← Chapters

အခန်း (၉၅၈)

Vol. 69 Ch. 958

အခန်း (၉၅၈)

Vol. 69 Ch. 958

နတ်စွမ်းအားသလင်းကျောက်တစ်သန်းသည် ကျေးဇူးတင်ရုံသက်သက်သာ မဖြစ်နိုင်ပေ။

ဖြစ်ပျက်ပြီးခဲ့သော ကိစ္စတစ်ခုအတွက် မည်သူက ငွေကြေးပမာဏ အများအပြားကို ထုတ်ပေးမည်နည်း။

တခြားရည်ရွယ်ချက် ရှိနေလိမ့်မည်။

အင်မော်တယ်သခင်ယန်ယွီက ညင်သာစွာသက်ပြင်းချလိုက်ပြီး ခန်းဆောင်၏အပြင်ဘက်သို့ ကြည့်သည်။ သူက တီးတိုးပြောသည်။

“မိတ်ဆွေလေး၊ မင်းက ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ လက်ရှိအခြေအနေကို မြင်ပြီးပြီမဟုတ်လား”

“ငါတို့တွေ ဆက်ပြီး မခုခံနိုင်တော့ဘူး”

ထိုစကားကြောင့် လူတိုင်း၏မျက်နှာထားက မှုန်မှိုင်းသွားသည်။ သူတို့က ကိုယ်ပိုင်အိမ်ကို မစွန့်ပစ်ချင်ကြပေ။

သို့သော် အင်မော်တယ်သခင်ခုနစ်ယောက်က ဤကမ္ဘာကို ကာကွယ်ရန် စွမ်းအားမရှိပေ။

ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျန်ရှိနေသော ကျင့်ကြံသူများကို ထည့်ပေါင်းလိုက်လျှင်ပင် မလုံလောက်ပေ။

သူတို့က ရှင်သန်ချင်လျှင် နည်းလမ်းတစ်ခု ရှာရလိမ့်မည်။

ဟန်မူယဲ့၏မျက်နှာထားက လေးနက်နေပြီး ခေါင်းညိတ်သည်။

“အကြီးအကဲတို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ ကျွန်တော်က အကောင်းဆုံးကူညီပေးပါ့မယ်”

အင်မော်တယ်သခင်ယန်ယွီက ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် တခြားဓားကျင့်ကြံသူငါးယောက်ကို ကြည့်သည်။ သူတို့က တည်ငြိမ်နေပြီး ဟန်မူယဲ့၏ဆုံးဖြတ်ချက်ကို လိုက်နာကြောင်း သိနိုင်သည်။

“ကောင်းပြီ။ ငါက လှည့်ပတ်ပြီး ပြောမနေတော့ဘူး”

“ငါတို့ လုယန်တာအိုဂိုဏ်းက ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေအားလုံးကို ဦးဆောင်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာကို ပြောင်းလာချင်တယ်”

ဖူယွီအင်မော်တယ်ကမ္ဘာသို့ ပြောင်းလာမည်။

ဟန်မူယဲ့မှလွဲ၍ တခြားလူများက ထိုစကားကြောင့် အံ့အားသင့်သွားပုံပေါ်သည်။

အင်မော်တယ်သခင်ယန်ယွီက ထိုသို့ ပြောလာလိမ့်မည်ဟု ဟန်မူယဲ့က ခန့်မှန်းထားခဲ့သည်။

ထိုအရာသည် ကျန်းယွမ်အင်မော်တယ်ကမ္ဘာမှ ကျင့်ကြံသူများ ရှင်သန်နိုင်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

အင်မော်တယ်သခင်ယန်ယွီက စကားအဆုံးတွင် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“အကြီးအကဲ၊ ဒါက ကိစ္စကြီးတစ်ခုပါပဲ ....”

ဟန်မူယဲ့က တုံ့ဆိုင်းနေပုံရပြီး ဖြည်းဖြည်းချင်း ပြောသည်။

“မင်းက ချက်ချင်းသဘောမတူနိုင်ပဲ အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့လိုမယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ ငါတို့မှာ အချိန်သိပ်မရှိဘူး။ တိကျတဲ့ အဖြေကို အမြန်ဆုံး ပေးနိုင်မယ်လို့ မျှော်လင့်တယ်”

အင်မော်တယ်သခင်ယန်ယွီက စိုးရိမ်မှုတချို့နှင့်အတူ နက်ရှိုင်းသောလေသံဖြင့် ပြောသည်။

နတ်ဘုရားကလန်သည် ဤကိစ္စကို လွယ်ကူစွာလွှတ်ပေးမည်မဟုတ်ပေ။

အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါအတွက် အရင်းအမြစ်များကို အသုံးချထားရသည်။ သူတို့က ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ သက်ရှိများအားလုံးကို သန့်စင်ပြီး ကမ္ဘာတစ်ခုလုံးကို နတ်ဘုရားလောက၏ ကောင်းကင်စက်ဝန်းထဲသို့ ဆွဲသွင်းရန် စီစဉ်ထားခဲ့ကြသည်။

ယခုအချိန်တွင် အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါက ပျက်စီးသွားသည်။ ဒေါသထွက်နေသော နတ်ဘုရားကလန်၏ ကျွမ်းကျင်သူများက လမ်းတွင် ရှိနေကြလိမ့်မည်။

အကယ်၍ ဤကမ္ဘာမှ လျင်မြန်စွာထွက်မသွားနိုင်လျှင် လမ်းဆုံးသွားလိမ့်မည်။

“အကြီးအကဲ၊ ကျွန်တော်က ဖူယွီအင်မော်တယ်ကမ္ဘာကို တကယ်သွားချင်တာလားလို့ ပြောတာပါ”

ဟန်မူယဲ့၏စကားကြောင့် ခန်းဆောင်က တိတ်ဆိတ်သွားသည်။

‘အဲဒါက ဘာပြောချင်တာလဲ’

သူက အကြီးအကဲများဆီသို့ သတင်းမပို့ပဲ အင်မော်တယ်သခင်ယန်ယွီကို သေချာစဉ်းစားပြီးပြီလားဟု မေးနေသည်။

‘ကောင်းကင်အင်မော်တယ်အဆင့်မှာပဲ ရှိနေသေးတဲ့ လူငယ်တစ်ယောက်က ဒီလိုမျိုး ဆုံးဖြတ်နိုင်တာလား’

“မိတ်ဆွေလေး၊ မင်းပြောချင်တာက ....”

အင်မော်တယ်သခင်ယန်ယွီက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ဒီကိစ္စက အရေးကြီးပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ သက်ရှိတွေရဲ့သေခြင်းရှင်ခြင်းနဲ့ သက်ဆိုင်နေတယ်။ ကျွန်တော် ဟန်မူယဲ့က ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ တာအိုရောင်းရင်းတွေကိုယ်စား ဆုံးဖြတ်ချက်ချနိုင်ပါတယ်”

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ခန်းဆောင်ထဲတွင်ရှိသော တခြားအင်မော်တယ်သခင်များကို ကြည့်သည်။

“အကြီးအကဲတို့၊ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျွန်တော်က အဆိုပြုချက်တွေကို တင်ပြချင်ပါတယ်။ အကြီးအကဲကို သဘောတူနိုင်ပါ့မလား”

“တကယ်လို့ သဘောတူတယ်ဆိုရင်”

ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေရောင်သေတ္တာတစ်လုံးကို ထုတ်ယူသည်။

“ဒီပစ္စည်းကို အာမခံအနေနဲ့ ပေးပါမယ်”

သူတို့က ဟန်မူယဲ့၏ အခြေအနေများကို သဘောတူနိုင်သည်။ သို့သော် ဟန်မူယဲ့က ဖူယွီအင်မော်တယ်ကမ္ဘာတစ်ခုလုံးအား ကိုယ်စားပြုရန် လုပ်ပိုင်ခွင့်ရှိကြောင်း မသေချာပေ။

အကယ်၍ သူတို့က ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်သွားပြီး ထိုနေရာတွင်ရှိသော ကျင့်ကြံသူများက သဘောထားပြောင်းလဲသွားခဲ့လျှင် သူတို့အားလုံးက အိမ်ခြေယာမဲ့ ဖြစ်ရလိမ့်မည်။

စကားများက အသုံးမဝင်ကြောင်း ဟန်မူယဲ့က နားလည်သည်။ ထို့ကြောင့် သူက ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးကို ထုတ်ပေးလိုက်သည်။

ထိုရတနာ၏စွမ်းအားက အင်မော်တယ်သခင်များကို သတ်ဖြတ်နိုင်ပြီး အင်မော်တယ်ဘုရင်တစ်ပါးကို ဒဏ်ရာရသွားစေနိုင်သည်။ ထိုအရာသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ အသန်မာဆုံး သတ်ဖြတ်ခြင်းနည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။

ထိုရတနာသည် အာမခံအဖြစ် လုံလောက်သည်။

အင်မော်တယ်သခင်ယန်ယွီက သေတ္တာထဲတွင်ရှိသော မိုးကြိုးလျှပ်စီးစွမ်းအားကို အာရုံခံကြည့်လိုက်ပြီး မျက်ခုံးပင့်၍ ပြောသည်။

“မိတ်ဆွေလေး၊ ဒါက အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါကို ဖျက်ဆီးခဲ့တဲ့ရတနာလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

အင်မော်တယ်သခင်ယန်ယွီနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်သည်။

ထိုရတနာမျိုးကို ကိုင်ထားနိုင်သောလူသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။

ထိုရတနာရှိနေလျှင် သူတို့ကလည်း အနည်းငယ် စိတ်အေးရလိမ့်မည်။

“ကောင်းပြီ၊ မိတ်ဆွေလေး။ မင်းရဲ့ တောင်းဆိုချက်တွေကို ပြောပြပါ”

အင်မော်တယ်သခင်ယန်ယွီက လေးနက်စွာပြောသည်။

ခန်း‌ဆောင်ထဲတွင် လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ဟန်မူယဲ့၏ဘေးတွင်ရှိသော စုကျန်းနှင့် တခြားလူများက ကံကြမ္မာ၏ ဆန်းကြယ်မှုကို ခံစားလိုက်ရသည်။

သူတို့ ကြုံတွေ့ခဲ့သော အရာများနှင့် မြင်တွေ့ခဲ့သော အရာများကို နှစ်သောင်းချီကျင့်ကြံခဲ့သော သက်တမ်းတစ်လျှောက်တွင် တစ်ခါမှ စိတ်ကူးမကြည့်ခဲ့ပေ။

သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်သောရွေးချယ်မှု ဖြစ်သည်။

သူတို့၏ နှလုံးသားနှင့်စိတ်က အလွန်တိုးတက်လာပြီး ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်သည်။

ထို့အပြင် သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် သူတို့က ကြွယ်ဝလာကြသည်။

“အကြီးအကဲတို့ထဲမှာ ခြောက်ယောက်က သင်္ချိုင်းအင်မော်တယ်မြို့တော်မှာ နေရပါမယ်”

“ပထမအချက်အနေနဲ့ နောက်တစ်ကြိမ်တိုက်ခိုက်လာမယ့် နတ်ဘုရားကလန်ကို ခုခံဖို့ပါ။ ဒုတိယအချက်အနေနဲ့ အကြီးအကဲတို့အားလုံးက ဂိုဏ်းတူညီအစ်ကိုတွေ ဖြစ်နေတဲ့အတွက် ဖူယွီအင်မော်တယ်ကမ္ဘာမှာ အင်အားစုကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ နယ်မြေခံအင်အားစုကြီးတွေက အဲဒီလိုမျိုး မြင်ချင်မှာမဟုတ်ဘူး”

အင်မော်တယ်သခင်ခြောက်ယောက်က သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် နေရမည်။ ကျန်ရှိနေသော အင်မော်တယ်သခင်တစ်ယောက်က ကျင့်ကြံသူများကို ဦးဆောင်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်မည်။

ရွှေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များ၏ ၈၀%ကလည်း သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် နေခဲ့ရမည်။

“ကျန်းယွမ်အင်မော်တယ်ကမ္ဘာကို စွန့်ပစ်တော့မယ်ဆိုတော့ ကျွန်တော်တို့ ဖူယွီအင်မော်တယ်ကမ္ဘာက ကျွမ်းကျင်သူတွေစေလွှတ်ပြီး နတ်ဘုရားကလန်ကို ကူညီတိုက်ခိုက်ပေးပါမယ်”

“ဖူယွီအင်‌မော်တယ်ကမ္ဘာမှာ နေထိုင်ဖို့အတွက် တန်ဖိုးတချို့ ပေးရပါလိမ့်မယ်”

တခြားကမ္ဘာ၏ ကျွမ်းကျင်သူများက ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်လာလျှင် အရင်းအမြစ်များအတွက် ယှဉ်ပြိုင်ကြလိမ့်မည်။

ထို့ကြောင့် ကြွယ်ဝမှုတချို့ ပေးအပ်ရခြင်းသည် ပုံမှန်ပင်ဖြစ်သည်။

ထို့အပြင် သူတို့က ဤကမ္ဘာကို စွန့်ပစ်ရန် ရည်ရွယ်ထားသောကြောင့် ရတနာအများအပြားကို ယူသွားနိုင်သည်။

အင်မော်တယ်သခင်ယန်ယွီက စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“ငါတို့က မင်းရဲ့တောင်းဆိုချက်ကို သဘောတူတယ်”

“ငါတို့က ဒီကမ္ဘာကို စွန့်ပစ်ဖို့ ဆုံးဖြတ်ပြီးပြီ။ အဆိုးဆုံးအခြေအနေအတွက် အသင့်ပြင်ထားတယ်”

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေသေတ္တာကို ပေးလိုက်သည်။

ထိုအရာသည် ယုံကြည်မှု ဖြစ်သည်။

ထိုပစ္စည်းနှင့်ဆိုလျှင် ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများက အငြင်းပွားချင်လျှင်ပင် ပွင့်ပွင့်လင်းလင်း လုပ်ရဲမည်မဟုတ်ပေ။

ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးသည် ကမ္ဘာတစ်ဝက်ခန့်ကို ဖျက်ဆီးပစ်နိုင်သည်။

သဘောတူလိုက်ပြီဖြစ်သောကြောင့် လူတိုင်းက အချိန်ဆွဲမနေကြတော့ပေ။

စုကျန်းနှင့် တခြားလူများက ဤကမ္ဘာပေါ်တွင်ရှိသော သက်ရှိများ၏ ပထမအသုတ်ကို ဦးဆောင်ပြီး သင်္ဘောပျံများဖြင့် ခမ်းနားစွာ ထွက်သွားကြသည်။ အင်မော်တယ်သခင်ယန်ယွီနှင့် တခြားလူများက အာကာသထဲတွင် ရှိနေပြီး နတ်ဘုရားကလန်၏ တိုက်ခိုက်မှုကို စောင့်ကြည့်နေကြသည်။

ဟန်မူယဲ့က ထွက်မသွားပဲ သူတို့နှင့်အတူ ရှိနေခဲ့သည်။

မကြာခဏဆိုသလိုပင် နတ်ဘုရားကလန်သားများက ပျံသန်းလာကြသည်။ အများစုသည် လူသားအင်မော်တယ်အဆင့်တွင် ရှိနေပြီး ကင်းလှည့်စစ်သည်များ ဖြစ်လိမ့်မည်။

ရွှေအင်မော်တယ်အဆင့် နတ်ဘုရားများ ပေါ်ထွက်လာလျှင်လည်း အင်မော်တယ်သခင်များက သတ်ပစ်လိုက်ကြသည်။

တစ်ရက်အကြာတွင် ပိုမိုများပြားသော သင်္ဘောပျံများ ပြန်ရောက်လာကြသည်။

အင်မော်တယ်သခင်ယွီဟယ်နှင့် ဝိညာဉ်ဓားရွှေအင်မော်တယ်လည်း လိုက်လာသည်။

“ကောင်လေး၊ မင်းက တကယ်ကို ရက်ရောတာပဲ ....”

အင်မော်တယ်သခင်ယွီဟယ်က ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်များကို နှုတ်ဆက်ပြီး ဟန်မူယဲ့ကိုဆွဲခေါ်၍ ညင်သာစွာ သက်ပြင်းချသည်။

သင်္ဘောပျံများက မြို့တံတိုင်းကို ကျော်ဖြတ်ပြီး သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ရောက်လာသောအခါတွင် တစ်မြို့လုံး အံ့အားသင့်သွားခဲ့သည်။

ပိုင်ထူနှင့် တခြားလူများက ဟန်မူယဲ့၏ သဘောတူညီချက်ကို ရှင်းပြခဲ့သည်။ မြို့ကို စောင့်ကြပ်နေသော အင်မော်တယ်သခင်များက အံ့အားသင့်သွားကြသည်။

ကောင်းကင်အင်မော်တယ်တစ်ယောက်သည် အင်မော်တယ်ကမ္ဘာတစ်ခု၏ ကံကြမ္မာကို ဆုံးဖြတ်ခဲ့သည်။

အမှန်တကယ်ပင် ရဲတင်းသည်။

သို့သော် သေချာစစ်ဆေးကြည့်လိုက်သောအခါတွင် ဟန်မူယဲ့၏ သဘောတူညီချက်က ဖူယွီအင်မော်တယ်ကမ္ဘာအတွက် အလွန်အကျိုးရှိနေသည်။

အကယ်၍ ထိုသဘောတူညီချက်ကို လိုက်နာလျှင် ဖူယွီအင်မော်တယ်ကမ္ဘာက ကျွမ်းကျင်သူအုပ်စုကိုသာမက ကြွယ်ဝမှုများကိုလည်း ရလိမ့်မည်။

ကမ္ဘာတစ်ခု၏ ကြွယ်ဝမှုသည် တစ်စိတ်တစ်ပိုင်း ဖြစ်နေလျှင်ပင် စိတ်ကူးမယဉ်နိုင်လောက်ပေ။

ထို့အပြင် ဟန်မူယဲ့က တခြားအစီအစဉ်များကို ရေးဆွဲပြီး ပိုင်ထူတို့နှင့်အတူ ကျောက်စိမ်းပေလွှာတစ်ခု ပေးလိုက်သေးသည်။

“ကောင်လေး၊ ကျီယုက မေးခိုင်းလိုက်တယ်။ မင်းက ဘယ်လောက်ယုံကြည်ချက်ရှိလဲတဲ့”

အင်မော်တယ်သခင်ယွီဟယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

“အကြီးအကဲ၊ ကျွန်တော်က နတ်ဘုရားကမ္ဘာနဲ့ ရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိဘူး”

“ဒါပေမဲ့ နည်းနည်း ခက်ခဲသွားအောင်တော့ လုပ်နိုင်တယ်။ သူတို့ကို အလစ်တိုက်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်”

ဟန်မူယဲ့က စကားပြောလိုက်ပြီး ဝိညာဉ်ဓားရွှေအင်မော်တယ်ကို လှည့်ကြည့်သည်။

“ဒါပေမဲ့ ကျန်တဲ့အရာတွေကတော့ အကြီးအကဲဝိညာဉ်ဓားအပေါ်မှာပဲ မူတည်တယ်”

“ငါက အလုပ်ဖြစ်ပါ့မလား သေချာမပြောနိုင်ဘူး”

ဝိညာဉ်ဓားရွှေအင်မော်တယ်က ခေါင်းခါသည်။ သို့သော် သူ့မျက်လုံးများက တောက်ပနေကြသည်။

“ဒါပေမဲ့ ငါသိသလောက်ဆိုရင်တော့ သူတို့က စိတ်ဝင်စားလိမ့်မယ်”

စိတ်ဝင်စားလျှင် လုံလောက်သည်။

အင်မော်တယ်သခင်ယွီဟယ်က သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ပြန်မသွားခဲ့ပေ။

သူက မဟာမိတ်တစ်ယောက်အဖြစ် နေထိုင်ပြီး ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများကို ကူညီပေးလိမ့်မည်။

သုံးရက်အတွင်း၌ နတ်ဘုရားကလန်၏စစ်တပ်များ ရောက်လာကြသည်။

သို့သော် သူတို့၏ခွန်အားက မလုံလောက်ပေ။ အင်မော်တယ်သခင်ရှစ်ယောက်နှင့် ရွှေအင်မော်တယ်များကြောင့် သူတို့က ရှုံးနိမ့်မှုနှင့်အတူ နောက်ဆုတ်သွားရသည်။

ဟန်မူယဲ့က အလကားမနေပေ။ သူက ဝိညာဉ်ဓားရွှေအင်မော်တယ်နှင့်အတူ ရတနာများကို ရှာဖွေပြီး တစ်ချိန်တည်းမှာပင် မိုးကြိုးပုတီးစေ့များကို စုစည်းနေခဲ့သည်။

သူ၏ မိုးကြိုးပုတီးစေ့က ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးနှင့် မယှဉ်နိုင်သော်လည်း အမျိုးအစားတူသော နတ်ဘုရားစွမ်းရည် ဖြစ်သည်။ စွမ်းအားနှစ်ခု ပေါင်းစပ်သွားလျှင် ပိုမိုကောင်းမွန်သောရလဒ်ကို ပေးနိုင်လိမ့်မည်။

“ဘုန်း”

ပေါက်ကွဲသံတစ်ခုသည် အာကာသထဲတွင် ပေါ်ထွက်လာသည်။

မိုင်းတွင်းတစ်ခုကို တူးထုတ်ထားသော ဝိညာဉ်ဓားရွှေအင်မော်တယ်နှင့် ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ကြသည်။

လွန်ခဲ့သောခြောက်လတွင် သူတို့က ရတနာပစ္စည်းအများအပြားကို ရှာဖွေခဲ့ကြသည်။

ယခုအချိန်တွင် ဤကမ္ဘာ၌ သက်ရှိများ သိပ်မကျန်တော့ပေ။ ကောင်းကင်ထက်တွင်ရှိနေသော တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာသည်။

“ထွက်သွားဖို့အချိန်ကျပြီ”

ဝိညာဉ်ဓားရွှေအင်မော်တယ်က နောင်တအချို့နှင့်အတူ ခေါင်းခါသည်။

သို့သော် ဟန်မူယဲ့က တိုက်ခိုက်ခြင်းဆန္ဒကို ထုတ်ဖော်ပြီး တီးတိုးပြောသည်။

“ငါးစာ အသင့်ဖြစ်ပြီလား”

ထိုစကားကြောင့် ဝိညာဉ်ဓားရွှေအင်မော်တယ်က တစ်ကိုယ်လုံးတုန်ခါသွားပြီး သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

“မင်းက ဘာလုပ်ချင်သေးတာလဲ”

All Chapters