← Chapters

အရှုံးပေးတဲ့အထိ ရိုက် (ပထမပိုင်း)

Vol. 25 Ch. 3.121

အရှုံးပေးတဲ့အထိ ရိုက် (ပထမပိုင်း)

Vol. 25 Ch. 3.121

ကျောင်းသား တော်တော်များများက ဒီမြင်ကွင်းကို ကြည့်ဖို့ ရဲရင့်တာ မဟုတ်ပေမယ့် ဒီအဖြစ်အပျက်က စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေ၏။

အကြီးအကဲဖန့်သည် ထိပ်တန်းအကြီးအကဲ ဆယ်ဦးတွင် တစ်ဦးဟုတ်သလို ယင်းယန်အကယ်ဒမီတွင် အကျော်ကြားဆုံး အကြီးအကဲတစ်ဦး ဖြစ်ပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇က လူတစ်ဦးပင် ဖြစ်သည်။

သာမာန်ကျောင်းသားတွေက သူ့ကိုတွေ့တဲ့အခါ စကားပြောဖို့ အရမ်းကြောက်ကြသည်။

ဒီကလေးက မည်မျှ သတ္တိရှိလို့ မာနကြီးနေပါသနည်း။ သိပ်ဟန်ဆောင်မနေရင် သေမှာ မလို့လား။

ဒီကျောင်းသားတွေ တင်မကဘဲ အမြဲတမ်း မာနကြီးနေတဲ့ ရှောင်းယွင့်ထျန်းတောင် ရူးလုမတတ် ဖြစ်သွားသည်။

မိသားစုနောက်ခံ၊ အရည်အချင်းနှင့် အခြားအရည်အချင်း များစွာကို အားကိုး၍ အကယ်ဒမီတွင် မောက်မာသူ ဖြစ်ခဲ့သော်လည်း သူ့ရှေ့မှ လူငယ်နှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်နေသေးသည်။

ဒါဟာ ရိုးရိုးအဆင့် မဟုတ်တော့ဘူး။ ဒါပေမဲ့လည်း အခွင့်အရေး တစ်ခုပါပဲလေ။ တွေးရင်း သူ့မျက်လုံးထဲမှာ အေးစက်မှုတစ်ခု ပေါ်လာ၏။

သူ့အမြင်အရတော့ ဒီနေ့ ဝက်ခေါင်းလို အရိုက်ခံရရတဲ့ အကြောင်းရင်းက ဒီကောင်လေးရဲ့ "အကြံပြုချက်" ကြောင့်ပါပဲ။ ဒီကောင်လေးနဲ့ ဖက်တီးကြောင့်သာ မဟုတ်ရင် သူ့ကိုယ်သူ ဘယ်လိုလုပ် ဒီလောက် အရိုက်ခံရပါ့မလဲ။

"အကြီးအကဲဖန့်... ဒီလုရွှမ် အတူတူ အန္တရာယ်ကြုံတွေ့တာကို မြင်ရုံတင်မကဘဲ လူကယ်ဖို့ ငြင်းဆန်ခဲ့တယ်... ကျွန်တော် အရိုက်ခံရရတဲ့ အကြောင်းရင်းက သူ့ကြောင့်ပဲ!"

ရှောင်းယွင့်ထျန်းက အကြာကြီး ဟိန်းဟောက်လိုက်သည်။

"သူ့ကြောင့်လား?"

အကြီးအကဲဖန့်က သူ့နှလုံးသားထဲက ဒေါသတွေကို ထိန်းထားပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

"နားထောင်ကြည့်ရအောင်"

"ဒီလိုပါ!"

ရှောင်းယွင့်ထျန်း၏ မျက်လုံးများက အေးစက်သွားသည်။

"ကျွန်တော်က အဆင့်၉ ရတနာ အကဲဖြတ်သူ တစ်ယောက်ပါ... ရတနာ အကဲဖြတ်တဲ့ အရည်အချင်း တစ်ခုရှိပါတယ်။ ကျွန်တော် သူ့ကို ဝိညာဉ်ကျောက် ၈၀၀၀ ပါတဲ့ ဆေးမီးဖိုတစ်လုံး ဝယ်ဖို့ ကူညီပေးခဲ့တယ်။ အကဲဖြတ်ပြီးနောက် ရတနာအကဲဖြတ်သူ တစ်စုံတစ်ယောက်သည် ဝိညာဉ်ကျောက်တုံး ၁ သန်းနဲ့ တိုက်ရိုက်ဝယ်ဖို့ ကမ်းလှမ်းခဲ့တယ်... ဒီလောက်ကြီးမားတဲ့ ကြင်နာမှုတစ်ခုကို သူက အသိအမှတ် မပြုမိဘဲ ကျွန်ုပ်အား ရတနာဖော်ထုတ်ဖို့ အတင်းအကြပ် တောင်းဆိုပြီး ဖက်တီးဆီကို တွန့်ပို့ခဲ့ပါတယ်..."

ရှောင်းယွင့်ထျန်းက နာကြည်းမှု အပြည့်ဖြင့်။

ယခင်အရာများကို သူမသိပါက ဤစကားများကို နားထောင်ရုံဖြင့် သူသည် ကိုယ်ကျိုးမဖက်ဘဲ တရားမျှတမှုအတွက် စိတ်ပူပန်နေပြီး ကျေးဇူးကန်းသော လူကြမ်း လုရွှမ်ကိုသာ အပြစ်တင်လိမ့်မည် ဖြစ်သည်။

"ဟုတ်လား!"

အကြီးအကဲဖန့်က မျက်လုံးများကို မှိတ်ထားကာ မဝေးသော နေရာက လုရွှမကို အေးစက်စွာ စိုက်ကြည့်ကာ ရှည်ရှည်ဝေးဝေး အော်ဟစ်နေသည်-

"မင်းရဲ့ ကရုဏာကို ကျေးဇူးမဆပ်ဘဲ ကျေးဇူးကန်းတာ အပြစ်တစ်ခုပဲ... မင်းရဲ့ အရည်အချင်းကို အသုံးချတာလည်း အပြစ်တစ်ခုပဲ.... ကျောင်းသားချင်း ဒုက္ခရောက်နေတာကို လှည့်ထွက်သွားတာကလည်း အပြစ်ပဲ.... ယင်းယန်အကယ်ဒမီရဲ့ ကျောင်းသား တစ်ယောက်အနေနဲ့ ကျောင်းစည်းကမ်းကို ချိုးဖောက်တယ်... စုစုပေါင်း ဒီပြစ်မှုကြီး သုံးခုပဲ မင်းမှာ ဘာပြောစရာရှိလို့လဲ။"

"မင်းကြိုက်တာကို ပြောလို့ရတယ်.... သဘောပဲ မင်းငါ့ကို ယင်းယန်အကယ်ဒမီကနေ ထုတ်လိုက်တာ အကောင်းဆုံးပဲ"

တစ်ဖက်လူက ဤဇာတ်လမ်းကိုသာ နားထောင်ပြီး သူ့ကို အပြစ်ပေးချင်နေသည်ကို မြင်လိုက်ရသဖြင့် လုရွှမ်သည် အဓိပ္ပါယ်မဲ့စွာ ပြောဆိုရန် အလွန်ပျင်းရိသွားကာ လက်ကိုဝှေ့ယမ်းကာ ထွက်ခွာသွားဖို့ ပြင်လိုက်၏။

"မင်း"

အပြစ်ပေးခံရဖို့ ပြောနေတာတောင် မမျှော်လင့်ထားဘဲ ဒီကောင်က ဒီလိုသဘောထား ရှိနေတုန်းပဲ။ အကြီးအကဲဖန့်ရဲ့ မျက်နှာက ဒေါသနဲ့ နီရဲလာပြီး မုတ်ဆိတ်မွေးတွေ တွန့်လိမ်ကောက်ကွေးလာသည်။

"မိုက်မဲတဲ့ကောင်!! မင်းက နောင်တ ဘယ်လိုရရမှန်း မသိဘူး ဆိုမှတော့ ငါဒီနေ့မင်းကို ကျောင်းကိုယ်စား အပြစ်ပေးလိုက်မယ်!"

ဗုန်း!

ဝိညာဥ်ချီနှင့် သွေးများ ဆူပွက်လာကာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် ကြီးမားသော တွန်းအားတစ်ခု အဖြစ်သို့ စုစည်းသွားသည်။ အကြီးအကဲဖန့် ဒေါသထွက်သောအခါ အခန်းတစ်ခုလုံးသည် နတ်ဘုရားများနှင့် သရဲတစ္ဆေများအတွက် ခက်ခဲသောစွမ်းအားကို တွန်းပို့မည့် ပြင်းထန်သောလေစီးကြောင်းများဖြင့် ပြည့်နှက်လာသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်၏ ဝိညာဥ်ချီသည် နယ်ပယ်တစ်ခုအဖြစ် ပြန်လည်ပေါင်းစည်းပြီး ကောင်းကင်နှင့် မြေကြီး၏ ယေဘုယျ လမ်းကြောင်းကို တစ်ကိုယ်လုံးသို့ တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည်။ လှုပ်ရှားမှုတိုင်းသည် ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ လူတို့ကို အနည်းငယ်မျှ ခံနိုင်ရည် မရှိစေသည့် ခံစားချက်များ ပေးစွမ်းနေ၏။

"ဖန့်ဝူဆွေ့... ရှင်ဘာလုပ် ချင်နေတာလဲ?"

အခြေအနေ ပေါက်ကွဲလုနီးနီး အချိန်တွင် စူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာပြီး ချန်စစ်ယန်သည် လုရွှမ်ရှေ့မှာ ရပ်ကာ သူမ၏မျက်လုံးများတွင် မခံမရပ်နိုင်သော အမူအရာဖြင့် ကြည့်နေသည်။

"လုရွှမ်က ကျွန်မတို့ ဆေးဥယျာဉ်ရဲ့ ထူးခြားတဲ့ ဧည့်သည်ပဲ.... သူ့ကို နည်းနည်းလေးတောင် နာကျင်အောင် လုပ်ဖို့ သတ္တိရှိရင် ကျွန်မတို့ ဆေးဥယျာဉ်က ရှင်တို့ ယင်းယန်အကယ်ဒမီ ဌာနခွဲနဲ့ ချက်ချင်း စစ်ဖြစ်မယ်ဆိုတာ အာမခံတယ်!"

"ဒါက ငါတို့ ယင်းယန်အကယ်ဒမီထဲက ကိစ္စပဲ.... ထွက်သွားလိုက်ပါ"

သူမ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ အကြီးအကဲ ဖန့်ဝူဆွေ့က မျက်ခုံးပင့်လိုက်သည်။

ဝုန်း!

လေလှိုင်းတစ်ခု အရှိန်အဟုန်ဖြင့် ဖြတ်ကျော်သွားသည်။ ချန်စစ်ယန် မတုံ့ပြန်မီတွင် သူမ မထိန်းနိုင်ဘဲ နောက်ပြန်ဆုတ်သွားပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာသည်။

သူမသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ်၏ အစွမ်းသတ္တိသာရှိသည်။ အဆင့်၇နှင့် နှိုင်းယှဉ်ပါက ခြားနားသည့် ကမ္ဘာတစ်ခု ရှိနေသည်။ ကျယ်ကျယ်လောင်လောင် အော်နေရင်တောင်မှ ဘာမဆိုလုပ်ရင် သူမသွေးကြောတွေ ကွဲထွက်သွားပြီး ပွဲချင်းပြီး သေသွားနိုင်သည်။

သူမသည် ဆေးဥယျာဉ်မှ ဖြစ်သည်။ မည်မျှပင် ရဲရင့်သော သူမည်သည်ကား သူမအား တိုက်ရိုက် မသတ်ဝံ့ဘဲ ဆုတ်ခွာသွားစေရန် ကြွေးကြော်နိုင်ခဲ့သည်။

"ရှင်!"

ဖန့်ဝူဆွေ့သည် သူမ၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုကာ တိုက်ရိုက် သတ်ပစ်နိုင်သည်ကို မြင်လိုက်ရသောအခါ ချန်စစ်ယန်၏ လှပသောမျက်နှာသည် ဒေါသနှင့် ပန်းရောင်သန်းလာပြီး သူမရှေ့တွင် ဆက်၍ ရပ်နေချိန်တွင် သူမပခုံးများကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။

"ကောင်းပြီ... နောက်ဆုတ်လိုက်ပါ မင်း သူ့ကို တားလို့ မရဘူး!"

လုရွှမ် လှမ်းတက်လာသည်။

"ရှင်ကပိုပြီးတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး"

ချန်စစ်ယန်သည် ယခုအချိန်တွင် လုရွှမ်တက်လာရန် မမျှော်လင့်ထားဘဲ သူမ၏ မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။

သူမသည် ဖန့်ဝူဆွေ့၏ ပြိုင်ဘက်မဟုတ်သော်လည်း လုရွှမ်သည် အဓိပတိနယ်ပယ်တွင်သာ ရှိနေသည်။ ဆေးဥယျာဉ်၏ ကျေးဇူးရှင်သည် ဤနေရာတွင် အမှန်တကယ် ဒုက္ခရောက်စေလိုပါက သူမ ပြန်သွားသောအခါ သခင်မချန်ကို မည်သို့ ရှင်းပြရမည်နည်း။

"ဟားဟား... ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး ဒါပေမဲ့ စိတ်မပူနဲ့ ငါမသေဘူး!"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ဆက်မပြောတော့ဘဲ သူ့ရှေ့က ဖန့်ဝူဆွေ့ကို လှမ်းကြည့်လိုက်သည်။

"မင်း ငါ့ကို သတ်ချင်တာ သေချာလား?"

"ငါမင်းကိုမသတ်ဘူး.... မင်းစည်းမျဥ်းတွေကို ချိုးဖောက်လို့ မင်းကို အပြစ်ပေးချင်တာ!"

"ကောင်းပြီ မင်းစိတ်ပိုင်း ဖြတ်ထားပုံရတယ်!"

လုရွှမ်က ခေါင်းခါလိုက်ပြီး အဝေးက ရတနာအကဲဖြတ်ဆရာကို ကြည့်ဖို့ ရုတ်တရက် ခေါင်းကိုလှည့်လိုက်သည်။

"ဘာလဲ? အပျော်လေးတွေ ဆက်ကြည့်ချင် သေးတာလား? ငါ အခုပဲ မင်းတို့ဆီကနေ အဖိုးတန်တဲ့ ရတနာတစ်ခုကို ဝယ်လိုက်တာ... ဒီမှာ ရုတ်တရက် သေသွားရင် ရတနာအဆောက်အအုံက ဘာမှမပတ်သက်ဘူးလို့ ပြောနိုင်လား?"

"ဒါ...."

ရတနာအကဲဖြတ်သူသည် ထိုစကားကို ကြားသောအခါ သူ့မျက်နှာသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွားသည်။

လုရွှမ်သည် သူ၏ လောင်းကစားကံ၌ ဝိညာဥ်ကျောက်တုံး သန်းချီတန်သော ရတနာကို ရရှိခဲ့သည်။ ရတနာအဆောက်အအုံနှင့် ဘာမှမဆိုင်သော်လည်း အခြားသူများက ၎င်းတို့၏ လှည့်စားမှုဟု သေချာပေါက် ထင်မြင်ကြလိမ့်မည်။

"ဒါက မင်းတို့ ယင်းယန်အကယ်ဒမီရဲ့ အတွင်းရေး မကျေနပ်ချက် တစ်ခုပဲ... ငါတို့ ရတနာအဆောက်အအုံနဲ့ ဘာမှ မဆိုင်ပါဘူး.... ဒီကိစ္စကို ငါတို့ဆီ အလွယ်တကူ မပစ်ပေးသင့်ဘူး"

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ရတနာအကဲဖြတ်သူ ဆရာကြီးက ပြောသည်။

"အဲဒါတော့ ကျုပ်မသိဘူး... ဒါပေမဲ့ ကျုပ်ဒီမှာ တကယ်သေသွားမယ် ဆိုရင် ဒီက ရတနာတွေကို ထပ်လောင်းကစားဖို့ ဘယ်တော့မှ ကြိုးစားလို့ ရတော့မှာ မဟုတ်ဘူး"

လုရွှမ်က ပေါ့ပေါ့ပါးပါးပဲ ပြောသည်။

"ကောင်းပါပြီ!"

ဆရာကြီးလည်း ဒါကိုသိပြီး အံကြိတ်ပြီး မတ်တပ်ထရပ်လိုက်သည်။

"ယင်းယန်အကယ်ဒမီရဲ့ အကြီးအကဲ... မင်းရဲ့ အကယ်ဒမီရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ အဆင်မပြေပေမယ့် လုရွှမ်ကတော့ ရတနာလောင်းကစား အဆောက်အအုံရဲ့ တန်ဖိုးရှိတဲ့ ဖောက်သည် တစ်ယောက်မို့... မင်းငါ့ကို ဂရုစိုက်လို့ ရတယ်... ဒါပေမဲ့ မင်းလှုပ်ရှားချင်ရင် ဒီမှာ ဒုက္ခမပေးနဲ့.... မဟုတ်ရင် ငါတို့ ရတနာလောင်းကစား အဆောက်အအုံကလည်း မျက်နှာသာ ပေးမှာ မဟုတ်ပါဘူး"

ဗုန်း!

စကားများ ပြီးသောအခါ ရတနာအကဲဖြတ် ဆရာကြီးသည် သူ့ခန္ဓာကိုယ်မှ ရောင်ဝါကို ထုတ်လွှတ်သည်။ အခြေအနေက အကြီးအကဲဖန့် ကဲ့သို့ပင် အဆင့်၇ ဖြစ်ပြီး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိထားပြီ။

"ကောင်းပြီ.... ဒီနေ့ ရတနာအဆောက်အအုံရဲ့ မျက်နှာကြောင့် ပြန်သွားတဲ့အခါမှ ရာဇ၀တ်မှုအားလုံးကို အပြစ်ပေးမယ်!!"

ရတနာများကို အကဲဖြတ်သူ မဟာဆရာကြီးသည် သူ့ကဲ့သို့ အားကောင်းသည်ကို မြင်လိုက်ရသဖြင့် လုရွှမ်ကို ဆက်လက် နှောက်ယှက်ပါက ရတနာလောင်းကစား အဆောက်အအုံကို မကျေနပ်မှု ဖြစ်စေမည်ကို သိလိုက်သည်။ အဆင့်၇ ကွေးယိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က သူ့အတွက် ယှဉ်ပြိုင်ဖို့ ခက်လိမ့်မည်။

ထို့ကြောင့် ချက်ချင်း မျက်မှောင်ကြုတ်ပြီး ဟိန်းဟောက်လိုက်ပေ၏။

ဘာသာပြန် - လက်ရှိ လုရွှမ်ရောက်နေတာက ရတနာလောင်းကစား အဆောက်အအုံပါ။ စိမ့်မြက်သွားဝယ်တာက ရတနာ ရှန့်ခုန်းအဆောက်အအုံ။ ၂ခုက မတူပါဘူးနော်။

All Chapters