိုသည့်စကားများကိုကြားပြီးနောက် ယန်ယဲ့၏ မူလခရမ်းရင့်ရောင် မျက်အိမ်သည် မီးတောက်များလက်လာသည့် အလား ချက်ချင်းပင် သူ၏မျက်နှာကို တောက်ပသွားစေသည်။ မှောင်မိုက်နေ သည့် ကောင်းကင်ထဲတွင် သူ၏မျက်လုံးထောင့်မှ ခရမ်းရောင်ကို ရှင်းလင်းစွာ မြင်နေရသည်။

“ဟား ဟား ဟား” ယန်ယဲ့သည် ရုတ်တရက်ထရယ်လေသည်။ ရယ်မော သံသည် ခေါင်းလောင်းသံအလား ကောင်းကင်ကိုးဆင့်မှ ထွက်လာသည့် ပေါ့ပါးသည့်အသံကဲ့သို့ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းလေဟာနယ်ထဲတွင် ပဲ့တင် ထပ်သွားသည်။ လေလှိုင်းတစ်ခုထွက်လာပြီး မြေပေါ်တွင် ကြီးမားသောဝဲတစ် ခုဖြစ်ပေါ်လာကာ သူတို့နှစ်ယောက်အား ဝန်းရံလေသည်။

ထိုအချိန်တွင် သူမ၏ခြေထောက်အောက်တွင် လေဟာနယ်တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာရာ ထိုလေဟာနယ်သည် ယန်ယဲ့၏ရယ်သံကြောင့် ပြိုလဲပြီဟု တွေးရင်းနှင့် ပေထင်းဟွမ်သည် ထိတ်လန့်သွားသည်။ သူမသည် ရုတ်တရက်ရှေ့သို့ခုန်လိုက်ပြီး ယန်ယဲ့သည် သူမအား ပွေ့ဖက်ထားနှင့်ပြီဖြစ် သည်။ ရယ်သံသည် သူ့ရင်ဘတ်ကို တုန်ခါဆဲဖြစ်သော်လည်း ချုပ်တည်းထားရ တုန်းပင်။ သူသည် ပျာယာခတ်နေသည့် ပေထင်းဟွမ်အား တင်းကြပ်စွာ ပွေ့ဖက်ထားပြီး ပေထင်းဟွမ်၏နားနှင့်နီးကပ်ပြီးပြေလေသည် “ဟွမ်အာ.. လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက စစ်ပွဲကြီးကိုရွေးတုန်းလား၊ မင်းစိတ်ထဲမှာ ဂရုစိုက်နေတာ လွန်ခဲ့တဲ့နှစ်တစ်သောင်းကကိစ္စပဲမလား”

“အဲတော့ဘာဖြစ်လဲ” ပေထင်းဟွမ်သည် ဒေါသတကြီးပြောလိုက်သည် “ကျွန်တော်မကြည့်ချင်ရင်တောင် ကျွန်တော့်နားထဲကို နေ့တိုင်းပြောနေမှတော့ နည်းနည်းသိချင်တာပဲကို”

“ဟားဟားဟား” ရယ်သံကြောင့် ယန်ယဲ့၏ရင်ဘတ်သည် မရပ်မနားဘဲ လှုပ်ခတ်ရာ ပေထင်းဟွမ်၏လက်တစ်ဖက်သည် သူ့ခါးကိုဖက်ထားပြီး နောက် တစ်ဖက်ဖြင့် ယန်ယဲ့၏ရင်ဘတ်ကို ရိုက်လိုက်သည်။ သူမသည် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း နောက်ဆုံးတွင် အင်အားကိုခံစားမိဆဲဖြစ်ကာ မကြင်နာ သောအသံဖြင့်ပြောလိုက်သည် “ရယ်နေလိုက် မြေပေါ်ကိုပြုတ်ကျတော့မယ်”

“မဟုတ်ဘူး ဒါက နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းရဲ့ ရွှေ့ပြောင်းအစီအရင်က ငါတို့ကို ရွှံ့နွံသန့်စင်တဲ့မြေကိုပို့ပေးတာ” ယန်ယဲ့သည် ပေထင်းဟွမ်အား မဖုံးမကွယ်ဘဲပြောလိုက်သည် “ရွှံ့နွံသန့်စင်နယ်မြေက ဝိညာဉ်နတ်မိစ္ဆာစစ်ပွဲ ပြီးတော့ အမွေဆက်ခံခဲ့တဲ့မြေပဲ၊ ဒါက ဖန်ဆင်းရေးနတ်ဘုရားတွေ ချန်ထားခဲ့ တဲ့ နောက်ဆုံး ကောင်းချီးပဲ၊ ဒါပေမဲ့ ဖန်ဆင်းရေးနတ်ဘုရားရဲ့သွေးသားရှိမှပဲ ဝင်လို့ရပြီး အမွေဆက်ခံလို့ရမှာ”

All Chapters