← Chapters

ဖော်ထုတ်ခြင်း (ဒုတိယပိုင်း)

Vol. 25 Ch. 3.125

ဖော်ထုတ်ခြင်း (ဒုတိယပိုင်း)

Vol. 25 Ch. 3.125

"ကျွန်တော် တစ်ခုပဲ ထပ်ရွေးပါ့မယ် ကျွန်တော့်ကံက မဆိုးပါဘူး.... သခင်ကျန့် ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး ထပ်ပေးဖို့ တောင်းဆိုပါတယ်"

ရတနာအဆောက်အအုံ သခင်ကျန့်၏ ခိုင်ခံ့ မာကြောသော စကားကို ကြားတော့ ရှောင်းယွင့်ထျန်း၏ အမူအရာသည် ရုပ်ဆိုးသွားကာ တစ်ချိန်တည်းမှာ တုန်လှုပ်သွားခဲ့သည်။

"ကံက မဆိုးဘူးလား? အမှန်အတိုင်း ပြောရရင် ငါက အဆင့်၈ ရှစ်တန်း ရတနာအကဲဖြတ်သူ ဂိုဏ်းဆရာ တစ်ယောက်ဖြစ်ပေမယ့် ရတနာရဲ့ မျက်နှာပြင်ပေါ်က ဖုန်တွေကို မသန့်စင်ဘဲ ပစ္စည်းတစ်ခုက ကောင်းလား ဆိုးလားဆိုတာ မသိနိုင်ဘူး။ မင်းလို အဆင့်၉ ရတနာအကဲဖြတ်သူလေးက လုပ်နိုင်တယ်လို့ ပြောချင်တာလား?? ငါမင်းကိုသခင် ရာထူးတောင် ပေးလိုက်သင့်ပြီ!"

ကျန့်ပိုင်လျဲ့၏ အသံသည် ခေါင်းလောင်းကြီးတစ်ခုလို ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြေပြင်သည်ပင် အဆက်မပြတ် တုန်ခါသွားစေသည်။

"ကျွန်တော်....."

ရှောင်းယွင့်ထျန်း တစ်ကိုယ်လုံး အေးခဲသွားပြီး သူ့မျက်နှာကလည်း ဖြူဖျော့သွားသည်။ အဆင့်၈ ဂိုဏ်းဆရာ တစ်ယောက်ကတောင် ဒီရတနာတွေရဲ့ အခြေအနေမှန်ကို မမြင်နိုင်တာ သူ့စကားတွေက တကယ်ကြွားဝါစရာကောင်းတဲ့ ဒီစွမ်းရည်ရှိတယ်လို့ ပြောတာပဲမလား။

"မင်းကို ငါပြောဖို့ အခွင့်အရေးတစ်ခုပဲ ပေးမယ်.... ဘာလို့ဒီလို ဟန်ဆောင်ရတာလဲ? မင်း လုရွှမ်ရဲ့ ရတနာကို ရွေးပေးခဲ့တာလား ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ရွေးခဲ့တာလား! ရိုးရိုးသားသား ပြောရင် မင်းအတွက် ငါ မင်းအသက်ကို ချန်ထားပေးနိုင်တယ်..."

ကျန့်ပိုင်လျဲ့က ဆက်၍ ပြောနေပြီး သူ့မျက်လုံးများသည် လျှပ်စီးလက်နေသကဲ့သို့ ဤမျက်လုံးများရှေ့တွင် မည်သူမဆို ဟန်ဆောင်မှု ပျောက်ကွယ်သွားကာ တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်မည်ဖြစ်သည်။

"ကျွန်တော်...."

ဒီမျက်လုံးတွေကို ကြည့်ရင် ရှောင်းယွင့်ထျန်းဟာ ပြိုင်ဘက်ရှေ့မှာ ကိုယ်လုံးတီးနဲ့ ရပ်နေပုံရသလို လျှို့ဝှက်ချက်တွေကို ဖုံးကွယ်လို့ မရတော့ချေ။

"ဒီရတနာတွေရဲ့ အခြေအနေမှန်ကို ကျွန်တော် မမြင်ရပါဘူး။ ကျွန်တော် ဒီလိုပြောရခြင်းရဲ့ အကြောင်းရင်းက ချန်စစ်ယန်ရဲ့ အာရုံကို ဆွဲဆောင်ပြီး သူမကို ပိုကြည့်မိစေချင်လို့ပါ..."

ဒီလိုလူရှေ့မှာ လိမ်လို့မရဘူး ဆိုတာ သိထားလိုက်သလို ဒီအချက်က အခုနက အစမ်းရွေးခဲ့တဲ့ ရတနာတွေက သက်သေပြလိုက်ပြီမို့ ဖုံးကွယ်စရာ အကြောင်း မရှိတော့ချေ။ ရှောင်းယွင့်ထျန်း အံကြိတ်ပြီး ပြောလိုက်ပါတော့သည်။

"အာ"

"မမြင်နိုင်ဘူးတဲ့လား?"

"ဖက်တီးကြီး ကူရွေးခိုင်းလို့ သူရွေးတဲ့ ပစ္စည်းတွေအားလုံးက အမှိုက်တွေဖြစ်ပြီး ဝက်ခေါင်းလို အရိုက်ခံရလိုက်ရတာ အံ့ဩစရာ မရှိတော့ပါဘူး!"

"မိန်းကလေးဆီက အာရုံစိုက် ခံရဖို့များ ဟန်ဆောင်နေသေးတယ်... အရိုက်ခံရတာတောင် နည်းသေး"

ဒီကောင်လေးရဲ့ ရည်ရွယ်ချက်က ဒီလိုမျိုးဆိုတာကို ရှိနေတဲ့ ပတ်ဝန်းကျင်က လူတွေကြားတော့ အားလုံးက စက်ဆုပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတော့သည်။

ရတနာအဆောက်အအုံ သခင်ကျန့်က သူ့ကို အခုပဲရွေးခိုင်းတာကို မရွေးနိုင်ခဲ့တာ အံ့သြစရာ မဟုတ်သလို အဖိုးတန် ရတနာကိုလည်း မြင်နိုင်စွမ်း လုံးဝ မရှိတာပဲ ဖြစ်လေသည်။

"မင်း မရွေးနိုင်ဘူး? မင်းအစောက ပြောတော့ ဖက်တီးကို တမင်သက်သက် မရွေးပေးလိုက်တာဆို!"

အကြီးအကဲဖန့်၏ မျက်နှာမှာလည်း မည်းမှောင်သွားပြီး သူ့လက်သီးများကို အလိုအလျောက် ဆုပ်ထားမိသည်။ ယခင်က တစ်ဖက်သားကို ယုံကြည်မှု ရှိခဲ့သည်ဟု ဆိုပါသော်လည်း ယခုယုံကြည်မှု မရှိတော့ပေ။

"မင်းက လုရွှမ်ရဲ့ ဆေးမီးဖိုကို ကူရွေးပေးခဲ့တာလား? ဒီလိုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ?"

ကျန့်ပိုင်လျဲ့က ဆက်မေးသည်။

"ကျွန်တော် ချန်စစ်ယန်ကို ကြိုက်တယ်... ဒါပေမဲ့ သူမက လုရွှမ်ကိုပဲ အမြဲတမ်း အာရုံစိုက်နေတယ်။ သူ့ကို အရှက်ကွဲစေချင်လို့ ရတနာတွေ ရွေးပြီး ဈေးကြီးတဲ့ တစ်လုံးကို ရွေးပါလို့ တမင်တကာ ပြောခဲ့တယ်..ယ သူက ကံကောင်းပြီး ရွေးချယ်ခဲ့တာကို ဝိညာဥ်ကျောက်တုံး ၁သန်းတောင်တန်တဲ့ ဆေးမီးဖိုကို ရွေးခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? အရမ်းတန်ဖိုး ရှိနေမယ်လို့ မမျှော်လင့်ထားဘူး"

ရှောင်းယွင့်ထျန်းသည် ၎င်းကို ဖုံးကွယ်၍မရမှန်း သိသောကြောင့် သွားများကို အံကြိတ်လျက် ဆိုလိုက်သည်။

"မင်း"

တစ်ဖက်မှ အကြီးအကဲဖန့်သည် ထိုစကားကို ကြားသောအခါတွင် သူ့မျက်နှာသည် နီမြန်းလာပြီး ဖြူဖျော့လာကာ နောက်ဆုံးတွင် နားလည်လိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ခါကာ ရုပ်သေးကဲ့သို့ တောင့်တင်းသွား၏။

လုရွှမ်ကို သတ်ချင်နေခဲ့သည့် အကြောင်းပြချက်က ကျေးဇူးကို မဆပ်ဘူး၊ ကျေးဇူးကန်းတယ်၊ လုပ်ဖော်ကိုင်ဖက်တွေကို ချောက်တွန်းတယ် ဆိုပြီးတော့။

ယခုအချိန်တွင် ရှောင်းယွင့်ထျန်းက လုရွှမ်ကို ချောက်ချခဲ့ကြောင်း ဝန်ခံသည်ကို ကြားလိုက်ရပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားရုံ သာမက ကံကောင်းထောက်မစွာပင် သူ့ရင်ထဲတွင် အခိုင်အမာ ချမှတ်ထားသော စည်းကမ်းများ ရုတ်တရက် ပြိုလဲသွားသည်။

"ဟိုတုန်းက သူတို့လုပ်ခဲ့သလို ငါလုပ်မိခဲ့တာလား?"

သူ့နှုတ်ခမ်းများ လှုပ်ယမ်းသွားကာ အကြီးအကဲဖန့်မှာ နောင်တတွေ အပြည့်နှင့်။

ထိုအချိန်က သူသည် အခြားသူများ၏ အမှားကို သူ့အပြစ်ဟု မှားယွင်စွပ်စွဲခြင်း ခံခဲ့ရသည်။ ဆရာ့ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ဒီအချိန်မှာ ပေါ့ပေါ့ပါးပါး အဆိပ်ရည် သောက်ပြီးသွားမှာ ကြောက်ရသည်။ အဆင့်၇ အကြီးအကဲဖန့် ဆိုတာ ရှိတောင်ရှိမှာ မဟုတ်တော့။

ဒီအဖြစ်အပျက်ပြီးရင် စည်းကမ်းတွေကို လိုက်နာပြီး ဘယ်သူ့ကိုမှ မပြစ်မှားမိစေနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ဒီနေ့တော့ အဲဒီလူဆိုးတွေ လုပ်ခဲ့သလို လုပ်ခဲ့မိပြီလား။

"လုရွှမ်မှာသာ မှင်အမိန့်ပြား မရှိခဲ့ရင် ငါ သူ့ကို သတ်ပြီးလောက်ပြီ မလား "

စိတ်ထဲမှာ ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

ဒီနေ့ တစ်ဖက်လူက မှင်အမိန့်ပြားကို ထုတ်မပြဘဲ ရတနာအဆောက်အအုံရဲ့ အကာအကွယ်သာ မရှိခဲ့ရင် သူ့ယုံကြည်ချက်တွေကြောင့် စွဲစွဲမြဲမြဲ သတ်ပစ်လိုက်လိမ့်မည်။

သူတကယ် မလုပ်ချင်တာကို နှစ်ပေါင်းများစွာ တိုင်တည်နေခဲ့ပေမယ့် သူကိုယ်တိုင် ဖျက်ဆီးမိတော့မလို့ မဟုတ်ဘူးလား။

အရင်က သူတစ်ပါးတွေရဲ့ အမှားကို ခံခဲ့ရပြီး အမှားလုပ်ခံရခြင်းရဲ့ နာကျင်မှုကို သူသိသည်။ ဤသည်မှာ မာနကြီးခြင်း မဟုတ်သော်လည်း အကြီးအကဲ တစ်ဦးအနေဖြင့် သူ့အတွက် အဆုံးမရှိ စိတ်ပျက်စရာ တစ်ခုဖြစ်လာခဲ့သည်။

မိုးကောင်းကင်က တရားမျှတတယ်လို့ အခိုင်အမာပြောခဲ့ပေမယ့် နောက်ဆုံးမှာတော့ အကြောင်းပြချက် မသိဘဲ ကျောင်းသားတစ်ယောက်ကို စွပ်စွဲခဲ့မိသည်။

ခုနက ထွက်သွားတုန်းက ကောင်လေးရဲ့မျက်လုံးထဲမှာ စိတ်ပျက်နေတဲ့ အကြည့်ကို တွေးရင်း အကြီးအကဲဖန့်ဟာ အကြောင်းတစ်ခုခုကြောင့် ဓားသွားထက် လျှောက်နေရသကဲ့သို့ အဆင်မပြေသလို ခံစားလိုက်ရသည်။

"ငါ သူ့ကို စိတ်ပျက်စေမိတာ!"

"ငါက ဘယ်တုန်းကတည်းက အရမ်းခေါင်းမာပြီး ကိုယ့်ကိုကိုယ် ဒီလို သဘောထားခဲ့တာလဲ"

"ချန်စစ်ယန်က အဲဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြချင်ပေမယ့် အဆုံးမှာတော့ မယုံဖို့ ဆုံးဖြတ်ခဲ့မိတယ်!"

သူ့မျက်နှာသည် နီရဲပြီး ဖြူဖတ်လာသည်။ ထိုအခိုက်။

ဖူး!

ပါးစပ်မှ သွေးများ တဟုန်ထိုး ထွက်ကျလာသည်။

ကျင့်ကြံမှု ဤအဆင့်သို့ ရောက်သောအခါတွင် အခြေခံအားဖြင့် သူသည် စိတ်ခံစားမှု မရှိရ၊ ကြီးစွာသော ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုလည်း မရှိရချေ။ လုရွှမ်ကို မှားယွင်းစွပ်စွဲ မိသွားသည်ကို သူသိလိုက်သောအခါတွင် သူ၏စိတ်သည် ပြင်းထန်လွန်းသဖြင့် ချက်ချင်း မခံနိုင် ဖြစ်သွားသည်။

"အကြီးအကဲဖန့်!"

ရတနာအဆောက်အအုံ သခင်ကျန့်က အမြန်ပြေးပြီး သူ့ကို ထူထားလိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူက ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတာကို ခံစားမိလေ၏။

"အကြီးအကဲဖန့်.... မင်းရဲ့ စိတ်ကို ထိန်းပါ... မဟုတ်ရင် မင်းရဲ့ ကျင့်ကြံမှုတွေ နောက်ပြန်ဆုတ်သွားလိမ့်မယ်!"

ကျင့်ကြံသူများသည် အဆင့်တစ်ခုကို ရောက်လာသောအခါ ကြီးစွာသော ဝမ်းမြောက်ခြင်း နှင့် ဝမ်းနည်းခြင်း တို့ကို အလွန်ကြောက်တတ်ကြသည်။ မိမိ၏ စိတ်ဓာတ်များ ပြင်းထန်စွာ ပြောင်းလဲပါက ခန္ဓာကိုယ်ထဲက စွမ်းအင်တွေလည်း မငြိမ်မသက် ဖြစ်လာလိမ့်မည်။

"သခင်ကျန့်.... အဲဒီတုန်းက ကျွန်တော် အမှားလုပ်မိခဲ့တယ်။ လူကောင်းတစ်ယောက်ကို ဘယ်တော့မှ အပြစ်မတင်ဘဲ ရာဇ၀တ်မှုမှာ မစွပ်စွဲဘူးလို့ ကျိန်ဆိုခဲ့တယ် ဒါပေမဲ့ ဒီနေ့တော့ အပြစ်မဲ့သူကို ရာဇ၀တ်မှုတစ်ခုနဲ့ စွပ်စွဲလိုက်မိတယ်"

အကြီးအကဲဖန့် သူ့နှလုံးခုန်သံကို မထိန်းနိုင်ဘဲ သူ့အသက်ရှုသံများ ပိုပို၍ ဖရိုဖရဲ ဖြစ်လာသည်။ သူ အခိုင်အမာ ပြောထားတဲ့ အယူအဆဟာ ပျက်ဆီးသွားခဲ့ပြီ။

"ကောင်းပြီ....လောလောဆယ်တော့ ဒါတွေကို မစဉ်းစားနဲ့ ငါ့အမြင်အရတော့ လုရွှမ်က သူတို့ကို လုံးဝ ဂရုမစိုက်တာ ဖြစ်နိုင်တယ်! မင်း သူ့အပေါ် မှားသည်ဖြစ်စေ မမှားသည်ဖြစ်စေ သူကတော့ သူပဲ... စိတ်ထဲမထားလောက်ဘူး!"

သူ့စိတ်တွေ မတည်မငြိမ် ဖြစ်နေတာကို မြင်လိုက်ရတော့ သူ့ရဲ့ ကျင့်ကြံမှု အခြေ ကျသွားမှာ မလွဲမသွေမို့ သခင်ကျန့်က သူ့ကို အလျင်စလို တားလိုက်သည်။

"စိတ်ထဲမထားဘူးလား?"

"ဟုတ်တယ်... ဝိညာဥ်ကျောက်တုံး သန်းချီတန်တဲ့ ဆေးမီးဖိုကို ရခဲ့တာက သူ့ကံကောင်းမှုကြောင့် မဟုတ်ဘူး သူ့ဘာသာ ရွေးချယ်မိလို့ပဲ ဖြစ်မယ်"

"သူက အဲဒါကို ရွေးခဲ့တာလား? ခင်ဗျားတောင် ဒီရတနာတွေကို မဖော်ထုတ်နိုင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?"

အကြီးအကဲဖန့်မှာ မယုံနိုင်ခဲ့ဘူး ဖြစ်နေသည်။

"ငါက ဒါကို မခွဲခြားနိုင်ပေမယ့် သူလုပ်နိုင်တာတော့ အမှန်ပဲ!"

သခင်ကျန်းက ခေါင်းညိတ်လိုက်သည်။

"ခင်ဗျား ဆိုလိုချင်တာက..."

ဒါကိုကြားတော့ အကြီးအကဲဖန့် သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပေမယ့် အတည်မပြုဝံ့ခဲ့ဘူး။ဤသည်မှာ အဆင့်၈ ရတနာအကဲဖြတ် ဂိုဏ်းဆရာ မဟုတ်လား?။ မည်သို့ ဖြစ်နိုင်သနည်း။

"မှန်တယ်.... ဒီလုရွှမ်ရဲ့ စွမ်းအားက ငါ့ထက် နိမ့်ကျနေတယ်.... ဘာကြောင့် မှင်အမိန့်ပြားကို သူ့ကို ပေးခဲ့တာလဲ သိလား? အကဲဖြတ်မှုမှာ အမှားမလုပ်မိအောင် ကူညီပေးခဲ့တဲ့ အတွက်ကြောင့်ပဲ... မဟုတ်ရင် အခုအချိန်မှာ ငါသခင်ကျန့်ဆိုတဲ့ ရာထူးကို မပြောနဲ့ ရတနာအကဲဖြတ်တဲ့ အလုပ်အကိုင်တောင် မရှိတော့မှာ ကြောက်ရတယ်"

ရတနာအဆောက်အအုံ သခင်ကျန့်က ခါးသက်စွာ ပြုံးလိုက်သည်။

"ဘာ?"

အကြီးအကဲဖန့်၏ သူအိမ်ငယ်များသည် ကျုံ့သွားကာ တစ်ကိုယ်လုံး အေးခဲသွားလေသည်။

All Chapters