ကောင်းကင်အထိ မြင့်ဈေး (တတိယပိုင်း)
Vol. 25 Ch. 3.117
"ဒါ...."
ရတနာအကဲဖြတ်သူ၏ ဆရာသည် ဆေးမီးဖိုကို မြင်လိုက်ရသဖြင့် လူတစ်ကိုယ်လုံး ရူးသွပ်သွားပုံရပြီး စိတ်လှုပ်ရှားမှုကို ကြည့်ရှုသူတိုင်း၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ရှိနေကြသည်။
"ဘယ်လိုဖြစ်နေတာလဲ?"
"ဒီအကဲဖြတ်သူက အရမ်းနာမည်ကြီးတယ်... သူက တတိယအဆင့် အကဲဖြတ်ဆရာ အဆင့်ကို ရောက်နေပြီလို့ ကြားတယ်။ သူ့ရဲ့ဆရာကိုတောင် ဖိတ်ခေါ်ရတဲ့အထိ မခွဲခြားနိုင်ဘူး ဖြစ်နေတာက ဘာဖြစ်နေတာလဲ?"
"သူ့ဆရာက ရတနာအဆောက်အအုံရဲ့ သခင်နဲ့ အကြီးအကဲတွေရဲ့ အပြင်ဘက်မှာဆို ပထမအဆင့် ဂိုဏ်းဆရာနယ်ပယ်က ဆရာကြီးလို့ ပြောလို့ရတယ်"
"လေးစားရတဲ့ နံပါတ်တစ် ဂိုဏ်းဆရာလား? မင်းက ဒီလူကြီးကို ဆိုလိုတာလား? ငါ ဘာလို့ သူရူးသွားသလို ခံစားနေရတာလဲ?"
"သူ မရူးပါဘူး... တစ်ခုခုကို ရှာဖွေတွေ့ရှိ ခဲ့တာဖြစ်မယ် အဲ့ဒါကြောင့် သူ့မှာ ဒီလိုဖြစ်နေတာ!"
ဝိုင်းဝန်း ဆွေးနွေးမှုတွေ အများကြီး ထွက်လာခဲ့သည်။
လူတိုင်းက မတုံးပါဘူး။ ရတနာအကဲဖြတ်သူ ကိုယ်တိုင်က ဒါကို မမြင်နိုင်ဘဲ သူ့ဆရာကို ဖိတ်ခေါ်ခဲ့တာတောင် ဒီအခြေအနေမှာ ရှိနေဆဲပင်။ သူဘယ်လောက်ပဲ မိုက်မဲနေပါစေ လူငယ်လေး ဝယ်ထားတဲ့ ဆေးမီးဖိုက သေချာပေါက် အတု မဟုတ်ဘူး ဆိုတာကို သူတို့ နားလည်သွားပြီ။
"မမြင်နိုင်တာ ဆိုမှတော့ အတုပဲဖြစ်မယ်!"
ရှောင်းယွင့်ထျန်းသည် လုရွှမ် သူ့ကိုယ်သူ အရူးလုပ်မိရန် စောင့်ဆိုင်းနေခဲ့သည်။ ဤသို့ဖြစ်လာမည်ကို သူဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ပေ။သူ့မျက်နှာက ဖြူဖျော့လာပြီး မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
"ဆရာ!"
လူတိုင်း၏ မှတ်ချက်များကို လျစ်လျူရှုကာ အဖိုးအိုကို ရပ်တန့်နေမှုကို အနှောင့်အယှက် ပေးရန် ရတနာအကဲဖြတ်သူက ခေါ်လိုက်သည်။
"အာ!"
အဘိုးအိုသည် သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ
"ဒီမီးဖိုက ဘယ်သူပိုင်တာလဲ?"
"ကျုပ်!" လုရွှမ်က ပေါ့ပေါ့ပါးပါးပင်။
"မင်းရဲ့ဟာ?" အဘိုးအိုက သူ့မျက်နှာတပြင်လုံး ပြုံးပြီး
"ညီလေး.... မင်းနဲ့ တစ်ခုခု ဆွေးနွေးပါရစေ ဒီမီးဖိုကို ငါ့ဆီ ဘယ်လောက်နဲ့ ရောင်းမလဲ? မင်းက ဝိညာဥ်ကျောက်တုံး ၈၀၀၀ နဲ့ ဝယ်ခဲ့တယ်လို့ ကြားတယ် ငါ မင်းကို ၁သိန်း ပေးမယ်!"
"ဘာ?"
"တစ်သိန်း?"
"၈၀၀၀ ဝယ်ခဲ့တာကို ဒီရတနာအကဲဖြတ်သူက ၁သိန်း ပေးချင်တာလား? အဲဒါက ဆယ်ဆပိုများတယ်လေ"
"ပိုက်ဆံအများကြီး ရတယ်... ဒီကလေးက တကယ်ကို ကံကောင်းတာပဲ"
အဘိုးအို၏ စကားကို ကြားပြီးနောက် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ရတနာ လောင်းကစားသည် စရိုက်လက္ခဏာ ဖြစ်သည်။ ပစ္စည်း ဝယ်လာသော သူများသည် ဆယ်ခုတွင် ဆယ်ခု ဆုံးရှုံးကြရသည်။ စျေးနှုန်းက ဆယ်ဆကျော်အထိ တိုးလာတာကို တစ်ခါမှ မတွေ့ဖူးပါဘူး။
"တစ်သိန်း? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
ရှောင်းယွင့်ထျန်း၏ မျက်နှာသည် အစိမ်းရောင် ပြောင်းသွား၏။
ရတနာသည် တန်ဖိုးမရှိဟု ကြေငြာသောအခါ လုရွှမ်အား ယုတ္တိမဲ့စွာ ရယ်မောကာ သူ့မျက်နှာအမှန်ကို အရူးတစ်ယောက်အဖြစ် ထုတ်ဖော်လိုက် ချင်ခဲ့သော်လည်း တစ်ဖက်က ပါးစပ်ကို ဖွင့်လိုက်သောအခါ သူကသာ ရူးသွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။
တစ်သိန်း?
ဒီရတနာက ဝိညာဥ်ကျောက်တုံး ၁သိန်းတောင် တန်တယ်တဲ့လား?
"ဆရာကြီး အကဲဖြတ်တာ မှားသွားတာလား? ဒီဟာက တစ်သိန်းတန်ရဲ့လား?"
သူ့စိတ်ထဲတွင် မယုံကြည်မှုများကို တွန်းလှန်ရင်း ရှောင်းယွင့်ထျန်း အံကြိတ်ကာ မေးလိုက်သည်။
ဤအဂ္ဂိရတ်မီးဖိုသည် ထက်ဝက်နီးပါး ကွဲထားသည်။ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် တစ်သိန်း မတန်ပါ
နောက်နေတာ မဟုတ်တာ သေချာရဲ့လား?
ဝိညာဥ်ကျောက်တုံး ၁သိန်း အကြောင်းကို စောစောကသာ သိခဲ့မယ်ဆိုရင် သူကိုယ်တိုင် ဝယ်ခဲ့လိုက်မှာပါ။ ဒီကလေးကို ရုပ်ဆိုးစေချင်ပေမယ့် အခုက ကောင်းတဲ့အချက်ကို ရရှိသွားတယ်တဲ့လား။
သူငိုတော့မည်။
"ရဲတင်းလိုက်တာ!! ငါ့ဆရာက ရတနာအဆောက်အအုံမှာ ရတနာတွေကို အကဲဖြတ်တဲ့ အဆင့်၇ ဂိုဏ်းဆရာတစ်ယောက်ပဲ... သူပြောခဲ့တာတွေက မှားနိုင်မလားကွ!"
အဖိုးအိုက မဖြေခင်မှာ တစ်ဖက်က ရတနာအကဲဖြတ်သူက အော်ဟစ်လိုက်သည်။
ဒီကလေးက အခုနကမေးတာ အဆင်မပြေသလို အခုလည်း သူ့ဆရာကို မေးခွန်းထုတ်ရဲလေသည်။ ဖောက်သည်တွေကို ဘာမှမလုပ်နိုင်လို့သာ မဟုတ်ရင် သူ့ကို ရိုက်နှက်ခဲ့တာ ကြာပြီဖြစ်သည်။
"အ အဆင့်၇ ရတနာအကဲဖြတ် ဂိုဏ်းဆရာကြီး?"
ရှောင်းယွင့်ထျန်း တုန်လှုပ်သွားပြီး မေ့လဲလုမတတ် ဖြစ်သည်။
သူသည် အဆင့်၉ အကဲဖြတ်သူ တစ်ဦးသာ ဖြစ်သော်လည်း အဆင့်၇ ဂိုဏ်းဆရာကြီး တစ်ဦးကို မေးခွန်းထုတ်ဝံ့ခဲ့သူ ဖြစ်သွားသည်။ သူသည် ရူးသွပ်နေပြီ မဟုတ်လော။
"အဆင့်၇ ရတနာအကဲဖြတ် ဂိုဏ်းဆရာကြီး??"
"ရတနာအဆောက်အအုံရဲ့ သခင်အောက်က နံပါတ်တစ်လူလို့ ခေါ်တာ အံ့ဩစရာ မရှိပါဘူး။ သူက အရမ်း အစွမ်းထက်တာပဲ!"
"ဟုတ်တယ်.... ဒီအဆင့်မှာ ရှန့်ခုန်းမြို့ကြီး တစ်ခုလုံးကို ပစ်ခတ်နိုင်မှုကြီးလို့ ယူဆနိုင်တယ်"
"အဆင့်၇ ရတနာသခင်က ဒီကလေးရဲ့ ပစ္စည်းကို ဝယ်ဖို့ ဝိညာဉ်ကျောက်တုံး ၁သိန်း ကို သုံးတယ်... ဘာလို့ ဒီလောက် ကံကောင်းရတာလဲ"
"ဟူး.... ကံကောင်းလိုက်တာ။ နှိုင်းယှဥ်စရာတောင် မရှိဘူး မင်းမြင်တယ်မလား ဒီကလေးက လုံးဝ မလှုပ်မယှက်နဲ့ အရမ်းထိတ်လန့် သွားပုံ ရတယ်။ သူအရင်က ပိုက်ဆံအများကြီး မကြားဖူးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်... ဒါကြောင့် သူလန့်ပြီး ကြက်သေသေသွားတာ"
"ငါသာသူဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ!"
အဘိုးကြီး၏ ရာထူး အဆင့်အတန်းကို ကြားတော့ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး အားလုံးက ကံကောင်းသော လူငယ်လေး လုရွှမ်ကို ငြူစူသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
"ညီလေး.... ငါ့ဆရာက မင်းကို တစ်သိန်းပေးတယ် ဘယ်လိုလဲ? အဲဒါကို ရောင်းချင်ရင် မင်းအတွက် ငါ အခုချက်ချင်း ငွေချေပေးမယ်"
တစ်ဖက်က ရတနာအကဲဖြတ်သူက လုရွှမ်လည်း ထိတ်လန့်တကြား မူးလဲသွားသည်ဟု ထင်ကာ သူ့မျက်နှာကို ပြုံးပြကာ တချက်ကြည့်လိုက်သည်။ သို့သော်လည်း စကားမပြီးမီတွင် လုလင်သည် သူတို့နှစ်ဦးကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
"မင်းတို့က ၁သိန်းလောက်နဲ့ သူတော်စင် ပုံစံတွေနဲ့ ထွင်းထားတဲ့ အဂ္ဂိရတ်မီးဖိုကို ဝယ်ချင်လို့လား? မင်းတို့ရဲ့ စားချင်စိတ်က အရမ်းကြီးမနေဘူးလား?"
ကောင်လေး၏ ငြီးငြူသံ ထွက်ပေါ်လာသည်။
"မင်း မင်း"
ဒါကိုကြားတော့ ဆရာကြီးရော တပည့်ရောပါ တချိန်တည်းတွင် ထိတ်လန့်သွားကြသည်။
"မင်းသိနေတယ်?"
ဒီကလေးက ကံကောင်းတယ်လို့ အားလုံးက ထင်ခဲ့ကြပြီး ဒီပစ္စည်းကို အမှတ်တမဲ့ တွေ့လိုက်လို့ စျေးနှုန်း ဒါမှမဟုတ် အရည်အသွေးကို လုံးဝမသိခဲ့ဘူးလို့ ထင်ခဲ့လေသည်။ သူ့ရဲ့လှောင်ပြောင်တဲ့ မျက်နှာနဲ့ တည်တည်ငြိမ်ငြိမ် ယုံကြည်မှုရှိတဲ့ စကားလုံးတွေကို မြင်တွေ့လိုက်ရတော့ သူအားလုံး သိနေခဲ့ကြောင့် သဘောပေါက်သွားကြသည်။
"သူဒါကို ရည်ရွယ်ချက်နဲ့ ရွေးခဲ့တာလား?"
ဆရာကြီးရော တပည့်ရော မယုံနိုင်လောက်အောင် မျက်လုံးတွေ ပြူးကျယ်သွား၏။ တစ်ဖက်လူက ဒီပစ္စည်းရဲ့ အဆင့်ကို မြင်နိုင်ရင် သူ့မျက်လုံးက ဘယ်လောက် ကောင်းလိုက်မလဲဆိုတာ တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ထူထပ်သော မြေဆီလွှာနှင့် ရေညှိများကို ဖယ်ထုတ်နိုင်ပြီး မျက်နှာပြင်ပေါ်တွင် ဘာကိုမှ မမြင်နိုင်သည့် အခြေအနေမျိုးတွင်ပင် အဆင့်၇ ရတနာအကဲဖြတ် ဆရာကြီးပင် ဤစွမ်းရည်မျိုးကို မတတ်နိုင်ပေ။
ရွှံ့မြေတွေ ရှင်းသွားရင်တောင် အဘိုးအိုက သူတော်စင် ပုံစံတွေနဲ့ အဂ္ဂိရတ်မီးဖို ဖြစ်တယ်ဆိုတာကို အပြည့်အဝ အတည်ပြုမပေးခင် အချိန်အတော်ကြာအောင် ကြည့်ရပါလိမ့်မည်။
ကျင့်ကြံသူများသည် သေမျိုးနယ်ပယ်မှ လွတ်မြောက်၍ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို ထိုးဖောက်ကာ သူတော်စင် အဆင့်အထိ ရောက်ရှိလိုကြသည်။ သူတော်စင် အဆင့်သည် သက်ရှိသတ္တဝါ အားလုံးထက် တိုက်ရိုက် သာလွန်၍ မည်သည့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ဖြစ်ပါစေ ပြိုင်ဘက်ကို အတွေးတစ်ခုတည်းဖြင့် အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။
ထို့ကြောင့် 'သူတော်စင်' ဆိုသည့် စကားလုံးနှင့် ချိတ်ဆက်နေသမျှ ကာလပတ်လုံး ၎င်း၏တန်ခိုးသည် မယုံနိုင်လောက်အောင် ဖြစ်လိမ့်မည်။
ဤအဂ္ဂိရတ်မီးဖိုသည် သူတော်စင်အဆင့် လက်နက်ဟု ခေါ်ဆိုခြင်း မဟုတ်သော်လည်း ၎င်းတွင် "သူတော်စင်ပုံစံ" ပါရှိသည်။ ဤပုံစံ၏ ကောင်းချီးကြောင့် အရည်အသွေးသည် သူတော်စင် လက်နက်အဆင့်သို့ မရောက်သော်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ထက် ကျော်လွန်ပါသည်။
ဆေးမီးဖိုများသည် လက်နက်များ မဟုတ်သလို နတ်ဘုရား၊ သူတော်စင်၊ ဝိညာဥ်၊ တစ္ဆေများနှင့် သေမျိုးနယ်ပယ်များ အလိုက် ခွဲခြား၍မရပေ။ တစ်ခါတစ်ရံ အဆင့်မြင့် ဆေးမီးဖိုများ၏ ပစ္စည်းများသည် အဆင့်နိမ့်သူများထက် များစွာ ယုတ်ညံ့ပါသည်။ အလားတူပင် သာမာန်အဆင့်မှ အဆင့်၉အထိ ခွဲခြားထားပြီး သေမျိုးနယ်ပယ် သာမာန်အဆင့်မှ အဆင့်၉အထိ ထပ်မံ ခွဲခြားထားသည်။
လုရွှမ်သည် ကျန်းဝူအင်ပါယာ၌ မင်းသမီးလော့ရုံ၏ တိတ်ဆိတ်သော အခန်းတွင် နောက်ဆုံးအကြိမ် သန့်စင်ထားသော အဂ္ဂိရတ်မီးဖိုသည် သာမာန်အဆင့်၉ ဖြစ်သည်။
"ဒီအရာက ဓားနဲ့ အမြစ်ထိ ဒဏ်ရာရခဲ့ရင်တောင် အကြမ်းထည် လုံးဝကွဲမသွားဘူး... ပစ္စည်းက လုံလောက်ပြီး ပြုပြင်လို့ ရတယ် အဲဒါကို မပြုပြင်ရင်တောင် သူ့ရဲ့ပုံစံတွေကို ချိတ်ဆက်လိုက်ရင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈အထိ အဆင့်မီသေးတယ်... ဒီလောက် တန်ဖိုးရှိတဲ့ ဆေးမီးဖိုကို ခင်ဗျားက ဝိညာဥ်ကျောက်တုံး ၁သိန်းနဲ့ ဈေးဖွင့်မယ်ပေါ့"
လုရွှမ်က အနည်းငယ် ပြုံးလိုက်ပြီး အသံတိုးတိုးလေး ပေးလိုက်သည်။
ဤလူနှစ်ယောက်သည် ဤအဂ္ဂိရတ်မီးဖို၏ ထူးထူးခြားခြား ဖြစ်မှုကို သတိပြုမိကြပြီး သူ “ဘာမှမသိ” ကြောင်း သဘောပေါက်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူခွင့် ရချင်ကြသည်။
"ဒါ... အဟွတ်... အဟွတ်"
မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ ဆရာနဲ့ တပည့်ခမျာ ရှက်ရွံ့စွာ ပြုံးပြလိုက်ကြသည်။ အဘိုးအိုက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး ခေါင်းညိတ်လိုက်ကာ။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ? မင်းက ငါ့ကို ဝိညာဥ်ကျောက်တုံး ၁ သိန်းနဲ့ မရောင်းချင်ဘူး ဆိုတော့ ငါမင်းကို ၁သန်းပေးမယ်!"