Chapters

ခဏတောင့်ထား မကြာခင်သက်သာသွားမှာ

Vol. 43 Ch. 858

ခဏတောင့်ထား မကြာခင်သက်သာသွားမှာ

Vol. 43 Ch. 858

“အာ..”

ပေထင်းဟွမ်သည် သည်းခံနိုင်သူဖြစ်သည်။ သူမ မိုးကြိုးအပစ်ခံရပြီး အကြောများ ပျက်သွားသည့်တိုင်အောင် အသံမထွက်ပေ။ ဤအခိုက်အတန့် တွင် သူမသည် နာကျင်စွာနှင့် အော်မိသည်။ သူမ၏တစ်ကိုယ်လုံး ပျော့ခွေသွား ကာ ယန်ယဲ့ဆီသို့ လဲကျလေသည်။

“ဟွမ်အာ ဟွမ်အာ”

ယန်ယဲ့၏ တစ်ကိုယ်လုံးသည် ချွေးအေးများနှင့် စိုရွှဲနေပြီဖြစ်သည်။ သို့သော် ပေထင်းဟွမ်ကို သူ့ခန္ဓာကိုယ်ပေါ်သို့ မှီရုံသာမှီခိုင်းထားကာ မထိရဲပေ။ သူ၏နှုတ်ခမ်းသည် ပေထင်းဟွမ်၏ နှုတ်ခမ်းပေါ် နူးညံ့စွာကျရောက်သွား၏။ ပြီးသည်နှင့် ပြောလိုက်သည့်စကားများသည် စာကြောင်းမဖြစ်ဘဲ စာလုံးအပိုင်း အစများသာဖြစ်လေသည်။ သူသည် ပျာတီးပျာယာနှင့်ပြောလေသည် “ဟွမ်အာ တောင့်ထား တောင့်ထား အဆင်ပြေသွားမှာပါ”

ယန်ယဲ့သည် ဤကဲ့သို့နာကျင်မှုမျိုးကို တွေ့ကြုံဖူးသည်။ နတ်မိစ္ဆာနတ် ဘုရား ကျန်းတန့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားစဉ်ကဖြစ်သည်။ အသက်ရှင်ရန် အတွက် သူသည် ထိုမိန်းကလေးကို ပြန်တွေ့ရမည်ဖြစ်သည်။ နှင်းချယ်ရီပင် အောက်က သူ့ကို ပြောခဲ့သော မိန်းကလေးဖြစ်သည်။

ပေထင်းဟွမ်၏နဖူးမှ ချွေးသီးလုံးများ စီးကျလာသည်။ အသက်အနည်း ငယ် ရှူပြီးနောက် ပေထင်းဟွမ်၏ ဆံပင်နှင့်အဝတ်အစားများသည် ချွေးများနှင့် ရွှဲနစ်သွား၏။ ယန်ယဲ့၏စကားများကိုကြားပြီးနောက် တုန်ယင်နေသော ရင်မှာ ငြိမ်ကျသွားလေသည်။ စွမ်းအားများအားလုံးသည် လင်းထိုင်ဆီသို့ ရွှေ့ပြောင်း ပြီးလေသည်။ သူမသည် လင်းထိုင်ကို ရှင်းလင်းအောင်လုပ်ချင်သည်။ သူမ သေသွားလျှင်တောင် မည်သည့်အရာက သူမကို သတ်လိုက်သလဲဆိုသည်ကို ရှင်းလင်းစွာကြည့်ချင်သည်။

အရေအပြားထဲမှ သွေးများစိမ့်ထွက်နေပြီး တစ်ကိုယ်လုံးမှ ဝိညာဉ် စွမ်းအားများသည် မယုံနိုင်သည့်အဆင့်သို့ထိုးတက်ကာ ခေါင်းသည် ပေါက်ကွဲ မတတ်ဖြစ်လာသည်။ ပေထင်းဟွမ်သည် သေတော့မည်ဟု တွေးလိုက်သည့် အချိန်မှာပင် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် အာရုံစိုက်လာသည်။ ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲမှ မူမမှန်သည်များကိုမြင်သောအခါ နတ်အအရင်း အမြစ်ခန္ဓာကိုယ်မှ ကြီးမားသောစွမ်းအင်ထုတ်လွှတ်ကာ အကြောများတစ် လျှောက် စီးဆင်းစေသည်။

သူမ၏အကြောများကို အမည်မသိအရင်းအမြစ်မှ ဝိညာဉ်စွမ်းအင်များမှ သိမ်းပိုက်ခဲ့သည်။ သို့သော် ဤအချိန်တွင် ကစဥ့်ကလျားနတ်အရင်းအမြစ် ထွက်လာပြီး အကြောထဲမှ ဝိညာဉ်စွမ်းအင်သည် အလိုအလျောက်ပင် ကစဥ့်ကလျားနတ်အရင်းအမြစ်အတွက် လမ်းဖယ်ပေးလေသည်။ ခေါ်သံတစ်ခု ကြားလိုက်ရသလိုပင် ပေထင်းဟွမ်၏ အကြောထဲတွင် ဆူပွက်လာသည်။ သူမ၏အကြောထဲတွင် ပစ္စည်းပိုတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

၎င်းသည် ကြက်ဥအရွယ်အစားရှိသည့် ပုတီးစေ့ဖြစ်ကာ ၎င်းသည် ပေထင်းဟွမ် ကြည့်နေသည်ကို ခံစားမိသည့်အတိုင်းပင် အလင်းဖြင့်တုံ့ပြန် လေသည်။

၎င်းသည် သူမကို ရန်စနေခြင်းပင်။

ဒီကောင်လေးက သူမခန္ဓာကိုယ်ထဲကို ခိုးဝင်ပြီးတော့ ဆူညံအောင် လုပ် နေတာပဲ။ သူမကို ရန်စရဲသေးတာလား။

ပေထင်းဟွမ်သည် ဒေါသကြောင့် ရူးတော့မည့်အတိုင်းပင်။ သူမရဲ့ အကြောက ဘယ်တုန်းက ဇရပ်ဖြစ်သွားတာလဲ။ ကစဥ့်ကလျားနတ်ဘုရားဝင် လာစဉ်က သူမသည် ဤကမ္ဘာသို့ရောက်လာသည်မှာမ ကြာသေးသဖြင့် ဘာမှ မပြောခဲ့ပေ။ ယခုအခါ တခြားပုတီးစေ့ပြေးဝင်လာခဲ့သည်။ ၎င်းသည် မည်သည့် နေရာမှလာသည်ကို သူမ မသိပေ။ ၎င်း၏ပိုင်ရှင်ကိုလည်းမသိရပေ။

ပေထင်းဟွမ်သည် တစ်ကိုယ်လုံးမှ ပြင်းထန်သော နာကျင်မှုကို တောင့်ခံ ပြီး စွမ်းအင်လှိုင်းလုံးကို ပုတီးစေ့ဆီသို့ ပို့လိုက်သည်။ ပုတီးစေ့သည် ပေထင်းဟွမ်၏ အကြောထဲတွင် နေကာ နူးညံ့စွာလှုပ်ယမ်းလေသည်။ ထို့ကြောင့် ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်လိုက်သည်။

“ငါ မင်းကို သေတဲ့အထိ ရှုပ်ထွေးစေမလားလို့ ကြည့်လိုက်လေ” ပေထင်းဟွမ်သည် အံကြိတ်ပြီး ခပ်မာမာ်ပြောလေသည်။

ကောင်းကင်ပြာအလင်းတန်းသည် ပုတီးစေ့ဆီသို့ပြေးဝင်ကာ အဖြူ ရောင်အလင်းတန်းထွက်လာပြီး မွန်မြတ်သောသားရဲကို သတ်နိုင်လောက်သည့် စွမ်းအားသည် အလဟဿဖြစ်သွားလေသည်။ ပေထင်းဟွမ်သာ ထိုပုတီးစေ့ကို စိုက်ကြည့်မနေလျှင် သူမ လွတ်သွားနိုင်သည်။ ကောင်းကင်ပြာ အလင်းတန်း သည် ပုတီးစေ့ကိုရစ်ပတ်ပြီး ပုတီးစေ့သည် သူမ၏ အလင်းတန်းကို ဝါးမျိုလေ သည်။

မဆိုးဘူးပဲ။ ဝါးမျိုနိုင်တာပဲ။ ဒါက ဘယ်လိုပစ္စည်းမျိုးလဲ။ သူမရဲ့ အလင်းတန်းကိုတောင်မှ ဘာမှမဟုတ်သလို ဝါးမျိုသွားတာ။