ကောင်းကင်သလင်းကျောက်တံခါး
Vol. 43 Ch. 856
ယန်ယဲ့သည် ပေထင်းဟွမ်အား အနောက်သို့ပို့လိုက်သည်။ သူ အဖြူ ရောင်ကျောက်တုံးတံခါးရှေ့တွင်ရပ်ပြီး ကောင်းကင်သလင်းကျောက်ကိုကြည့် လိုက်ချိန်တွင် ၎င်းသည် ပစ္စည်းကောင်းတစ်ခုဖြစ်သည်ကို ဝန်ခံရမည်။ သူသည် လေဟာနယ်များစွာ ခရီးသွားလာခဲ့ကာ ပစ္စည်းများစွာကို မြင်ဖူးခဲ့သော်လည်း ယခုလို အရည်အသွေးကောင်းသည့်အရာမျိုး မမြင်ဖူးပေ။
ပေထင်းဟွမ်သည် လက်နက်သန့်စင်သည့်ပညာကို အနှေးနှင့်အမြန် သင်ယူရမည်ဖြစ်သည်။ သူမအတွက် ဤကျောက်သည် လက်နက်သန့်စင်ရာ တွင်အကောင်းဆုံးဖြစ်လိမ့်မည်။
ကျောက်တံခါးနားတွင် မည်သည့်ခလုတ်မှမရှိပေ။ သူတို့ဝင်ချင်လျှင် ချိုးဖျက်သည့်နည်းလမ်းတစ်ခုသာရှိသည်။
သူ့လက်သည် ကျောက်တံခါးပေါ်သို့တင်ကာ ကျောက်တံခါး၏ အထူကို ခံစားလိုက်သည်။ တစ်ချိန်တည်းမှာပင် မှော်စွမ်းအားအလင်းတန်းတစ်ခုသည် ကျောက်တံခါးသို့ထိုးဖောက်ပြီး အနောက်မှမြင်ကွင်းကိုခံစားရန် အသင့်ပြင် လိုက်သည်။ သို့သော် မှော်စွမ်းအားထွက်သွားသည့်တိုင်အောင် ဘာမှဖြစ်မလာ ပေ။
ပေထင်းဟွမ်သည် သူ့အနောက်တွင် ရပ်နေသည်ကို သိသဖြင့် ယန်ယဲ့သည် အနည်းငယ်စိတ်ပူလာသည်။ သူသည် လက်ဆန့်ထုတ်ကာ အနောက်မှလူကို ဆုပ်ကိုင်လိုက်သည်။ ကမ္ဘာဖျက်မည့်နတ်မိစ္ဆာဓားကို တံခါးကိုစတေးတော့မည်။ ကျောက်တံခါးကို ဖောက်ခွဲရတော့မည်ဖြစ်သဖြင့် ပေထင်းဟွမ်အားပြောလိုက်သည် “တစ်ခုခုဖြစ်လာရင် ငါ့အနားမှာကပ်လိုက် ပြီး ခြေတစ်လှမ်းမှမခွာနဲ့”
“သိပါတယ်” ပေထင်းဟွမ်လည်းအနည်းငယ် စိုးရိမ်မိသည်။ သို့သော် သူမသည် ပို၍စိတ်အားထက်သန်ကာ 'ကြောက်လန့်သည်' ဆိုသည့်စာလုံးကို မည်သို့ရေးရမည်မသိပေ။ သည်တစ်ကြိမ်တွင်တော့ သူမသည် ယန်ယဲ့၏ အနောက်မှလိုက်လာခဲ့လိုက်သည်။
သူမသည် ဤယောက်ျားကို ပထမဆုံးအကြိမ် တွေ့မြင်ခြင်းဖြစ်ချင်ဖြစ် မည်။ သူမသည် သူ့ခွန်အားကိုမြင်ဖူးသည်။ ထိုအချိန်မှစပြီး သူမ၏ အရိုးထဲမှ သူ့ကို ယုံကြည်နေမိသည်။
ယန်ယဲ့သည် သူ့အရပ်ထက်မြင့်သော ကျောက်တံခါးရှေ့တွင်ရပ်လိုက် သည်။ တံခါးကို မျက်နှာချင်းဆိုင်ကာ လက်ထဲရှိမှော်ဓားနှင့် တံခါးကို လက်မ အနည်းငယ်အကွာတွင် ချိန်ရွယ်လိုက်သည်။ အကွာအဝေးကို ခံစားကြည့်ပြီး နောက် ယန်ယဲ့၏မှော်ဓားသည် လျင်မြန်စွာပင် ဘောင်ခတ်ပြီး ကြီးမားသော စွမ်းအင်ပမာဏကို ထုတ်လွှတ်လေသည်။
ဘုန်း...
တောင်တစ်ခုလုံး လှုပ်ခါသွားကာ ကျောက်စရစ်များ တောင်ထိပ်မှ မိုးကဲ့ သို့ကျလာသည်။ ဖုန်များလုံးခနဲတက်သွားကာ ရှေးသစ်ပင်များလဲကျပြီး တောင်ပေါ်မှ လိမ့်ကျလာသည်။ မူလက စီးဆင်းနေသော ဝိညာဉ်စွမ်းအင်သည် ကြီးမားသောစွမ်းအားကြောင့် ရှုပ်ထွေးသွားကာ တစ္ဆေတစ်ကောင်ငိုသံမျိုး ထွက်ပေါ်လာသည်။
ယန်ယဲ့သည် ပေထင်းဟွမ်အား လက်တစ်ဖက်ြင့် ဆုပ်ကိုင်ကာ သူ့ရင်ခွင် ထဲဆွဲသွင်းလိုက်သည်။ နောက်တစ်ဖက်ဖြင့် သူသည် လျင်မြန်စွာပင် လေထဲ တွင် ထူးဆန်းသည့်သင်္ကေတကို ဆွဲလိုက်သည်။ ကြီးမားသောစွမ်းအင်ဒိုင်းကာ တစ်ခု သူတို့နှစ်ယောက်ကို ကာလိုက်သည်။ တောင်ထိပ်မှ ကျောက်တုံးကြီး လိမ့်ဆင်းလာကာ စွမ်းအင်ဒိုင်းကာကို ရိုက်မိသော်လည်း စွမ်းအင်ဒိုင်းကာကို မထိသလိုပင်။
အားကောင်းလိုက်တာ။
ပေထင်းဟွမ်သည် ခေါင်းမော့ကာ မျက်မှောင်ကြုတ်ပြီး ခက်ထန်သော မျက်နှာဖြစ်နေသည့် ယန်ယဲ့အားကြည့်လေသည်။ ဤအချိန်တွင် သူသည် နတ်မိစ္ဆာနတ်ဘုရားကဲ့သို့ လက်တစ်ဖက်ဖြင့်သူမကို ဖက်ထားပြီး နောက်တစ် ဖက်ဖြင့် အမှောင်စွမ်းအင်ကို ထုတ်လွှတ်နေသည်။ အမှောင်စွမ်းအင်နှင့် ကောင်းကင်သလင်းကျောက်တံခါးကို ရစ်ပတ်ကာ တောင်မှတူးဆွနေပြီး ခက်ခက်ခဲခဲနှင့်ဆွဲထုတ်နေသည်။
ကျောက်တံခါးအနောက်တွင် ယန်ယဲ့နှင့် ယှဉ်နိုင်သည့် စွမ်းအားတစ်ခုရှိ နေသလိုပင်။ ယန်ယဲ့ အလွန်ခက်ခဲနေသည်ကိုကြည့်ရသည်မှာ ထိုစွမ်းအား သည် အားနည်းပုံမရပေ။ ၎င်းသည် ယန်ယဲ့၏ ခွန်အားနှင့် ညီမျှပုံပင်။ ကောင်းကင်ပြာရောင်စွမ်းအားသည် ပေထင်းဟွမ်၏လက်ဖဝါးမှထွက်ပြီး ကောင်းကင်သလင်းကျောက်တံခါးကို ရစ်ပတ်ကာ စွမ်းအားသွင်းပေးလေ၏။
ဘုန်း
ပေထင်းဟွမ်၏ ခွန်အားသည် အားမနည်းသော်လည်း ယန်ယဲ့၏ ခွန်အား နှင့်ယှဉ်လျှင် တစ်ဆင့်ပိုအားနည်းသည်။ မထင်မှတ်စွာပင် သူမ၏စွမ်းအား ထုတ်သည်နှင့် ကျောက်တံခါးအစွန်မှာ ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ ကျောက်တံခါးကြီးသည် ပြုတ်ထွက်ကာ သူတို့နှစ်ယောက်ဆီသို့ လွင့်ပါလာ လေသည်။