Chapters

တင်ပါးကိုရိုက်ခြင်း

Vol. 43 Ch. 860

တင်ပါးကိုရိုက်ခြင်း

Vol. 43 Ch. 860

“ဓား ၂ ဆင့်တက်တာဖြစ်မယ်” ပေထင်းဟွမ်သည် အားတက်သရော် ပြောလေသည် “အဲဒီပုတီးစေ့သာ ကျွန်တော့်စွမ်းအင်ကို မစားလိုက်ရင် ပိုပြီး အားကောင်းမှာ”

“ဟာ အဟွတ် အဟွတ်” ယန်ယဲ့သည် နှုတ်ခမ်းတွန့်ပြီး မရယ်ဘဲမနေနိုင် တော့ပေ “အဲဒါဘာလဲဆိုတာ သိလား”

ပေထင်းဟွမ်သည်ခေါင်းခါကာ ယန်ယဲ့အား စိတ်ဆိုးမာန်ဆိုးနှင့်ပြောလေ သည် “ခင်ဗျားကြီး အကြောင်းအရင်းကို မပြောရင် ကျွန်တော်ခွင့်မလွှတ်ဘူး၊ အဲဒါဘာလဲဆိုတာ ခင်ဗျားသိရဲ့သားနဲ့ ကျွန်တော့်ကို သတိမပေးလို့ အဲပုတီးစေ့ က ကျွန်တော့်ခန္ဓာကိုယ်ထဲဝင်ပြီး သတ်မိတော့မလိုဖြစ်သွားတာ”

ယန်ယဲ့သည် ပေထင်းဟွမ်အား ရင်ခွင်ထဲထည့်ကာ သူမ၏ဦးခေါင်းထက် တွင် မေးတင်လိုက်သည်။ ပေထင်းဟွမ်၏လက်နှစ်ဖက်သည် သူ့ရင်ဘတ်ကို တွန်းကန်ထားကာ အနားအကပ်မခံပေ။ သူ၏အသံထဲတွင် ပျော်ရွှင်မှုနှင့် အဆုံးမရှိသော ကျေနပ်မှုများပါဝင်နေသည် “မင်းကို ပြောပြခဲ့တဲ့ ဖန်ဆင်းရေး နတ်ဘုရားအကြောင်း မှတ်မိသေးလား”

“သေချာပေါက် မှတ်မိတာပေါ့၊ ဒါက ဖန်ဆင်းရေးနတ်ဘုရားထဲက တစ် ယောက်ရဲ့ ဂူသင်္ချိုင်းလို့ ပြောခဲ့တာမလား.. ဖြစ်နိုင်တာက...” ပေထင်းဟွမ်၏ စိတ်မှာ ဖြတ်ခနဲဖြစ်သွားကာ အလင်းပေါက်သွားသလို အော်ဟစ်လေလေ “ဖြစ်နိုင်တာက.. ဒါက.. ဟုတ်တယ်...”

“ဟုတ်တယ် ငါ မများရင် ဒီပုတီးစေ့က မင်လင်ကျို့ပဲ” ယန်ယဲ့သည် သူမ အားလွှတ်ပြီး ထုံထိုင်းမှုကြောင့် တန်းလန်းဖြစ်နေသည့် ပေထင်းဟွမ်၏လက် များကို နူးညံ့စွာဆုပ်ကိုင်လိုက်သည်။ စစ်ပွဲအတွင်းတွင် ကမ္ဘာမြေကြီးမိခင် သည် နတ်မိစ္ဆာနတ်ဘုရားမှ အစ်ကိုဖြစ်သူကို မတိုက်ခိုက်သင့်ကာ လမ်းပေး သင့်သည်ဟု ပြောပြီး နတ်မိစ္ဆာနတ်ဘုရားကို အပြစ်တင်ခဲ့သည်။ နတ်မိစ္ဆာ နတ်ဘုရားသည် ဆင်ခြင်တုံတရားပျောက်ဆုံးကာ သူ့ကိုယ်သူ လွင့်ပါအောင် လုပ်ရန် ရွေးချယ်ခဲ့သည်။ မသေခင်တွင် သူသည် အမှောင်နတ်မိစ္ဆာဘုံဟု ခေါ် သည့် နေရာတစ်ခုကို ပြန်လည်ဖန်တီးခဲ့ကာ ပတ္တမြားကမ္ဘာမှ သားရဲနှင့် နတ်မိစ္ဆာကျင့်ကြံသူအများစုကို အမှောင်နတ်မိစ္ဆာဘုံသို့ ပို့ဆောင်ခဲ့သည်။

“ကိုယ့်ဘာသာ ဖောက်ခွဲပြီး သေသွားတာလား၊ သူ့ကိုယ်သူ ဖောက်ခွဲပြီး အသေခံလိုက်တော့ ခင်ဗျားခန္ဓာကိုယ်ထဲက နတ်မိစ္ဆာနတ်ကျင်းတန့်က ဘယ်ကနေရောက်လာတာလဲ” ပေထင်းဟွမ်သည် ယန်ယဲ့၏ ‌ဝမ်းဗိုက်အောက် ပိုင်းကိုကြည့်လေသည်။ ထိုနေရာသည် ယောက်ျားလေး မိန်းကလေးများ၏ အထိမခံနိုင်သည့်နေရာဖြစ်သော်လည်း အဓိကအကြောများတည်ရှိရာနေရာ ဖြစ်သည်။ သူမသည် ယန်ယဲ့၏အကြောကို ထိရန်လက်ဆန့်ထုတ်လိုက်ရာ ယန်ယဲ့သည် ထိတ်လန့်သွားသဖြင့် ရုတ်တရက်နောက်ပြန်လှည့်ကာ ခန္ဓာကိုယ် ကို ယမ်းလိုက်သဖြင့် လဲကျလုနီးပါးဖြစ်သွားသည်။

သူတို့နှစ်ယောက်သည် မြေပြင်ပေါ်တွင်မဟုတ်ဘဲ စွမ်းအင်ဘောင်တစ်ခု ပေါ်တွင်ရောက်နေပြီး ဂူသင်္ချိုင်းမှ လှိုင်းတံပိုးများထနေသည်ကို ထိုအခါမှပင် ပေထင်းဟွမ် တွေ့လိုက်ရသည်။ ဘောင်သည် ပေါလောပေါ်နေခြင်းဖြစ်၏။

ဤအချိန်တွင် ပေထင်းဟွမ်သည် နတ်မိစ္ဆာနတ်ဘုရားဆေးနှင့် မင်လင်ကျို့ကို ဂရုမစိုက်တော့ပေ။ သူမ မတ်တတ်ရပ်ကာ ဘေးဘီလှည့်ပတ် ကြည့်လိုက်သည်။ ကောင်းကင်နဲ့ ဂူသင်္ချိုင်းက ဘယ်မှာလဲ။ လေဟာနယ်ထဲ တွင် ချက်ချင်းပင် စွမ်းအင်ဘောင်သည် ရေစွမ်းရည်ကိုမြင့်တက်စေပြီး သူမ၏ ဦးခေါင်းသည် ထိပ်ဆုံးသို့ ရောက်လုနီးပါးပင်။

အပေါ်တွင်ရှိသည့်အရာကို ပုတ်ကြည့်ရာ ခေါင်းအထက်တွင် ပိတ်နေ သည့်အရာသည် မည်သို့သောအရာမျိုးဖြစ်သည်ကို မသိတော့ပေ။ ၎င်းသည် အလွန်ထူသည်။ မည်မျှထူသည်ကိုတော့မသိ။ ဓားတိုနှင့်ဖွင့်လျှင် ရမည်လား မသိပေ။ ပေထင်းဟွမ်သည် စိတ်မရှည်တော့ဘဲ ယန်ယဲ့အားမေးလိုက်သည် “ဘယ်လိုလုပ်မလဲ၊ နှစ်သစ်ကို ဒီမှာကူးဖို့တော့ အစီအစဉ်မရှိဘူး ခင်ဗျားရော”

“ဘာ... ဟွမ်အာက ငါနဲ့အတူ သေအတူရှင်အတူမနေချင်ဘူးလား” ယန်ယဲ့သည် အလောကြီးပုံမပေါက်ပေ။ သူသည် ပေထင်းဟွမ်၏လက်ကို ယူ ပြီး သူမကို ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်ပြီးပြုံးလေသည် “ဒီမှာပဲနေလိုက်ရင် ရော ဟင်.. မျောက်ကလေးတွေမွေးပြီးတော့ အပြင်မထွက်တော့ဘူးလေ”

“မျောက်မွေးမယ်ဟုတ်လား” ပေထင်းဟွမ်သည် သူ့ကို မျက်လုံးလှိမ့်ပြပြီး ခေါင်းခါလေသည် “ဒွါရခုနစ်ပေါက်က သွေးထွက်ပြီးမသေရင်တောင် မျောက် တော့မမွေးနိုင်ဘူး၊ ခင်‌ဗျား မျောက်မွေးချင်ရင် ခင်ဗျားအတွက်မွေးပေးဖို့ မျောက်မတစ်ကောင်ရှာပေးမယ်”

“ရိုက်တော့မယ်” ယန်ယဲ့သည် လက်မြှောက်ပြီး သူမ၏ဦးခေါင်းကို ရိုက် လေသည်။ ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် သူ၏ရိုက်ချက်ကိုရှောင်ရင်း ရှေ့သို့ ကိုင်းရာ တင်ပါးမှာ သူ့ရှေ့သို့ရောက်သွားလေသည်။ ဖြန်းခနဲရိုက်ချက်နှင့်အတူ ပေထင်းဟွမ်၏ တင်ပါးမှာအရိုက်ခံလိုက်ရလေသည်။