ပုတီးစေ့တွေက ပျော်ဖို့မကောင်းဘူး
Vol. 43 Ch. 857
“မြူခိုးမြက်”
ပေထင်းဟွမ်သည် အနည်းငယ်ငေးကြောင်နေမိသည်။ ဒီကစားပွဲက ပျော်ဖို့ကောင်းနေလား။ ဤအဖြစ်သည် အဖွဲ့နှစ်ဖွဲ့မှ ကြိုးပြိုင်ဆွဲသည့် ကစားပွဲ နှင့်တူနေသည်။ အားလုံးသည် အကောင်းဆုံးကြိုးစားကြသော်လည်း တစ်ဖွဲ့ သည် “တစ် နှစ် သုံး လွှတ်မယ်” ဟုအော်လိုက်သလိုပင်။
သေချာပေါက်ပင် အတူလဲကျသွားနိုင်သည်။
ပေထင်းဟွမ်နှင့်ယန်ယဲ့တို့သည် ဤအချိန်တွင် အကောင်းဆုံကြိုးစား လျှင်တောင် သူတို့၏ခွန်အားကို ပြန်ဆွဲယူရန်မဖြစ်နိုင်ပေ။ ခွန်အားနှင့်ဆွဲလိုက် လျှင် ကောင်းကင်သလင်းကျောက်တံခါးသည် သူတို့ဆီသို့ လာရိုက်မည်ဖြစ် သည်။
တံခါးနှင့်ရိုက်မိပြီး သေခြင်းမျိုး ပေထင်းဟွမ် လက်မခံနိုင်ပေ။
တစ်ခုတည်းသော လွတ်မြောက်နည်းမှာ ပြေးခြင်းပင်ဖြစ်သည်။
ပေထင်းဟွမ် တွေးလိုက်သည့်အတွေးကို ယန်ယဲ့လည်းတွေးမိသည်။ သူ သည် ပေထင်းဟွမ်အားဖက်ကာ စွမ်းအင်ဒိုင်းကာပေါ်သို့ ခြေဖျားထောက်ပြီး မြားတစ်စင်းသဖွယ် ထိုးတက်လိုက်သည်။
ဘုန်း..
တံခါးချပ်သည် သူတို့နှစ်ယောက်ရပ်နေခဲ့သည့် မြေပြင်နေရာကို ရိုက်မိ လေသည်။ သူတို့လှည့်ကြည့်ရာ သုံးမီတာအထူရှိသည့် တံခါးကိုမြင်လိုက်ရ သည်။ သူတို့တွေးမိသည်မှာ 'ဒါ တံခါးဟုတ်ရဲ့လား' ၎င်းသည် ပေထင်းဟွမ် လက်နက်သန့်စင်ရာတွင် အသုံးပြုနိုင်သည့်ပစ္စည်းဖြစ်နိုင်သည်မှာ ထင်ရှားလှ သည်။
ပေထင်းဟွမ်သည် သက်ပြင်းချကာ သူမလက်မြှောက်ပြီး တံခါးချပ်ကို သူမ၏ ကိုယ်ပိုင်လေဟာနယ်ထဲသို့ထည့်လိုက်သည်။ သူမ လက်ကိုခါလိုက်၏။ ယန်ယဲ့သည် အမည်မသိဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းသို့ ဦးဆောင်သွား သည်။
ဂူသင်္ချိုင်းသည် မှောင်မိုက်ကာ ဝပ်နေသော သားရဲကြီးနှင့်တူသည်။ ဟ,နေသောအပေါက်သည် သားရဲတစ်ကောင်၏ ပါးစပ်နှင့်တူသည်။ ပေထင်းဟွမ်ကဲ့သို့ သတ္တိရှိသောလူပင် ယန်ယဲ့၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်မိသည်။
သူတံခါးဆီသို့လျှေက်သွားသည်နှင့် လေခွင်းသံများထွက်ပေါ်လာသည်။ ယန်ယဲ့သည် ပေထင်းဟွမ်၏ရှေ့မှလျှောက်သည်။ သို့သော် လက်ကိုတင်းကြပ် စွာဆုပ်ကိုင်ထားသည်။ သူတို့နှစ်ယောက်၏အနောက်တွင် ဂူသင်္ချိုင်းတံတိုင်း ကြိးရှိနေသည်။ အဝတ်များဖုံးအုပ်ထားသော်လည်း ပေထင်းဟွမ်သည် တံတိုင်း ပေါ်မှ အလင်းကိုခံစားရနေတုန်းပင်။
ဤအခိုက်အတန့်တွင် သူမသည် ထိုအရာများကိုဂရုမစိုက်တော့ပေ။ ကြောက်စရာကောင်းသောအသံထွက်လာကာ သူမနှင့် ယန်ယဲ့ရှေ့တွင် ဥတစ် လုံးအရွယ်အစားရှိ အဖြူရောင်အလုံးတစ်ခုတွဲလောင်းကျနေသည်။
၎င်းသည် လုံးဝန်းသောပုတီးစေ့တစ်ခုဖြစ်သည်ကို ပေထင်းဟွမ်ရှင်းလင်း စွာမြင်နေရသည်။ ဥတစ်လုံးအရွယ်အစားရှိသော ပုလဲတစ်လုံးဖြစ်ပြီး နို့နှစ် ရောင်အဖြူရောင်အလင်းတန်း ထွက်နေသည်။ ၎င်းသည် ပုတီးစေ့တစ်လုံးဖြစ် သော်လည်း ဝိညာဉ်ရှိနေသည့်အလား အဖြူရောင်အလင်းတန်းထွက်လာသည် မှာ သူတို့နှစ်ယောက်ကို အပေါ်အောက်ကြည့်နေသည့်အလားပင်။
“ယဲ့ ဒါက.. ဒါကဘာလဲ ပျော်စရာကြီး”
အန္တရာယ်ရှိလျှင် ယန်ယဲ့သည် သူမကို ဆွဲပြီး သူမရှေ့တွင်ရပ်မည်ဖြစ် သည်။ သို့သော် သည်တစ်ကြိမ်တွင် ယန်ယဲ့သည် သူမရှေ့ရှိပုတီးစေ့ကို စိုက် ကြည့်နေမိသည်။ ပေထင်းဟွမ် လက်ဆန့်ထုတ်သည်နှင့် ထိုပုတီးစေ့သည် ပေထင်းဟွမ်၏ လက်ထဲသို့ ခုန်ဝင်လာသည်ကို သူ မြင်နေရသည်။
ပေထင်းဟွမ်သည် ပုတီးစေ့ပေါ်မှ နွေးထွေးမှုနှင့် အေးစက်မှုကိုခံစားရ သည်။ သာမန်ပုတီးစေ့ကဲ့သို့ပင်။ သို့သော် ၎င်းသည် အလင်းထုတ်လွှတ်နေ တုန်းပင်။ ပုတီးစေ့သည် ပေထင်းဟွမ်၏ လက်ဖဝါးထဲတွင် နှစ်ကြိမ်မျှ လှည့် နေသည်မှာ ဝဝကစ်ကစ်ကလေးတစ်ယောက် လူးလှိမ့်နေသလိုပင်။ ရုတ်တရက်ဆိုသလိုပင် အလင်းတန်းတစ်ခုထွက်လာပြီး ဝိညာဉ်အသိစိတ် ပိုင်ဆိုင်သည့်အလား ၎င်းသည် ပေထင်းဟွမ်၏ရင်ခွင်ထဲခုန်ဝင်လိုက်သည်။ သို့သော် ၎င်းသည် ပျောက်ကွယ်သွားလေသည်။
၎င်းသည် အလွန်ထူးခြားသောစွမ်းအင်ခန္ဓာကိုယ်ထဲသို့ ဝင်သွားခြင်းပင်။ လေဟာနယ်ထဲမှရောင်ဝါသည် ရေစီးကဲ့သို့ အလွန်ပေါများသည်။ သူမ ဝင်လာ ကတည်းကပင် ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် အရူးအမူး ပြေးလွှားနေကာ များစွာသော ဝိညာဉ်စွမ်းအင်ကို ရှူသွင်းလေသည်။ သို့သော် သည်တစ်ကြိမ် သူမခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်လာသော စွမ်းအင်သည် စကားလုံးများနှင့် ဖော်ပြမရပေ။ မိုးကြိုးပစ်ခံထားရသော သူမ၏ ခန္ဓာကိုယ်ပင် လျှင် ဤကဲ့သို့များပြားသောစွမ်းအားကို ခံနိုင်ရည်မရှိပေ။ ခန္ဓာကိုယ်ထဲမှ ရောင်ဝါသည် ရေကဲ့သို့ တံခါးကိုဖွင့်လိုက်သည်ကိုခံစားလိုက်ရသည်။ အကြော များသည် အရူးအမူးဆူပွက်ကာ ပေါက်ကွဲလုမတတ်ပင်။