တံခါးအနောက်ကို လှုပ်ရှားချင်တယ်
Vol. 43 Ch. 853
“အိုး နှမြောစရာပဲ၊ အသက်သလင်းကျောက်တွေက မြေအောက်မှာ ရက် ပိုင်းလောက် အသက်ရှိနိုင်ဦးမယ်လို့ထင်ထားတာ၊ ဘာမှမရှိဘူးပဲ” ပေထင်းဟွမ်သည် ယန်ယဲ့ကြောင့် ပြားသွားသော တောင်တစ်ခြမ်းကို လှည့်ပတ်ကြည့်နေသည်။ ကြည့်ပြီးသည့်တိုင်အောင် နောင်တမရပေ။
ယန်ယဲ့သည်ခေါင်းခါလိုက်သည်။ သူသည် လေဟာနယ်ထဲမှ စီးဆင်းရန် ခက်ခဲနေပုံရသည့် ရောင်ဝါကို ကြည့်နေသည်။ “အသက်သလင်းကျောက် ကြောက ကိုယ်ထည်ထဲမှာ စွမ်းအင်တွေစုစည်းနေတဲ့ အစိုင်အခဲတစ်ခုပဲ၊ ဘယ်မှာလဲဆိုတာ လိုက်ရှာနေဖို့တောင်မလိုဘူး၊ ရောင်ဝါတွေပေါတယ်၊ အသုံး မဝင်တဲ့ ထျန်းကျို့ဟွမ်အပင်လောက် ကျပန်းမပေါက်ဘူး”
ပေထင်းဟွမ်သည် သူ ထျန်းကျို့ဟွမ်ကို အထင်ကြီးကြောင်း ပြောသည် ကိုမကြားဖူးပေ။ ထို့ကြောင့် မျက်စောင်းထိုးကာ ကောင်းကင်ပေါ်မှဆင်းကာ ယန်ယဲ့၏ ဘေးတွင်ဆင်းသက်လိုက်သည်။ သူ၏လက်ကိုဆွဲကာ ရွှံနွံကို အတူ တကွဖြတ်ကျော်ပြီး ဆင်းသက်သည့်နေရာတွင်ရပ်လိုက်ကြသည်။
သူတို့ရှေ့တွင် ထိပ်ပိုင်းကိုမမြင်ရသည့် တောင်တစ်လုံးရှိနေသည်။ ၎င်း သည် ကောင်းကင်ကို ထောက်ပံ့ပေးနေသည်နှင့်တသည်။ အဖြူရောင်ကျောက် တံခါးပေါက်သည် ထင်ရှားလွန်းကာ နှစ်ဖက်လုံးတွင် ထူးခြားဆန်းပြားသော ပန်းများရှိနေသည်။ ယန်ယဲ့သည် တစ်ပွင့်ကိုဆုပ်ကိုင်ကာ ပေထင်းဟွမ်လက် ထဲသို့ ထည့်ပေးလိုက်သည် “ဒါကကောင်းတဲ့ပစ္စည်းပဲ၊ အရှင်အဆင့်ဆေးဖက် ဝင်အပင်ပဲ၊ ဒီအပင်ကိုသုံးပြီး ဆေးသန့်စင်ရင် တိုက်ကြီးက ၃ နှစ်အရွယ် ကလေးတောင်မှ ကောင်းကင်အဆင့်ဆေးကိုသန့်စင်နိုင်လိမ့်မယ်”
“အရှင်အဆင့်ဟုတ်လား” ပေထင်းဟွမ်၏ မျက်လုံးများအရောင်တောက် လာကာ ယန်ယဲ့၏လက်ထဲမှ ဆေးပင်ကိုဆုပ်ကိုင်လိုက်သည်။ သို့သော် ကျောက်တံခါးဘေးနှစ်ဖက်ရှိ ဆေးပင်များကို စိုက်ကြည့်နေသည်။ မျက်လုံး များသည် ပန်းကန်လုံးတစ်လုံးစာရှိနေရာ ယန်ယဲ့သည် ခေါင်းခါမိ၏။ ဒီကောင်မလေးက တကယ်ကို ပိုက်ဆံကြိုက်တာပဲ။
“ဘာလို့ စောစောကမပြောတာလဲ” ပေထင်းဟွမ်သည် ယန်ယဲ့အား စောဒကတက်လေသည်။ ကံကောင်းစွာပင် သူတို့သည် အလောမကြီးပေ။ မဟုတ်လျှင် အရှင်အဆင့်ဆေးပင်ကို ဆုံးရှုံးလိုက်ရလျှင် နှမြောစရာဖြစ်သွား မည်။
“ဒီတံခါးကိုကြည့်လိုက်” ယန်ယဲ့သည် ဖြူစွတ်သောလက်ချောင်းများဖြင့် တံခါးကိုညင်သာစွာ ခေါက်လိုက်သည်။ “မင်းကို ပြောလိုက်ရင် ဒီတံခါးက မင်းသုံးနေကျ ထန်ရှန့်ရွှေထက်မာတဲ့ ကောင်းကင်သလင်းကျောက်ကြောနဲ့ လုပ်ထားတာလေ၊ သားရဲလေးကောင်ဒယ်စောက်က ပတ္တမြားကမ္ဘာတစ်ခုလုံး မှာ ပိုသန်မာတယ်၊ နောက်တစ်ခုတွေ့ဖို့ဆိုတာ မလွယ်ဘူး၊ ဒယ်စောက်က လက်နက်တွေကို လုပ်တဲ့နေရာမှာ အကောင်းဆုံးပစ္စည်းပဲ မင်းက အဲဒါကို ပြန် ပေးမလို့လား”
ပေထင်းဟွမ်သည် ထိုပန်းနှင့် အပင်များကို ဓားဖြင့်တူးနေသည်။ ယန်ယဲ့ ၏စကားများကို ကြားသောအခါ သူမ၏နှလုံးခုန်မြန်လာသည်။ ပထမဆုံးဝင် လာသည့်ခံစားချက်မှာ သူမ ကံကောင်းသည်။ သူမ၏ အရင်ဘဝနှင့် ယခုဘဝ တွင် နောက်ဆုံးမှပင် ကံကောင်းမှုကို ရှာတွေ့ခဲ့သည်။ ယခုအခါ ယန်ယဲ့သည် လာဘ်ကောင်ဟု ခံစားမိလာသည်။ သူ့နောက်သာမလိုက်ခဲ့လျှင် သူမရှေ့တွင် ရှိနေလျှင်တောင် ရတနာဟု သိမည်မဟုတ်ပေ။
“မဟုတ်တာ သေချာပေါက်ပေါ့ ခင်ဗျားက ကျွန်တော့်ကိုကူညီတာ” ပေထင်းဟွမ်သည် တွေဝေမှုမရှိ ပြောလိုက်သည်။
“ဒါက ဖန်ဆင်းရေးနတ်ဘုရားရဲ့ ပတ္တမြားဂူသင်္ချိုင်းဖြစ်မယ်၊ တံခါးကို ဖယ်ချင်တာ သေချာရဲ့လား” ယန်ယဲ့သည် လှည့်ပတ်ကြည့်ပြီး တံခါးကိုဖယ်ရှား ရန် အကဲဖြတ်နေသည်။ “မင်းဖယ်ချင်ရင် ဒီတောင်ကို ထပ်ပြီးတူးရမှာ စိုးရတယ်”
ထို့အပြင် အရေးအကြီးဆုံးမှာ သူနှင့်ရှိနေခြင်းပင်။ တံခါးအနောက်ရှိသည့် အရာကို သူ အာရုံမခံနိုင်ပေ။ တံခါးကိုဖယ်လိုက်လျှင် မည်သည့်အန္တရာယ်မျိုးရှိ နေသည်ကိုမသိပေ။ သူသည် သူ၏မိန်းကလေးကို မစွန့်စားစေလိုပေ။
“ယန်ယဲ့” ပေထင်းဟွမ်သည် တံခါးနှစ်ဖက်ဘေးတွင် ပေါက်နေသည့် အလျင်အမြန်ပင် ပန်းနှင့်အပင်များကို တူးပြီး လေဟာနယ်ထဲထည့်ကာ အဂူး အား စိုက်ထားရန်အမိန့်ပေးလိုက်သည်။ ထို့နောက် ယန်ယဲ့ဆီသို့လျှောက်သွား ပြီးတည်ကြည်စွာပြောလေသည် “ဖန်ဆင်းရေးနတ်ဘုရားက အရမ်း အားကောင်းတာကို ဝန်ခံတယ် ဒါပေမဲ့ ဖန်ဆင်းရေးနတ်ဘုရားကလည်း နတ်ဘုရားပဲလေ ဒါပေမဲ့ အခုပျောက်ကွယ်သွားပြီ၊ သေချာပေါက် သူတို့ချန်ထားခဲ့တာတွေက ရှင်သန်နိုင်မယ့်ဟာတွေပဲလေ၊ သေချာပေါက်ပေါ့ ကျွန်တော် အခုခင်ဗျားကို မနိုင်သေးဘူး အဲဒါကိုနောက်အတွက်သိမ်းထားလို့ရ တယ်”