← Chapters

ဟွမ်အာက ငါ့ကိုအမြဲစားချင်နေတာသိတယ်

Vol. 43 Ch. 855

ဟွမ်အာက ငါ့ကိုအမြဲစားချင်နေတာသိတယ်

Vol. 43 Ch. 855

ယန်ယဲ့သည် သူမအား ရုတ်ခည်းလျွတ်လိုက်ကာ လျင်မြန်စွာပင် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။ သူ၏ဆန့်တန်းထားသောလက်များ သည် လေထဲတွင်ရပ်တန့်နေကာ မျက်လုံးထဲမှ မကျေနပ်မှုများသည် လှိုင်းလုံး များသဖွယ်ပင်။ ပေထင်းဟွမ်သည် နှာခေါင်းသွေးများကို သူ၏အင်္ကျီလက်ဖြင့် သုတ်ကာ တက်လာသောပါးစပ်အပြည့်သွေးများကို ခက်ခက်ခဲခဲမျိုချလိုက်ရ ၏။

“မြူခိုးမြက်” ပေထင်းဟွမ်သည် ယန်ယဲ့အား မယုံနိုင်စွာဖြင့် အပေါ် အောက် စိုက်ကြည့်ကာ မပျော်ရွှင်စွာဖြင့် မေးလေသည် “ဟုတ်တယ်မလား ယန်ယဲ့ ဒါက ဒွါရခုနစ်ပေါက်က သွေးလက္ခဏာမလား၊ ကျွန်တော် အသက်ရှည် ပါ့မလား”

“မဟုတ်ဘူး မဟုတ်ဘူး” ယန်ယဲ့သည် ရှေ့ကိုင်းကာ ပေထင်းဟွမ်အား ရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။ သူသည် အလွန်စိတ်မအေးချမ်းလှပေ။ သူ၏ ခံစားချက်သည် အစောက အနမ်းထက်ပင် စိတ်လိုက်မာန်ပါရှိလှသည်။ “ငါ့ကို ရက်ပိုင်းလောက်ပဲစောင့်ပေးပါ၊ မကြာခင် မင်းလွတ်လပ်သွားမှာပါ၊ နောက်ဆို ငါတို့ဘာပဲလုပ်လုပ် ဒီလိုဖြစ်မှာမဟုတ်ဘူး”

လျှို့ဝှက်ချက်များရှိနေသည်။

ဤကမ္ဘာကြီးသည် ၂၁ ရာစုကကဲ့သို့မဟုတ်ပေ။ မရှင်းပြနိုင်သည့်အရာ များစွာရှိသည်။ သို့သော် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၊ ဖန်ဆင်းရေးနတ် ဘုရားဟုခေါ်သည့် မရှောင်ရှားနိုင်သည့်အရာများရှိသည်။

ပေထင်းဟွမ်သည် စိတ်တည်ငြိမ်သွားသော်လည်း အနည်းငယ် ရှုပ်ထွေး နေတုန်းပင်။ အရင်အခေါက်များက သူနှင့်ပတ်သက်ရသည်မှာ ပြဿနာမရှိ သော်လည်း ယခုအခါတွင် သူမ အနည်းငယ်လောဘတက်မိသည်နှင့် နတ်ဘုရားသည် သူမကို အပြစ်ပေးသည်။ “ခေါင်းပေါ်မှာ ဓားရှိနေတာပဲ၊ ရှေးခေတ်က ငါ့ကို လှည့်စားလို့မရဘူး”

ယန်ယဲ့ မည်သို့လုပ်မည်ကိုမသိပေ။ ဤကိစ္စသည် သူမနှင့် ပတ်သက်နေ သည်။ ပေထင်းဟွမ်သည် အရူးတစ်ယောက်လိုထိုင်မနေနိုင်ပေ။ သူမသည် အသက်ပြင်းပြင်းရှူကာ ယန်ယဲ့၏ပခုံးကို သက်သက်သာသာနှင့် ပုတ်လိုက် သည် “ကျွန်တော် လုပ်ပေးစရာရှိသေးလား”

“သေချာပေါက် လိုတာပေါ့” ယန်ယဲ့သည် သူမကိုလွှတ်ပေးပြီး သူမ၏ အင်္ကျီလက်ကိုကောက်ယူကာ မျက်နှာတွင်ကျန်နေသေးသော သွေးများကို သုတ်ပေးနေ၏။ မှောင်မည်းနေသဖြင့် စိတ်သောကရောက်စရာပင် “မင်းရဲ့ သွေးတစ်စက်လိုတယ်”

“သွေးတစ်စက်ပဲလား” ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူမ၏နှလုံးသည် လေးလံသည်ဟုပြောမရ သော်လည်း အခက်အခဲများကိုမကြောက်သလို စောဒကတက်ရသည်ကို သဘောကျသည် “ဒါက ဝိညာဉ်နဲ့ဆက်စပ်နေတာလား”

သူမ ဂရုတစိုက်စဉ်းစားကြည့်သည်။ သူမ ပြန်လည်မမွေးဖွားခင်က သူမ ၏ ခန္ဓာကိုယ်သည် သုံးစားမရခဲ့သလို ယန်ယဲ့နှင့်တခြားသူများနှင့် အပတ်အသက်မရှိခဲ့ပေ။ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူမနှင့်ယန်ယဲ့တို့ကြား မှ အနှောင်အဖွဲ့ရှိခဲ့သည်။ ဘဝပေါင်းမည်မျှ ဝင်စားခဲ့သည်တော့မသိပေ။ ယခု အချိန်ထိ ဒွါရခုနစ်ပေါက်မှ သွေးထွက်နေသေးသည်မှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။

ယန်ယဲ့ပြောသလိုပင် နှစ်ပေါင်းတစ်သောင်းကြာသည်အထိ မပြောင်းလဲ သည်မှာ ဝိညာဉ်ပင်ဖြစ်သည်။

ပေထင်းဟွမ်သည် အလွန်ဉာဏ်ထက်သည်ဟုပြောရမည်။ ယန်ယဲ့ပင် လျှင် လေးစားမိသည်။ သူ ခေါင်းညိတ်လေသည် “ဟုတ်တယ် အဲဒါက ဝိညာဉ် နဲ့ဆက်စပ်နေတာ” သူသည် လက်မြှောက်ပြီး သူမကိုနှစ်သိမ့်ပေးလေသည် “ဟွမ်အာက ငါ့ကိုအမြဲစားချင်နေတာတော့သိပါတယ် ငါလည်း အသင့်ဖြစ်ပါပြီ ဒါပေမဲ့ ဒီအတွက်ကြောင့်နဲ့ပဲ ငါ့ကိုစားဖို့အချိန်ရောက်လာမှာကိုကြောက်တယ်၊ ဟွမ်အာ့ကို နည်းနည်းလောက်တော့ စောင့်ခိုင်းရမှာပဲ၊ မင်းကိုကြည့်ဦး၊ ပင်မ တိုက်ကြီးကမိန်းကလေးတွေက ၁၆ နှစ်မပြည့်ခင် လက်ထပ်လို့မရသေးဘူး”

ပေထင်းဟွမ်၏အကြည့်သည် လေးနက်လာကာ ဝံပုလွေရိုင်း၏ ကြမ်းကြုတ်သည့်ပုံစံမျိုးထွက်ပေါ်လာသည်။ ယန်ယဲ့စကားဆုံးသည်နှင့် သူမသည် ဖြည်းဖြည်းချင်း ခြေထောက်မြှောက်ကာ ယန်ယဲ့အား အားပါပါ ကန် လိုက်သည် “ဟင်း ဘယ်သူက စားချင်နေလို့လဲ၊ ခင်ဗျားကိုလား ခင်ဗျားက ကျွန်တော့်ကို ပန်းဥဒေါင်းဖိုလိုမျိုး ဆက်ဆံနေတာကိုမသိဘူးမမှတ်နဲ့၊ ကျွန်တော့်ကို နောက်ကနေမကောင်းကြံနေတာကို မသိဘူးမထင်နဲ့”

“ဟား” ယန်ယဲ့သည် ခြေချင်းဝတ်ကိုကိုင်ကာ မကျေမနပ်နှင့်ပြုံးနေလေ သည် “ငါက ဥဒေါင်းဖိုပါလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ၊ အနည်းဆုံးတော့ ငါက ဥဒေါင်းဘုရင်ပဲ ဟွမ်အာ မင်းနားမှာ ယောက်ျားတွေ ဒီလောက်များတာ၊ ငါ သာအထူးတလည်မဆက်ဆံရင် မင်းက ငါ့ကိုစိတ်ထဲတောင်ထည့်မှာမဟုတ်ဘူး မလား”

စကားအဆုံးတွင် သူ့အသံမှာ အနည်းငယ်ဝမ်းနည်းသံပါလာသည်။ ပေထင်းဟွမ်သည် ရှာလကာရည်အနံ့ရလိုက်ကာ ရှက်သွေးဖြာကာ စိတ်ဆိုး မာန်ဆိုးနှင့်ပြောလိုက်သည် “မြန်မြန် ဒီတံခါးကို ကူဖယ်ပေးဦး”

သူမနားမှာ ယောက်ျားတွေ အများကြီးရှိရင်တောင် သူတို့က သူမရဲ့ သူငယ်ချင်းတွေပဲလေ ဟုတ်ပြီလား။

All Chapters