ကောင်းကင်အထိ မြင့်ဈေး (ဒုတိယပိုင်း)
Vol. 25 Ch. 3.116
"ဝိညာဥ်ကျောက်တုံး တစ်သောင်းလား? နည်းနည်း ဈေးကြီးတယ်... ဒီမှာ အက်ကွဲရာ တစ်ခုရှိတယ် အဲဒါက အချိန်မရွေး ကွဲသွားမလိုပဲ... ဒါကြောင့် ဈေးသက်သာရင် ပိုကောင်းမယ်"
လုရွှမ်က ပါးစပ်ကိုဖွင့်ပြီး ပြောလိုက်သည်။
"အင်း.... ဒီလိုလုပ် ငါမင်းကို ဝိညာဥ်ကျောက်တုံး ၈၀၀၀နဲ့ ပေးလိုက်မယ် ဒီပစ္စည်းအတွက် ဒီဈေးက အပေါဆုံး ဖြစ်နေပြီ!"
ပစ္စည်းရောင်းတဲ့ လူငယ်က တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ!"
လုရွှမ်က ဝိညာဉ်ကျောက်တုံးကဒ်ကို ပေးလိုက်သည်။ မကြာခင်မှာပဲ ဝိညာဥ်ကျောက်တုံး ရှစ်ထောင် ကုန်သွားခဲ့၏။
ထိုလူငယ်သည် ခေတ္တမျှ တုံ့ဆိုင်းမနေဘဲ ပြတ်သားစွာ လုပ်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယွင့်ထျန်းသည် ကောင်လေးကို မော့ကြည့်ကာ ရယ်မောနေခဲ့သည်။
ဒီကလေးရဲ့ နောက်ဆုံးအကြိမ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို အတိအကျ မေးကြည့်ရင်တော့ သူက သေးငယ်တဲ့အရပ်က ယောက်ျားလေး တစ်ယောက်ပါပဲ။ ဝိညာဉ်ကျောက်တုံး တချို့ ရနိုင်ရင်တောင် ၈၀၀၀ က အကန့်အသတ် ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာ ဆုံးရှုံးရတာတွေ ဖြစ်လာရင် ခဏအကြာ ငိုမလား ရယ်မလား သိရတော့မည်။
ဒီအကြောင်းကို သူပိုတွေးလေလေ ပိုစိတ်လှုပ်ရှားလာလေပဲ။ ရှောင်းယွင့်ထျန်းကတော့ သူ့အလိုလို မီးလောင်လုမတတ် ဝမ်းသာသွားကာ လုရွှမ် နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေနဲ့ လုရွှမ်ကို အမြန်ဆွဲကိုင်လိုက်ပြီး
"အခုဝယ်ပြီးပြီ ဆိုတော့ အကဲဖြတ်လိုက်ရအောင်!"
အရင်ကတော့ လုရွှမ်က သူ့ကိုလူတိုင်းရှေ့မှာ အရှက်တကွဲ ဖြစ်စေခဲ့လို့ သူ့နှလုံးသားထဲမှာ မုန်းတီးမှုတွေနဲ့ ရူးသွပ်သွားခဲ့သည်။ အခုတော့ အကြောင်းတစ်ခုခုကြောင့် သူအရမ်းရိုးဖြောင့်ပြီး ချစ်ဖို့ကောင်းတယ်လို့ပင် ထင်လာ၏။
"အကဲဖြတ်မှာလား? ထားလိုက်ပါ... ငါ့မှာ ပိုက်ဆံမရှိဘူး အရင် ပြန်ယူလိုက်ဦးမယ်... ပိုက်ဆံရှိတဲ့အခါမှ အကဲဖြတ်မယ်"
လုရွှမ်သည် ရှက်ရွံ့သော အကြည့်ဖြင့် ခေါင်းယမ်းလိုက်သည်။
"အနာဂတ်ကို မစောင့်ပါနဲ့ ငွေရှာပြီးတာနဲ့ မင်းပိုက်ဆံကို ချက်ချင်းရလိမ့်မယ်"
ရှောင်းယွင့်ထျန်းက ချန်စစ်ယန်ရှေ့မှာ သူ့ကို အရူးလုပ်ခိုင်း ချင်နေတာကြောင့် ဘယ်လိုလုပ် လွှတ်ပေးချင်ပါ့မလဲ။ ဒီပစ္စည်းက အတုလား အစစ်လား ဆိုတာ ဘယ်သူကမှ ပြောနိုင်မှာ မဟုတ်ဘူးလေ။
"ဒါပေမဲ့ ငါ့မှာ အကဲဖြတ်ဖို့ ပိုက်ဆံ တကယ်မရှိဘူး!"
လုရွှမ်က သူ့ခေါင်းကို ဆက်လက် ခါလိုက်သည်။
"ဒီလိုလုပ်.... စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၁၆၀၀ကို အကဲဖြတ်ခ ငါပေးပါ့မယ်!"
ရှောင်းယွင့်ထျန်းက ရက်ရောစွာ ပြောလိုက်သည်။
"ဒါက သိပ်မကောင်းပါဘူး!"
လုရွှမ် တုံ့ဆိုင်းသွားသည်။
"ဘာမှ မမှားပါဘူး... ငါတို့အားလုံး ယင်းယန်အကယ်ဒမီက ကျောင်းသားတွေပဲလေ... သူငယ်ချင်းလို့ သတ်မှတ်လို့ ရတယ် ဒါကြောင့် သိပ်ယဉ်ကျေး မနေပါနဲ့!"
ရှောင်းယွင့်ထျန်းက ဖြောင့်မတ်ခြင်း တရားအကြောင်း ပြောတဲ့အခါ သူ့စိတ်ထဲမှာတော့ လှောင်ရယ်နေခဲ့၏။
ဒီကောင်လေး စစ်ယန်ရှေ့မှာ သူ့ကိုယ်သူ အရှက်ရစေသရွေ့တော့ သူက ဝိညာဉ်ကျောက်တုံး ၁၆၀၀ကို စွန့်ပစ်လိုက်ရင်တောင် နှမြောနေမှာ မဟုတ်ဘူး။
"ကောင်းပြီလေ!"
လုရွှမ်လည်း ခေါင်းညိတ် သဘောတူလိုက်သည်။ မကြာမီ အကဲဖြတ်ခကို ပေးဆောင်ပြီးနောက် ရှောင်းယွင့်ထျန်းသည် ဆေးမီးဖိုကို အကဲဖြတ်သူထံ ပေးလိုက်သည်။
ထိုကဲ့သို့ ကြီးမားသော ဆေးမီးဖို အကဲဖြတ်ချက်ကြောင့် လူအများ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ လူများစွာသည် ရွေးချယ်နေခြင်းကို ရပ်တန့်ကာ စောင့်ကြည့်ရန် အတွက် ဝိုင်းဖွဲ့ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ဝိညာဉ်ကျောက်တုံး ၈၀၀၀ ကိုသုံးပြီးနောက် အမြတ်ထွက်မလား သို့မဟုတ် ဆုံးရှုံးမလား ဆိုတာကို သိချင်မေကြသည်။
ဇိဇိဇိဇိ
အကဲဖြတ်သူသည် မီးဖို၏ မျက်နှာပြင်ပေါ်ရှိ အမှုန်အမွှားများနှင့် မြေဆီလွှာများကို လျင်မြန်စွာ ဖယ်ရှားရန် အထူးကိရိယာများကို အသုံးပြုကာ အတွင်းတွင် ဝှက်ထားသော ပုံစံကို အမြန်ဖော်ထုတ်နိုင်ခဲ့သည်။
ဆေးမီးဖိုအိုးသည် ရိုးရှင်းသော ခံစားမှုရှိပြီး မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော မျဉ်းကြောင်းအချို့ ထွင်းထုထားသောကြောင့် တစ်ချက်ကြည့်၍ပင် မမြင်ရနိုင်ပေ။
"အမ်?"
အကဲဖြတ်ရေးတာဝန်ခံ ရတနာအကဲဖြတ်သူသည် ဆေးမီးဖို၏ အသွင်အပြင်ကို မြင်လိုက်ရပြီး ထူးဆန်းသွားသလို အနည်းငယ် မသေချာသည့်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လိုလဲ? ဒီဆေးမီးဖိုရဲ့ အဆင့်က ဘယ်လောက်လဲ? ဝိညာဉ်ကျောက်တုံး ၈၀၀၀ တန်လား"
တစ်ဖက်က ရှောင်းယွင့်ထျန်းက လုရွှမ်ထက်ပင် ပို၍ စိုးရိမ်နေသည်။
တစ်ဖက်လူက တန်ဖိုးမရှိဟု ပြောပြီးသည်နှင့် သူက ချက်ချင်းရယ်ကာ ချန်စီယန်ကို ဘာမှနားမလည်သော ဤလူငယ်၏ မိုက်မဲသော မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်စေချင်သည်။
အကဲဖြတ်သူက တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှု၍ မျက်မှောင်ကြုတ်ထားကာ ဆက်လက် ဆေးကြောနေသည်။
ခဏအကြာတွင် ဆေးအိုးတစ်ခုလုံးကို သန့်စင်သွားကာ အလယ်တွင် ကွဲအက်လုနီးပါး အက်ကွဲကြီးတစ်ခု ရှိနေသည်ကို တွေ့ရ၏။
သို့သော် အက်ကွဲရာများတွင် ပုံစံများသည် ချိတ်ဆက်နေဆဲဖြစ်ပြီး လုံးလုံးလျားလျား အဆက်ပြတ်မသွားချေ။ ဆေးမီးဖိုသည် ကျိုးပျက်မသွားဘဲ လုံးလုံးလျားလျား မပျက်စီးသေးဘဲ အသုံးပြု နိုင်သေးသည်။
"မပစ်ထားရင်တောင် ဘာအတွက် သုံးတော့မလဲ? ဒါက စွန့်ပစ်ထားတဲ့ အဂ္ဂိရတ်မီးဖိုတစ်ခုပဲ... တန်ဖိုးမရှိတာ ဖြစ်နိုင်တယ်!"
ရှောင်းယွင့်ထျန်းသည် သူ့ရှေ့တွင် အကဲဖြတ်သူအား ရလဒ်ကြေညာရန် စောင့်ဆိုင်းနေသော်လည်း ဤလူက ပို၍ပို၍ မျက်မှောင်ကြုတ်ကာ နှုတ်ဆိတ်နေခဲ့သည်။
"ဟေး... ခင်ဗျားဒါကို အကဲဖြတ်နိုင်လား? ဘယ်လိုလဲ?"
အချိန်အတော်ကြာအောင် စောင့်ပြီးနောက် တစ်ဖက်လူက ဘာမှပြန် မပြောသေးရာ ရှောင်းယွင့်ထျန်း သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
"ဒီမီးဖိုကို မင်းဝယ်ခဲ့တာလား?"
နှစ်ကြိမ်ဆက်တိုက် မေးခွန်းထုတ်ပြီးနောက် အကဲဖြတ်သူသည် ခေါင်းကို ခါယမ်းလျက် ပြန်မေးလိုက်သည်။
"မဟုတ်ဘူး... သူဝယ်ခဲ့တာ!"
ရှောင်းယွင့်ထျန်းက လုရွှမ်ကို လက်ညှိုးထိုး ပြလိုက်သည်။
"မဝယ်ထားရင် တိတ်တိတ်နေ!"
အကဲဖြတ်သူ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ညည်းညူလိုက်၏။
"မင်း"
ပါးစပ်ပိတ်ထားရန် ပြစ်တင်ရှုံ့ချခြင်း ခံရသော ရှောင်းယွင့်ထျန်းသည် ဒေါသပေါက်ကွဲကာ စကားအနည်းငယ်ကို ချေပလိုသော်လည်း နောက်ဆုံးတွင် ၎င်းအား အတင်းအကျပ် ဖိနှိပ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူက အပြင်လူပဲ။ သူက ဒီမှာ ရတနာအကဲဖြတ်သူ ဖြစ်နိုင်ရင်တောင် သူ့နောက်ကွယ်မှာ အထောက်အပံ့ မရှိရင် သူသေသွားရင်တောင် ဘယ်သူက ကယ်နိုင်မှာ မဟုတ်ဘူး။
အရေးကြီးဆုံး အချက်ကတော့ သူ့ခန္ဓာကိုယ်မှာ သူ့ရဲ့တံဆိပ် ပါရှိတဲ့အတွက် ဒီရတနာ အကဲဖြတ်သူဟာ ဂိုဏ်းဆရာအဆင့်ကို ရောက်နေပြီ ဖြစ်ပြီး သူကတော့ အဆင့်၉ ရတနာအကဲဖြတ်သယ အငယ်လေးအတွက် ပြဿနာ သွားရှာနိုင်တဲ့ လူတော့ မဟုတ်ချေ။
ရှောင်းယွင့်ထျန်းကို ကြိမ်းမောင်းပြီးနောက် ရတနာ အကဲဖြတ်သူက လုရွှမ်ကို ပြုံးပြုံးရွှင်ရွှင်ကြည့်ကာ
"ညီလေး... မင်းရဲ့ အဂ္ဂိရတ်မီးဖို အကြောင်း ငါမသေချာဘူး... ငါ့ဆရာကို ရှာပြီး မင်းကို ကူညီ အကဲဖြတ်ပေးဖို့ တောင်းဆိုလို့ရမလား"
"သဘောပဲ!"
လုရွှမ်သည် ဤအခြေအနေ ဖြစ်လာမည်ကို အစောကတည်းက သိနေတာကြောင့် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"ကောင်းပြီ ခဏစောင့်!"
စကားပြောပြီးနောက် အကဲဖြတ်သူသည် အခန်းထဲသို့ လျှောက်သွားသည်။
"မသေချာဘူးလား ဆရာ့ကိုတောင် ခေါ်မယ်? ဒီမှာ ဘာတွေဖြစ်နေတာလဲ"
စကားစမြည် ပြောသံကြားတော့ ဘေးက ရှောင်းယွင့်ထျန်းက အနည်းငယ် စိတ်ရှုပ်သွားသည်။
ဤအရာသည် အဖိုးတန် ရတနာများကို အကဲဖြတ် တတ်သူဖြစ်ပြီး ၎င်းကိုပင် မမြင်နိုင်ဘူး ဆိုတော့ ဒီကလေး ပေါ့ပေါ့ဆဆ ကိုင်ထားတဲ့ ကွဲနေတဲ့ အဂ္ဂိရတ်မီးဖိုက ဘာများ ဆန်းကြယ်နေလို့လဲ?
"မဖြစ်နိုင်ပါဘူး... အဂ္ဂိရတ်မီးဖိုကို ရွေးချယ်တာက ငါ့ရဲ့ ယာယီစိတ်ကူးတစ်ခုပါပဲ။ ရတနာတွေနဲ့ လောင်းကစားကို ဦးခေါင်းအရွယ်အစား အလိုက် အမြဲတွက်ချက်တယ်။ ဒီအရာက ကြီးတယ် ငွေက အရမ်းတန်တယ်... ဒါကြောင့် ငါ ရည်ရွယ်ချက်ရှိရှိ ရွေးလိုက်တာ။ သူ့ကိုကြည့်ရတာ ဘာမှ နားမလည်ဘူး... သူ့မျက်လုံးတွေက ငါ့လို ဂုဏ်သိက္ခာရှိတဲ့ အဆင့်၉ ရတနာ အကဲဖြတ်သူထက် ဘယ်လိုလုပ် ပိုကောင်းနိုင်မှာလဲ”
ခဏလောက် အေးခဲသွားပြီး ကိုယ့်ကိုယ်ကိုပဲ နှစ်သိမ့်လိုက်ရသည်။
သူက ဘယ်သူလဲ? အဆင့်၉ ရတနာအကဲဖြတ်သူပဲလေ။ သူ ဘယ်လိုပဲ ကြည့်ကြည့် ဒီ အဂ္ဂိရတ်မီးဖိုဟာ စွန့်ပစ်ပစ္စည်း တစ်ခုလို့သာ ခံစားနေရသည်။
ဤအရာ၏ အရည်အသွေးသည် အလွန်နိမ့်ကျသောကြောင့် သီးခြားအဆင့် ခွဲခြားရန် ခက်ခဲသောကြောင့်သာ ဖြစ်ရမည်။ ထို့ကြောင့် သူက ၎င်းကို ခွဲခြားသတ်မှတ်ရန် သူ၏ဆရာအား တောင်းဆိုချင်ခြင်းပင်။
"လုရွှမ် ဘာဖြစ်နေတာလဲ?"
ချန်စစ်ယန်သည် ယခုအခိုက်တွင် တစ်စုံတစ်ု မှားနေပြီဟုလည်း ခံစားလိုက်ရပြီး သံသယစိတ်ဖြင့် သူ့ထံသို့ ရောက်လာသည်။
"ကြည့်ရင် သိလိမ့်မယ်!"
လုရွှမ်က ပေါ့ပေါ့ပါးပါးပဲ ပြုံးလိုက်သည်။
"ကောင်းပါပြီ!"
လူငယ် ကိုင်ထားသည့် ရတနာကို အကဲဖြတ်သူပင် စိတ်ရှုပ်သွားသည်ကို မြင်လိုက်ရသဖြင့် ချန်စစ်ယန်သည် ယခုအချိန်တွင် ဤဆေးမီးဖို၏ အဆင့်ကို သိရန် လွယ်ကူမည် မဟုတ်ကြောင်း သိလိုက်သောကြောင့် သူမသည် နောက်ထပ်မေးခွန်းများကို ချက်ချင်း မမေးတော့ပါ။
ဗုန်း ဗုန်းဗုန်းဗုန်း!
သိပ်မကြာခင်မှာပဲ အကဲဖြတ်သူဟာ အဘိုးကြီးတစ်ယောက်ရဲ့ နောက်ကနေ သုတ်သုတ်ပျာပျာဖြင့် လိုက်လာခဲ့သည်။
"ဘယ်မှာလဲ? ဘယ်မှာလဲ?"
အဘိုးကြီး ထွက်လာတဲ့အခါ ပတ်ပတ်လည်က လူတွေကလည်း ကြည့်လိုက်ရင်း သူ့တပည့်ဆီက ထိတ်လန့်စရာ တစ်ခုခု ကြားလိုက်ရလို့ ပြေးထွက်လာသလို ဖြစ်နေ၏။
"ဆရာ.... အဲဒါ...ဒီမီးဖိုပဲ ကျွန်တော့်အဆင့်က နိမ့်လွန်းတယ်။ အဲဒါအကြောင်းကို တစ်ခါနှစ်ခါပဲ ပြောတာကြားဖူးတော့ ကျွန်တော် အတည်မပြုရဲဘူး!"
အဆင့်နှစ်ဆင့်ဖြင့် အကဲဖြတ်သူသည် မီးဖိုဆီသို့ ရောက်လာပြီး သန့်စင်ပြီးသော မီးဖိုကို ပေးအပ်လိုက်သည်။
"ငါ့ကို မြန်မြန်ပြစမ်းပါ!"
အဘိုးအိုသည် ဆေးမီးဖိုကို အလျင်အမြန်ယူကာ သူ့တပည့်များကို လျစ်လျူရှုကာ အသေးစိတ်ကအစ လွဲမှားသွားမည် စိုးသဖြင့် ဂရုတစိုက် ကြည့်နေသည်။
"ဒီဟာ.... ဒါက"
သူကြည့်လေ စိတ်လှုပ်ရှားလေဖြင့် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားကာ မယုံကြည်နိုင်လောက် အံ့သြနေသည့် အသံက အခန်းတစ်ခုလုံး ကျလာခဲ့သည်။
"မယုံနိုင်စရာပါပဲ... ဒီလိုပစ္စည်းမျိုး ဒီမှာတွေ့ရတာ တကယ်ကို မယုံနိုင်စရာပဲ"