← Chapters

ရှောင်းယွင့်ထျန်းနဲ့ ထပ်မံတွေ့ဆုံခြင်း

Vol. 25 Ch. 3.111

ရှောင်းယွင့်ထျန်းနဲ့ ထပ်မံတွေ့ဆုံခြင်း

Vol. 25 Ch. 3.111

တာဝန်ခံယွင် ဆေးဖက်ဝင်ပစ္စည်းများ ရောင်းသည့် နေရာမှ ထွက်ခွာပြီးနောက် လုရွှမ်သည် စိမ့်မြက်ကို ချန်စစ်ယန်ထံ တိတ်တဆိတ် ပစ်ပေးလိုက်သည်။

"အာ?"

ချန်စစ်ယန် အံ့အားသင့်သွားပြီး သူမလက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။

"မဖြစ်ပါဘူး... ဒါက ရှင် ခက်ခက်ခဲခဲနဲ့ ရထားတာ... ကျွန်မက ဘာမှ မလုပ်ထားဘူးလေ.. အဲဒါကြောင့် ကျွန်မ ဘယ်လိုလုပ် ဒါကိုယူဖို့ အရည်အချင်း ရှိပါ့မလဲ?"

သူ့အစွမ်းအစဖြင့် လူငယ်သည် အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုကို အနိုင်ယူပြီး ဤမြက်ပင်ကို ရရှိခဲ့သည်။ သို့သော် သူမသည် အခြားသူများ၏ အရာကို ဘာမှမလုပ်ဘဲ အခွင့်အရေးယူကာ မလိုချင်ပေ။

"မင်းအတွက် စိမ့်မြက်ဝယ်ဖို့ လိုအပ်တယ်ဆိုလို့ ငါကူညီတာ မင်းမလိုချင်ဘူး ဆိုရင် ငါက ဘာလို့ သိမ်းထားရမှာလဲ"

မိန်းကလေး၏ စိုးရိမ်စိတ်နှင့် အနည်းငယ် နီမြန်းနေသော မျက်နှာကို မြင်တော့ လုရွှမ် ပြုံးလိုက်သည်။

၎င်းသည် သူနှင့် တစ်ဖက်လူ အကြားတွင် အလောင်းအစား ဖြစ်ခဲ့သော်လည်း ရည်ရွယ်ချက်မှာ ချန်စစ်ယန်အတွက် ဖြစ်နေဆဲ ဖြစ်သည်။ မဟုတ်ပါက သူဝယ်ထားသော မြရောင်ဝါးသည် အစစ်လား သို့မဟုတ် အတုဖြစ်သည်မှာ သူ့နှင့်မဆိုင်တော့ချေ။

"ဒါဆို ဒီလိုလုပ်ရင်ရော? တာဝန်ခံယွင်နဲ့ ညှိနှိုင်းထားတဲ့ စျေးနှုန်းအတိုင်း ကျွန်မရှင့်ကို ပေးမယ်"

တစ်ဖက်လူက ဒီပစ္စည်းကို သူမကို တကယ်ပဲ ပေးချင်နေပြီး သူမ တကယ် လိုအပ်နေတာကို တွေ့လိုက်ရတော့ ချန်စစ်ယန် မငြင်းဆန်တော့ဘဲ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။

"မင်းသဘောပဲ!"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

တစ်ဖက်လူက ပိုက်ဆံပေးမလား မပေးဘူးလား ဆိုတာ သူ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံမပေးရင်တောင် အရှုံး မရှိခဲ့ဘူးလေ။ ဒါပေမဲ့ မလိုချင်ဘူးလို့ အခိုင်အမာပြောရင် သူ့ရှေ့က မိန်းကလေးက လက်မခံဘူးဆိုတာ သေချာပါ၏။

"ဒီမြက်စိမ်းပင်အတွက် မနေ့က ညှိနှိုင်းဈေးက ဝိညာဥ်ကျောက်တုံး ၂သောင်းပါ... အခု ၁သောင်းပဲ ရှိတယ်။ ကျန်တာ ဆေးဥယျာဉ်ကို ပြန်ရောက်ရင် ပြန်ပေးပါ့မယ်"

ချန်စစ်ယန့သည် ဝိညာဉ်ကျောက်တုံး ကတ်ပြားကို ထုတ်လိုက်ပြီး သူမ၏ လှပသော မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။ သူမသည် ဆေးဥယျာဉ်ထဲတွင် ရှိနေသော်လည်း အမှန်တကယ်တွင် ဝိညာဥ်ကျောက်များစွာ မရှိပါ။

တာဝန်ခံယွင်နှင့် ဆွေးနွေးပြီးနောက် သူမသည် အခြားအရာများကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုခဲ့သည်။ လုရွှမ်အား ပေးချေရမည် ဖြစ်သောကြောင့် ၎င်းကို မလိုအပ်တော့ပါ။ မည်သို့ပင်ဖြစ်စေ ဆေးဥယျာဉ်ကို ပြန်သွားရမည် ဖြစ်သည်လေ။

သူမသည် အခြားသူကို ပေးချေမည်ဟု ကတိပေးခဲ့သော်လည်း ငွေမလောက်ငှသဖြင့် အနည်းငယ် အရှက်ရသွားခဲ့သည်။

"တစ်သောင်းဆို လုံလောက်ပြီ!"

လုရွှမ်က ခေါင်းခါပြီး ဆက်မပြောတော့ချေ။

စိမ့်မြက်ပင်များ၏ သာမာန်ဈေးမှာ ဝိညာဥိကျောက်တုံး ၅ထောင်သာ ရှိသည်။ ယခု ရှန့်ခုန်းမြို့ရှိ လူတိုင်းသည် အန္တရာယ်ရှိသော မြေသို့ သွားကြမည် ဖြစ်ပြီး ခွန်အား၏ အထောက်အပံ့ကို လိုအပ်သောကြောင့် အနည်းငယ် ဈေးမြင့်သွားခဲ့သည်။

သေသေချာချာ ပြောရရင် ဝိညာဉ်ကျောက်တုံး ၁သောင်းကပင် တန်ဖိုးထက် ကျော်လွန်နေပါပြီ။

"မဟုတ်ဘူး... ကျွန်မရှင့်ကို အခု ဝိညာဥ်ကျောက်တုံး ၁၀,၀၀၀ ပေးမှာ မဟုတ်ရင် ဒီမြက်ကို ကျွန်မ မယူတော့ဘူး"

ချန်စစ်ယန်သည် အလွန်အမင်း စိတ်ရှည်လေ၏။

"ကောင်းပြီ!"

လုရွှမ်သည် အနည်းငယ် စိတ်ညစ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး တစ်ခုခု ပြောမည်အပြု တစ်ဆက်တည်း အံ့သြဖွယ်ကောင်းသော အသံကို ကြားလိုက်ရလေ၏။

"မိန်းကလေးစစ်ယန်.... မင်းလည်း စျေးဝယ်ထွက်မယ်လို့ မမျှော်လင့်ထားဘူး... တိုက်ဆိုင်လိုက်တာ"

အသံဆုံးသည်နှင့် လူလည်းပေါ်လာသည်။ ထိုအသံကို ကြားသော် ချန်စစ်ယန် မျက်နှာမှာ သိသိသာသာ မကျေနပ်မှုတွေနဲ့ မျက်မှောင်ကြုတ်သွားသည်။

မထင်မှတ်ထားတဲ့ ဧည့်သည်သည် သူမ၏ စိတ်ခံစားချက်များကို သတိမထားမိဘဲ သိမ်မွေ့ပြေပြစ်သော အပြုအမူဖြင့် ရှေ့သို့ ရောက်လာသည်။

"ကျွန်တော် ဒီကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဈေးဝယ်ထွက်လာတာ... အရောင်းအဝယ် နယ်ပယ်တစ်ခုလုံးကို ကျွန်တော် ရောက်ဖူးပါတယ် မိန်းကလေးစစ်ယန်က ဘာဝယ်ချင်တာလဲ မသိဘူး... ကျွန်တော် လမ်းညွှန်မှုကို အခမဲ့ လုပ်ပေးနိုင်ပါတယ်!"

"သခင်လေးရှောင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်မရှင့်ကို အနှောင့်အယှက် မပေးတော့ပါဘူး!"

ချန်စစ်ယန် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

ရောက်လာသူများမှာ ပေရွှီးမြို့မှ ထွက်ခွာသွားသော အတွင်းခန်း တတိယအတန်းက ကျောင်းသားလေး မျက်နှာဖြူရှောင်း သို့မဟုတ် ရှောင်းယွင့်ထျန်း ဖြစ်သည်။

ထိုနေ့ညတွင် ငြင်းပယ်ခံရပြီးနောက် ဤရှောင်းယွင့်ထျန်းသည် စိတ်ဓာတ်မကျဘဲ သူ၏ အမူအရာနှင့် ယောက်ျားပီသသော ကျက်သရေကို ပြသရန် သုံးရက် သို့မဟုတ် နှစ်ရက်တစ်ကြိမ် လာရောက်သော်လည်း ချန်စစ်ယန်သည် သူ့ကို အာရုံစိုက်ရန် ပျင်းရိနေခဲ့သည်။

အချိန်ကြာ လာသည်နှင့်အမျှ သူလုံးဝ မသိလိုက်ဘဲ ချန်စစ်ယန်အား အနည်းငယ် ငြီးငွေ့သွားသည်။

"ဟူး... လတ်တလော ဘာကိစ္စမှ မရှိတာနဲ့ အတော်ပဲ.. ပြီးတော့ လှပတဲ့ မိန်းကလေး တစ်ယောက်နဲ့ ပစ္စည်းတွေ ထွက်ဝယ်ရတာ ဂုဏ်ယူစရာပဲလေ။ ဘယ်လိုလုပ် အနှောင့်အယှက် ဖြစ်နိုင်မှာလဲ"

သူသည် တစ်ဖက်လူ၏ တိမ်းရှောင်မှုကို နားလည်ပုံ မပေါ်သလို ထပ်ပြီးလည်း အရေထူလိုက်သေးသည်။

"ဒါ့အပြင် ဒီနေရာဟာ ကျွန်တော်တို့ရဲ့ ပေရွှီးမြို့နဲ့ မတူဘူး။ အတုအပတွေ အရမ်းများတယ်။ ရတနာတွေ အားလုံးကို ခွဲခြားသိမြင်နိုင်မယ်လို့ မပြောရဲပေမယ့် ကျွန်တော် ထိတွေ့မိကတည်းက အကောင်းနဲ့ အဆိုးကို ခွဲခြားနိုင်ပါသေးတယ်။ ငါ ငယ်ငယ်လေးကတည်းက သူတို့ကို လှည့်စားခွင့် မပေးခဲ့ဘူး အနည်းဆုံးတော့ မိန်းကလေးစစ်ယန် လှည့်စားခံရမှာ မဟုတ်ပါဘူး..."

"ဟုတ်တယ် ဟုတ်တယ် မိန်းကလေးစစ်ယန်... ကျွန်တော်တို့ရဲ့ စီနီယာရှောင်းက ကျင့်ကြံမှု မြင့်မားရုံသာမက ခွန်အားလည်း သန်မာပြီး ကိုယ်ရည်ကိုယ်သွေး ရှိတယ်... အရေးအကြီးဆုံးကတော့ ရတနာအကဲဖြတ်သူ ဆိုတာပဲ!"

ရှောင်းယွင့်ထျန်း၏ နောက်လိုက် တစ်ယောက်က ကမန်းကတန်း ပြောလိုက်သည်။

သူ့နောက်လိုက်က အတွင်းခန်းက ဒုတိယတန်းမှ ကျောင်းသားဖြစ်ပြီး သူ့ခွန်အားသည် ယွမ်ချီနယ်ပယ်ကို ရောက်နေလေပြီ။

"ရတနာအကဲဖြတ်သူ?"

ချန်စစ်ယန် အနည်းငယ် အံ့အားသင့်သွားသည်။

ယနေ့ခေတ်တွင် ရတနာအကဲဖြတ်သူ၏ အသက်မွေးဝမ်းကြောင်း အလုပ်အကြောင်းကိုသာ သူမ ကြားသိခဲ့ရသော်လည်း သူမရှေ့ရှိ ဤလူသည် ပေရွှီးမြို့မှ အတူတူပင် လာခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် ၎င်းတို့ထဲမှ တစ်ဦးဖြစ်ကြောင်း သူမ မမျှော်လင့်ခဲ့ပေ။

"ဟုတ်ပါတယ်!"

နောက်လိုက်က ချန်စစ်ယန်ရဲ့ အမူအယာကို မြင်တော့ သူက တစ်ဖက်လူကို ဆွဲဆောင်မိနေတယ်လို့ ထင်ပြီး

"ကျွန်တော်တို့ရဲ့ စီနီယာရှောင်းက လွန်ခဲ့တဲ့ တစ်နှစ်က မြို့တစ်ထောင်မဟာမိတ်မှာ ခဏနေခဲ့ပါတယ်။ မြို့တစ်ထောင်မဟာမိတ်မှာ ရတနာအဆောက်အအုံရဲ့ ဌာနခွဲတစ်ခု ရှိတယ်လေ.. စီနီယာက အရမ်း အရည်အချင်းရှိပြီး တစ်ကြိမ်အဆင့် အောင်မြင်ပြီးနောက် အစစ်အမှန် ရတနာအကဲဖြတ်သူ ဖြစ်လာခဲ့တယ်!"

မြို့တစ်ထောင်မဟာမိတ်သည် ဒါဇင်ပေါင်းများစွာသော နယ်နိမိတ်ချင်း ထိစပ်နေသည့် အဆင့်မြင့် နိုင်ငံများဖြင့် ဖွဲ့စည်းထားသော ကြီးမားသော မြို့ကြီးဖြစ်သည်။ ၎င်းတွင် ၎င်း၏ကိုယ်ပိုင် ဥပဒေများရှိပြီး မည်သည့်နိုင်ငံမဆို ကန့်သတ်ချက်များကို မလိုက်နာဘဲ တရားမျှတစွာ ရောင်းဝယ်ဖောက်ကားပြီး လွတ်လပ်စွာ ဆက်သွယ် ပြောဆိုနိုင်သည်။

ပေရွှီးအင်ပါယာ အပါအဝင် အထက်နိုင်ငံများစွာ၏ နယ်ပယ်အတွင်း အကြီးဆုံးသော ကုန်သွယ်မှုနေရာ ဖြစ်သည်။

အတိအကျ ပြောရသော် ၎င်းသည် တိုင်းနိုင်ငံများစွာ၏ အထောက်အပံ့နှင့် ဥပဒေများနှင့် စည်းမျဉ်းများ ကင်းစင်သောကြောင့် မြို့ပေါင်းတစ်ထောင်၏ မဟာမိတ်အဖွဲ့သည် အောက်ပိုင်းအင်ပါယာများ၏ မြို့တော်များနှင့် နှိုင်းယှဉ်လျှင်ပင် အလွန်ချမ်းသာပါသည်။

ပေရွှီးအင်ပါယာတွင်ဆို ရတနာအဆောက်အအုံပင် မရှိချေ။

"တစ်ခါတည်း စာမေးပွဲအောင်ပြီး ရတနာအကဲဖြတ်သူ ဖြစ်လာခဲ့တယ်?"

ချန်စစ်ယန်သည် ယခုမှပင် နားလည်သွားခဲ့ပြီး သူမ အနည်းငယ် အံ့သြနေသေးသည်။

သူမသည် နှစ်ပေါင်းများစွာ ဆေးပင်တွေကိုသာ စုဆောင်းခဲ့ပြီး အတွေ့အကြုံ မရှိတဲ့ ရတနာများကို အကဲဖြတ်သည့် လုပ်ငန်းကို ယခုမှပင် တွေ့ကြုံခဲ့ရပြီး မည်သည့်အရာကို မဆို အောင်မြင်ရန် ခဲယဉ်းလှသည့် အကြောင်းပါ နားလည်လာခဲ့သည်။

ဤရှောင်းယွင့်ထျန်းသည် ယခင်ကတော့ သူသည် အကျင့်စာရိတ္တ ကောင်းမွန်ပြီး တတ်နိုင်သလောက် မိုက်မဲသူဟုသာ ထင်မြင်ခဲ့သည်။ မိန်းကလေးများကို ခေါ်ယူသော်လည်း အမှန်တကယ် အရည်အချင်းရှိရန် မမျှော်လင့်ထားပေ။

တကယ်တော့ အဲဒါကို တွေးကြည့်တဲ့အခါ သူ့ကို ယင်းယန်အကယ်ဒမီက ခေါ်ယူခဲ့ပြီး ကျွမ်းကျင်မှုမရှိဘဲ အတွင်းဝင်းထဲမှာ ကိုယ့်အတွက် နာမည်တစ်ခု ရနိုင်ခဲ့တာက အရည်အချင်း ရှိနေလို့ပဲ ဆိုတာ ရုတ်တရက် သဘောပေါက်သွားသည်။

"ဟားဟား.. အဲဒါက ကံကောင်းမှုလေး တစ်ခုပါပဲ။ အကဲဖြတ်တဲ့ အတောအတွင်းမှာ ငါသိထားတဲ့ ရတနာတစ်ခုကို တွေ့လိုက်ရတယ်လေ အဲဒါနဲ့ အဆင့်၈ ရတနာအကဲဖြတ်သူ တစ်ယောက်ရဲ့ အထောက်အထားကို ငါရခဲ့တာ!"

မူလက သူ့ကို လျစ်လျူရှုခဲ့သော ချန်စစ်ယန်သည် အံ့အားသင့်နေသည့် အကြည့်ဖြင့် ကြည့်လာသည်ကို မြင်လိုက်ရသောအခါ ရှောင်းယွင့်ထျန်းသည် ကျေနပ်အားရမှု အပြည့်ရှိသော်လည်း သူ့မျက်နှာမှာ တည်ငြိမ်သောအကြည့်ဖြင့် ပြောလိုက်သည်။

"စီနီယာ ဒါက နှိမ့်ချနေတာပဲ... အဆင့်၉ ရတနာကို အကဲဖြတ်တာက ကျပန်းစမ်းသပ်မှု မဟုတ်ဘူး။ အသက် ၃၀ မတိုင်ခင် ဒီအဆင့်ကို ရောက်တဲ့သူက မြို့တစ်ထောင်မဟာမိတ် အဖွဲ့မှာတောင် ဆယ်ယောက်ထက် မပိုဘူးလို့ ကျွန်တော် ကြားမိတယ်။ စီနီယာရှောင်းက အဲဒီလိုမြို့မှာတောင် အင်အားအကြီးဆုံး ရတနာ အကဲဖြတ်သူ တစ်ဦး ဖြစ်လာခဲ့တာပဲ"

ရှောင်းယွင့်ထျန်း၏ နောက်လိုက်များက ဆက်လက် ဟောပြောနေကြဆဲ။

"အဲ့လို မပြောပါနဲ့ကွာ... မြို့တစ်ထောင်မဟာမိတ် အဖွဲ့မှာရှိတဲ့ သြဇာအကြီးဆုံး ရတနာအကဲဖြတ်သူ ဆိုတာကတော့ နည်းနည်းချဲ့ကားတာပဲ... ရတနာအကဲဖြတ်ခြင်းဆိုင်ရာ လေ့လာမှု တချို့လေးပါပဲ... အင်အားအရှိဆုံး ရတနာအကဲဖြတ်သူ အဖြစ် မှတ်ယူနိုင်အောင် တစ်ဘဝလုံး လေ့လာသွားရဦးမှာ!"

ရှောင်းယွင့်ထျန်းသည် တစ်ဖက်သား၏ စကားကို ကြားဖြတ်၍ ငြင်းဆိုသော်လည်း သူ့စကားထဲတွင် မောက်မာသော ခံစားချက်တစ်ခု ရှိနေပြီး သူ့မျက်လုံးများတွင် ခိုင်မာသော ယုံကြည်မှုများ ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့... စီနီယာရှောင်းက မျိုးဆက်သစ်လူငယ်တွေရဲ့ သြဇာအရှိဆုံး ရတနာအကဲဖြတ်သူ တစ်ယောက်ပါပဲ။ စီနီယာရဲ့အမြင်အရ.... ဒီနေ့မှာလည်း ရတနာကောင်းတွေ အများကြီးတွေ့ခဲ့ပြီး အများကြီး ရိတ်သိမ်း နိုင်ခဲ့တာပဲလေ!"

နောက်လိုက်က စိတ်လှုပ်ရှားစွာ ပြောလေသည်။

All Chapters