← Chapters

ရတနာအကဲဖြတ်လောင်းကစား (ပထမပိုင်း)

Vol. 25 Ch. 3.112

ရတနာအကဲဖြတ်လောင်းကစား (ပထမပိုင်း)

Vol. 25 Ch. 3.112

"ကြီးကြီးမားမား ရိတ်သိမ်းလာခဲ့တယ်လို့ ဆိုရမလား ပစ္စည်းကောင်းလေးတွေ အများကြီး ဝယ်တယ်လို့ပဲ ပြောရမလား.... အကုန်လုံးက စစ်မှန်တယ် နားမလည်တဲ့သူ ဆိုရင်တော့ ရတနာကို အကဲမဖြတ်တတ်တာနဲ့ အတုတွေဝယ်ဖို့ ပိုက်ဆံအများကြီး ကုန်ကျသွားလိမ့်မယ်... "

ရှောင်းယွင့်ထျန်းက သူ့ရှေ့က ဆံပင်တွေကို ပွတ်သပ်လိုက်ပြီး သူ့မျက်နှာမှာ ယုံကြည်မှု အပြည့်ဖြင့်။ သူ့မျက်ခုံးတွေက သူရဲကောင်းဆန်ပြီး ပိုလို့တောင် ထူးထူးခြားခြား ချောမောလာသည်။

"ကျွန်မက ရတနာအကဲဖြတ် သူတွေကိုပဲ သိပါတယ်.... ဒါပေမဲ့ သူတို့ကို ဘယ်လို အမျိုးအစား ခွဲရမှန်းမသိဘူး။ အဲဒါက ကျွန်မတို့ ဆေးဝါးပညာရှင်တွေနဲ့ ဘယ်လို နှိုင်းယှဉ်လဲ?"

ချန်စစ်ယန်သည် သူ၏ ဟန်ဆောင်မှုကို ဂရုမစိုက်ဘဲ သံသယဖြင့် ကြည့်နေခဲ့သည်။

ရတနာအကဲဖြတ် လုပ်ငန်းအကြောင်း ကြားဖူးပေမယ့် နားမလည်သလို အဆင့်တွေကို ဘယ်လိုခွဲထားလဲ မသိပါ။

"သြော်...အကဲဖြတ်သူတွေက ဆေးဝါးကျွမ်းကျင်သူတွေလိုပဲ အလုပ်သင်၊ ရတနာအကဲဖြတ်ဆရာ၊ ဂိုဏ်းဆရာအဆင့် ကျွမ်းကျင်ပညာရှင် ဆိုပြီးလည်း အဆင့်တွေ ခွဲခြားထားတယ်။ အဲဒါတွေက ဆေးဝါးဆရာ၊ ဆေးဝါးပညာရှင်၊ ဂိုဏ်းဆရာအဆင့် ဆေးဝါးကျွမ်းကျင်သူတွေ လိုပဲ.... ဆိုလိုတာက ရတနာကို အကဲဖြတ်တဲ့ အလုပ်သင် တပည့်တွေက ကျင့်ကြံသူတွေလိုပဲ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွေပဲ !"

ချန်စစ်ယန်သည် ရတနာအကဲဖြတ် လုပ်ငန်း အကြောင်းကို သိချင်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယွင့်ထျန်းသည် ပို၍ပင် အောင်ပွဲခံခဲ့ပြီး

"ကျွန်တော် အခု အဆင့်၉ ရတနာ အကဲဖြတ်သူ တစ်ယောက် ဖြစ်နေပါပြီ။ ရတနာ အကဲဖြတ်ဆရာနဲ့ ခြေတစ်လှမ်းပဲ ဝေးတော့တယ်။ အချိန်မရွေး ဖြတ်ကျော်သွားတော့မှာ!"

"ရတနာတွေကို အကဲဖြတ်ရတဲ့ အလုပ်က တခြားအသက် မွေးဝမ်းကြောင်း အလုပ်တွေနဲ့ မတူဘူးဆိုတာ မင်းလည်း သိပါတယ်။ ကျင့်ကြံမှု အဆင့်မြင့်လေ၊ ရတနာတွေကို အကဲဖြတ်နိုင်စွမ်း ပိုအားကောင်းလေပဲ.... ကျွမ်းကျင်အဆင့်ရောက်ဖို့ စုဆောင်းမှုနဲ့ အတွေ့အကြုံက နှစ်ပေါင်းများစွာ လိုအပ်နေပါသေးတယ်။ ရတနာတွေအကြောင်း လုံလောက်အောင်တော့ ကျွန်တော် သိနေပြီ ကွာခြားချက်က အတွေ့အကြုံနဲ့ အချိန်ပါပဲ။ ကျွန်တော့်မှာ အချိန်အလုံအလောက် ရှိတာနဲ့ တန်ဖိုးရှိတဲ့ ရတနာတွေရဲ့ ဂိုဏ်းဆရာအဆင့်ကို သေချာစမ်းသပ်နိုင်မှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားလာလိမ့်မယ်!"

ဒီအကြောင်းကို ပြောရင်း ရှောင်းယွင့်ထျန်းရဲ့ မျက်နှာဟာ မိမိကိုယ်ကို ယုံကြည်မှုနှင့် မောက်မာမှုတွေ ပြည့်နေလေ၏။ ကမ္ဘာပေါ်တွင် အခြားသူရဲကောင်းများ မရှိဟုပင် ထင်ရသည်။

"အိုး!"

ချန်စစ်ယန်က ခေါင်းညိတ်ပြပြီး သူမ နားလည်သွားပုံ ပေါ်သည်။

ဤအဆင့်၉ ရတနာ အကဲဖြတ်သူသည် အဆင့်၉ အဂ္ဂိရတ်ဆရာနှင့် အဆင့်၉ ဆေးဆရာကဲ့သို့ပင်။ သေမျိုးနယ်ပယ် ဂိုဏ်းဆရာအဆင့်ကို သွားရန် ခရီးက အလှမ်းဝေးနေသေးသည်။

"ဘယ်လိုလဲ? မိန်းကလေးစစ်ယန်... မင်းက ဘာဝယ်ချင်တာလဲ? ကျွန်တော် လိုက်ပို့ပေးမယ်လေ အတုတွေ မဝယ်ဖြစ်စေရဘူးလို့ ကျွန်တော် အာမခံတယ်"

အရူးအမူး ကြွားလုံးထုတ်ပြီးနောက် ရှောင်းယွင့်ထျန်းသည် နတ်ဘုရားမ၏ နှလုံးသားကို ထိမိနေပြီဟု ထင်ကာ ပြုံးလျက် ပြောလိုက်သည်။

"မလိုတော့ဘူး!"

ချန်စစ်ယန်က ခေါင်းယမ်းလိုက်သည်။

ရတနာကို အကဲဖြတ်သည့် စွမ်းရည်နှင့် ပတ်သက်လာလျှင် လုရွှမ်ကို ပို၍ပင် ယုံကြည်သည်။

"ဘာလဲ? မိန်းကလေးစစ်ယန်က ကျွန်တော့်ကို မယုံတာလား?"

အချိန်အတော်ကြာ စကားပြောပြီးနောက် သူ့ကိုယ်သူ ထုတ်ဖော်ပြီး သူ့အကြောင်း ကြွားလုံးထုတ်ထားတာတောင် ချန်စစ်ယန်က ငြင်းလိုက်တာကို မြင်လိုက်ရတော့ ရှောင်းယွင့်ထျန်းလည်း စိုးရိမ်မကင်း ဖြစ်သွားသည်။

"မဟုတ်ဘူး... ကျွန်မ ပစ္စည်းတစ်ခု ဝယ်ခဲ့ပါတယ် သခင်လေးလုရွှမ်က ပစ္စည်းစစ်မှန်ကြောင်း ကူညီပေးနိုင်ခဲ့လို့ သခင်လေးရှောင်းကို အနှောင့်အယှက် မပေးတော့ပါဘူး!"

ချန်စစ်ယန်က သူ့ရဲ့ မကျေမနပ် ဖြစ်နေပုံကို မြင်ပြီး ပြောလိုက်သည်။

"လုရွှမ်?"

ရှောင်းယွင့်ထျန်း ခဏလောက် ထိတ်လန့်သွားပြီး သူမဘေးမှာ လူငယ်လေး တစ်ယောက်ရှိနေတာကို သတိရလိုက်မကာ ရုတ်တရက် ဒေါသထွက်သွားသည်။

ဒီကောင်လေးကြောင့် အရင်တစ်ကြိမ်က တဲနဲ့ ပတ်သက်ပြီး လှောင်ပြောင်ခံရတယ်လေ။

မော့ချုံနဲ့ ချန်စစ်ယန်ကို ဖိတ်ခေါ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် နှစ်ဖက်စလုံးက သဘောမတူခဲ့ကြပေမယ့် သူတို့က ဒီလူငယ်လေးကို မက်မောခဲ့ကြပြီး သူ့အား မျက်နှာပျက်စေခဲ့သည်။

ဒီကောင်လေးက ဒီနေ့ သူမနောက်ကို လိုက်လာဖို့ မမျှော်လင့်ထားဘူး။

"ဟဲဟဲ... ငါက ဘယ်သူများလဲလို့?? ဒီနှစ်မှ ဝင်လာတဲ့ ကျောင်းသားသစ်လေး တစ်ယောက်ကိုး"

သူက "ကျောင်းသားသစ်လေး" ဆိုတဲ့ စကားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖိကာ ဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ ဂျူနီယာလေးက မိန်းကလေးစစ်ယန်ရဲ့ ပစ္စည်းကို စစ်မှန်ကြောင်း ဖော်ထုတ်ဖို့ ကူညီပေးနိုင်ခဲ့တယ် ဆိုတော့ သူက ရတနာအကဲဖြတ်သူ တစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်မလား? ဒါဆို ဘယ်အဆင့်လဲ မသိဘူး"

"ရတနာအကဲဖြတ်သူလား?" လုရွှမ် ခေါင်းခါလိုက်ပြီး

"ငါမဟုတ်ဘူး!"

သူအမှန်အတိုင်း ပြောနေတာပင်။ ရတနာအကဲဖြတ်သူ မဟုတ်သလို သူ့အရင်ဘဝကလည်း အကဲဖြတ်ခြင်း မပြုခဲ့ပါ။ စစ်မှန်မှုကို ဖော်ထုတ်နိုင်ရခြင်း အကြောင်းရင်းမှာ သူသည် တစ်သက်တာတွင် တစ်စုံတစ်ခုကို အများကြီး သင်ယူခဲ့သောကြောင့်ပင်။

"ဒီလိုပဲပေါ့.... ရတနာအကဲဖြတ်သူ တစ်ယောက်က ဘယ်လိုလုပ် လွယ်နိုင်မလဲ? ပေရွှီး တော်ဝင်မြို့တော် တစ်ခုလုံးမှာ အရေအတွက် သိပ်မများဘူးလေ... အပြင်ခန်းက ကျောင်းသားငယ်လေး အတွက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

ရှောင်းယွင့်ထျန်း၏ နောက်လိုက်က အော်ဟစ်လိုက်သည်။

"မိန်းကလေးစစ်ယန်ရဲ့ စကားကို နားထောင်ရင် ကျွန်တော့်ရဲ့ ဂျူနီယာက ရတနာတွေကို တန်ဖိုးထားတတ်တယ်ဆိုတာ သိသာတယ်။ မင်းစိတ်ဝင်စားရင် မင်းကို တစ်ခု နှစ်ခုလောက် အခမဲ့ သင်ပေးနိုင်တယ်။ အတူတူ အကယ်ဒမီမှာ ရှိရင် တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်မယ်မလား!"

လူငယ်က သူသည် ရတနာအကဲဖြတ်သူ မဟုတ်ဟု ပြောသံကြားတော့ ရှောင်းယွင့်ထျန်းက ခေါင်းကို မော့ကာ ပြုံးပြသည်။

"မလိုပါဘူး... ရတနာတွေကို အကဲဖြတ်ဖို့ သိပ်စိတ်မဝင်စားဘူး!"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ၏ အဓိက ရည်ရွယ်ချက်မှာ သူ၏ ကျင့်ကြံမှု လျင်မြန်စွာ တိုးတက်စေရန်ပင်။ ရတနာများကို အကဲဖြတ်ခြင်း စသည်တို့ကို လွဲမှားနေသော အကိုင်းအခက်များ အဖြစ် ဘေးဖယ်ထားလို့ ရသည်။ သာမာန်အချိန်များတွင် ကြည့်ရုံဖြင့် သိနိုင်လို့ အချိန်တွေကို မဖြုန်းတီးချင်ပါ။

"ဒါဆိုရင်တော့ တကယ်ကို စိတ်ပျက်စရာပဲ.... ဒါပေမဲ့ လူတွေက ကိုယ့်ကိုကိုယ်သိပြီး ရတနာတွေကို အကဲဖြတ်ဖို့ အရည်အချင်းတွေ လိုအပ်တယ်ဆိုတာ နားလည်ထားသင့်တယ်.... စနစ်ကျတဲ့ အသိပညာ တစ်ခုရှိရင်တောင် လူတိုင်းက သင်ယူလို့ မရဘူး။ ရတနာတွေကို အကဲဖြတ်ခြင်းရဲ့ အပေါ်ယံ သွင်ပြင်အချို့ကို နားလည်ထားရင်တောင် ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းတွေနဲ့မှ ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့်၉ ရတနာ အကဲဖြတ်သူ ဖြစ်လာမှာ!"

လုရွှမ် စိတ်မဝင်စားဘူးလို့ ပြောတာကို မြင်တော့ ရှောင်းယွင့်ထျန်းက ကျေနပ်စွာ ခေါင်းညိတ်ပြီး စိတ်ထက်သန်စွာ ပြောလိုက်၏။

"စစ်ယန်.... မင်းဘာလို့ ပြန်မစဉ်းစားတာလဲ? အငယ်တန်း လုရွှမ်က ရတနာတွေကို အကဲဖြတ်ဖို့ စိတ်မဝင်စားသလို ရတနာအကဲဖြတ်သူလည်း မဟုတ်ဘူး ဆိုတော့ မင်းပြောတာကို မင်းဘယ်လိုအာမခံနိုင်မလဲ? ဒီလိုလူနဲ့ ပတ်သက်တာတွေ ငါမင်းကို တကယ်ကူညီချင်တယ်!"

လုရွှမ်၏ အသေးစိတ် အချက်အလက်များကို မေးမြန်းပြီးနောက် ရှောင်းယွင့်ထျန်းသည် ပို၍ပင် အစွမ်းထက်လာသည်ဟု ရုတ်တရက်ခံစားရပြီး ချန်စစ်ယန်အား ပြောခဲ့သည်။

"ကျွန်မ...."

ချန်စစ်ယန် ဆက်ငြင်းပြီး စကားမပြောတတ်တဲ့ ကောင်လေးကို ထားခဲ့တော့မယ့် အချိန်မှာပဲ အဝေးက ကျယ်လောင်တဲ့ အသံကို သူမကြားလိုက်ရ၏။

"ရတနာတွေက အကဲဖြတ်ခြင်းနဲ့ လောင်းကစား ကံကောင်းခြင်းတစ်ခုပါပဲ.... ကျုပ်တို့ရဲ့ ရတနာနန်းဆောင်က ရှန့်ခုန်းချိုင့်ဝှမ်းကနေ နှစ်ပေါင်းများစွာ ရရှိလာခဲ့တဲ့ ရှေးဟောင်းရတနာတွေ ရှိပါတယ်.... နှစ်တွေကြာလာတော့ ရတနာကို ခွဲခြားသတ်မှတ်ဖို့က မဖြစ်နိုင်တော့ဘူး... မိတ်ဆွေတို့ ကံကောင်းရင် အလောင်းအစားလုပ်ပြီး မျက်လုံးကို စမ်းသပ်နိုင်ပါတယ်... တကယ်လို့ မိတ်ဆွေ ကံကောင်းရင် ဝိညာဉ်ကျောက်တုံး တစ်တုံးကို စျေးနှိမ်ပြီး သောင်းနဲ့ချီတန်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ဖြစ်သွားနိုင်တယ်... လက်မလွှတ်လိုက်နဲ့နော် ချိုင့်ဝှမ်းကို သွားစရာတောင် မလိုဘဲ အပြည့်အဝဆုငွေနဲ့ ပြန်သွားနိုင်မှာ ဖြစ်ပါတယ်"

အသံထဲတွင် မှော်ဆန်သည့် အရသာများ ပါရှိနေသလို လူများစွာကို ရပ်တန့်ပြီး ဆွဲဆောင်သွားစေသည်။

"ဒါက ရတနာ နဲ့ လောင်းကစားလုပ်တဲ့ ကံကောင်းခြင်းပဲ! မိန်းကလေးစစ်ယန် ကျွန်တော်တို့ သွားကြည့်ကြမလား?"

ဒီအသံကိုကြားတော့ ရှောင်းယွင့်ထျန်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူက ကမန်းကတန်း လှည့်မေးလိုက်သည်။

"ရတနာ လောင်းကစားက ကံကောင်းတာလား?"

ချန်စစ်ယန်က စိတ်ရှုပ်ထွေးနေခဲ့သည်။ ဒီစကားလုံးကို သူမ မကြားဖူးဘူး။

သူမသည် ဆေးပင်များကို ကောင်းစွာ စိုက်ပျိုးခြင်းနှင့် ဆေးပညာကို နက်နဲစွာ နားလည်သော်လည်း ဆေးဥယျာဉ်တွင် တစ်နှစ်ပတ်လုံး လည်ပတ်နေသောကြောင့် ပြင်ပလောက၌ များစွာသော အရာများနှင့် မရင်းနှီးချေ။ ယခုကဲ့သို့ လောင်းကစားကံမျိုးဟူသည် ပေရွှီးမြို့တွင်ပင် ရှားပါးသည်။

"ရတနာတွေကို လောင်းကစားကံနဲ့ အကဲဖြတ်တာက အမှန်တကယ် မျက်စိအမြင်နဲ့ ကံကို စမ်းသပ်တာပဲ...လောင်းကစား ကျောက်စိမ်းတုံးတွေနဲ့ ခပ်ဆင်ဆင် တူတယ်။ ရှေးဟောင်း အပျက်အစီးတွေကနေ ကျန်ရစ်ခဲ့တဲ့ ရတနာတချို့က အချိန်ကြာလာတဲ့အခါ မူလအရောင်နဲ့ တောက်ပမှုတွေ မရှိနိုင်တော့တာ မင်းလည်းသိမှာပါ...ပျက်စီးမှုက ပြင်းထန်လွန်းတော့ မူလအရည်အသွေးနဲ့ ပစ္စည်းကိုတောင် မမြင်နိုင်တော့ဘူး.... ပျက်စီးယိုယွင်းနေတဲ့ အရာတချို့လည်း ရှိပေမယ့် တကယ်တမ်း သူတို့ကို နည်းနည်း ပြုပြင်ပေးလိုက်ရင် တောက်ပြောင်တဲ့ အရာတွေ ပြန်ဖြစ်လာနိုင်တယ်... ဒါပေမဲ့ တချို့ကလည်း ပြန်သုံးလို့ မရတော့တဲ့ အရာတွေ ရှိသေးတယ်"

"တခါတလေ ရတနာသိုက်ထဲမှာ သောင်းနဲ့ချီတဲ့ ရတနာတွေ ရှိတတ်တယ်။ တစ်ပုံတစ်ကား ခိုင်ခံ့ချင်တယ် ဆိုရင်တော့ ရတနာအကဲဖြတ် ဂိုဏ်းဆရာအဆင့်က လူက သေတဲ့အထိ အဆုံးအဖြတ် ပေးရင်တောင် ဖော်ထုတ်လို့ မရနိုင်တာတွေလည်း ရှိတတ်တယ်... အကဲဖြတ်ရမယ့်အရာက အဖိုးတန်ရင် ထားပါ... အဖိုးမတန်ရင်တော့ အပျက်အစီးတွေကို ယူမိပြီး ငွေဆုံးရှုံး သွားလိမ့်မယ်!”

"ဒါကြောင့် ရတနာ အကဲဖြတ်ခြင်းနဲ့ လောင်းကစား ကံကောင်းခြင်း စတဲ့အရာတွေ ရှိလာတာ.... ပြတ်ပြတ်သားသား ပြောရလျှင် ရှေးဟောင်း အပျက်အစီးတွေထဲက ပစ္စည်းအားလုံးကို အပိုင်း အရွယ်အစား နှင့် ပုံသဏ္ဌာန် အလိုက် ရောင်းချကြတယ်... .ဒါပေမဲ့ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရတနာပဲဖြစ်စေ စုတ်ပဲ့သည်ဖြစ်စေ ကျွန်တော် မပြောနိုင်ပါဘူး! ကံတရားနဲ့သာ လောင်းကစားလုပ်ပြီး မျက်လုံးကို စမ်းသပ်နိုင်တယ်!"

All Chapters