၃၃ ရက်၊ ယန်းမိုထျန်မျိုးနွယ်မှ နတ်မိစ္ဆာဧကရာဇ်
Vol. 43 Ch. 852
“ရတနာဟုတ်လား” ယန်ယဲ့သည် ခေါင်းခါလေသည် “ဒီလေဟာနယ်ထဲ မှာ ငါမြင်မိတဲ့ရတနာမရှိပါဘူး”
ပြောပြီးသည်နှင့် ယန်ယဲ့သည် တစ်ခါတည်း ပတ်ကြည့်လေသည်။ ပေထင်းဟွမ်၏အမြင်တွင် တောင်တစ်ခုလုံးမှ ထျန်းကျို့ဟွမ်သည် တန်ဖိုးအရှိ ဆုံးရတနာဖြစ်ရာ ပေထင်းဟွမ်ကို တူးဆွရန်အဆင်သင့်ဖြစ်စေသည်။
နောက်ဆုံးတွင် ပေထင်းဟွမ်သည် ထျန်းကျို့ဟွမ်နှင့် မိမိကိုယ်ကိုယ် တန်ဖိုးထားမှုအကြားကို ရွေးရန်ဆုံးဖြတ်လိုက်သည်။ ဆန့်ကျင်ဘက်အနေနှင့် သမသည် ယန်ယဲ့အား တိုက်တွန်းကာပြောလိုက်သည် “ခင်ဗျားမကြိုက်မှတော့ ကျွန်တော့်ကိုကူညီပေး၊ ကျွန်တော် ဒီတောင်တန်းကြီးကို မရွှေ့နိုင်ပေမဲ့ အနည်း ဆုံးတော့ ထျန်းကျို့ဟွမ် ရာဂဏန်းလောက် တူးနိုင်မှာပါ”
ယန်ယဲ့သည် အသက်ပြင်းပြင်းရှူကာ ကူကယ်ရာမဲ့စွာနှင့်ကြည့်လေ၏။ သူသည် လက်နှစ်ဖက်ကိုစုပြီး ပြန်ခွဲလိုက်ရာ ခရမ်းရောင်အလင်းတန်းထွက် လာပြီး ပေထင်းဟွမ် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းတွင်မြင်ခဲ့သည့် ထင်ယောင်ထင် မှားအတိုင်းမြင်ရလေသည်။ ထိုကြီးမားသောဓားကြီးပင်။ ထိုစဉ်က ၎င်းသည် ထင်ယောင်ထင်မှားသာဖြစ်သည်။ သို့သော် ယခုအချိန်မှာ ထိုဓားကြီးသည် ပေထင်းဟွမ်၏အရပ်တစ်ရပ်စာမြင့်သည်။ ၎င်းသည် စွမ်းအင်မှပြောင်းထား သည်လား ဝိညာဉ်လက်နက်လားဆိုသည်ကို ပြောရန် မဖြစ်နိုင်ပေ။ ဓားသည် လူတစ်ဦး၏ဝိညာဉ်ကို စုပ်ယူနိုင်သည်။
သူ သက်ပြင်းချသံကိုသာကြားလိုက်ရသည်။ ထို့နောက် လက်ထဲမှ ဓား ကြီးကို မြေပြင်သို့ပစ်လိုက်ရာ တောင်တစ်ခြမ်းသည် ကော်ထုတ်ခံလိုက်ရလေ ၏။
“မြူခိုးမြက်” ပေထင်းဟွမ် အော်လေသည်။ ထို့နောက် ပီတိဖြာစရာတစ် ခုပေါ်လာပြန်သည်။ ယန်ယဲ့သည် မြူခိုးမည်းတိမ်တိုက်တစ်ခုကို ဝေ့ယမ်းကာ တောင်တစ်ခြမ်းပေါ်ရှိ ကောင်းကင်ကို လွှမ်းမိုးလိုက်သည်ကိုမြင်သည်နှင့် ပေထင်းဟွမ်သည် လက်ပတ်လေဟာနယ်ကိုဖွင့်ကာ လေဟာနယ်ထဲသို့ ထျန်းကျို့ဟွမ် ပစ်လာမည်ကို စောင့်ဆိုင်းနေသည်။
“နှမြောစရာကြီး”
လေဟာနယ်ထဲတွင် အမြဲတမ်းတည်ငြိမ်နေတတ်သည့် အဂူး၏မျက်လုံး များသည် ပြုတ်ကျမတတ်ပင်။ သူသည် နဖူးကို အတန်ကြာသည်အထိ ကိုင် ထားပြီး မည်သို့ပြောရမည်ကိုမသိတော့ပေ။
ကင်းကောင်၊ လျှပ်စီး၊ ကျို့ယန်နှင့် သူ့ဘေးမှ တခြားသားရဲများသည် လေဟာနယ်အပြင်ဘက်ရှိ အမျိုးသားကို ငေးငိုင်စွာကြည့်နေသည်။ သူ့လက် ထဲမှ ဓားကြီးဝေ့သွားသည်နှင့် တောင်တစ်ခုလုံး မြင့်တက်လာပြီး ကောင်းကင် နှင့်မြေကြီးကို ဝါးမျိုနိုင်သည့် အမှောင်စွမ်းအင်သည် လူအများကိုတုန်ယင်ပြီး ကြက်သေသေစေသည်။
“ဒီလူ ဒီလူက တကယ်ကြောက်ဖို့ကောင်းတာပဲ”
“အစ်ကိုကြီးမင်နဲ့တူတယ် ကြောက်ဖို့ကောင်းလိုက်တာ”
“ဒီအငွေ့အသက်... ငါမှတ်မိသေးတယ်၊ ငါတို့ ပထမဆုံးတင်လာတုန်းက ဒီလေဟာနယ်ထဲမှာ သူ့အငွေ့အသက်ရှိနေတယ်၊ သူဝင်လာဖူးတယ်”
ကံကောင်းစွာပင် ပေထင်းဟွမ် ယန်ယဲ့ကို လေဟာနယ်ထဲ ချုပ်ခဲ့စဉ်က သူတို့ ဤနေရာတွင်မရှိခဲ့ပေ။ သည်အချိန်တွင် လေဟာနယ်ထဲတွင် ကျန်ခဲ့ သည့် ထိုလူ၏ အငွေ့အသက်ကို ပြန်တွေးကြည့်ကာ ဤလူ၏ ခြေနှင့်လက် သည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်လောက်သည်ကို ကြည့်ပြီး ပေထင်းဟွမ်၏ သားရဲများသည် ထိတ်လန့်မိသည်။
သူတို့သည် ယန်ယဲ့ကို ကြောက်လန့်နေပြီဖြစ်သည်။ ၎င်းသည် သွေးထဲမှ လာသည့် ကြောက်လန့်မှုမျိုးပင်ဖြစ်သည်။ ယခုချိန်တွင် ဤလူသည် စွမ်းအင် ထုတ်ပြီး တောင်တစ်လုံးကို ပြားအောင်လုပ်သည်မှာ အသက်ရှူရသလောက် ပင်လွယ်ကူသည်ကို မြင်လိုက်ရသည်။ သားရဲများ၏ အမွေးများအားလုံး ထောင်သွားကြကာ ကောင်းကောင်းပင်မရပ်နိုင်ကြပေ။ သူတို့သည် အဂူးအား တစ်ယောက်ပြီးတစ်ယောက် မေးကြလေသည် “သခင်လေး သူ.. သူက ဘယ်သူလဲ”
“သားရဲတွေ နတ်မိစ္ဆာကျင့်ကြံသူတွေရဲ့ ဘုရင်ဖြစ်ခဲ့တဲ့ ယန်းမိုထျန်း မျိုးနွယ် ၃၃ ဘုံရဲ့ နတ်မိစ္ဆာဧကရာဇ်ပဲ၊ မင်းတို့ သူ့ကိုကြောက်တာ ပုံမှန်ပါပဲ” အဂူးသည် အပြင်တွင်ရပ်နေသည့် ထိုလူကိုကြည့်ပြီး ခေါင်းခါမိသည်။ ထိုကောင်လေးတွေက ကမ္ဘာကြီးကိုမျိုးဖြတ်နိုင်သည့် နတ်မိစ္ဆာဓားနှင့် ဆေး ဖက်ဝင်ပစ္စည်းများကို တူးသည့်မြင်ကွင်းကိုမြင်ပြီး မည်သို့ပါးစပ်အဟောင်းသား မဖြစ်ဘဲနေမည်နည်း။
ပေထင်းဟွမ်သည် ဆေးများတူးနေသည်မှာ နတ်မိစ္ဆာဓားဖြစ်နေသည်ကို မသိပေ။ ယန်ယဲ့လှုပ်ရှားသည်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဤလူ၏ ခွန်အားသည် သန်မာလွန်းသည်ဟု မခံစားရပေ။ လေဟာနယ်ပွင့် လာသည်နှင့် ယန်ယဲ့၏ မှော်စွမ်းအားသည် တောင်တစ်ခြမ်းကို ဖုံးလွှမ်းကာ လေဟာနယ်ထဲသို့ ပစ်ထည့်လိုက်သည်။
လက်ပတ်လေဟာနယ်ထဲသို့ ဝင်သွားသည်နှင့် ပေထင်းဟွမ်သည် လေဟာနယ်၏ သခင်ဖြစ်ရာ ထျန်းကျို့ဟွမ်ကို တောင်အကွယ်တွင်ထားလိုက် သည်။ ထို့နောက် သူမသည် လက်ကိုခါကာ ဓားကြီးမှအလင်းတန်းအဖြစ် ပြန် ပြောင်းသွားကာ ယန်ယဲ့၏လက်ဖဝါးအလယ်သို့ ထိုးဖောက်ဝင်သွားသည်ကို ကြည့်နေသည်။