← Chapters

ဖော်ထုတ်ခြင်း (ပထမပိုင်း)

Vol. 25 Ch. 3.124

ဖော်ထုတ်ခြင်း (ပထမပိုင်း)

Vol. 25 Ch. 3.124

"ရှောင်းယွင့်ထျန်းက လုရွှမ်ကို ဝိညာဥ်ကျောက်တုံး သန်းချီတန်တဲ့ မီးဖိုကိုရွေးဖို့ ကူညီပေးခဲ့တာလို့ မင်းပြောခဲ့တယ်နော်.... သူ့ရဲ့ကြင်နာမှုအတွက် ပြန်မဆပ်ဘဲ ဆူဖြိုးတဲ့ လူဆီက ရှောင်းယွင့်ထျန်း ရိုက်နှက်ခံရတာကိုပဲ ကြည့်ခဲ့တာလား?"

သူက အကဲဖြတ်သူကို စိုက်ကြည့်လိုက်သည်။

"ဟုတ်!" အကဲဖြတ်သူကလည်း ခေါင်းညိတ်ပြသည်။

အခြေအနေကို အတိအကျ မသိသော်လည်း ထိုကိစ္စ၏ အကြမ်းဖျင်းကို သူမြင်နေသေးသည်။

"မင်းက ရှောင်းယွင့်ထျန်းလား? လုရွှမ်အတွက် သန်းချီတန်တဲ့ ဆေးမီးဖိုကိုရွေးဖို့ ကူညီပေးနိုင်ပါတယ်ဆို မင်းမျက်စိ ကောင်းနေပုံရတယ်!"

သခင်ကျန့်မှ မျက်လုံးများကို မှိတ်ထားလျက် မေးလိုက်သည်။

"ကျွန်တော် ငယ်ငယ်လေးကတည်းက ရတနာတွေကို အကဲဖြတ်ရာမှာ ထူးချွန်ပြီး အဆင့်၉ ရတနာအကဲဖြတ် ဆရာကိုလည်း အောင်မြင်ခဲ့ပါတယ်။ ရတနာတွေကို အကဲဖြတ်ရာမှာ ကျွမ်းကျင်မှု အဆင့်တစ်ခု ရှိနေဆဲလို့ ယုံကြည်ပါတယ်"

ရှောင်းယွင့်ထျန်းက ဖျော့တော့စွာ သွားတွေကို ကြိတ်လိုက်သည်။

လေးကိုဆွဲသည့်အခါ နောက်ပြန်လှည့်ရန် မြှားမရှိသဖြင့် ယခု သူ ဆက်ပြောရုံသာ တတ်နိုင်သည်။ လုရွှမ်သည် ကျေးဇူးကန်းနေသည် မဟုတ်ပါက အကြီးအကဲဖန့်လည်း ဒေါသထွက်သွားမည် မဟုတ်ပေ။

"အဆင့်၉ ရတနာအကဲဖြတ်သူလား? ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ကို ရောက်ခဲ့တာ တော်တော်ကောင်းပါတယ်"

သခင်ကျန့်သည် ပထမဆုံးအကြိမ် ချီးကျူးလိုက်သည်။

"သခင်ကျန့်ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်!"

ရှောင်းယွင့်ထျန်းရဲ့ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ဦးညွှတ်လိုက်သည်။

ဤသည်မှာ အဆင့်၈ ရတနာအကဲဖြတ် ဂိုဏ်းဆရာကြီး ဖြစ်သည်။ သူသည် ရတနာ အကဲဖြတ်သူ အများအပြား၏ ချီးကျူးမှုကို ရရှိရန် အိပ်မက်မက်ခဲ့ဖူး၏။

"ကောင်းပြီ... ရတနာတွေကို အကဲဖြတ်နိုင်တာ ကံကောင်းပါတယ် အဲဒါ လောင်းကစားကံလို့ ပြောတယ် ဒါပေမဲ့... တကယ်တော့ အဲဒါက ရတနာတွေကို အကဲဖြတ်ခြင်းနဲ့ ပိုပတ်သက်တယ်လို့ ငါထင်တယ်! ရတနာတွေ အများကြီးထဲက ဝိညာဥ်ကျောက်တုံး သန်းချီတဲ့ မီးဖိုကို မင်းရွေးချယ်နိုင်ခဲ့တယ် ဆိုတော့ မင်းရဲ့ ခိုင်မာတဲ့ မျက်လုံးတွေနဲ့ ရတနာတွေကို ဖော်ထုတ်နိုင်တာပဲ ငါအဲဒါကို မချီးကျူးဘဲ မနေနိုင်ဘူး!"

သခင်ကျန့်က ဆက်လက် ချီးကျူးသည်။

"ကျွန်တော့်မှာ အရည်အချင်းတွေ ရှိတယ် ဒါပေမဲ့ နာမည်ကြီး ဆရာတစ်ယောက်မှ မရှိပါဘူး..."

တစ်ဖက်လူက သူ့ကို မဆိုင်းမတွ ချီးကျူးနေတာကြောင့် ရှောင်းယွင့်ထျန်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဒူးထောက်လိုက်ပြီး

"ယွင့်ထျန်း... သခင်ကျန့် ဆီကနေ သင်ယူချင်ခဲ့တာ ကြာပါပြီ ရတနာတွေကို အကဲဖြတ်တာက ကမ္ဘာမှာ တုနှိုင်းမရတဲ့ အတွက်ကြောင့် သခင်ကျန့်ကို လေးလေးနက်နက် လေးစားမိပြီး နောက်ပိုင်း အတူတူ အလုပ်လုပ်နိုင်အောင် ဒီမျိုးဆက်သစ် လူငယ်ကို လက်ခံပေးဖို့ တောင်းဆိုရင်း... ဂါဝရပြုပါတယ်!"

"ထပါ.... ဒီကိစ္စက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး အရင်ဆုံး မင်းရဲ့ အရည်အချင်းနဲ့ အလားအလာကို ငါမြင်ရအောင်လို့ ပြစမ်းပါဦး!"

သခင်ကျန့်က ရယ်မောလိုက်၏။

"သခင်ကျန့် ပြောပါ... ကျွန်တော် လုပ်နိုင်တာ မှန်သမျှကို အစွမ်းကုန် ဆောင်ရွက်ပါ့မယ်"

တစ်ဖက်လူက သူ့ကိုတပည့်အဖြစ် လက်ခံပေးဖို့ သဘောမတူပေမယ့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ဒီလိုဆိုရင် အတွင်းဝင်းထဲက ကျောင်းသားတွေနဲ့ ချန်စစ်ယန်တို့ အားလုံးကို လျစ်လျူရှုလိုက်လို့ ရသည်။

လုရွှမ်ကတော့ မှင်အမိန့်ပြားကို ရနိုင်လောက်အောင် ကံကောင်းခဲ့ပါ၏။ သူဟာ သခင်ကျန့်ရဲ့ တိုက်ရိုက်တပည့် ဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် မှင်အမိန့်ပြား မရှိရင်တောင် လုရွှမ်ကို သင်ခန်းစာတစ်ခု ပေးဖို့က လွယ်သွားမှာ မဟုတ်ဘူးလား။

"ဒါဟာ အရမ်းရိုးရှင်းပါတယ်။ မင်းရဲ့အမြင်အာရုံကို စမ်းသပ်ဖို့ အချိန်ကောင်းပဲလေ... မင်းမှာ ရတနာတွေကို အကဲဖြတ် ပိုင်းခြားနိုင်စွမ်းရှိလို့ နောက်ထပ် အမျိုးအစားအချို့ကို မင်းရွေးချယ်နိုင်တယ်။ မင်း ရတနာတစ်ခုကို တစ်သန်းတန် ရွေးနိုင်သရွေ့ မင်းကို ငါတပည့်အဖြစ် တိုက်ရိုက်လက်ခံမယ်!"

"ဝိညာဥ်ကျောက်တုံး ၁သန်းတန်တဲ့ ဟာကို ရွေးရမယ်?"

ရှောင်းယွင့်ထျန်း၏ အမူအရာ ပြောင်းလဲသွားကာ သူငိုလုနီးပါးပင် ဖြစ်သွားသည်။

တခြားသူတွေက သူ့အကြောင်းကို မသိသော်လည်း သူ့အခြေအနေကို သူသိသည့။ ရိုးရိုးသားသား ပြောရရင် လုရွှမ်ရွေးတဲ့အိုးက သူနဲ့ ဘာမှမဆိုင်ခဲ့ဘူး။

အခု တစ်သန်းတန်တဲ့ နောက်ထပ်တစ်လုံးကို ရွေးခွင့်ပြုရင်တောင် သူဘယ်လို ရွေးရမလဲ။

"ကျွန်တော် စမ်းကြည့်မယ်!"

သို့သော် ရှောင်းယွင့်ထျန်းသည် သူ့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း သိထားသည်။ ရွေးချယ်ပြီးပါက သူ့ကို သခင်ကျန့်မှ တပည့်အဖြစ် လက်ခံမည် ဖြစ်သည်။

အံကြိတ်ရင်း ရှည်လျားသော ပလက်ဖောင်းဆီသို့ လျှောက်သွားလိုက်သည်။ ရတနာမျိုးစုံတို့သည် ရှည်လျားသော ပလက်ဖောင်းပေါ်တွင် တောင်ကြီးတစ်ခုလို စုပုံနေ၏။

"ဝိညာဥ်ကျောက်တုံး သန်းပေါင်းများစွာ ရချင်ရင် အကြီးကြီးကို ရွေးရမှာ.... ဘယ်ဟာကို ရွေးရမလဲ"

ရှောင်းယွင့်ထျန်း လျင်မြန်စွာ မှင်တက်သွားသည်။

ရိုးရိုးသားသား ပြောရရင် ရတနာဟာ အပေါ်ယံအရာတွေကို မဖယ်ထားပေ။ အဆင့်၉ ရတနာအကဲဖြတ်သူ မဆိုထားနှင့်။ ဂိုဏ်းဆရာအဆင့် ရတနာ အကဲဖြတ်သူတောင်မှ မလုပ်နိုင်ဘူး။ မဟုတ်ရင် ဘယ်လိုလုပိ ရတနာကို အကဲဖြတ်မှာလဲ။ အမြတ်တနိုးနဲ့ တိုက်ရိုက် ဝယ်လိုက်တာက ပိုကောင်းတယ်လေ။

အစပိုင်းတွင် သူကြွားလုံးထုတ်မည်ဟု ကတိပြုခဲ့သည့် ရည်ရွယ်ချက်မှာ ချန်စစ်ယန်လို့ လှပသော အမျိုးသမီး၏ နှလုံးသားကို အနိုင်ယူရန် နည်းလမ်းကို ရှာဖွေဖို့ ဖြစ်သည်။ ယခုအချိန်တွင် သူ့အတွက် အမှန်တကယ် ရွေးချယ်ရန်မှာ ခက်ခဲလွန်းလှသည်။

"မေ့လိုက်ပါ.... ငါဘယ်လိုမှ ရွေးချယ်လို့ မရဘူး... လုရွှမ်လိုမျိုး ကွဲနေတဲ့ဟာကို ဘာလို့ မရွေးရမှာလဲ? ကံကောင်းအောင် ကြိုးစားကြည့်လို့ အောင်မြင်ရင် ဘယ်လိုလုပ်မလဲ?"

အချိန်အတော် ကြာအောင် ရွေးပြီးနောက် ဘာရွေးရမလဲ ဆိုတာ မရွေးချယ်နိုင်သေးဘဲ ခေါင်းမူးနေလေ၏။

လုရွှမ်သည် တစ်သန်းတန်သော အိုးတစ်လုံးကို ဖြစ်သလို ကောက်ကိုင်ခဲ့သည်။ သူ့ကံက ကံဆိုးနေရင်တောင် သိပ်တော့ မဆိုးသင့်ဘူးမလား။

အံကြိတ်လိုက်သည်နှင့် မျက်လုံးများ စောင်းသွားကာ သူ့ရှေ့တွင် ကြီးမားသော ရတနာတစ်ခု ပေါ်လာသည်။ ၎င်းသည် ဆေးမီးဖိုတစ်ခု ဖြစ်ပြီး လုရွှမ်၏ ဆေးအိုးကဲ့သို့ အက်ကွဲကြောင်းတချို့လည်း ရှိ၏။ သူက ချက်ချင်းပင် ရှေ့ကို ညွှန်လိုက်သည်။

"ကျွန်တော်ရွေးပြီးပြီ... ဒါပဲ!"

"ဒါ သေချာလား?"

ကျန့်ပိုင်လျဲ့က ထပ်မေးသည်။

"ဟုတ်ပါတယ်!"

ရှောင်းယွင့်ထျန်း အံကြိတ်ကာ ဘာပဲပြောပြော ကံကြမ္မာကိုပဲ လောင်းကြေးထပ် ရတော့မည်။ သူ့ကိုရွေးခိုင်းရင် ဘာကြောင့် မရွေးရမှာလဲ။ မကြိုးစားဘဲ အောင်မြင်တဲ့သူ ဘယ်မှာရှိလို့လဲ?

"ကောင်းပြီ စစ်ဆေးကြည့်!"

ကျန့်ပိုင်လျဲ့သည် အဓိပ္ပါယ်မရှိသော စကားမပြောဘဲ အကဲဖြတ်ရန် ရတနာအကဲဖြတ်သူကို တိုက်ရိုက် ခေါ်ယူခဲ့သည်။ အချိန်အကြာကြီး မကြာလိုက်ဘဲ မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများ သန့်စင်သွားကာ ၎င်း၏ရုပ်လုံး ပေါ်ထွက်လာသည်။

"အဆင့်၃ အဂ္ဂိရတ်ဆေးမီးဖို! ပြီးတော့ အမှိုက်အိုးပဲ ဝိညာဉ်ကျောက်တစ်လုံးတောင် မတန်ဘူး!"

အကဲဖြတ်သူက ဈေးကိုပါ အကဲဖြတ်လိုက်သည်။

"အာ"

ရှောင်းယွင့်ထျန်း၏ မျက်နှာ ပြောင်းလဲသွားသည်။

"ဒါ ကျွန်တော် အမြင်မှားသွားတာ... လောင်းကစား ကံကြောင့် သိပ်မသေချာသွားတာ"

"ကောင်းပြီ.... မင်းကို အခွင့်အရေး သုံးကြိမ် ထပ်ပေးမယ်.... မင်းသွားပြီးတော့ ရတနာသုံးခုကို ရွေးခဲ့"

ကျန့်ပိုင်လျဲ့၏ မျက်နှာပေါ်ရှိ အမူအရာမှာ မပြောင်းလဲဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"အခွင့်အရေး သုံးကြိမ်?? ကောင်းပြီ!"

အခု မှားယွင်းတဲ့ ရွေးချယ်မှုအတွက် အခွင့်အလမ်း မရှိတော့ဘူးလို့ ထင်မိပေမယ့် ရတနာအဆောက်အအုံ သခင်ကျန့်က သူ့ကို နောက်ထပ် သုံးကြိမ်ပေးမယ်လို့ မမျှော်လင့်ထားတာကြောင့် ဝမ်းသာပီတိ ဖြစ်သွားသည်။

အခွင့်အလမ်း သုံးကြိမ်။ ဘာပဲဖြစ်ဖြစ် တစ်ကြိမ် အောင်မြင်အောင် သေသေချာချာ ရွေးချယ်လိုက်ရင် ရပြီ။

ဒီအတွေးကို တွေးပြီး ရှည်လျားတဲ့ ပလက်ဖောင်းကို လှည့်ပတ်ကြည့်လိုက်သည်။ ရွေးချယ်မှု မပြီးခင် ဘယ်လောက် ကြာသွားလဲတောင် မသိတော့။

ယခုအကြိမ် ရွေးချယ်ခဲ့သော ရတနာသုံးခုသည် ကံကိုအခြေခံခြင်း မဟုတ်သော်လည်း လေ့လာတွေ့ရှိပြီးနောက် အကောင်းဆုံးနှင့် အဖိုးတန်ဆုံးဟု သူခံစားခဲ့ရသည်။

"လှံရှည်တစ်လက်... သေမျိုးနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ဝိညာဥ်ကျောက်တုံး ၂လုံး၊ သံနောက်ကျောဓား ဝိညာဥ်နယ်ပယ် အစောပိုင်းအဆင့်လက်နက် ဝိညာဉ်ကျောက်တုံး ၅၀ တန်တယ်.... နောက်ဆုံးတစ်ခု ဝိညာဥ်နယ်ပယ် အလယ်အလတ်အဆင့် ဥက္ကာပျံတူ ဝိညာဉ်ကျောက်တုံး ၂၀၀!"

မကြာခင်မှာ အကဲဖြတ်သူက အကဲဖြတ်ရလဒ်ကို ကြေညာပေးလေ၏။

ရလဒ်ကို ကြားပြီးနောက်တွင် စိတ်လှုပ်ရှားစွာကြည့်ရှုနေသည့် လူအုပ်ကြီးသည် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။

ရှောင်းယွင့်ထျန်းမှ ရွေးချယ်ထားသော ပစ္စည်းလေးခု စလုံးသည် ဝိညာဉ်ကျောက်တုံးပေါင်း ၃၀၀၀ ကျော်ဖြင့် ရောင်းချခဲ့ပြီး အကဲဖြတ်ခြင်း၏ ရလဒ်အနေဖြင့် အဆိုပါ ပစ္စည်းလေးခု၏ စုပေါင်းမှုသည် ဝိညာဉ်ကျောက်တုံး ၃၀၀ ပင် မပြည့်ခဲ့ပေ။

တခဏအတွင်းမှာပဲ လူတိုင်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ဒီလူက သန်းပေါင်းများစွာ တန်တဲ့အိုးကို ဘယ်လို ရွေးချယ်ခဲ့တာလဲ။

"ငါ.....ငါ...."

လူတိုင်းရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို မြင်လိုက်ရတော့ ရှောင်းယွင့်ထျန်းရဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာပြီး သူ့မျက်နှာက ပြာနှမ်းသွားပါတော့သည်။

"အဲဒါကို ပြောကြည့်ရအောင်... ဒီရတနာတွေရဲ့ အကောင်းနဲ့ အဆိုးကို လုံးဝခွဲခြားလို့ မရဘူး မင်းမှာ ဒီအရည်အချင်း ရှိတယ်လို့ ဘာလို့ ဟန်ဆောင်နေတာလဲ?"

ရတနာအဆောက်အအုံ သခင်ကျန့်၏ မျက်နှာသည် မည်းမှောင်သွားပြီး သူ့မျက်လုံးထဲတွင် အေးခဲနေသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

သူက တစ်ဖက်လူကို အခွင့်အရေး ပေးထားပြီးသား ဖြစ်ပြီး လေးကြိမ်ဆက်တိုက် ကျရှုံးမှုနဲ့ အဆုံးသတ်သွားခဲ့သည်။ ဒါက တစ်ချက်တည်းနဲ့ ရှင်းပြလို့ ရသွားပြီ။

ဒီကောင်လေးက ဒီရတနာတွေထဲက ပိုတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုံးဝမရွေးနိုင်ဘူး။ သူ့မှာ အမြင်နဲ့ စွမ်းရည် လုံးဝမရှိဘူး!

All Chapters