ဒီပုတီးစေ့က ကြောက်ဖို့ကောင်းတယ်
Vol. 43 Ch. 859
အလင်းတန်းကိုဝါးမျိုပြီးနောက် ပုတီးစေ့သည် ထပ်မံတောက်ပလာကာ အနည်းငယ် ဝေ့ယမ်းလေသည်။ ထိုအရာကိုမြင်ပြီးနောက် ပေထင်းဟွမ်သည် အံကြိတ်လေသည်။ ထိုကောင်လေးသည် တမင်ဆွပြီး လျှာသပ်နေသေးသည်။ ပေထင်းဟွမ်၏ အလင်းတန်းသည် အရသာရှိပုံပင်။
ပေထင်းဟွမ်သည် ဒေါသထွက်ကာ စွမ်းအင်များကို ထပ်မံရွှေ့ပြောင်းပြီး ပုတီးစေ့ဆီသို့ ပြေးသွားလေသည်။ ခုခံနိုင်ခြင်းမရှိဘဲ ပုတီးစေ့မှ စားသောက် ခြင်းကိုခံလိုက်ရပြန်သည်။
ထိုပုတီးစေ့သည် လုံးဝန်းနေသောဗိုက်ကိုပွတ်ပြီး လျှာသပ်နေသည်ကို မြင်သောအခါ ပေထင်းဟွမ်သည် ကျေနပ်နေပုံရသည်။ သူမသည် ဝိညာဉ်ဂိုဏ်း ခွန်အားသာမဟုတ်လျှင် အလင်းတန်းသာမပေါများလျှင်၊ ထိုပုတီးစေ့စားသုံးပုံ မျိုးနှင့်ဆိုလျှင် သူမ၏ ခွန်အားသည် တဟုန်ထိုးကျသွားမည်ဖြစ်သည်။
ကံကောင်းစွာပင် သည်တစ်ကြိမ်တွင် ကစဥ့်ကလျားနတ်အရင်းအမြစ် သည် သူမ၏ခန္ဓာကိုယ်အတွင်းတွင် စက်ဝိုင်းပုံစံပြန်ဖြစ်လာကာ ကစဥ့်ကလျား နတ်အရင်းအမြစ်မှဆွဲထားသည့် ရောင်ဝါနှင့်ပြည့်နှက်သွားလေသည်။ အကြော များဆီသို့ ပြေးလွှားပြီးနောက် ပေထင်းဟွမ်၏အကြောများဆီသို့ အစဉ်လိုက် ရွှေ့လျားသွားလေသည်။
အကြောထဲမှစွမ်းအင်လုံးသည် တက်ကြွသည့်ကလေးကဲ့သို့ အရူးအမူး ပြေးလွှားလေသည်။ ဝိညာဉ်စွမ်းအားသည် အကြောထဲတွင် အသွင်ပြောင်းပြီး နောက် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ သန့်စင်ခြင်းကိုခံလိုက်ရသည်။ ကောင်းကင်ပြာစွမ်းအင်အဖြစ်ပြောင်းသွားသည့် စွမ်းအားများကို စွမ်းအင်လုံးမှ စုပ်ယူသွားလေသည်။ အမှန်တကယ်တော့ ခွန်အားသည် ပိုပို၍သန်မာလာခြင်း ဖြစ်သည်။
အကြောများ ဗလာကျင်းသွားပြီး စွမ်းအင်အနည်းငယ်သာကျန်ခဲ့ကာ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော နာကျင်မှုလည်းပျောက်ကွယ်သွားလေသည်။ ကြမ်းတမ်းသောဝိညာဉ်စွမ်းအားကြောင့် ပျက်စီးသွားသည့် အကြောများသည် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ အားကောင်းသောစွမ်းအားအောက်တွင် ပြန်လည်ကောင်းမွန်လာသည်။ ပေထင်းဟွမ်သည် ဤရုတ်တရက်ဖြစ်ပေါ်လာ သော ကပ်ဘေးပြီးသည့်နောက် အကြောများ၏ အကြမ်းခံနိုင်စွမ်းနှင့် ခွန်အား များပိုသန်မာလည်ကို ရှင်းလင်းစွာခံစားမိလေသည်။ ပေထင်းဟွမ်ခံစားနိုင် သည့် အဆင့်တစ်ဆင့်ရောက်သွားသည်မှာ မယုံနိုင်လောက်စရာပင်။
အကြောထဲတွင် အားကောင်းသောစွမ်းအင်များနှင့်ပြည့်နေပြီး ပေထင်းဟွမ်သည် သည်တစ်ခေါက်တွင် ရှင်းလင်းစွာမြင်ရလေသည်။ သူမ၏ ခွန်အားသည် ဓားဝိညာဉ်ဂိုဏ်းအဆင့်တင်မဟုတ်တော့ပေ။ သို့သော် ဤနေရာ မှ လေဟာနယ်သည် အလွန်ထူးဆန်းသည်။ အပြင်ကမ္ဘာနှင့် ဝေးကွာနေသလို မျိုးပင်။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျမလာပေ။
အကျိုးအမြတ်များရပြီးနောက် ပေထင်းဟွမ်သည် ပုတီးစေ့အား ခက်ထန် စွာကြည့်လိုက်သည်။ ထိုပုတီးစေ့နှင့် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် အကြောထဲတွင် နေရာတစ်ဝက်ကျော်သိမ်းပိုက်ထားကာ မူရင်းပိုင်ရှင်ဖြစ်သည့် ပေထင်းဟွမ်၏ ဝိညာဉ်စွမ်းအင်ကို ဖယ်ထုတ်ထားသည်။ ရှင်းလင်းသော ထောင့်တစ်နေရာတွင် ထိုပုတီးစေ့သည် သူမ၏ စွမ်းအင်လုံးကို အငမ်းမရကြည့် နေပြီး အပြေးသွားကာ စားသောက်ချင်ပုံရသည်ကို ပေထင်းဟွမ် ရှင်းလင်းစွာ ခံစားမိသည်။
“လိမ္မာတဲ့ကောင်လေး ငါ မတော်တဆမစားလိုက်သင့်ဘူး” ပေထင်းဟွမ် သည် နောက်တစ်လှမ်းဆုတ်ကာ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ပုတီးစေ့ ဆီသို့ ရွှေ့ပြောင်းလေသည်။ မည်သူထင်ထားမည်နည်း။ ဤပုတီးစေ့သည် အလွန်ပင် မာယာများသည်။ ၎င်းသည် ပေထင်းဟွမ်၏ အကြောထဲတွင် ဟိုဟို ဒီဒီပြေးလွှားကာ ချော်ထွက်သွားပြီး စွမ်းအင်လုံးအနောက်တွင် ဝင်ပုန်းလေ၏။
စွမ်းအင်လုံးသည် အနည်းငယ်လှုပ်ခါသွားပြီး ပုတီးစေ့၏ဝါးမျိုခြင်းကိုခံ လိုက်ရလေသည်။ သည်တစ်ကြိမ်တွင် ပေထင်းဟွမ်သည် ထိတ်လန့်သွားမိပြန် သည်။ မလုံခြုံသည့်ခံစားချက်မျိုးရလေ၏။ အိမ်ထဲတွင် သူခိုးကြီးတစ်ကောင် နေနေသည်မှာ သူမကို အိပ်ရေးပျက်စေတော့မည်။
နောက်ဆုံးအနေနှင့် ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ်အရင်းအမြစ် ကို ရွှေ့ပြောင်းကာ စွမ်းအင်လုံးကိုရစ်ပတ်ပြီး ကစဥ့်ကလျားနတ်အရင်းအမြစ် ကိုသုံးပြီး ပုတီးစေ့နှင့် စွမ်းအင်လုံးကိုအဝေးတစ်နေရာသို့ နှင်ထုတ်လေသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ် အလယ်ရောက်မှပင် ပေထင်းဟွမ် စိတ်အေးရ တော့သည်။
သက်ပြင်းရှည်ကြီးချပြီး ပေထင်းဟွမ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက် ရာ အပြာနုရောင်အလင်းတန်းသည် သူမ၏မျက်လုံးထဲတွင် လက်ခနဲဖြစ်နေ သည်မှာ ဓားဖုံးမှချွတ်လိုက်သည့်ဓားအလား ကောင်းကင်ကိုမြင်လိုက်သည်နှင့် ရောင်ပြန်ဟပ်လေသည်။ အေးစက်သောအလင်းသည် လူ့အသက်ကိုပင် ရိတ်သိမ်းနိုင်သည်။
သူမ၏ခွန်အား ထပ်မံတိုးသွားပြန်ပြီ။ ယန်ယဲ့သည် ထိုအရာထက် ပျော် သည့်အရာမရှိတော့ပေ “ဘယ်လိုခံစားရလဲ”
ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျမလာပေ။ သို့သော် ယန်ယဲ့သည် စိတ်စွမ်းအားသန်မာသဖြင့် ခံစားမိသည်။ သည်တစ်ကြိမ်တွင် ပေထင်းဟွမ် သည် ဓားအဆင့်နှစ်ဆင့်တက်သည်။