← Chapters

ရှောင်းယွင့်ထျန်း ငိုချင်သော်လည်း မျက်ရည်မကျ

Vol. 25 Ch. 3.119

ရှောင်းယွင့်ထျန်း ငိုချင်သော်လည်း မျက်ရည်မကျ

Vol. 25 Ch. 3.119

"ဟုတ်တယ်... လူတိုင်းက ဒီမှာ အတိအကျ ရွေးချယ်နိုင်တယ် ဘာကြောင့် ကူညီရမှာလဲ"

"ဒီအမြင်နဲ့ဆို ငွေထုတ်ဖို့သော့ကို ကိုင်ထားသလိုပဲ.... တခြားသူတွေအတွက် ဘယ်လို အလုပ်လုပ်နိုင်တော့မလဲ?"

"ကျွန်တော်လည်း ဒီလိုပဲထင်ခဲ့တာ။ သူသဘောမတူနိုင်မှန်း ကျွန်တော်သိပါတယ် ဒါကြောင့် ကျွန်တော်လည်း မမေးခဲ့ဘူး"

အနီးနားရှိ လူများသည် သူတို့နှစ်ဦးကြားက စကားစမြည်များကို ကြားလိုက်ကြပြီး တစ်ချိန်တည်းတွင် ခေါင်းယမ်းလိုက်ကြသည်။

ဒီရှောင်းယွင့်ထျန်းဟာ အကြောင်းအရာတွေကို ငြင်းခုံနိုင်တဲ့ အစွမ်းထက်တဲ့ စွမ်းရည်ရှိသည်။ သူငွေရှာချင်ရင် သူ့ဘာသာသူ ဝယ်နိုင်ပါ၏။ ဘာပဲဖြစ်ဖြစ် သူပိုက်ဆံ မဆုံးရှုံးဘဲ တည်ငြိမ်တဲ့ အမြတ်ငွေကို ရပါလိမ့်မယ်။ ကံကြမ္မာက အခုနက ကောင်လေးနဲ့ အတူတူပါပဲ။

ဒီလိုစွမ်းရည်မျိုးနဲ့ တခြားသူရဲ့ ပေါင်ကို ဖက်စရာ မလိုပါဘူး။

"မင်းမှာ အမြင်အာရုံကောင်း ရှိရင်တောင် တစ်ချိန်လုံး တိကျဖို့ဆိုတာ မဖြစ်နိုင်ဘူး! ကောင်လေး ငါ့ကိုကူ ရွေးပေးပါ... ရွေးချယ်မှု အတူတူပါရင် ပိုက်ဆံဝေစု ခွဲပေးမယ်... မင်းသာ ဝင်ငွေရှိပေမယ့် အရှုံးမရှိပါဘူး

ဖက်တီးက လူတိုင်းရဲ့ စကားကို လျစ်လျူရှုပြီး ပြောလိုက်သည်။

"ကျွန်တော် မရွေးဘူး"

ရှောင်းယွင့်ထျန်းက သူ့အကြောင်းသူ သိပြီးသားပင်။ ရိုးရိုးသားသား ပြောရရင် လုရွှမ်ရွေးချယ်ခဲ့တဲ့ အရာကို လုံးဝ မမြင်နိုင်ခဲ့ဘူး။ အခုလည်း ဘယ်ဟာက ဝိညာဥ်ကျောက်တုံး ၁သန်းတန်တဲ့ အရာက ဘယ်ဟာလဲ သူမသိတော့ဘူးလေ။

"မရွေးပေးဘူးလား" ဖက်တီးက မျက်စောင်းထိုးကာ

“သေချာလား” ဟုထပ် မေးလေသည်။

"ဟုတ်တယ်!"

ရှောင်းယွင့်ထျန်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပေမယ့် သူစကားမဆုံးခင်မှာ သူ့မျက်နှာကို လက်သီးနဲ့ ထိုးချလိုက်တာကို တွေ့လိုက်ရ၏။

ဗုန်း!

လက်သီးနဲ့ ထိုးလိုက်သူကတော့ ဖက်တီးရဲ့ နောက်မှာ ပိုက်ဆံပေးရုံနဲ့ အပြောင်းအရွှေ့ လုပ်ခဲ့သူပင် ဖြစ်သည်။

အရင်က ပိုက်ဆံပေးတုန်းက ဒီကောင်လေးမှာ ဘယ်လောက်ခွန်အား ရှိတယ်ဆိုတာ မမြင်ခဲ့ရပေမယ့် အခုလို လုပ်ချလိုက်တဲ့အခါ အားလုံးက အံ့သြသွားကြသည်။

တကယ်တော့ ဒါဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇မှာရှိတဲ့ စွမ်းအားတစ်ခုပဲ။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇တွင် အားကောင်းသူများသည် ပေရွှီးအင်ပါယာတွင် အထွတ်အထိပ် ရှိသူများ ဖြစ်ကြပြီး ခြေထောက်များကို နင်းချလိုက်သည်နှင့် မြေပြင်ကို တုန်လှုပ်စေနိုင်၏။ ယခုအခါ ၎င်းတို့သည် အခြားသူများအတွက် အစောင့်အကြပ်အဖြစ် ထမ်းဆောင်နေကြပြီ ဖြစ်သည်။

ကိုယ့်မျက်စိနဲ့ကိုယ် မမြင်ရရင် တကယ့် အစစ်အမှန် ဆိုတာ ဘယ်သူမှ မယုံနိုင်ဘူး။ တခဏအတွင်းမှာပဲ လူတိုင်းက ဖက်တီးရဲ့ ဝိသေသလက္ခဏာကို အရမ်းသိချင်လာသည်။

ဒီလို ခွန်အားရှိတဲ့ လူတစ်ယောက်က သူ့ကို ဘယ်လိုကာကွယ်ပြီး ဘာကြောင့် ငွေအများကြီး သုံးနိုင်ရတာလဲ?

ဖြောင်း!

ရှောင်းယွင့်ထျန်းသည် ချက်ချင်းပင် ဝက်ခေါင်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့မျက်နှာသည် ဖြူတစ်လှည့် ပြာတစ်လှည့် ဖြစ်သွားသည်။

သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် တတိယအဆင့်၏ ယင်းယန်နယ်ပယ်တွင်သာ ရှိပြီး အဆင့်၇ကဲ့သို့ သန်မာသော အဆင့်နှင့် နှိုင်းယှဥ်လျှင် သူသည် ဝေးကွာနေပါသည်။ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ပေ။

"ဘယ်လိုလဲ? ရတနာတစ်ခုကို ကူရွေးပေးလို့ ရမလား?"

ဖက်တီးသည် သူ့ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားကာ ယောက်ျားကောင်း တစ်ယောက်လို ကြည့်နေသည်။

"......"

ဒီပုံစံကို မြင်လိုက်ရတော့ အားလုံးက စကားမပြောနိုင် ဖြစ်သွားသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇က လူကို အစောင့်အဖြစ် ထားနိုင်ကတည်းက သူ့ရဲ့နောက်ခံအင်အားက တော်တော်လေး ကောင်းနေပြီ။ တစ်ဖက်လူက အကြောင်းပြချက်တောင် မပေးရသေးဘဲ ဝက်ခေါင်းဖြစ်သွားအောင် တိုက်ရိုက် ရိုက်နှက်လိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ရက်စက်လွန်းတယ် မဟုတ်လား?

"ငါ"

ရှောင်းယွင်ထျန်းမှာ ငိုချင်သော်လည်း မျက်ရည်မကျချေ။

လုရွှမ်အား အဂ္ဂိရတ်မီးဖိုကို ရွေးချယ်ရာတွင် ကူညီပေးခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း တကယ်တော့ ရန်လိုဟန်ဆောင်၍ ချန်စစ်ယန်၏ ရှေ့တွင် ပြန်လည်အနိုင်ယူကာ သူသည် အမှန်တကယ်ပင် ထူးချွန်ကြောင်း သူမကို အသိပေးစေချင်ခဲ့သည်။

မထင်မှတ်ပဲ သူအတင်းအကြပ် မဟန်ဆောင်ခင်မှာ ဆင်ခြင်တုံ တရားမဲ့တဲ့ ပိန်ပိန်ပါးပါး လူတစ်ယောက် ပေါ်လာပြီး ရုတ်တရက် ထိုးကြိတ်နေရာ သူရူးသွားသလိုပင် ခံစားလိုက်ရသည်။

ဖိတ်ခေါ်ချက်ကို သဘောမတူတာနဲ့ ရိုက်နှက်ပစ်ရောလား?

"မင်းအတွက် ရတနာကို အကဲမဖြတ်ပေးတာနဲ့ မင်းငါ့ကို ရိုက်နှက်တယ်။ သူများတွေ မင်းကို လှောင်ပြောင်မှာ မကြောက်ဘူးလား?"

ရှောင်းယွင့်ထျန်းက အံကြိတ်ကာ ဟောက်လိုက်သည်။

"ဟားဟား... ပထမအချက် လှောင်ပြောင်တာကို ဘယ်တုန်းကမှ မကြောက်ဖူးဘူး။ ငါလုပ်ချင်တာကို လုပ်နိုင်တယ်... ဒုတိယအချက်က မင်းကို ငါ့အတွက် ရတနာတွေကို အကဲမဖြတ်ပေးလို့ အရိုက်ခံရတယ်လို့ ဘယ်သူက ပြောတာလဲ?"

လူဝကြီးက ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

"ဒါဆို ဘာလို့လဲ?"

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇၏ ရိုက်နှက်မှုကို ရင်ဆိုင်ရင်း ရှောင်းယွင့်ထျန်း ပြေးချင်သော်လည်း မပြေးနိုင်သဖြင့် စိုးရိမ်တကြီး အော်လိုက်သည်။

"မင်းက ငါ့ထက် ပိုချောနေလို့ပါကွာ... ငါက ငါ့ထက် ပိုချောတဲ့သူတွေကို အလိုလို မုန်းတီးနေတာပဲ.... မင်းက ချောနေရုံတင် မကဘူး အဓိကက ငါ့ရှေ့မှာ ဟန်ဆောင်ဖို့တောင် လုပ်လိုက်သေးတယ် ငါမင်းကိုဘယ်သူက မရိုက်ဘဲ နေနိုင်မှာလဲ"

ဖက်တီးက စိတ်ချလက်ချ ပြောပြသည်။

"......"

ရှောင်းယွင့်ထျန်း ရူးတော့မလို ဖြစ်လာ၏။

အစ်ကိုရေ ဒီထက် ပိုမိုကောင်းမွန်တဲ့ အကြောင်းပြချက်ကို ရှာတွေ့နိုင်မလား? မင်း ဒီလောက် ယုတ်မာဖို့ လိုလို့လား။

မင်းထက် ပိုချောတာနဲ့ ရိုက်ရောလား?

"ဘာပဲဖြစ်ဖြစ် ငါ့မှာ အချိန်အများကြီး ရှိတယ်... မင်းကို ငါ့ထက် ပိုရုပ်ဆိုးအောင် ရိုက်ဖို့ပဲလိုတယ်။ စိတ်မပူပါနဲ့ ငါက အရမ်းကြင်နာ တတ်ပါတယ်.... ငါက လူတွေကို မသတ်ဘူး ဒါကြောင့် မင်းသေမှာ မဟုတ်ဘူး"

ဆူဖြိုးသော လူသည် ခုံပေါ်တွင် အေးအေးလူလူ ထိုင်နေသဖြင့် အဆီအဖုများ ထူထပ်ကာ တောင်ကြီးကဲ့သို့ စုပုံလာသည်။

"မင်းထက် ပိုဆိုးအောင်?"

ရှောင်းယွင့်ထျန်း တုန်လှုပ်သွားသည်။

သူသည် ချောမောပြီး မွေးရာပါကောင်းသောကြောင့် အမြဲဂုဏ်ယူနေကာ သူ၏လှုပ်ရှားမှုတိုင်းသည် တင့်တယ်ခဲ့သည်။ သူသည် ဝက်ခေါင်းကဲ့သို့ အရိုက်ခံရပါက ချန်စစ်ယန်၏ ရှေ့တွင် ကောင်းသော အထင်အမြင်ကို ချန်ထားခဲ့ရန် နေနေသာသာ ရှက်နေပေလိမ့်မည်။

"ကောင်းပြီ... မင်းရတနာတွေကို အကဲဖြတ်နိုင်ဖို့ မင်းကို ကူးရွေးပေးမယ်"

"ဒီလိုမှပေါ့... အစောကတည်းက သဘောတူလိုက်ရင် ပြီးနေပြီကို"

ဖက်တီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"စလိုက်ကြရအောင်!"

"ဟုတ်ကဲ့!"

ရှောင်းယွင့်ထျန်းသည် သူ့ရှေ့မှလူကို စော်ကားရန် မတတ်နိုင်မှန်း သိသောကြောင့် သူ့ခန္ဓာကိုယ်တွင်ရှိ ပြင်းထန်သော နာကျင်မှုကို မျိုသိပ်ကာ အဓိပ္ပါယ်မဲ့ စကားမပြောဝံ့ဘဲ ရတနာများ ထားရှိရာ ပလက်ဖောင်းရှည်ဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

ဒီလို ထူးဆန်းတဲ့ နှိပ်စက်ညှဉ်းပန်းမှု ပုံစံကို မြင်တော့ တခြားသူတွေကလည်း တစ်ယောက်ပြီး တစိယောက် ကြည့်နေကြပြီး အခုပဲ အရိုက်ခံရတဲ့ ဒီလူက အရင်ကလို အံ့ဖွယ်ကောင်းအောင် ဖန်တီးနိုင်မလား ဆိုတာ သိချင်နေကြသည်။

"ဒီမီးဖိုလေး ရွေးရအောင်!"

လမ်းလျှောက်ပြီးနောက် ရှောင်းယွင့်ထျန်း အံကြိတ်ကာ ကြီးမားသော မီးဖိုဆီသို့ ထပ်မံညွှန်ပြသည်။

အမှန်အတိုင်း ပြောရလျှင် ကံတရား အပေါ်တွင်မူတည်၍ ရတနာများက ရွှံ့၊ ကြေးနီသံချေးများနှင့် ရေညှိများဖြင့် ဖုံးလွှမ်းနေပါသည်။

ပိုအရေးကြီးတာက သူ့အဆင့်က နိမ့်လွန်း၏။ ဆေးမီးဖိုကို သန့်ရှင်းသွားအောင် လုပ်နိုင်ရင်တော့ သူ့အဆင့်ကို မသိတဲ့လူတွေ အများကြီး ရှိသေးသည်။

အရင်က ဝယ်ဖူးတာ ပထမဆုံး အကြိမ်ဖြစ်ပြီး အမြတ်ထုတ်နိုင်ခဲ့တာ ကံကောင်းခြင်း တစ်ခုပါပဲ။ ဒီတစ်ခါတော့ ဖက်တီးက စင်ပေါ်ကို အပြေးအလွှား တွန်းပို့လိုက်တာကြောင့် အဖိုးတန်တွေကို ဘယ်လိုလုပ် တိုက်ရိုက်ရှာရတော့မလဲ။

အဲဒါကို တွေးပြီးရင် ဆေးမီးဖိုက အလုံခြုံဆုံးလို့ ခံစားလိုက်ရသည်။

အခုပဲ လုရွှမ်က ကျိုးပဲ့နေတဲ့ တစ်လုံးကို ကြုံရာယူလိုက်ပြီး ကောင်းကင်အထိ မြင့်တဲ့ဈေးနဲ့ ပေးလိုက်တယ်လေ။ သူက ဒီတစ်ခါတော့ ကောင်းတဲ့တစ်ခုကို ရွေးလိုက်ပြီ။ ဒါကြောင့် အရမ်းကြီး မဆိုးသင့်ဘူး မဟုတ်လား။

"သေချာလား?"

ဆူဖြိုးသော လူသည် တချက်ပြန်ကြည့်လာသည်။

"သေချာတယ်!"

ရှောင်းယွင့်ထျန်းကလည်း ခေါင်းညိတ်လိုက်သည်။

"ဝယ်မယ်!"

ဖက်တီးက အပိုမပြောဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဝိညာဥ်ကျောက်တုံး ၅သောင်း!" အရောင်းတာဝန်ခံ လူငယ်က ပြောသည်။

"ငါးသောင်းလား အခုနက နှစ်သောင်းပဲ မဟုတ်လား?"

"အစောက မီးဖိုက ဝိညာဥ်ကျောက်တုံး သန်းချီပြီး ရောင်းရတယ်ဆိုတော့ အားလုံးက ဈေးတက်လာတယ်လေ" လူငယ်က ရယ်လျက်။

"စီးပွားရေး လုပ်နည်းကို တကယ်သိတာပဲ... ငါးသောင်း ဆိုတော့လည်း ငါးသောင်းပေါ့!"

ဖက်တီးသည် မာနကြီးပြီး လက်လည်းဖွာသေးသည်။ မကြာမီတွင် မီးဖိုကို အကဲဖြတ်ခဲ့သည်။

"သာမန်အဆင့်၅ အဂ္ဂိရတ်မီးဖိုပဲ.... အဲဒါက စွန့်ပစ်ပစ္စည်း တစ်ခုပဲ ဝိညာဉ်ကျောက် တစ်လုံးတောင်မှ တန်ဖိုးမရှိဘူး!"

အကဲဖြတ်သူသည် အလိမ်အညာ စကားကို တစ်စက်ကလေးမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

"ဘာ?" ဖက်တီး မျက်နှာ မည်းမှောင်သွားသည်။

ရှောင်းယွင့်ထျန်း မူးလဲလုနီးပါး ဖြစ်သွားလေ၏။

တကယ်ကြီးလား? လုရွှမ် တစ်ကြိမ်တည်း ရွေးလိုက်တာက ကျိုးပဲ့သော တစ်လုံးကို ရွေးချယ်ခဲ့ပြီး ၁သန်းအထိ မြင့်တဲ့ အကောင်းဆုံး အရာကို ရရှိခဲ့သည်။ သို့သော် သူရွေးသော အရာသည် ဝိညာဉ်ကျောက်တုံး တစ်တုံးပင် မတန်ပေဘူးလား။

"ဒါ!! မင်းဒါကိုရွေး!"

လူဝကြီး၏ မကြင်နာသော မျက်လုံးများကို မြင်လိုက်ရသဖြင့် ရှောင်းယွင့်ထျန်းက အခြားတစ်ခုကို ညွှန်ပြလိုက်သည်။

"ဒါကလည်း သာမန် အဆင့်၅ အဂ္ဂိရတ်မီးဖို ဖြစ်ပြီး ဝိညာဉ်ကျောက် တစ်လုံးနဲ့တောင် မတန်ဘူး!"

မကြာခင်မှာပဲ အကဲဖြတ်သူက စျေးနှုန်းကို ထပ်မံဖော်ပြခဲ့ပြန်သည်။

"ငလူး!"

ရှောင်းယွင့်ထျန်း ရူးသွားတော့သည်။

လူတိုင်းသည် အဂ္ဂိရတ်မီးဖိုကို ကျပန်းရွေးချယ်ကြသည်။ အဘယ်ကြောင့် ဤမျှကြီးမားသောကွာခြားချက် ရှိရသနည်း။

"ဒါကို မလိုချင်ရင် ဒီတစ်ခုကို ရွေးပြီး ထပ်စမ်းကြည့်နိုင်တယ်"

ဖက်တီး၏ မျက်နှာ ဒေါသအဆီတွေ ရွှဲနစ်နေတာကို မြင်လိုက်ရတော့ ရှောင်းယွင့်ထျန်းက သူတို့ထဲက တစ်ခုကို လက်ညှိုးထိုးပြပြန်၏။

"ဒီတစ်ခု.... မင်းညီမကို ဒီတစ်ခု!! မင်းကြုံသလို လက်ညှိုးထိုးနေတာ ငါမင်းကို သေအောင် ရိုက်သတ်ပစ်မယ်!"

ဖက်တီးကြီးထံမှ ရှည်လျားသော ဟိန်းဟောက်သံကြီး ထွက်လာလေသည်။

All Chapters