← Chapters

ယန်ယဲ့ကအဆိပ်ရှိတယ်

Vol. 43 Ch. 854

ယန်ယဲ့ကအဆိပ်ရှိတယ်

Vol. 43 Ch. 854

ယန်ယဲ့သည် ဖြည်းဖြည်းချင်းခေါင်းလှည့်လာသည်။ သူ့စိတ်ထဲတွင် ဒေါသကြီးလာပြီး သူမအား အရူတစ်ယောက်လိုကြည့်လေသည် “ပေထင်းဟွမ် မင်းက အမြဲတမ်းဉာဏ်ကောင်းလို့ ငါ့စိတ်ကိုရထားတာ၊ ငါ မင်းကိုအမြဲရိုက်ချင် ရလောက်အောင် ဘာလို့အမြဲတုံးနေတာလဲ၊ မင်းရဲ့ စိတ်ရူးပေါက်မှုလား”

သူသည် ခမ်းနားသော နတ်မိစ္ဆာဧကရာဇ်ဖြစ်သည်။ ဤကောင်ကင် သလင်းကျောက်ကြောသည် ရှားပါးပြီး တိုက်ကြီးတစ်ခုလုံးတွင် ရှာမတွေ့တော့ လျှင်တောင် သူသည် သူ၏မိန်းကလေးဆီမှ လုမည်မဟုတ်ပေ။ ပေထင်းဟွမ် သူ့ကိုပြောသည်မှာ စော်ကားခြင်းမဟုတ်သလိုနှင့် စော်ကားသလိုပင်။

“အဲဒါဘာလို့လဲဆိုတော့ ခင်ဗျားမှာ ပြဿနာရှိနေတာလေ” ပေထင်းဟွမ် သည် မကြောက်မရွံ့ထပ်ပြောလေသည် “မိန်းကလေးတစ်ယောက်ကိုနိုင်တဲ့ ယောက်ျားက ကောင်းတာမဟုတ်ဘူး”

ယန်ယဲ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့မျက်လုံးများသည် ပေထင်းဟွမ်ပေါ် အာရုံစိုက်ထားကာ ဤကောင်မလေးကို မည်သို့အပြစ်ပေး လျှင်ကောင်းမလဲဟု တွေးတောပြီး ဒေါသထွက်နေသည် “ဟွမ်အာ မင်းက ငါ့ကို ထပ်ထပ်ပြီး စိန်ခေါ်နေတာပဲ၊ မင်းတကယ် တော်ပါတယ်”

ပြီးခဲ့သည့်နှစ်တစ်သောင်းကျော်တွင် သူသည် မရေမတွက်နိုင်သော လေဟာနယ်ဆီသို့ ဆင်းကာ လူများနှင့်တွေ့ပြီး ဖြေရှင်းခဲ့သည်။ သူ မည်မျှ တွေ့ဆုံခဲ့သည်ကိုပင် မသိတော့ပေ။ မည်သူမှ သူ့ကို ယခုလို ရန်မစရဲပေ။

သို့သော် ပေထင်းဟွမ်မှာ... သူမကို ဘာကြောင့် သာမန်လူများနှင့် နှိုင်းယှဉ်နိုင်မည်နည်း။ သူမသည် သူ၏မိန်းကလေးဖြစ်ကာ သာမန်လူများနှင့် မတူဘဲ ထူးခြားသည့်သတ္တိ၊ မောက်မာမှုနှင့် လွှမ်းမိုးမှုရှိသည်။ သူမ မည်သို့ ပြုလုပ်စေကာမူ သူ တကယ်သဘောကျသည်။

“ဘယ်သူကမှ ခင်ဗျားနဲ့ စကားမများမှာကိုစိုးတာ၊ အဲလိုဆို အထီးမကျန် ဘူးလား” ပေထင်းဟွမ်သည် မျက်လုံးများကို ပင့်မြှောက်ပြီး ယန်ယဲ့အား ရန်စ သလို နှာခေါင်းရှုတ်ပြီး ပြုံးကာပြောလေသည်။

“ပြိုင်မယ်ဟုတ်လား” ယန်ယဲ့သည် တံခါးပေါ်တွင်တင်ထားသည့် လက် ကိုပြန်ရုတ်ကာ ပေထင်းဟွမ်ဆီသို့ ဆန့်တန်းလိုက်သည် “လာလေ ငါလည်း မင်းနဲ့ ပြိုင်ငြင်းမယ်”

ဤပြိုင်ငြင်းခြင်းသည် ထိုပြိုင်ငြင်းခြင်းမဟုတ်ပေ။ သေချာပေါက်ပင် ပေထင်းဟွမ်သည် ယန်ယဲ့၏အသံထဲမှ ကျီစယ်မှုကို ကြားသိသည်။ သူမသည် သူ့ကို မျက်စိမှိတ်ပြပြီး 'စဉ်းစားတာကောင်းတယ်' ဟု အဓိပ္ပာယ်နှင့်ကြည့်လိုက် သည်။ သို့သော် သူမသည် ယန်ယဲ့၏ လက်ဆန့်သလို မဆန့်နိုင်ပေ။ သူသည် သူမကိုပွေ့ဖက်ပြီး ခေါင်းငုံ့ကာ သူမ၏နားထဲသို့ လေသံနှင့်ပြောလိုက်သည် “သင်ပေးလေ ဟွမ်အာ စကားနိုင်လုရင် ဘယ်လိုအနိုင်ယူရမှာလဲ”

“ကျွန်တော်လည်းမသိဘူးလေ ဘာလို့မစမ်းကြည့်ဘဲ စည်းမျဉ်းမချရမှာ လဲ” ပေထင်းဟွမ်သည် သူ့ခန္ဓကိုယ်မှ အနွေးဓာတ်ကိုသာ ခံစားမိပြီး ခေါင်းမော့ ကာ ယန်ယဲ့အားပြောလိုက်သည်။

ယန်ယဲ့၏မျက်လုံးများ တဖြည်းဖြည်းမှိတ်သွားပြီး သူ့လက်သည် သူမ၏ လက်ပတ်ကိုထိတွေ့ကာ ဖုံးကွယ်သည့်ခလုတ်ကို ကျွမ်းကျင်စွာပိတ်လိုက်၏။ ပေထင်းဟွမ်၏ ဖုံးဖိထားသောပုံရိပ်မှာပေါ်လာသည်။ သူမ၏လက်သည် သူ၏ ခါးမှအပေါ်တက်သွားကာ နောက်ဆုံးတွင် လည်ပင်းသို့ရောက်လေသည်။ မည်းနက်သောမျက်လုံးများကို မျက်ခွံဖြင့်ဖုံးအုပ်ထားသည်။ သူတို့သည် တစ် ယောက်နှင့်တစ်ယောက် မမြင်ရဘဲ မျက်နှာပေါ်သို့ရောက်လာသော ရှူထုတ် လိုက်သောလေကိုသာ ခံစားမိလေသည်။

ယန်ယဲ့သည် သူမ၏ခါးကိုဖက်ပြီး သူ့ဘက်သို့ ဆွဲယူလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် သူမဘက်သို့ကွေးညွှတ်ပြီး ပေထင်းဟွမ်၏ခန္ဓာကိုယ်မှာလည်း လေးကိုင်းကဲ့သို့ လှပစွာညွှတ်သွားသည်။ ရှည်လျားသောဆံပင်များသည် လေထဲတွင်လွင့်ကာ ခရမ်းရောင်ဖဲပြားသည် တလွင့်လွင့်နှင့် လှပသော ပန်းချီ ကားတစ်ချပ်လိုပင်။

နွေးထွေးပြီးနူးညံ့သည်။ ထိုခံစားချက်နှစ်ခုကို သိသည်။ မဟုတ်သေးပေ ထပ်ရှိသေးသည်။ စုပ်ယူခြင်းနှင့် အရသာခံခြင်း.. အရင်အခေါက်များနှင့် ကွာခြားသည်။ သည်တစ်ခေါက်တွင် သူတို့နှစ်ယောက်သည် အလွန်နှေးကွေး သည်။ ယန်ယဲ့သည် အစမ်းသဘောဖြစ်ပြီး ပေထင်းဟွမ်သည် ပျော်ချင်နေပုံရ သည်။ နည်းနည်းစီကပ်သွားပြီး နောက်ဆုံးတွင် ပြိုင်ဘက်၏ နယ်မြေအား သိမ်းပိုက်လေသည်။

နှုတ်ခမ်းများရောယှက်သည်။ သွားများငြိတွယ်သည်။ လျှာများ ကခုန် နေသည်။ ထူးဆန်းသည့်ခံစားချက်တစ်ခု ရင်ထဲသို့ရောက်လာပြီး ပေထင်းဟွမ် ၏ နှလုံးသည် အရိုင်းဆန်စွာခုန်ပေါက်လာသည်။

နှာခေါင်းသွေးထပ်မံထွက်လာပြန်သည်။ ငါးညှီနံ့ကဲ့သို့ ငံသည့်အရသာ သည် လည်ချောင်းမှတက်လာပြီး ပေထင်းဟွမ်၏ခန္ဓာကိုယ်တစ်ခုလုံးကို ခေတ္တ မျှ တောင့်တင်းသွားစေသည်။

အလှလေးများကို အငမ်းမရဖြစ်လျှင် နှာခေါင်းသွေးလျှံသည်ဟုသာ ကြားဖူးသည်။ နှာခေါင်းသွေးသည် ပါးစပ်ထဲမှထွက်လာသည်ဟု မကြားဖူးပေ။ နမ်းခြင်းသည် သွေးအန်စေသည်။ ယန်ယဲ့များ အဆိပ်ရှိနေတာလား။

All Chapters