← Chapters

အခန်း (၉၅၆)

Vol. 69 Ch. 956

အခန်း (၉၅၆)

Vol. 69 Ch. 956

ဟန်မူယဲ့တို့ခြောက်ယောက်၏ ဓားအလင်းများက လျင်မြန်သော်လည်း ရွှေအင်မော်တယ်များ၏ အမြန်နှုန်းဖြင့် မယှဉ်နိုင်ကြပေ။

သူတို့၏ရှေ့တွင် ရွှေအလံကို ကိုင်ထားသော ရွှေအင်မော်တယ်အဆင့် နတ်ဘုရားကလန်သားသုံးယောက်သည် ချိန်းကြိုးများကို အသုံးပြုလိုက်ကြသည်။

ဟန်မူယဲ့တို့ခြောက်ယောက်က အကြည့်ချင်းဖလှယ်ပြီး ဓားမြှောက်သည်။

“ဝီ”

ဓားအလင်းသည် ချက်ချင်းစုစည်းလာပြီး ပေတစ်ရာရှည်လျားသော အစိမ်းရောင်ဓားတစ်လက်အဖြစ် အသွင်ပြောင်းသွားသည်။ ထိုဓားက တုံဆိုင်းခြင်းမရှိဘဲ ရှေ့တွင်ရှိနေသော ရွှေအင်မော်တယ်တစ်ယောက်ကို ခုတ်ချသည်။

ဓားအလင်းသည် ကြယ်ပျံတစ်စင်းထက် ပိုမိုလျင်မြန်ပြီး ရွှေအင်မော်တယ်ဆီသို့ ချက်ချင်းရောက်သွားသည်။

ဓား၏အမြန်နှုန်းကြောင့် ရွှေအင်မော်တယ်က အံ့အားသင့်သွားပြီး ရွှေအလံကို လျင်မြန်စွာမြှောက်၍ ရွှေရောင်အလင်းလွှာကို ဆင့်ခေါ်သည်။

“ရွှပ် ....”

အလင်းလွှာသည် ဓားချက်ကြောင့် ပျက်စီးသွားသည်။

တခြားရွှေအင်မော်တယ်နှစ်ယောက်ကလည်း သတိထားမိသွားသည်။

သူတို့၏ ဓားဝင်္ကပါက အလွန်သန်မာသည်။

“ငါမတားနိုင်ဘူး”

ရှေ့ဆုံးတွင်ရှိနေသော ရွှေအင်မော်တယ်က အော်ဟစ်လိုက်ပြီး လျင်မြန်စွာ နောက်ဆုတ်သည်။

သို့သော် ဓားအလင်းက သူ့ကို လွှတ်မပေးခဲ့ပေ။ နောက်မှ နီးကပ်စွာလိုက်လာပြီး ခုတ်ချသည်။

“ဘုန်း”

ဓားချက်ကြောင့် ရွှေအင်မော်တယ်အဆင့် နတ်ဘုရားကလန်သားက သွေးအန်လိုက်ရသည်။

ဓားရှည်သည် ရှေ့သို့ ဆက်လက်တိုးဝင်လာသည်။

ထို့နောက် ကျန်ရှိနေသော ရွှေအင်မော်တယ်နှစ်ယောက်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးလိုက်ပြီး အောက်တွင်ရှိသော ကမ္ဘာဆီသို့ ဆင်းသက်လာသည်။

“ဒီဓားဝင်္ကပါက တကယ်အားကောင်းတာပဲ”

‘မဟုတ်ဘူး။ အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါက အဓိကကျတဲ့အချိန်ကို ရောက်နေပြီ။ အဲဒီဓားဝင်္ကပါကြောင့် ပြောင်းလဲသွားလိမ့်မယ်”

ရွှေအင်မော်တယ်သုံးယောက်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

“လိုက်ဖမ်းမယ်”

ထိုအချိန်တွင် ဟန်မူယဲ့တို့ခြောက်ယောက်က ကျန်းယွမ်အင်မော်တယ်ကမ္ဘာထဲသို့ ရောက်သွားပြီး ပတ်ဝန်းကျင်ကို အာရုံခံမိလိုက်သည်။

ကောင်းကင်နှင့်မြေကြီးက တုန်ခါနေသည်။

ကမ္ဘာတစ်ခုလုံးက ငိုညည်းနေပုံပေါ်သည်။

အဝေးတစ်နေရာတွင် နတ်ဘုရားအလင်းတိုင်များသည် ကောင်းကင်အထိ ထိုးဖောက်နေပုံပေါ်သည်။

ဟန်မူယဲ့၏အကြည့်များက ထူးဆန်းသွားသည်။

ယဇ်ပလ္လင်တစ်ခု ဖြစ်သည်။

သူက နတ်ဘုရားကမ္ဘာတွင် ထိုယဇ်ပလ္လင်မျိုးကို မြင်ခဲ့သည်။

ထိုယဇ်ပလ္လင်သည် သာမန်နတ်ဘုရားကလန်သားများကို အားကောင်းသော ကျွမ်းကျင်သူများအဖြစ် အသွင်ပြောင်းပေးနိုင်သည်။

ဤကမ္ဘာတွင် ထိုယဇ်ပလ္လင်က အင်မော်တယ်ကျင့်ကြံသူများကို နတ်ဘုရားများအဖြစ် အသွင်ပြောင်းလိမ့်မည်။

သို့သော် တစ်သောင်းလျှင် တစ်ယောက်သာ နတ်ဘုရားဖြစ်လာနိုင်သည်။

ထို့အပြင် အသက်နှစ်ရာကျော်နေသော ကျင့်ကြံသူများအတွက် အခွင့်အရေးမရှိပေ။

ထို့ကြောင့် ဤလောက၏ လူအနည်းငယ်ကသာ နတ်ဘုရားဖြစ်လာနိုင်မည်။

တခြားလူများက အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များ ဖြစ်သွားကြလိမ့်မည်။

အင်မော်တယ်ကမ္ဘာသည် နတ်ဘုရားများ စိတ်ကြိုက်သောင်းကျန်းပြီး သတ်ဖြတ်နိုင်သော နေရာတစ်ခု ဖြစ်သည်။

“သူတို့ရဲ့ယဇ်ပလ္လင်ကို ဖျက်ဆီးပစ်လိုက်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ဓားဝင်္ကပါကိုအသက်သွင်း၍ အနီးဆုံးယဇ်ပလ္လင်ဆီသို့ ပျံသန်းသွားသည်။

နတ်ဘုရားအလင်းတန်းသုံးခုသည် ယဇ်ပလ္လင်ပေါ်တွင် ရှိနေကြသည်။

သူတို့က လူသားအင်မော်တယ်အဆင့်တွင်ရှိသော သာမန်နတ်ဘုရားများ ဖြစ်ကြသည်။ ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် ထိုသုံးယောက်ကို သတ်ပစ်လိုက်သည်။

အောက်တွင် အံ့အားသင့်နေသောအသံများ ပေါ်ထွက်လာသည်။

“နတ်ဘုရားကလန်က အရမ်းအားနည်းနေတာလား”

“အဲဒါဆိုရင် ငါတို့က ဘာဖြစ်လို့ နတ်ဘုရားကလန်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်နေမှာလဲ”

လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“မြန်မြန်ထွက်သွားတော့ နတ်ဘုရားမျိုးနွယ်က ကျွမ်းကျင်သူတွေစေလွှတ်ပြီး မင်းကိုလိုက်ဖမ်းလိမ့်မယ်”

အင်မော်တယ်ကျင့်ကြံသူ လူအိုကြီးတစ်ယောက်က အော်ပြောသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားဖြင့်ခုတ်ချသည်။

“ဘုန်း”

ယဇ်ပလ္လင်က ပျက်စီးသွားသည်။

ကျောက်စိမ်းအရိုးများသည် ယဇ်ပလ္လင်၏အောက်တွင် ပေါ်ထွက်လာကြသည်။

မဟာကျင့်ကြံသူကြီးများ၏ အရိုးကို ယဇ်ပလ္လင်အဖြစ် တည်ဆောက်ထားသည်။ ထို့နောက် အင်မော်တယ်ချီကို နတ်စွမ်းအားအဖြစ် ပြောင်းလဲသည်။

“ဝီ”

ယဇ်ပလ္လင်၏အောက်ခြေက တုန်ခါသွားသည်။ ထို့နောက် ဓားဒဏ်ရာများနှင့် လူသန်ကြီးတစ်ယောက် ပေါ်ထွက်လာသည်။

“ရွှေအင်မော်တယ် လုကျန်းရှီပဲ”

“ရွှေအင်မော်တယ်ကျန်းရှီက မသေသေးဘူး”

ယဇ်ပလ္လင်တွင် ဆူညံသံများ ပေါ်ထွက်လာပြန်သည်။

“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လူသန်ကြီးက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဟန်မူယဲ့နှင့် တခြားလူများကို နှုတ်ဆက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“နတ်ဘုရားကလန်က အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါကို တည်ဆောက်ပြီး ကျန်းယွမ်အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတိုင်းကို နတ်ဘုရားကလန်သားအဖြစ် အသွင်ပြောင်းဖို့ စီစဉ်နေတယ်”

“အဲဒါက ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိတွေကို သတ်ပစ်လိုက်တာပဲ”

သူက လက်သီးဆုပ်ထားပြီး အင်မော်တယ်အလင်းကို ထုတ်‌ဖော်သည်။

“ယဇ်ပလ္လင်တိုင်းကို အနည်းဆုံး လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် အင်မော်တယ်ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး တည်ဆောက်ထားတယ်”

“ဒီယဇ်ပလ္လင်က တာအိုရောင်းရင်သုံးယောက်ကို ဖိနှိပ်ထားခဲ့တယ်။ ငါတစ်ယောက်ပဲ အသက်ရှင်တယ်”

ထိုအရာသည် အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ရှင်းလင်းခြင်း ဖြစ်သည်။

သတ်ဖြတ်လိုစိတ်များသည် ဟန်မူယဲ့၏မျက်လုံးထဲတွင် ပေါ်လာကြသည်။

ပိုင်ထူနှင့် တခြားလူများ၏ မျက်နှာထားကလည်း မှုန်မှိုင်းနေသည်။

အကယ်၍ ဖူယွီအင်မော်တယ်ကမ္ဘာကို နတ်ဘုရားကမ္ဘာက သိမ်းပိုက်သွားခဲ့လျှင် ကျင့်ကြံသူများအားလုံး သေဆုံးရလိမ့်မည်။

“ဘုန်း ....”

ကောင်းကင်ထက်တွင် ပေါက်ကွဲသံ ပေါ်ထွက်လာသည်။

သူတို့ကို လိုက်ဖမ်းနေသော နတ်ဘုရားကလန်မှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

“တခြားယဇ်ပလ္လင်တွေကို သွားပြီး ဖျက်ဆီးကြမယ်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ဓားဝင်္ကပါကို အသက်သွင်း၍ လျင်မြန်စွာ လှုပ်ရှားသည်။

လုကျန်းရှီကလည်း သူတို့၏နောက်သို့ လိုက်လာသည်။

ချက်ချင်းဆိုသလိုပင် နတ်ဘုရားကလန်သားများက ပျံသန်းလာပြီး ကြမ်းတမ်းသောမျက်နှာထားဖြင့် ပျက်စီးသွားသော ယဇ်ပလ္လင်ကို ကြည့်လိုက်ကြသည်။

အစိမ်းရောင်ဝတ်စုံနှင့် နတ်ဘုရားကလန်သားတစ်ယောက်က လက်မြှောက်သည်။ မီးနဂါးတစ်ကောင် ပေါ်ထွက်လာပြီး ယဇ်ပလ္လင်၏အောက်တွင် ဒူးထောက်နေသော ကျင့်ကြံသူများကို ပြာချပစ်လိုက်သည်။

“သူတို့ကို လိုက်ဖမ်း”

“ဘုန်း ....”

မိုင်သောင်းချီအကွာ၌ နတ်ဘုရားအလင်းတန်းတစ်ခု ပျက်စီးသွားသည်။

နောက်ထပ် ယဇ်ပလ္လင်တစ်ခု ပြိုလဲသွားခဲ့သည်။

“သွားပြီ ....”

လေထုထဲတွင်ရပ်နေသော နတ်ဘုရားကလန်သားများ၏ မျက်နှာက ဖြူဖျော့သွားကြသည်။

ဟန်မူယဲ့နှင့် တခြားလူများက မရပ်တန့်ခဲ့ကြပေ။ သူတို့က လမ်းတစ်လျှောက်တွင် ယဇ်ပလ္လင်များကို ဖျက်ဆီးပြီး ဒါဇင်ချီသော ရွှေအင်မော်တယ်များကို ကယ်တင်ခဲ့ကြသည်။

ထိုရွှေအင်မော်တယ်များက ဒဏ်ရာရထားပြီး တိုက်ခိုက်နိုင်စွမ်းလျော့ကျနေသော်လည်း အတူတူပူးပေါင်းလိုက်လျှင် နတ်ဘုရားကလန်သားများ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်။

“ဘန်း”

ယဇ်ပလ္လင်တစ်ခု ပေါက်ကွဲသွားသည်။ အစိမ်းရောင်ဝတ်စုံနှင့် မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက် ပျံသန်းထွက်လာသည်။ သူက ဟန်မူယဲ့နှင့် ရွှေအင်မော်တယ်များကို မြင်လိုက်ရသောအခါတွင် အော်ပြောသည်။

“အားလုံးပဲ အဓိကဝင်္ကပါက လုယန်တာအိုဂိုဏ်းမှာ ရှိနေတယ်။ အင်မော်တယ်သခင်ခုနစ်ပါးက ဝိုင်းရံခံထားရတယ်”

အင်မော်တယ်သခင်ခုနစ်ပါး ....

ဟန်မူယဲ့နှင့် တခြားလူများက အံ့အားသင့်သွားကြသည်။

ဖူယွီအင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်သခင် တစ်ဒါဇင်ခန့်သာ ရှိသည်။

ကျန်းယွမ်အင်မော်တယ်ကမ္ဘာသည် နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခံခဲ့ရသော်လည်း အင်မော်တယ်သခင်ခုနစ်ယောက် ရှိနေသေးသည်။ ယခင်က မည်မျှ အားကောင်းခဲ့သနည်း။

“အားလုံးပဲ ငါတို့ ပူးပေါင်းပြီး အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါကို ဖျက်ဆီးရမယ်။ အင်မော်တယ်သခင်တွေနဲ့ လုယန်တာအိုဂိုဏ်းရဲ့ရတနာ ပူးပေါင်းလိုက်ရင် ငါတို့ ရှင်သန်နိုင်လိမ့်မယ်”

ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် တာအိုတန်ခိုးရှင်က အော်ဟစ်လိုက်ပြီး အဝေးတစ်နေရာတွင်ရှိနေသော ရွှေအလင်းတန်းကို ညွှန်ပြသည်။

ဟန်မူယဲ့က ဓားအလင်းကို အသက်သွင်းလိုက်ပြီး ချက်ချင်း ထွက်သွားသည်။

သူက ပြဿနာရှာရန်အတွက် ကျန်းယွမ်အင်မော်တယ်ကမ္ဘာသို့ ရောက်လာခြင်းဖြစ်သည်။

အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါအား ဖျက်ဆီးရမည့်အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။

ဓားအလင်းသည် လျင်မြန်စွာ ပျံသန်းသွားသည်။ နတ်ဘုရားကလန်သားများက ဓားအလင်းကို မတားဆီးနိုင်ခဲ့ကြပေ။

လမ်းတစ်လျှောက်တွင် ကယ်တင်ခဲ့သော ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများက စစ်တပ်တစ်ခုအဖြစ် စုစည်းသွားသည်။

ရွှေအင်မော်တယ်များသာမက ကောင်းကင်အင်မော်တယ်နှင့် လူသားအင်မော်တယ်များလည်း လိုက်လာကြသည်။

ယဇ်ပလ္လင်သည် အသက်နှစ်ရာမပြည့်သေးသော လူများကိုသာ အသွင်ပြောင်းပေးနိုင်ကြောင်း သူတို့က သိထားကြသည်။ ထို့ကြောင့် အသိဉာဏ်မရှိသော အမှောင်မိစ္ဆာသားရဲနှင့် အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များ ဖြစ်မသွားချင်ကြပေ။

သူတို့က မိုင်ထောင်ချီအကွာသို့ ပျံသန်းလာပြီး သောင်းချီသောကျင့်ကြံသူများကို စုစည်းနိုင်ခဲ့သည်။

ထိုကျင့်ကြံသူများထဲတွင် ရှစ်ယောက်က အထွတ်အထိပ်အဆင့်တွင် ရှိသည်။ ၃၁ယောက်က ရွှေအင်မော်တယ်များ ဖြစ်ကြသည်။

သို့သော် သူတို့က အားနည်းနေပြီး ခွန်အားကို အပြည့်အဝ ထုတ်မသုံးနိုင်ကြပေ။

“ပုရွက်ဆိတ်တွေ”

ရှေ့တွင် နတ်ဘုရားကလန်၏ အင်မော်တယ်သခင်တစ်ပါးက ဓားမော့ဖြင့် ခုတ်ချလိုက်သည်။

“မင်းတို့ အစီအရင်ကို ဖျက်ဆီးလိုက်ကြ။ ငါတို့က အင်မော်တယ်သခင်ကို တားထားမယ်”

ဟန်မူယဲ့၏ဘေးတွင် ရှိနေသော ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူကျန်းယွဲ့က အော်ဟစ်လိုက်ပြီး ပျံသန်းသွားသည်။

တခြားခုနစ်ယောက်ကလည်း အင်မော်တယ်အလင်းကို ထုတ်လွှတ်၍ လှုပ်ရှားလိုက်ကြသည်။

သူတို့ကသာ အင်မော်တယ်သခင်ကို တားဆီးနိုင်သည်။ တခြားလူများက အခွင့်အရေးမရှိကြပေ။

“ဘုန်း”

အင်မော်တယ်သခင်၏ ဓားချက်ကြောင့် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူရှစ်ယောက်က လွင့်ထွက်သွားကြသည်။

ဟန်မူယဲ့က မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီး လှုပ်ရှားသည်။ သူတို့၏ဓားဝင်္ကပါက အလင်းတန်း၏ရှေ့သို့ ရောက်သွားသည်။

တခြားလူများက ချဉ်းကပ်လာသော နတ်ဘုရားကလန်သားများကို လျစ်လျူရှုထားပြီး နည်းစနစ်များကိုထုတ်သုံး၍ အလင်းတန်းကို တိုက်ခိုက်လိုက်ကြသည်။

“ဘုန်း”

မရေမတွက်နိုင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာသည်။

သို့သော် အလင်းတန်းသည် လှုပ်ရှားမှုမရှိပေ။

“ဟမ့်၊ မင်းတို့က ငါတို့နတ်ဘုရားကလန်ရဲ့ နည်းစနစ်ကို နားလည်နိုင်မယ်ထင်နေတာလား”

“တကယ်လို့ အင်မော်တယ်သခင် အယောက်တစ်ရာ ရောက်လာရင်တောင် အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး”

ဓားမော့ကိုင်ထားသော နတ်ဘုရားကလန်၏ အင်မော်တယ်သခင်က ရယ်မောလိုက်သည်။ သူ့နောက်တွင် နတ်ဘုရားအလင်းများ ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော နတ်ဘုရားကလန်သားများ ဆင်းသက်လာကြသည်။

ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများက မျှော်လင့်ချက်မဲ့သွားကြသည်။

အများစုက ယဇ်ပလ္လင်ထဲတွင် ဖိနှိပ်ခံထားရပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့ကြသည်။

သူတို့က အသက်စွန့်ပြီး အင်မော်တယ်သခင်များကိုကယ်တင်ရန် ကြိုးစားခဲ့ကြသည်။

သို့သော် သူတို့၏ခွန်အားက အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါကို ဖျက်ဆီးရန် မလုံလောက်ခဲ့ပေ။

“အင်မော်တယ်သခင်တစ်ရာလား”

ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်များကို ထုတ်လွှတ်လိုက်သည်။ လျှပ်စီကြောင်းများသည် သူ့နောက်တွင် ပေါ်လာခဲ့သည်။

ရွှေရောင်လျှပ်စီးလုံးများသည် သူ့လက်ထဲတွင် စုစည်းလာသည်။

လျှပ်စီးလုံးများက ပျံထွက်သွားသည်။

All Chapters