← Chapters

အရှုံးပေးတဲ့အထိ ရိုက် (ဒုတိယပိုင်း)

Vol. 25 Ch. 3.122

အရှုံးပေးတဲ့အထိ ရိုက် (ဒုတိယပိုင်း)

Vol. 25 Ch. 3.122

"ရာဇဝတ်မှု အားလုံးကို ပြန်သွားတဲ့အခါ အပြစ်ပေးမယ်?? ဒါလည်း မကောင်းဘူး!"

သူ့ဟောက်သံကို ကြားတော့ လုရွှမ်က ခေါင်းခါလိုက်သည်။

"ဟမ့် လုရွှမ်!! ရတနာအဆောက်အအုံက ဒီနေ့ မင်းကို ကာကွယ်ပေး နေတာကြောင့် ငါမလှုပ်ရှားတော့ဘူး မင်း ဒီကနေ ထွက်သွားပြီး ယင်းယန်အကယ်ဒမီကို ပြန်ရောက်ရင် လွတ်မြောက်မယ်လို့ ငါမယုံဘူး"

လူငယ်သည် နောင်တရပြီး ကဲ့ရဲ့ဆဲဖြစ်ပြီး အပြစ်ပေးခံရဦးမည်ကို မသိသေးသည်ကို မြင်လိုက်ရသဖြင့် အကြီးအကဲဖန့်သည် ဓားကဲ့သို့ အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။

"လုရွှမ်!! ဒီနေ့ မင်းလွတ်မြောက် နိုင်ရင်တောင် ရတနာအဆောက်အအုံက မင်းကို ထာဝရ ကာကွယ်ပေးနိုင်တယ်လို့ ငါမယုံဘူးကွ"

တစ်ဖက်မှ ရှောင်းယွင့်ထျန်းကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

အကြီးအကဲဖန့် ဒေါသအရမ်း ထွက်နေတာကို မြင်တော့ သူ့ရဲ့သွေးထိုး လှုံ့ဆော်မှု အောင်မြင်သွားတာကို သူသိလိုက်သည်။ ဒါကို သူဘယ်လိုစိတ်မချမ်းသာဘဲ နေပါ့မလဲ။

"အဘိုးကြီး.... ခင်ဗျား ကြားတယ်နော် အခု ဘာမှမလုပ်ပေမယ့် ပြန်ရောက်တာနဲ့ အပြစ်ပေးဖို့ စီစဥ်နေတာ..... ဒီလိုလုပ်ရအောင် မင်းသူ့ကို အရှုံးပေးတဲ့အထိ ရိုက်နှက်နိုင်အောင် အခွင့်အရေး တစ်ခုပေးမယ်"

တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရပေမယ့် လုရွှမ်သည် ဂရုမစိုက်သေးဘဲ အဝေးက ရတနာအကဲဖြတ် ဆရာကြီးကို ထပ်မံကြည့်ရှုရန် ခေါင်းလှည့်လိုက်သည်။

"သူ အရှုံးပေးတဲ့အထိ ရိုက်ရမှာလား? ဒီကသခင်လေးက နောက်နေတာပဲ... ငါတို့ရဲ့ ရတနာလောင်းကစား အဆောက်အအုံက လူမိုက် မဟုတ်သလို မင်းရဲ့ကိုယ်ရံတော်လည်း မဟုတ်ဘူး... ငါတို့က မင်းကို ကူပဲကူညီနိုင်တယ်။ မင်းထွက်သွားရင် ဒါက မင်းရဲ့အတွင်းရေးကိစ္စပဲ.... အဲဒါကို ငါတို့ ၀င်မစွက်ဖက်ချင်ဘူး!"

ဆရာကြီးက ခေါင်းခါလိုက်သည်။

အတွင်းရေး ပြဿနာကို အခြားသူများ ဆွေးနွေးခြင်းမှ တားဆီးရန်သာ သူလုပ်ဆောင်ခဲ့သည်။

လူတိုင်းက တစ်ခုခုဝယ်တဲ့အခါ သူတို့ရဲ့ အကာအကွယ်ကို လိုအပ်ရင် ရတနာအဆောက်အအုံက ပြုလုပ်ပေးမည် ဖြစ်သော်လည်း အဆောက်အအုံက ထွက်ခွာပြီးရင်တော့ သူတို့ဘာသာ သေသေရှင်ရှင် ရတနာအဆောက်အအုံနဲ့ မဆိုင်တော့ချေ။

"မင်းက ငါ့ရဲ့ ကိုယ်ရံတော်တွေ မဟုတ်မှန်း ငါသိပါတယ်..... ဒါပေမဲ့ ငါ့မှာ ဒါရှိခဲ့ရင်ရော??"

လုရွှမ်သည် ရှည်ရှည်ဝေးဝေး ပြောနေရန် ပျင်းလွန်းသဖြင့် အရာဝတ္တုတစ်ခုကို ထုတ်၍ ပြလိုက်သည်။

ဆရာကြီးသည် ခဏတာ အံ့အားသင့်သွားကာ ပစ်လိုက်သည့် အရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။

"မှင်အမိန့်ပြား?? ဒါက အဆောက်အအုံသခင်ရဲ့ မှင်အမိန့်ပြားပဲ..... မင်းမှာ ဘာလို့ ဒီဟာရှိနေတာလဲ?"

မြရောင်ဝါးဝယ်တဲ့ အဘိုးအိုဆီကနေ လုရွှမ်ရခဲ့တဲ့ မှင်အမိန့်ပြားပဲ ဖြစ်လေသည်။

"အဆောက်အအုံသခင်... ဘာအဆောက်အအုံ သခင်လဲ??"

"မင်းက တုံးလိုက်တာ... ဒီရတနာတွေကို အကဲဖြတ်တဲ့ ဆရာကြီးက ရတနာအဆောက်အအုံကလေ... သူ့ဆရာကလည်း အဆောက်အအုံရဲ့ နံပါတ်တစ် ဆရာသခင်ပဲ... သူပြောနေတဲ့ အဆောက်အအုံသခင်က တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ?"

"မင်းက ဒီရတနာအဆောက်အအုံရဲ့ သခင်ကို ဆိုလိုတာလား?"

"ဟုတ်ပါတယ် သူပဲ!"

"ရတနာအဆောက်အအုံရဲ့ သခင်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ဖြစ်ပြီးတော့ အဆင့်၈ ရတနာအကဲဖြတ် ဂိုဏ်းဆရာလည်း ဖြစ်တယ်... သူ့ရဲ့ မှင်အမိန့်ပြား အကြောင်းကို ငါကြားဖူးတယ် စုစုပေါင်း ၃ခုပဲ ရှိတာ.... အဲဒီအမိန့်ပြား တစ်ခု ရှိနေသရွေ့ ကိုယ်လုပ်ချင်တာကို ချွင်းချက်မရှိ အမိန့်ပေးနိုင်တယ်"

"မှန်တယ်... မှင်အမိန့်ပြားက အရမ်း အဖိုးတန်တယ်။ သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် အဆင့် (၈)ရဲ့ ကြီးမားတဲ့ ကတိတစ်ခုလို့ ဆိုနိုင်တယ်"

ရတနာအဆောက်အအုံတွင် ကျန်ရစ်ခဲ့သော ရတနာရွေးသူများသည် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ဆွေးနွေးနေကြပြီး သူတို့၏ မျက်နှာများသည်လည်း ထိတ်လန့်တုန်လှုပ် နေကြသည်။

ပေရွှီးအင်ပါယာရှိ လူများသည် ၎င်းကို မကြားဘူးသော်လည်း ရှန့်ခုန်းမြို့တွင် ကာလကြာရှည် နေသူများသည် ရတနာအဆောက်အအုံ ပိုင်ရှင်၏ သင်္ကေတဖြစ်သည်ကို သိကြသည်။ ပိုင်ရှင်၏ ကြီးမားသော ကျေးဇူးကို ခံယူခြင်းနှင့် ညီမျှလေသည်။

အကျင့်စာရိတ္တ မဖောက်ဖျက်သရွေ့ သူလုပ်ချင်တာ မှန်သမျှကို လုပ်ဆောင်ခွင့် ပေးထားသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံခြင်း အဆင့်ဟူသည့် အချက်ကို တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ကောင်းနေလေပြီ။

"ငါ့မှာဘာလို့ ဒါရှိနေလဲ ဆိုတာကို စိတ်မပူပါနဲ့.... ငါအခုနက ပြောခဲ့တာကို မင်းကြားလား? ငါ့ကိုရိုက်ချင်တဲ့လူကို အရှုံးပေးတဲ့အထိ ရိုက်!! ဒါပေါ့ သူငါ့ကိုပြန်ပြီး ဒုက္ခပေးချင်သေးရင် ကျေးဇူးပြုပြီး သူ့ကိုသတ်လိုက်ပါ.... မင်းမလုပ်နိုင်ရင် မင်းရဲ့သခင်ကို သွားခေါ်လိုက်.... ဒီကိစ္စကို ကူညီပေးရတာ ကျေနပ်သွားမယ်လို့ ငါယုံကြည်တယ်"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောသည်။

မြရောင်ဝါးကို ပထမဆုံး ဝယ်တုန်းက အဖိုးအိုက ဘယ်သူလဲဆိုတာ မသိပေမယ့် စကားစမြည်ပြောတဲ့အခါ တစ်ဖက်လူက ရတနာအကဲဖြတ်သူ ဖြစ်ရမယ်လို့ ချက်ချင်း သဘောပေါက်ခဲ့သည်။

ရတနာအကဲဖြတ်သူသည် မိမိဘဝတွင် အမှားသုံးကြိမ်သာ ကျူးလွန်နိုင်၍ တစ်ကြိမ်သာ အမှားလုပ်မိပါက စာရင်းမှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဟု အဓိပ္ပာယ်ရသောကြောင့် မြရောင်းဝါး အရေးကို ကူညီဖြေရှင်းပေးခဲ့ အတွက် တစ်ဖက်သားက သူ့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ရမှာမို့ ရက်ရက်ရောရော ပေးခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူက မှင်အမိန့်ပြားကို ထုတ်လိုက်သောအခါ မည်သူမည်ဝါ ဖြစ်သည်ကို လုံးဝအတည်ပြုခဲ့သည်။

ရတနာအဆောက်အအုံ ပိုင်ရှင်ကသာ မှင်အမိန့်ပြားကို အသုံးပြုရန် အရည်အချင်း ပြည့်မီလေသည်။

ဒါကို သူမဆိုင်းမတွ လက်ခံလိုက်တာဟာ အမိန့်ပြားရဲ့ အကျိုးရလဒ်ကို အတိအကျ သိထားသောကြောင့် ဖြစ်သည်။ ဤနေရာတွင် ရပ်နေသော အကြီးအကဲဖန့်၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်လည်း အဆင်ပြေ၏။

ဖန့်ဝူဆွေ့ သန်မာသော်လည်း ရတနာအဆောက်အအုံ၏ သခင်ထက် သန်မာနိုင်ပါ့မလား။ မဖြစ်နိုင်ဘူး ဆိုတာ သိသာပါသည်။

ဖန့်ဝူဆွေ့ ယခု သူရောက်လာချိန်တွင် ယုတ္တိမဲ့ပြီး မိမိအား အကဲဖြတ်နေပါက ဤကတ်ကို အသုံးပြုနေမည် မဟုတ်ပေ။ ဤလူသည် သူ့အား ပြဿနာရှာနေသောကြောင့် သေးငယ်သော အကြီးအကဲ တစ်ယောက်ကို သတ်ပစ်ဖို့က သိပ်မခက်ခဲတော့ချေ။

"ဟုတ်ကဲ့!"

မှင်အမိန့်ပြားကို မြင်သောအခါ ရတနာအကဲဖြတ်သူသည် မည်မျှ တန်ခိုးကြီးသည်ကို မသိဘဲမနေပေ။ သူသည် ခေါင်းညိတ်ပြကာ အကြီးအကဲဖန့်ကို အေးတိအေးစက် စိုက်ကြည့်ရင်း သူ၏ ရောင်ဝါသည် ဒီရေကဲ့သို့ တဟုန်းဟုန်း တောက်လာသည်။

မှင်အမိန့် ထုတ်လိုက်တာက အဆောက်အအုံသခင်က ဘာမဆို လုပ်ခွင့်ပေးလိုက်တာနဲ့ အတူတူပင်။ ယင်းယန်အကယ်ဒမီရဲ့ လူကြီးတစ်ယောက်ကို သတ်လိုက်တာဟာ အတော်လေးကို ရိုးရှင်းပါ၏။ အဲဒါကို မစဉ်းစားဘဲတောင် အဆောက်အအုံသခင်က ကျေကျေနပ်နပ်ကြီး ဖြစ်နေမှာ သေချာလေသည်။

အဆောက်အအုံသခင် အတွက် သူ၏ကတိကို ဖြည့်ဆည်းပေးပြီး မှင်အမိန့်ပြားကို ပြန်လည်ရယူရန် ကူညီနိုင်ခဲ့ပါက သူ၏ရာထူးသည် အလွန်အားကောင်းလာမည် ဖြစ်ပြီး အောင်မြင်ပါက နောက်ထပ် အဆောက်အအုံ သခင်ဖြစ်လာမည် ဖြစ်သည်။

"မင်း"

မထင်မှတ်ပဲ ကောင်လေးမှာ ဒီလို ဝှက်ဖဲတစ်ချပ် ရှိနေတာ တွေ့ရတော့ ဖန့်ဝူဆွေ့ ရဲ့ မျက်နှာတစ်ခုလုံး အစိမ်းရောင် ဖြစ်သွားသည်။

လုရွှမ်ရဲ့ လုပ်ရပ်ကို ကြားတော့ သူက မာနကြီးပြီး မိမိကို စိတ်မကျေမနပ် ဖြစ်မိတဲ့အတွက် သူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ဖို့ သင်ခန်းစာတစ်ခု နှစ်ခုလောက် သင်ပေးချင်ခဲ့သည်။ အရင်တစ်ခါကလို စကားစမြည် ပြောမလို့ ဒီကိုရောက်ပြီးတဲ့ နောက်မှာတော့ ရှောင်းယွင့်ထျန်း အရိုက်ခံရတာကို တွေ့လိုက်ရသည်။

အဲဒါကို ဂရုမစိုက်ဘဲ တစ်ဖက်က အမှားလုပ်မိတယ်လို့ သူ့စိတ်ထဲမှာ ယူဆလိုက်သည်။ ထို့နောက် ရှောင်းယွင့်ထျန်း၏ အဓိပ္ပါယ်မရှိတဲ့ စကားကို ပြန်လည်ကြားသိရပြန်သည်။ နားလည်မှု လွဲမှားပြီးနောက် လုရွှမ်ကို ဒေါသထွက်နေပြီဖြစ်သည်။

မူလက ဌာနခွဲကို ပြင်ရောက်ရင် သင်ခန်းစာကောင်းကောင်း သင်ပေးချင်ပေမယ့် သူ မလှုပ်ရှားခင်မှာ ပြိုင်ဘက်က ပိုအားကောင်းတဲ့ ဝှက်ဖဲကို သုံးလာမယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးဘူး။

"အကြီးအကဲဖန့်... စိတ်မကောင်းပါဘူး!"

ရတနာအကဲဖြတ်သူ ဆရာကြီးသည် ဖန့်ဝူဆွေ့၏ ဒေါသကို လျစ်လျူရှုကာ အော်ဟစ်၍ ရှေ့သို့ ခြေတစ်လှမ်းတိုးခဲ့သည်။

သေမျိုးအသွင် ကူးပြောင်းခြင်းနယ်ပယ်၏ အဆင့်၇ ပြီးပြည့်စုံသော ခွန်အားကို ထုတ်ဖော်ပြသခဲ့ပြီး ပြင်းထန်သော စွမ်းအားသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားသည်။ သူ မလှုပ်ရှားမီတွင် ပတ်ဝန်းကျင်သည် လေနှင့် မိုးခြိမ်းသံများဖြင့် ပြည့်နှက်လာခဲ့သည်။

၎င်းတို့ နှစ်ဦးစလုံးသည် အဆင့်၇တွင် ပြင်းထန်သော စွမ်းအားများ ရှိပြီး တူညီသော ခွန်အားများ ရှိကြသော်လည်း ဤသည်မှာ ရတနာအဆောက်အအုံ သခင်၏ ပိုင်နက်ဖြစ်ပြီး သူ့နောက်တွင် ကြီးမားသော ကျောထောက်နောက်ခံ ရတနာအဆောက်အအုံ ရှိသည်။

အကြီးအကဲဖန့်အတွက် တစ်ယောက်တည်း ဖြစ်နေပါပြီ။

စိတ်ပိုင်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် အကြီးအကဲဖန့်သည် ဖိအားများအောက်တွင် ရှိနေပြီး ၎င်းကို မတိုက်ခိုက်ရဲဘဲ မဝံ့မရဲ ချုပ်တည်းထားရသည်။

"ခဏနေဦး!"

တိုက်ပွဲစခါနီးတွင် ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အသွင်အပြင်တစ်ခု ဖြတ်ဝင်လာခဲ့သည်။

လုရွှမ် သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြီး ထိုလူကို ချက်ချင်း မှတ်မိသွားသည်။ ရှန့်ခုန်းအဆောက်အအုံတွင် မြရောင်ဝါးကို ဝယ်ယူခဲ့သည့် ကျန့်ပိုင်လျဲ့ပင်။

"သခင်လေးလုရွှမ်... ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီနော်"

အစိမ်းရောင် ဝတ်ရုံနဲ့ အဘိုးကြီးက ရယ်မောလျက် လျှောက်လာ၏။

"အဆောက်အအုံသခင်က အချိန်မီ ရောက်လာတာပဲ... ဒီအကြီးအကဲဖန့်က ကျွန်တော့်ကို သင်ခန်းစာတစ်ခု သင်ပေးချင်နေတာ။ သင်ခန်းစာကို သင်ပေးရတာ မကြိုက်လို့ ဖြစ်သွားတာ... ဒီလိုဆိုရင်ရော ဘယ်လိုလဲ? မှင်အမိန့်ပြားကို ခင်ဗျားဆီ ငါပြန်ပေးမယ်။ ကျုပ်တို့နှစ်ယောက်ကြားက ကိစ္စက ပြေလည်သွားပြီလို့ သတ်မှတ်လိုက်ပါ... အပြန်အလှန် အနေနဲ့ သူ့ကိုရိုက်ပေး!! သူ့မှာ ကျုပ်ကို ပြဿနာရှာဖို့ အကြံအစည် ရှိနေသေးရင်တော့ သူ့ကိုသတ်ပစ်လိုက်!"

သူ ပေါ်လာတာကို မြင်တော့ လုရွှမ်က ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

လူငယ်လေး၏ စကားကို ကြားတော့ ရတနာအဆောက်အအုံ သခင်သည် လူကိုယ်တိုင် လာနေသည်ကို တွေ့လိုက်ရသဖြင့် အကြီးအကဲဖန့်သည် လက်သီးများကို တင်းတင်းဆုပ်ကာ သူ့မျက်နှာသည်လည်း အလွန်ရုပ်ဆိုးသွားသည်။

All Chapters