← Chapters

ရတနာအကဲဖြတ် လောင်းကစား (ဒုတိယပိုင်း)

Vol. 25 Ch. 3.113

ရတနာအကဲဖြတ် လောင်းကစား (ဒုတိယပိုင်း)

Vol. 25 Ch. 3.113

"အိုး!"

ချန်စစ်ယန်သည် သူ၏ ရှည်လျားသော ရှင်းပြချက်ကြီးကို ကြားပြီးသော် အသာ ခေါင်းညိတ်လိုက်သည်။

အချို့သော ကြီးမားသော အပျက်အစီးများသည် အထူးသဖြင့် ရှေးခေတ်စစ်မြေပြင်များတွင် အမှန်တကယ် ကျန်ရစ်ခဲ့သော ရတနာများစွာ ရှိသော်လည်း အချိန်ကာလ များစွာကို ဖြတ်သန်းပြီးနောက် ကျန်ရစ်ခဲ့သော အရာဆယ်ခုအနက် ဆယ်ခုသည် ပျက်စီးယိုယွင်းနေသော အခြေအနေတွင် ရှိနေတတ်သည်။

ဤအရာအားလုံးကို ရတနာအကဲဖြတ်သူ ဂိုဏ်းဆရာတစ်ဦးက အကဲဖြတ်ပါက အခကြေးငွေတစ်ခုတည်းက မြင့်မားသော စျေးနှုန်း ဖြစ်သွားနိုင်သည်။ အာဏာမည်မျှပင် အားကောင်းနေပါစေ လက်ခံရန် ခက်ခဲပါလိမ့်မည်။

ဤကဲ့သို့ပင် ရတနာ၏နောက်ဆုံးအရည်အသွေးကို မခွဲခြားဘဲ ကြီးမားသော အရွယ်အစားဖြင့် ရောင်းချခြင်းသည် ကွဲပြားပါသည်။

ရတနာများကို အကဲဖြတ်ရာတွင် အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေပြီး မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ငွေရှာနိုင်သည်။ ရုပ်ထွက်ကောင်းမွန်ပြီး ပျက်စီးခြင်း မရှိသော ရတနာတစ်ခုကို ဝယ်ယူပါက လွှဲပြောင်းပေးနိုင်ပါသည်။ စုတ်ပြဲနေသော တစ်လုံးကို ဝယ်ပါက သင်ရဲ့ ကံဆိုးမှုကို အပြစ်တင်ရမည်။

လောင်းကစား လုပ်ခြင်းဖြင့် အခြားသူများကို ပို၍ဆွဲဆောင်နိုင်သည်။

ဤကဲ့သို့ ရောင်းဝယ်ဖောက်ကားခြင်းသည် တူးဖော်နိုင်သော ကြီးမားသည့် အမွေအနှစ်များ ရှိသည့် နေရာများအတွက်သာ သင့်လျော်သည်။ ကျန်းဝူအင်ပါယာ နှင့် ဝူယန်အင်ပါယာ ကဲ့သို့သော နေရာများတွင် သေးငယ်သော ရှေးဟောင်းပစ္စည်းကို ရှာဖွေရန် ခက်ခဲသောကြောင့် သဘာဝအတိုင်း လူကြိုက်များမည် မဟုတ်ပေ။

"အလှလေး ချန်စစ်ယန်...ဒီလိုကံကောင်းမှုမျိုးက ရှောင်တခင် ကြုံတွေ့ရနိုင်တဲ့ အရာတော့ မဟုတ်ဘူး။ အကြီးစား အပျက်အစီးတွေကို တူးဖော်ပြီးမှသာ ကံကောင်းတာ... ကျွန်တော်တို့ တစ်ချက်လောက် ဝင်ရှာကြည့်လို့ရတယ်။ ကောင်းတာတွေ ရှိနေနိုင်တယ်!"

ရှောင်းယွင့်ထျန်း မျက်လုံးများ တောက်ပလာသည်။

သူပြောတာ မှန်ပေ၏။ ဒီလို ရတနာကို အကဲဖြတ်ခြင်း ဟူသည့် လောင်းကစား ကံမျိုးက တွေ့ဆုံရုံနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် အရာမဟုတ်ပါ။

အပျက်အစီးတွေကြား စစ်မှန်တဲ့ ရတနာကို တူးဖော်မိဖို့ လူတော်တော်များများက စောင့်မျှော်နေကြပြီး ထွက်လာတာနဲ့ တခြားသူတွေကို မရှာခင်မှာ ရောင်းထုတ်ပစ်ရလိမ့်မည်။

ထို့အပြင် သေးငယ်သော ရတနာများသည် ရတနာအကဲဖြတ်သူအား အသုံးပြုလျှင်လည်း များစွာကုန်ကျမည် မဟုတ်ပေ။ ယင်းအရာ မရှိသော ရတနာများ အမှန်တကယ်ပေါ်လာသည်နှင့် သင်သည် တိုက်ရိုက်ချမ်းသာနိုင်ပြီး ရတနာအကဲဖြတ်ခြင်း အတွက် လောင်းကစားလုပ်ရန် မလိုအပ်တော့ပေ။

"သွားကြည့်ကြတာပေါ့... တကယ်ကောင်းတာ တစ်ခု တွေ့ကောင်းတွေ့နိုင်တယ်!"

လုရွှမ်သည် ထိုသို့သော အဖြစ်မျိုးနှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားပေ။ ချန်စစ်ယန်သည် တချက်ကြည့်ကာ သူ့အကြံဥာဏ်ကို တောင်းလာသဖြင့် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

စည်းစိမ်ဥစ္စာ နှင့် လောင်းကစားကံကို တန်ဖိုးထားခြင်းသည် အဓိကအားဖြင့် မျက်စိအမြင်နှင့်ဆိုင်ပါသည်။

"ကောင်းပါပြီ!"

လုရွှမ် သဘောတူတာကို မြင်သော် ချန်စစ်ယန်လည်း ခေါင်းညိတ် သဘောတူလိုက်သည်။

ဒီမြင်ကွင်းကို မြင်ရသော်လည်း ရှောင်းယွင့်ထျန်း အနည်းငယ်မှ စိတ်ဓာတ်ကျနေပုံ မရချေ။

သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၃က ကျောင်းသားတစ်ဦး ဖြစ်ပြီး သူသည် ချောမောသော ကောင်လေးဖြစ်သည်။ ပိုအရေးကြီးသည်မှာ အဆင့်၉ ရတနာ အကဲဖြတ်သူ ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးဖြင့် ချန်စစ်ယန်အား ဖိတ်ကြားခဲ့သည်။ ဆွေးနွေးမှုများစွာ ပြုလုပ်ပြီးနောက် သူမသည် သူ့ကို ငြင်းဆိုခဲ့သော်လည်း လုရွှမ်ပြောပြီးသည်နှင့် တိုက်ရိုက် သဘောတူခဲ့သည်။

"အပြင်ခန်းက ကလေးတစ်ယောက်နဲ့ မယှဉ်နိုင်ဘူး ဆိုတာ ငါမယုံဘူး!"

သူ့စိတ်ထဲတွင် အေးစက်စွာ အော်ဟစ်နေသည့် ရှောင်းယွင့်ထျန်းသည် မျက်လုံးများကို လှိမ့်ကာ လုရွှမ်ကို အဓိပ္ပါယ်ရှိသော လေသံဖြင့် ပြုံးကာ ကြည့်လိုက်သည်။

"ဂျူနီယာလေး လုရွှမ်... မင်းက ရတနာတွေကို စိတ်ဝင်စားတဲ့အတွက် နောက်ဆို ငါ့အစီအစဉ်တွေကို နားထောင်လိုက်.... ငါမင်းကို ဘာပဲဝယ်ခိုင်းခိုင်း ငါ့မျက်လုံးကို ယုံလိုက်ပါ မင်းကောင်းတဲ့အရာတွေကို ရှာတွေ့နိုင်ပြီး တစ်ရှိန်ထိုး စီးပွားရှာနိုင်မယ်လို့ ငါအာမခံတယ်"

"ကောင်းပြီလေ!"

သူပြောတာကို ကြားတော့ လုရွှမ်က တစ်ဖက်လူ ဘာကိုဆိုလိုမှန်းကို သိတာကြောင့် ပေါ့ပေါ့ပါးပါး ပြုံးပြီး မငြင်းဆန်တော့ချေ။

သူ့အရင်ဘဝက ရတနာအကဲဖြတ်သူ မဟုတ်သော်လည်း အကဲဖြတ်ခြင်း မခံရဖူးသော်လည်း ဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ လျှို့ဝှက်စုစည်းမှု စာအုပ်များကို ဖတ်ရှုပြီး ရတနာမျိုးစုံတွင် ရောနှောပါဝင်သည့် ဗဟုသုတများစွာကို မှတ်သားထားလို့ ရတနာတွေကို ဖော်ထုတ်ဖို့ တခြားသူတွေ သူ့ကို အကူအညီ တောင်းခဲ့ဖူးသည်။

ရှောင်းယွင့်ထျန်းလို အဆင့်၉ ရတနာအကဲဖြတ်သူ မပြောနှင့် အဆင့်၉ ရတနာအကဲဖြတ် ဂိုဏ်းဆရာ ဆိုရင်တောင် သူ့အရင်ဘဝက ဖိနပ်ကို သုတ်ပေးဖို့ မထိုက်တန်ဘူး။

ထို့ကြောင့် သူ့မျက်လုံးထဲတွင် ဤလူသည် ဂရုစိုက်စရာ မလိုသော လူရွှင်တော်တစ်ဦးသာ ဖြစ်သည်။

"ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီနော်!"

ရှောင်းယွင့်ထျန်း၏ မျက်လုံးများ တောက်ပလာပြီး သူ့နှုတ်ခမ်းထောင့်ကလည်း အနည်းငယ် ကွေးညွတ်သွားသည်။ ချစ်မေတ္တာ၌ ပြိုင်ဖက်ဖြစ်သောကြောင့် ရန်သူလည်း ဖြစ်ပေ၏။

စကားသံများကြားတွင် လူပေါင်းများစွာသည် အော်ဟစ်သံများ ကြားရာနေရာသို့ ရောက်လာခဲ့ကြသည်။

လွတ်နေတဲ့ ဧည့်ခန်းထဲမှာ ရတနာမျိုးစုံနဲ့ ပြည့်နေတဲ့ မီတာရာနဲ့ချီ ဖြန့်ကျက်ထားတဲ့ စင်တွေ ရှိလေသည်။

ဤရတနာများသည် အလွန်ဟောင်းနွမ်းပြီး ရွှံ့နွံများ၊ အင်္ဂတေများ၊ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းထားသည်။ ဂရုတစိုက် မသန့်ရှင်းပါက ၎င်းတို့သည် အဆင့်အတန်းနှင့် အဖိုးတန်သော အရာများကိုပင် မြင်နိုင်မည် မဟုတ်ပေ။

ချန်စစ်ယန်သည် အပျက်အစီးများကြားက တူးဖော်တွေ့ရှိထားသည့် ရတနာများကို ရောင်းချခြင်းမပြုမီ ရတနာအကဲဖြတ်သူကို မတောင်းဆိုဘဲ မနေနိုင်သည်ကို တစ်ချက်ကြည့်ရုံဖြင့် နားလည်လိုက်သည်။

တကယ်ကို ဒုက္ခရောက်လွန်းသည်။

"ရတနာတိုင်းက အရွယ်အစားနဲ့ ပုံသဏ္ဌာန်ချင်း မတူသလို ဈေးနှုန်းလည်း ကွဲပြားတယ်။ ဈေးနှုန်းလည်း အတိအကျ ရေးထားပါတယ်။ သန့်စင်ပြီးရင် ရတနာပဲဖြစ်ဖြစ် မဖြစ်ဖြစ်... ငွေရှုံးတာနိုင်တာက မင်းတို့ရဲ့ ထင်မြင်ချက်ပေါ်မှာပဲ မူတည်တယ်"

အရောင်းတာဝန်ခံ ဖြစ်တဲ့ လူငယ်တစ်ယောက်က အော်ပြောလိုက်သည်။

"ငါရွေးပြီးပြီ... ဒါပဲ!"

ပစ္စည်းရောင်းတဲ့ လူငယ်က စကားပြောပြီးတာနဲ့ ဇိမ်ခံအဝတ်အစားနဲ့ ဗိုက်ချွဲချွဲနဲ့လူက ထွက်လာသည်။ သူက လှံနဲ့တူတဲ့ အရာတစ်ခုကို လက်ထဲမှာကိုင်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။

"ဒီပစ္စည်းက ကြီးမားတယ်.... အဲဒါက လှံရှည်တစ်ချောင်း ဖြစ်နိုင်တယ်။ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးဖို့ ခက်တယ်ဆိုတာ လူတိုင်းသိပါတယ်။ တစ်နည်းဆိုရရင် အရင်က စွမ်းအားကို ထိန်းထားဖို့ အလားအလာ အရမ်းများတယ်.... ဒါကြောင့် ဒီပစ္စည်းကို ဝိညာဉ်ကျောက်တူံး ခုနစ်ထောင်နဲ့ ရောင်းမယ်"

လူငယ်က ပြောသည်။

"ဝိညာဉ်ကျောက်တုံး ခုနှစ်ထောင်လား? အရမ်းစျေးကြီးတယ်!"

"ဒီလောက်မြင့်တဲ့ဈေးက တစ္ဆေနယ်ပယ် အထွတ်အထိပ်အဆင့် လက်နက်ကို ဝယ်ဖို့တောင် လုံလောက်တယ်!"

"အဲဒါမဟုတ်ဘူးလို့ ဘယ်သူပြောလဲ? အဲဒါက သန့်စင်ပြီးရင် စွန့်ပစ်ပစ္စည်း ဒါမှမဟုတ် တစ္ဆေနယ်ပယ် အထွတ်အထိပ် အဆင့်ထက် နိမ့်နေရင် ရှုံးမှာ မဟုတ်ဘူးလား"

"အဲဒါကို ဝယ်မနေနဲ့ ထားခဲ့လိုက်... ဘယ်လိုမှ လှည့်စားလို့ မရပါဘူး။ ဒါက ရတနာ လောင်းကစားကံလေ.... စစ်ဆေးမှုဈေးက ပိုတင်းကြပ်ထားရုံတင် မကဘူး ဈေးကပါ မြင့်နေသေးတယ်..."

ဤရတနာ၏စျေးနှုန်းကို ကြားသိရသောအခါ လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။

ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်သည် သေးငယ်သော ပမာဏ မဟုတ်ပါ။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် တတိယအဆင့်က ကျွမ်းကျင်သူများစွာသည် ၎င်းတို့၏ ဘဝတစ်ခုလုံးတွင်ပင် ဤမျှလောက် မဝယ်နိုင်ပါ။

ဆေးဥယျာဥ်၏ ထိပ်တန်းအဆင့် တပည့်တစ်ဦး အနေဖြင့် ချန်စစ်ယန်သည်ပင် ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ သာ သုံးစွဲနိုင်သည်ကို ဥပမာ အနေဖြင့် ကြည့်ရမည်။

သူမသည် နေ့တိုင်း ဆေးပင်များနှင့် ဆက်ဆံနေရသည်။ ဆေးကိုယ်နှိုက်တွင် စျေးနှုန်းရှိသော်လည်း စျေးကွက် မရှိသည့်အပြင် တိကျသောစျေးနှုန်းလည်း မရှိ။ ဒါကြောင့် ငွေမြန်မြန် ရနိုင်သည်။

သို့သော် လေလွင့် ကျင့်ကြံသူများ အတွက်မူ ထောင်နှင့်ချီသော ဝိညာဉ်ကျောက်တုံးများ ရရှိရန်မှာ ကောင်းကင်သို့ တက်ရောက်ရန်ထက်ပင် ခက်ခဲသေးသည်။

နောက်ဆုံးတွင် ဝိညာဥ်ကျောက်တုံး ခုနှစ်ထောင်လောက်က အရေအတွက် များပြားပြီး သာမန်လူတွေ ဆန္ဒအလျောက် ထုတ်ယူလို့ မရတဲ့အရာ ဖြစ်သည်။

"ဒါက ဝိညာဥ်ကျောက်တုံး ခုနှစ်ထောင်ပါပဲ.... ဘာမှမဟုတ်ဘူး ဝယ်လိုက်ရုံပဲ"

ဆူဖြိုးသော လူသည် ကြွယ်ဝပြီး တန်ခိုးကြီးပုံရသည်။ အခြားသူများ မျက်စိကျရန် ခက်ခဲသော ပစ္စည်းကို ဝိညာဉ်ကျောက်တုံး ခုနစ်ထောင် ပေးရမည်ကိုပင် ဂရုမစိုက်သောကြောင့် လက်ကြီးကြီးဖြင့် ဝှေ့ယမ်းလိုက်လေ၏။

သူ့နောက်မှ ချက်ချင်း အစောင့်တစ်ဦးသည် တက်လာပြီး ဝိညာဥ်ကျောက် ကတ်တစ်ကတ်ကို ထုတ်ယူကာ ဝိညာဥ်ကျောက်တုံး ခုနစ်ထောင်ကို ပေးအပ်လိုက်သည်။

"အခု ဒီလက်နက်က မင်းပိုင်သွားပြီ... မင်းအကဲဖြတ်ချင်ရင် ငါတို့မှာ အထူးအကဲဖြတ်သူ ရှိတယ်။ ကုန်ကျစရိတ်အတွက် မင်းကိုယ်တိုင်ပဲ ပေးချေလို့ရတယ်။ ပြန်ပြီးအကဲဖြတ်ချင်ရင်တော့ ယူသွားလို့ရပြီ!"

ငွေလက်ခံပြီးနောက် လူငယ်က ပြုံးပြသည်။

ဒီလို လောင်းကစားကံကို တိုင်းတာတဲ့ ရတနာတွေ အတွက်တော့ မြို့ထဲမှာ ရတနာတွေ အကဲဖြတ်ဖို့ ရတနာ အကဲဖြတ်သူတွေ ရှိပါသည်။ ရတနာတွေကို အကဲဖြတ်ချင်သူတွေကတော့ အကဲဖြတ်ကြေးကို ပေးဆောင်ရလိမ့်မည်။

"ငါ အခုပဲ အကဲဖြတ်မယ်.... ပြန်ယူသွားပြီး ဘာလုပ်ရမှာလဲ?"

ဆူဖြိုးသောလူသည် အေးစက်သော လေကို မှုတ်ထုတ်လိုက်ပြီး အဆင့်နှစ်ဆင့် ရှိသော ပုလ္လင်ပေါ်တွင့ ထိုင်နေသော ရတနာ အကဲဖြတ်သူဆီသို့ လျှောက်သွားလိုက်သည်။ သူ့လက်ဖဝါးကို လှုပ်ခါကာ လှံပုံသဏ္ဌာန် ပစ္စည်းကို ပေးလိုက်သည်။

"လာ.... ကျုပ်ကို အကဲဖြတ် ပေးပါဦး!"

All Chapters