← Chapters

အခန်း (၉၅၃)

Vol. 69 Ch. 953

အခန်း (၉၅၃)

Vol. 69 Ch. 953

ဆယ်ရက်အကြာတွင် ဟန်မူယဲ့နှင့် ဓားကျင့်ကြံသူများက မြို့တံတိုင်းကို စောင့်ကြပ်ရန် ရောက်လာကြပြန်သည်။

ယခင်က မြို့တံတိုင်းတွင်ရှိသော ကျင့်ကြံသူများသည် အစားထိုးရန်လူများ ရောက်လာသောအခါ စိတ်သက်သာရာရသွားပြီး အသက်ရှင်လျက် ပြန်သွားနိုင်သည့်အတွက် ကျေးဇူးတင်နေကြလိမ့်မည်။

သို့သော် ယခုအချိန်တွင် သူတို့က ထွက်မသွားချင်ကြတော့ပေ။

သူတို့က မြို့တံတိုင်းမှတစ်ဆင့် ရှုခင်းများကို ခံစားကြည့်ပြီး နတ်ဘုရားရတနာတချို့ကို ကောက်ယူလိမ့်မည်။ သို့မဟုတ် မြို့အပြင်ဘက်သို့ လမ်းလျှောက်ထွက်လိမ့်မည်။

ထိုသို့ဖြင့် နှစ်တစ်သောင်းလျှင်တစ်ကြိမ် ပေါ်မလာနိုင်သော မြင်ကွင်းတစ်ခုသည် သင်္ချိုင်းအင်မော်တယ်မြို့တွင် ပေါ်ထွက်လာခဲ့သည်။

မြို့တံတိုင်းပေါ်တွင်ရှိနေသော လူများ၏အရေအတွက်သည် နေ့စဉ် အဆပေါင်းဆယ်ချီ၍ တိုးလာသည်။ မြို့တံတိုင်းက သက်ဝင်လှုပ်ရှားနေခဲ့သည်။

အနက်ရောင်ချပ်ဝတ်ရုပ်သေးရုပ်များကပင် နေရာဖယ်ပေးလိုက်ရသည်။

သင်္ချိုင်းအင်မော်တယ်မြို့သို့ ဟန်မူယဲ့တို့ရောက်လာသော ပထမဆုံးလတွင် စစ်တပ်သည် မြို့ထဲမှ ၂၅ကြိမ် ထွက်ခွာခဲ့ပြီး မရေမတွက်နိုင်သော အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များကို ရှင်းလင်းခဲ့သည်။

နတ်ဘုရားကလန်သားတချို့ကိုပင် အမဲလိုက်နိုင်ခဲ့သည်။

....

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင် ....

ခန်းဆောင်ထဲတွင် လူများဖြင့် ပြည့်ကျပ်နေသည်။

အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးနှစ်ယောက်က ရှေ့ဆုံးတွင် ရပ်နေသည်။ သူတို့၏နောက်တွင် ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များ ရှိကြသည်။

“အားလုံးပဲ ယွင်လန်ဓားအင်မော်တယ်တို့အတွက် ပြင်ဆင်ထားတဲ့ရတနာတွေ အသင့်ဖြစ်နေပြီ”

ဓားတစ်လက်လွယ်ထားသော လူအိုကြီးက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဒါပေမဲ့ အချိန်မလုံလောက်ဘူး”

သူက နောင်တရနေသောမျက်နှာထားဖြင့် ဆက်ပြောသည်။

“ငါတို့ရဲ့ ရတနာပစ္စည်းတွေက ယွင်လန်ဓားအင်မော်တယ်ပေးလိုက်တဲ့ ရတနာပစ္စည်းတွေနဲ့ မယှဉ်နိုင်ဘူး”

ထိုစကားများကြောင့် လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

နတ်ဘုရားကမ္ဘာမှ ရတနာပစ္စည်းများသည် အင်မော်တယ်ကမ္ဘာတွင် တန်ဖိုးမြင့်သွားသည်။ ထို့အပြင် ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို တိုက်ရိုက်တိုးမြှင့်ပေးနိုင်သော ပစ္စည်းကောင်းများလည်း ပါလာခဲ့သည်။

ဟန်မူယဲ့တို့ပြန်ပို့လိုက်သော ရတနာပစ္စည်းများနှင့် ယှဉ်ကြည့်လိုက်လျှင် သူတို့၏ ရတနာပစ္စည်းများက တန်ဖိုးနိမ့်နေသည်။

“ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ငါတို့က ထုတ်လုပ်မှုကို အရှိန်မြှင့်နေတယ်”

“သခင်လေးကျောက်ရဲ့ တောင်းဆိုချက်အတိုင်း အားကောင်းတဲ့လက်နက်တွေကို သန့်စင်နေပြီ”

ပိုးသားဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လက်မြှောက်ပြီး နတ်ဘုရားအလင်းဖြင့် တောက်ပနေသော စာလိပ်တစ်ခုကို ထုတ်ယူသည်။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတချို့ ဖြတ်ပြေးသွားသည်။

“ဒါက သင်္ချိုင်းအင်မော်တယ်မြို့တော်ရဲ့ စာလိပ်ပဲ”

“အင်မော်တယ်သခင်ငါးယောက်က ယွင်လန်ဓားအင်မော်တယ်တို့ကို ကူညီမယ့် ငါတို့ရဲ့အပြုအမူကို ထောက်ခံခဲ့ကြတယ်”

‘အင်မော်တယ်သခင်ငါးယောက်က ထောက်ခံတယ်’

‘ဂုဏ်ယူစရာပဲ’

ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များက ထိတ်လန့်စွာ အသံပြုမိကြသည်။

“ကောင်းပြီ။ ငါတို့ ရတနာတွေကို ပို့တော့မယ်။ ယွင်လန်ဓားအင်မော်တယ်တို့ အောင်မြင်ပါစေလို့ မျှော်လင့်တယ်”

ပိုးသားဝတ်စုံနှင့် အကြီးအကဲက လက်မြှောက်ပြီး အလင်းလွှာကို အသက်သွင်းသည်။

အင်မော်တယ်အလင်း ပေါ်ထွက်လာသည်။

ထိုအချိန်တွင် ကျောက်ချန်၊ ဟန်မူယဲ့နှင့် တခြားလူများက သင်္ချိုင်းအင်မော်တယ်မြို့‌တော်၏ ခန်းဆောင်တွင် စောင့်နေကြသည်။

“ကျွန်တော်တို့ ဒီလမှာ ဝိညာဉ်ကျောက်တုံး သန်းတစ်သောင်းလောက် ဆုံးရှုံးသွားပြီ”

“ဝိညာဉ်ကျောက်တုံးတွေက အရေးမကြီးဘူး။ ဒါပေမဲ့ လက်နက်တွေပျက်စီးသွားတာက အရေးကြီးတယ်”

ကျောက်ချန်က ရှေ့တွင်ရှိနေသော ဝင်္ကပါကို စိုးရိမ်စွာကြည့်သည်။

“တကယ်လို့ အဲဒီဂိုဏ်းကြီးတွေက လုံလောက်တဲ့အကျိုးအမြတ်မပေးရင် ကျွန်တော်တို့က သဘောတူညီချက်ကို ဖောက်ဖျက်ရလိမ့်မယ်”

“အစ်ကိုကြီးက စစ်ကူတွေကိုဦးဆောင်ပြီး သင်္ချိုင်းအင်မော်တယ်မြို့ကို စောင့်ရှောက်ထားနိုင်မယ်လို့ ဘယ်သူမှ ထင်မထားကြဘူး”

ယခုအချိန်တွင် သင်္ချိုင်းအင်မော်တယ်မြို့မှ စစ်တပ်၏ တိုက်ပွဲဆန္ဒသည် အလွန်အားကောင်းနေသည်။ သူတို့က နတ်ဘုရားကလန်၏ စစ်တပ်ကိုပင် တိုက်ခိုက်ရဲကြသည်။

ထို့ကြောင့် ပိုမိုများပြားသော နတ်စွမ်းအားများကို စုဆောင်းနိုင်ခဲ့သည်။

စစ်တပ်ဝင်္ကပါက ပိုမိုအားကောင်းလာသောကြောင့် ရုပ်သေးရုပ်များ၏ ခွန်အားကလည်း အဆင့်တစ်ဆင့် မြင့်လာခဲ့သည်။

ယခင်က ရုပ်သေးရုပ်များကို ခွန်အားတိုးမြှင့်ပေးရန်အတွက် ကျွမ်းကျင်သူများက ခါးသီးအင်မော်တယ်နယ်မြေသို့ ရောက်လာပြီး သွေးမျိုးဆက်ဆေးလုံးကို ရှာဖွေခဲ့ကြသည်။

“ဝီ”

ဝင်္ကပါ၏အလင်းရောင်က ဖျတ်ခနဲ တောက်ပလာသည်။ သိုလှောင်အိတ်တချို့ ပေါ်လာခဲ့သည်။

ဟန်မူယဲ့က သိုလှောင်အိတ်များကို ဖမ်းလိုက်သည်။ ကျောက်ချန်က ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ထားသည်။

“ဘုံကိုးပါးလျှပ်စီး၊ နည်းနည်းလေးပဲလား”

“ကောင်းကင်မိုးကြိုးပုတီးစေ့၊ သုံးဆယ်။ ဒီလိုပမာဏမျိုးကို ထုတ်ပေးရဲတယ်ပေါ့”

“အမ်၊ ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုး၊ ဝိညာဉ်ကျောက်တုံး သန်းတစ်သောင်းကုန်တယ်။ ဒါက ဓားပြတိုက်နေတာလား။ ငါ့အစ်ကိုကြီးကို အရူးထင်နေတာလား”

ကျောက်ချန်က ကျောက်စိမ်းပေလွှာတွင် မှတ်သားထားသော ရတနာစာရင်းကိုကြည့်လိုက်ပြီး ဒေါသထွက်နေသည်။

“မဟုတ်သေးဘူး။ ကျိန်ဆဲဖို့ ကျောက်စိမ်းပေလွှာတစ်ခု ပြန်ပို့ရမယ်”

သူက ဝင်္ကပါဆီသို့ လက်လှမ်းလိုက်သည်။

ထိုအချိန်တွင် အစိမ်းရောင်ဝတ်စုံနှင့် အင်မော်တယ်သခင်ကျီယုက ဟန်မူယဲ့၏ရှေ့သို့ ဖျတ်ခနဲရောက်လာသည်။

“ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုး ပါလာတာလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ငါ့ကို တစ်ခုပေး”

အင်မော်တယ်သခင်ကျီယုက ပြောသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး လက်ဝါးအရွယ်အစားရှိသော ရွှေရောင်သေတ္တာတစ်လုံးကို ထုတ်ယူပြီး ပေးလိုက်သည်။

အင်မော်တယ်သခင်ကျီယုက သေတ္တာကို ယူလိုက်ပြီး တစ်ချက်လှုပ်ရှား၍ ပျောက်ကွယ်သွားသည်။

တခြားအင်မော်တယ်သခင်များလည်း ပေါ်လာကြသည်။

ကျောက်ချန် သတိဝင်လာသောအချိန်တွင် ဟန်မူယဲ့က သေတ္တာငါးလုံးကို ထုတ်ပေးခဲ့သည်။

“ဒါ .... အစ်ကိုကြီး၊ ဒါက အရမ်းများမနေဘူးလား”

“ဝိညာဉ်ကျောက်တုံး သန်းငါးသောင်း ....”

ကျောက်ချန်၏အသံက အက်ကွဲနေသည်။

‘ငါအပင်ပန်းခံပြီး ရှာထားတဲ့ ဝိညာဉ်ကျောက်တုံးတွေက ဒီလိုပဲ ပျောက်သွားတာလား’

“ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးက ကောင်းကင်အလင်းဂိုဏ်းရဲ့ ရတနာတစ်ပါးပဲ။ အဲဒါကိုသန့်စင်ဖို့ အရမ်းခက်ခဲတယ်။ မိုးကြိုးတစ်ခုချင်းစီက ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်နိုင်တယ်။ အင်မော်တယ်ဘုရင်တွေတောင် ဂရုစိုက်ပြီး ကိုင်တွယ်ရလိမ့်မယ်။ အင်မော်တယ်သခင်တွေကတော့ သေသွားနိုင်တယ်”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး သိုလှောင်အိတ်များကို သိမ်းသည်။

သူက ထိုရတနာမျိုးကို ပိုင်ဆိုင်ထားသောကြောင့် အင်မော်တယ်သခင်များ၏ရှေ့တွင် ဝင့်ကြွားနိုင်လိမ့်မည်။

သူတို့က အသက်ကိုဂရုမစိုက်ပဲ တိုက်ခိုက်လာမည်မဟုတ်ပေ။

ကျောက်ချန်က တီးတိုးရေရွတ်နေပြီး လက်နှစ်ဖက်ကို ပွတ်သပ်သည်။ ထို့နောက် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“အစ်ကိုကြီး၊ ကျွန်တော့်ကို တစ်ခုပေးပါ့လား”

သူ့ရှေ့တွင် ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။

“မင်းက အဲဒါကို မထိန်းချုပ်နိုင်ဘူး”

ဟန်မူယဲ့၏အသံကြောင့် ကျောက်ချန်က တောင့်တင်းသွားသည်။

....

တဲအိမ်ထဲသို့ ပြန်ရောက်လာသော ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်လိုက်သည်။ ရွှေရောင်အလင်းလွှာသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်ပြီး ရွှေသေတ္တာတစ်လုံးသည် သူ့ရှေ့တွင် လွင့်မျောနေသည်။

ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုး ....

ထိုပစ္စည်းသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ အသန်မာဆုံး တစ်ခါသုံးပစ္စည်းတစ်ခု ဖြစ်သည်။

သူက သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါတွင် အင်းကွက်များဖြင့် ပိတ်လှောင်ထားသော အနက်ရောင်အလင်းလုံးတစ်ခုကို မြင်ရသည်။

လျှပ်စီးတာအိုနည်းစနစ် ဖြစ်သည်။

ဟန်မူယဲ့က အလင်းလုံးကို ညင်သာစွာဖိလိုက်ပြီး မျက်လုံးမှိတ်ထားသည်။

ခွေသားရဲပုံရိပ်သည် သူ့နောက်တွင် ပေါ်လာသည်။

ခွေပုံရိပ်ပေါ်လာသောအခါ တိတ်‌ဆိတ်နေသော ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးက ရုတ်တရက် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ထုတ်ပေးသည်။

ထိုအရာသည် လောကကို ဖျက်ဆီးနိုင်သော မိုးကြိုးပုတီးစေ့ ဖြစ်သည်။ အကယ်၍ ယခုအချိန်တွင် ပေါက်ကွဲသွားခဲ့လျှင် သင်္ချိုင်းအင်မော်တယ်မြို့တော် ပျက်စီးသွားနိုင်သည်။

သို့သော် ဟန်မူယဲ့က ပုတီးစေ့ကို ဆုပ်ကိုင်လိုက်သည်။

သူ့လက်ချောင်းများက အလင်းလုံးပေါ်တွင်ရှိသော အင်းကွက်များကို ညွှန်ပြနေသည်။

အင်းကွက်များက ပျက်စီးသွားကြသည်။ လျှပ်စီးကြောင်းက ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခွေသားရဲ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

ရှေးခေတ်နတ်ဘုရားသားရဲ ခွေသည် မိုးကြိုးလျှပ်စီးများအားလုံးကို စုပ်ယူနိုင်သည်။

သို့သော် ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးက အလွန်စွမ်းအားကောင်းသည်။ ထို့ကြောင့် ဟန်မူယဲ့၏ ခွေပုံရိပ်က အပုံတစ်သိန်းတွင် တစ်ပုံကိုသာ စုပ်ယူနိုင်ခဲ့သည်။

“ဒီလျှပ်စီးက အင်မော်တယ်ဘုရင်တွေကို အန္တရာယ်ပေးနိုင်တာ မထူးဆန်းတော့ပါဘူး”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး လျှပ်စီးကြောင်း၏စွမ်းအားကို ခံစားကြည့်သည်။

ထိုစွမ်းအားမျိုးသည် ကမ္ဘာတစ်ခုကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သည်။

“ကောင်းကင်အလင်းဂိုဏ်းက ဒီလိုရတနာမျိုးကို ဘယ်လိုလုပ်ပြီး သန့်စင်ခဲ့တာလဲ”

ဟန်မူယဲ့က လျှပ်စီးကြောင်းများအား ဆက်တိုက်စုပ်ယူနေသော ခွေသားရဲကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

ထိုရတနာမျိုးကို အင်မော်တယ်ဘုရင်များကပင် လွယ်ကူစွာ ဖန်တီးနိုင်မည်မဟုတ်ပေ။

‘ကောင်းကင်အလင်းဂိုဏ်းရဲ့ အသန်မာဆုံးအင်မော်တယ်သခင်က ဘာကိုအသုံးပြုပြီး ဒီမိုးကြိုးကို ဖန်တီးခဲ့တာလဲ’

‘တကယ်လို့ ဒီပစ္စည်းရဲ့လျှို့ဝှက်ချက်ကို နားလည်ခဲ့ရင် အများအပြားထုတ်လုပ်နိုင်ဖို့ အခွင့်အရေးရှိမလား’

ဟန်မူယဲ့က အက်ကွဲသွားသော အင်းကွက်များကို ကြည့်လိုက်ပြီး ကောက်ယူသည်။

“ဘုန်း”

လျှပ်စီးနှင့် အင်မော်တယ်အလင်း ပေါက်ကွဲထွက်သွားသည်။ အလင်းစီးကြောင်းသည် ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။

မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။

ကြီးမားသော ကြယ်ကမ္ဘာတစ်ခုတွင် သိန်းချီသောပုံရိပ်များ ရှိနေကြသည်။

နတ်ဘုရားသားရဲများ ဖြစ်ကြသည်။

သူတို့က ကမ္ဘာဦးခေတ်တွင် ရှင်သန်ခဲ့သော အထူးနတ်ဘုရားသားရဲများ ဖြစ်ကြသည်။ အများစုသည် မျိုးသုဉ်းသွားပြီး အမွေဆက်ခံထားသော သွေးမျိုးဆက်သာ ကျန်တော့သည်။

ပျက်စီးခြင်းတောရိုင်း ....

ထိုအရာသည် မူလကမ္ဘာ ဖြစ်သည်။

သို့မဟုတ် မူလကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုဟု ပြောနိုင်သည်။

ဤနတ်ဘုရားမိုးကြိုးသည် မူလကမ္ဘာမှ ရောက်လာခဲ့သည်။

ကောင်းကင်အလင်းဂိုဏ်း၏ လက်ထဲတွင် မူလကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ရှိနေသည်။

ဟန်မူယဲ့က ပျက်စီးသွားသောအင်းကွက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး နှလုံးသားထဲတွင်ရှိသော ထိတ်လန့်မှုကို ဖိနှိပ်ခဲ့သည်။

ကမ္ဘာဦးနတ်ဘုရားသားရဲ ခွေ ....

ဤမိုးကြိုးသည် ကမ္ဘာဦးခေတ်ကတည်းက ရှင်သန်ခဲ့သော ခွေသားရဲဆီမှ ရောက်လာသည်။

ထိုသားရဲ၏ ခန္ဓာကိုယ်သည် ပျက်စီးနေခဲ့သည်။ နတ်ဘုရားဝိညာဉ်ကလည်း အိပ်မောကျနေသည်။

သို့သော် မိုးကြိုးစွမ်းအားများကို သယ်ဆောင်ထားသည့် အလွန်အားကောင်းသောရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ ထိုရုပ်ခန္ဓာမှတစ်ဆင့် နတ်ဘုရားမိုးကြိုးကို စုဆောင်းခဲ့သည်။

‌ကောင်းကင်အလင်းဂိုဏ်းသည် ခွေသားရဲ၏စွမ်းအားဖြင့် ဂိုဏ်းကို တည်ငြိမ်စေခဲ့သည်။

ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးသည် ခွေသားရဲ၏ နတ်ဘုရားစွမ်းအား ဖြစ်သည်။

“ဝီ”

ထိုသို့ နားလည်သွားသောကြောင့် ခွေသားရဲ၏ပုံရိပ် လွှမ်းခြုံထား‌သော လျှပ်စီးလုံးက လျင်မြန်စွာ ပြိုကွဲသွားသည်။

“နတ်ဘုရားစွမ်းအား၊ အနန္တပြောင်းလဲခြင်းမိုးကြိုး”

နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်သွားသည်။

သူ၏ သွေးမျိုးဆက်စွမ်းအားက မူလသို့ ပြန်ရောက်သွားသည်။ သူ့နောက်တွင်ရှိနေသော ခွေသားရဲပုံရိပ်က တုန်ခါသွားပြီး လျင်မြန်စွာ ကြီးထွားလာသည်။

‌ခွေသားရဲ၏ကြွက်သားများက တောင့်တင်းနေပြီး တစ်ကိုယ်လုံးကို ရွှေဖြင့်လုပ်ထားသည်ဟု ထင်ရသည်။ သူ၏ ဦးချိုနှစ်ခုက ဖြောင့်မတ်စွာရှိနေပြီး မျက်လုံးများက ရွှေရောင်သန်းနေသည်။

မူလကမ္ဘာ၏ ခွေသားရဲနှင့် သိပ်မကွာတော့ပေ။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲတွင် လျှပ်စီးစွမ်းအားသည် ရေစီးကြောင်းတစ်ခုကဲ့သို့ လှည့်ပတ်နေသည်။

သူ၏ သွေးမျိုးဆက်စွမ်းအားက ပိုမိုအားကောင်းလာသည်။

ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် တိတ်ဆိတ်နေသော ပါ့ရှားသွေးမျိုးဆက်ကလည်း ပြောင်းလဲတော့မည့်အရိပ်အယောင်ကို ပြသလာသည်။

“ကောင်းကင်အလင်းဂိုဏ်း၊ ခွေသားရဲ။ အခွင့်အရေးရှိရင် တစ်ခေါက်သွားကြည့်ရမယ်”

အကယ်၍ သူက အိပ်မောကျနေသော ခွေသားရဲကို နိုးနိုင်လျှင် အင်မော်တယ်ဘုရင်တစ်ပါးနှင့် တူညီသော ကျွမ်းကျင်သူတစ်ယောက် ပေါ်ထွက်လာလိမ့်မည်။

အကယ်၍ ထိုသားရဲကို မနိုးနိုင်လျှင်ပင် မူလကမ္ဘာ၏စွမ်းအားကို ခံစားကြည့်ပြီး အကျိုးအမြတ်ရလိမ့်မည်။

All Chapters