ကျွန်တော်တို့က မောင်နှမတွေလား
Vol. 43 Ch. 850
ဖန်ဆင်းရေးနတ်ဘုရားများ၏ သွေးသားဆက်ခံသူများသာ ရွှံ့နွံသန့်စင် မြေကို ဝင်နိုင်သည်ဟု ယန်ယဲ့ပြောသည့်စကားကိုကြားလိုက်ရချိန်တွင် ပေထင်းဟွမ်နှင့် ယန်ယဲ့တို့သည် လေဟာနယ်လမ်းကြောင်းကိုဖြတ်ကာ ရွှံ့နွံ သန့်စင်မြေသို့ဆင်းသက်နေပြီဖြစ်သည်။ ဆိုလိုသည်မှာ သူတို့၏ခန္ဓာကိုယ် အတွင်းတွင် သူတို့သွေးသားရှိနေခြင်းပင်။ သူတို့တွင် ဖန်တီးရေးနတ်ဘုရား၏ သွေးသားရှိနေသည်။
သို့သော် ဖန်တီးရေးနတ်ဘုရားများသည် မောင်နှမများမဟုတ်ပါလား။ သူမနှင့် ယန်ယဲ့ကရော။ “ဘာအဓိပ္ပာယ်လဲ၊ ခင်ဗျားနဲ့ ကျွန်တော့်ခန္ဓာကိုယ်ထဲ မှာ ဖန်ဆင်းရေးနတ်ဘုရားသွေးသားရှိနေတာဆိုတော့ ကမ္ဘာ့အစကတည်းက ကျွန်တော်တို့က မောင်နှမတွေလား”
၂၁ ရာစုကမ္ဘာတွင် မောင်နှမများကို လက်ထပ်ခွင့်ပိတ်ပင်ထားသည့် အကြောင်းကို ယန်ယဲ့မသိသလို ပေထင်းဟွမ် အာကိုစိုးရိမ်နေသည်ကို မသိ သဖြင့် ပြောလေသည် “ဟုတ်တယ်လေ နတ်မိစ္ဆာနတ်ဘုရားကျင်းတန့်က ငါ့ ခန္ဓာကိုယ်ထဲကိုဝင်သွားတော့ ငါ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားရဲ့သန့်စင်တဲ့ သွေးရှိတာကို သက်သေပြလို့ရတယ်၊ ကစဥ့်ကလျားနတ်အရင်းအမြစ်က မင်း ကို ရွေးတော့ မင်းခန္ဓာကိုယ်ထဲမှလည်း သန့်စင်တဲ့သွေးသားရှိတာကို ပြနေတာ ပဲ”
ဤပြဿနာသည် လေးနက်သည်။
ပေထင်းဟွမ်သည် ယန်ယဲ့အား မရှင်းလင်းသည့်အကြည့်နှင့်ကြည့်လေ သည်။ သူမ တစ်ချိန်လုံးချုပ်တည်းလာခဲ့သည့် ခံစားချက်သည် ထွက်ပေါ်လာ သည်။ သူမသည် ယန်ယဲ့အားဖက်ထားသည့်လက်ကို တဖြည်းဖြည်း ဖြည်လျော့လိုက်သည်။ ထိုအစား သူ၏အင်္ကျီများကို ဆုပ်ကိုင်ပြီး စိတ်ထဲမှ စိတ်ပျက်သည့်ခံစားချက်မျိုး ထွက်ပေါ်လာလေသည် “ယန်ယဲ့ မောင်နှမကြား က ဆက်ဆံရေးက တိရစ္ဆာန်လိုပဲဆိုတာ ပြောခဲ့မိလား”
“အဟွတ် အဟွတ် အဟွတ်” ယန်ယဲ့သည် ခပ်ကြမ်းကြမ်း ခေါင်းဆိုးမိ လေသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူသည် တည်ငြိမ်မှုမပျက်ဖူးသော် လည်း လက်တွေ့တွင် တံတွေးသီးလုနီးပါးဖြစ်သွားသည်။ ယန်ယဲ့နေလာသည် မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ပေထင်းဟွမ်၏လက်သည် သူ့ခန္ဓာကိုယ်မှ တဖြည်းဖြည်းဆုတ်ခွာသွားသည်ကို ခံစားရကာ ရယ်မောမိသည်။ ထို့နောက် သူသည် ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်လိုက်သည် “အခု အရမ်းနောက်ကျ သွားပြီမဟုတ်ဘူးလား၊ ငါတို့တွေ နမ်းတောင်နမ်းပြီးနေပြီ”
ပြောပြီးသည်နှင့် သူသည် ပေထင်းဟွမ်၏နှုတ်ခမ်းပေါ်သို့ အနမ်းတစ်ပွင့် ခြွေလိုက်သည်။
အေးစက်ပြီး နူးညံ့သည့် ကြာပန်းရနံ့နှင့်နှုတ်ခမ်းသည် သူမ၏နှုတ်ခမ်း ပေါ်သို့ ကျရောက်လာသည်။ ပေထင်းဟွမ်၏လျှာသည် အလိုအလျောက် တုံ့ပြန်လေသည်။ ယန်ယဲ့ပြန်မရုတ်ခင်တွင် သူမသည် အလျင်အမြန်ပင် စုပ်ယူ ပြီး မပြီးဆုံးသေးသည့်အဓိပ္ပာယ်နှင့် ဖြည်းဖြည်းချင်း အရသာခံလေသည်။
ယန်ယဲ့၏ဖြားယောင်းမှုနှင့် ရင်ဆိုင်ရလျှင် ပေထင်းဟွမ်သည် ခံနိုင်ရည် မရှိသည်မှာ စိတ်ဓာတ်ကျစရာပင်ဖြစ်သည်။
“ဟွမ်အာ မင်းဂရုစိုက်လား” ယန်ယဲ့သည် မျက်နှာထားပြောင်းကာ လေးနက်စွာမေးလေသည် “ဒီဆက်ဆံရေးကို မင်း ဂရုစိုက်လား”
ခန္ဓာကိုယ်သည် ကျဆဲပင်ဖြစ်သည်။ ကျသွားလျှင် သေသွားနိုင်သည်လား မသိပေ။ မြေပေါ်သို့အမှန်တကယ်ကျပါက ယန်ယဲ့၏ခန္ဓာကိုယ်ကို အောက်ခြေ တွင်ထားရမည်။ ယန်ယဲ့၏ အလွန်စိတ်အားထက်သန်သောမျက်နှာထားသည် ချက်ချင်းပင် ပေထင်းဟွမ်အား နောက်ပြန်ဆုတ်စေသည်။ သူမသည် ခေါင်းညိတ်ပြီးမှ ပြန်ခါပြန်သည် “ကျွန်တော်ပြောမယ် ဒါက မျိုးဆက်ကို သွား သက်ရောက်မှာ မောင်နှမတွေသာဆိုရင် မွေးလာတဲ့ကလေးက အများကြီး ခံစားရလိမ့်မယ် ကျွန်တော်လက်မခံနိုင်ဘူး”
သူမ ခေါင်းညိတ်ချိန်တွင် သူ ဝမ်းနည်းသည်။ သူမ ခေါင်းခါလိုက်ချိန်တွင် သူ ပျော်သည်။ ပေထင်းဟွမ်၏စကားများကို နားထောင်ပြီးနောက် သူမ၏ သီအိုရီများသည် မည်သည့်နေရာမှလာသည်ကို မသိသော်လည်း ယန်ယဲ့သည် ပျော်ရွှင်စွာရယ်မောပြီး ပေထင်းဟွမ်အား ခပ်ကြမ်းကြမ်းလေးပွတ်သပ်လိုက် သည်။ ထို့နောက် သူ့ရင်ခွင်ထဲထည့်ကာ နားထဲသို့လေသံနှင့်ပြောလိုက်သည် “ဟွမ်အာ ဖန်ဆင်းရေးနတ်ဘုရားအဆင့်ကိုရောက်လို့ ကမ္ဘာပေါ်က အရာတိုင်း ကို ဖန်တီးနိုင်တဲ့အချိန်ဆို သူတို့ရဲ့ သားသမီးကို လိုချင်ရင် ယောက်ျားနဲ့ မိန်းမ ကြားက ကာမဆက်ဆံတဲ့ လက်ရှိနည်းအတိုင်းမဟုတ်ဘဲ သွေးတစ်စက်နဲ့ အတွေးတွေးလိုက်တာနဲ့ လူတစ်ယောက်ရဲ့အသက်ကို ဖန်တီးနိုင်တယ်”
“ပြီးတော့...” ယန်ယဲ့သည် ဂုဏ်ယူစွာပြောလေသည် “မင်းရဲ့ခန္ဓာကိုယ် ထဲမှာ ဖန်ဆင်းရေးနတ်ဘုရားကနေ သွေးဆက်ခံလိုက်တာနဲ့ အဲဒီအဆင့်ကို ရောက်သွားရင် သာမန်လူတွေထက်ကို နတ်ဘုရားဖြစ်ဖို့ ပိုလွယ်သွားမှာ”
“အားလုံးပေါင်း ဖန်ဆင်းရေးနတ်ဘုရားသုံးပါးရှိတယ်၊ ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်ထဲမှာ ဖန်ဆင်းရေးနတ်ဘုရားရဲ့ သွေးတွေရှိတယ်၊ အဲတော့ တတိယမြောက်လူက ဘယ်သူလဲ” စိတ်ထဲတွင် အဖြေရှိနှင့်ပြီးသား ဖြစ်သော်လည်း ပေထင်းဟွမ်သည် မေးလိုက်သည်။
သူမသည် တိကျသည့်အဖြေလိုသည်။