← Chapters

အခန်း (၉၅၉)

Vol. 69 Ch. 959

အခန်း (၉၅၉)

Vol. 69 Ch. 959

‘မင်းက ကမ္ဘာတစ်ခုကို သိမ်းယူပြီးပြီလေ။ ဘာဆက်လုပ်ချင်သေးတာလဲ’

ဟန်မူယဲ့က လက်မြှောက်သည်။ နောက်ဆုံးကျန်ရှိနေသော ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုး ပေါ်လာသည်။

“အကြီးအကဲ၊ ဒါကိုမသုံးဖြစ်ရင် စိတ်မကောင်းဖြစ်နေတော့မှာပဲ”

ဝိညာဉ်ဓားရွှေအင်မော်တယ်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူက ညင်သာစွာခေါင်းညိတ်သည်။

....

ဆယ်ရက်အကြာ၊ အာကာသထဲတွင် ဖြစ်သည်။

ရွှေအလင်းများ ‌တောက်ပနေကြသည်။

အနည်းဆုံး လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင်ရှိသော နတ်ဘုရားကလန်၏ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သူတို့က လူတစ်ရာခန့်ရှိပြီး အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်၍ လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကြသည်။

သူတို့၏ရှေ့တွင် ယခင်က သိမ်းယူထားခဲ့သော ကျန်းယွမ်အင်မော်တယ်ကမ္ဘာ ရှိနေသည်။

နတ်ဘုရားကလန်က ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါ ပျက်စီးသွားခဲ့ကြောင်း သတင်းကြားလိုက်ပြီး ဒေါသထွက်သွားသည်။ သူတို့က ကမ္ဘာတစ်ခုလုံးကို အပြတ်ရှင်းရန်အတွက် စစ်တပ်တစ်ခုကို စီစဉ်ထားသည်။

သို့သော် စစ်တပ်ကို ချက်ချင်းမစုစည်းနိုင်ပေ။

ယခုအချိန်တွင် သူတို့က ကျွမ်းကျင်သူများကို အရင်စေလွှတ်ပြီး ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အခြေအနေကို ထိန်းသိမ်းစေခဲ့သည်။ စစ်တပ်ရောက်လာလျှင် ကမ္ဘာတစ်ခုလုံးကို ရှင်းလင်းပစ်လိမ့်မည်။

နတ်ဘုရားကလန်သည် လွှမ်းမိုးမှုပြသရန် ဆုံးဖြတ်ထားခဲ့သည်။

“ဝှစ် ....”

လျှပ်စီးကြောင်းတစ်ခုသည် မြားတံတစ်ချောင်းနှင့်အတူ နတ်ဘုရားကလန်သားများဆီသို့ ဆင်းသက်လာသည်။

“ရန်သူတိုက်ခိုက်လာပြီ ....”

ခေါင်းဆောင်ရွှေအင်မော်တယ်က အော်ဟစ်လိုက်ပြီး လက်မြှောက်သည်။ သူကလည်း လျှပ်စီးကြောင်းတစ်ခုကို ပြန်လည်ပစ်လွှတ်သည်။

“ဘုန်း”

လျှပ်စီးမြားတံက တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။

သို့သော် ချက်ချင်းဆိုသလိုပင် ပြန့်ကျဲထွက်လာသော မိုးကြိုးပုတီးစေ့များက တောက်ပလာပြီး နတ်ဘုရားကလန်သားများကို လွှမ်းခြုံလိုက်ကြသည်။

အနက်ရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူများက တိတ်ဆိတ်စွာ ပေါ်ထွက်လာပြီး နတ်စွမ်းအားသလင်းကျောက်များကို စုစည်းသွားသည်။ ထို့နောက် ချပ်ဝတ်နှင့် လက်နက်များကိုလည်း ကောက်ယူပြီး လျှို့ဝှက်စွာ ပြန်ထွက်သွားကြသည်။

သူတို့က တိုက်ပွဲအရိပ်အယောင်ကိုသာ ချန်ရစ်ခဲ့ကြသည်။

ထိုနည်းလမ်းဖြင့် တိုက်ပွဲများ တစ်ခုပြီးတစ်ခု ဖြစ်လာသည်။

မရေမတွက်နိုင်သော ဖရိုဖရဲဖြစ်နေသည့် တိုက်ပွဲများကြောင့် ပတ်ဝန်းကျင်သည် ရှုပ်ထွေးနေသည်။

နတ်ဘုရားကလန်၏ အဓိကစစ်တပ်ရောက်မလာခင် အာကာသ၏ နေရာအသီးသီးကို ‌စောင့်ကြပ်နေသော စစ်တပ်ဝင်္ကပါဆယ်ခုကို လှုပ်ရှားစေခဲ့သည်။

ထိုစစ်တပ်များက အင်မော်တယ်ကမ္ဘာများကို ဖိနှိပ်ရန်အတွက် တာဝန်ယူထားကြပြီး လွန်ခဲ့သော နှစ်တစ်‌သိန်းတွင် နေရာရွေ့မသွားကြပေ။

ယခုအချိန်တွင် သူတို့က ရုတ်တရက် လှုပ်ရှားလိုက်သောကြောင့် အင်မော်တယ်ကမ္ဘာများက အာရုံစိုက်ထားသည်။

“ဘာဖြစ်နေတာလဲ။ နတ်ဘုရားကလန်ရဲ့စစ်တပ်က မလှုပ်ရှားတာ နှစ်တစ်သိန်းကြာပြီမဟုတ်လား”

“ဘယ်အင်မော်တယ်ကမ္ဘာကို ဖျက်ဆီးမလို့လဲ”

“နတ်ဘုရားကလန်ရဲ့စစ်တပ်က ထွက်သွားတာလား။ ငါတို့ ထူရှီအင်မော်တယ်ကမ္ဘာက အနားယူချိန်ရပြီပေါ့”

....

ကမ္ဘာအသီးသီးက ခန့်မှန်းကြည့်နေသောအချိန်တွင် သတင်းအချက်အလက်များကို မှတ်သားထားသော ကျောက်စိမ်းပေလွှာများ ရောက်လာကြသည်။

မိစ္ဆာလောကလန်၏ နည်းလမ်း ဖြစ်သည်။

ကျောက်စိမ်းပေလွှာထဲတွင် အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါ၏ အကြောင်းကို ဖော်ပြထားသည်။

ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အပြောင်းအလဲများလည်း ပါဝင်သည်။

အာကာသ၏ တိုက်ပွဲအခြေအနေကိုလည်း ပြောပြထားသည်။

“နတ်ဘုရားကလန်ကို အမဲလိုက်မှာလား”

ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အဖြူရောင်မုတ်ဆိတ်နှင့်လူကြီးက အံ့အားသင့်သွားပုံပေါ်သည်။ သူက ကျောက်စိမ်းပေလွှာကို ကိုင်ထားသည်။

“ရဲတင်းလိုက်တာ”

“ငါ့ရဲ့ ကျန်းယန်အင်မော်တယ်ကမ္ဘာကလည်း ဝင်ပါမယ်”

အကယ်၍ ကျောက်စိမ်းပေလွှာ၏ သတင်းအချက်အလက်များက မှားယွင်းနေလျှင် မည်သူမှ တုံ့ပြန်မည်မဟုတ်ပေ။

သို့သော် အမှန်ဖြစ်နေသည်။

လူတစ်ယောက်က ကျန်းယွမ်အင်မော်တယ်ကမ္ဘာသို့ ရောက်သွားပြီး အလွန်ဆိုးဝါးသောအခြေအနေကို မြင်ခဲ့သည်။

တခြားကမ္ဘာများက တိတ်ဆိတ်စွာ လှုပ်ရှားပြီး အာကာသထဲတွင် ထိတ်လန့်နေသော နတ်ဘုရားကလန်သားများကို သတ်ပစ်ခဲ့ကြသည်။

ထိုသို့ဖြင့် နေရာအများစုသည် ဖရိုဖရဲဖြစ်လာသည်။

နှစ်ဝက်အတွင်း၌ အာကာသကို ဖိနှိပ်ထားခဲ့သော နတ်ဘုရားကလန်သည် အခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။

ထိုအချိန်တွင် နတ်ဘုရားကလန် စေလွှတ်လိုက်သော စစ်တပ်သည် မိုင်သန်းရှစ်ဆယ်အကွာသို့ ရောက်လာသည်။

ထိုနေရာတွင် နတ်ဘုရားကမ္ဘာ တည်ရှိသည်။

“အဲဒါက နတ်ဘုရားကမ္ဘာပဲ”

ဟန်မူယဲ့က အဝေးတစ်နေရာတွင်ရှိသော ရွှေအလင်းကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

နတ်ဘုရားကမ္ဘာကို အင်မော်တယ်ကမ္ဘာများက ကြောက်ရွံ့ရသည်။

ဟန်မူယဲ့၏ဘေးတွင် ကျောက်ချန်က အတိတ်ကို သတိရနေပုံပေါ်သည်။

ထို့အပြင် စိတ်အားထက်သန်မှုတချို့လည်း ရှိသည်။

ကျောက်ချန်က ရတနာများပေးပို့ရန်အတွက် ဟန်မူယဲ့ဆီသို့ ရောက်လာခဲ့သည်။

ဖူယွီအင်မော်တယ်ကမ္ဘာက တင်းကျပ်သော အသုံးပြုပုံနှင့်အတူ အားကောင်းသော ရတနာများကို သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ပို့လိုက်သည်။

ထိုရတနာများကို ယခုလတ်တလောမှ သန့်စင်ခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားမိုးကြိုးကို ပို့လိုက်သောအချိန်မှစ၍ ဖူယွီအင်မော်တယ်ကမ္ဘာသည် အမျိုးမျိုးသော လက်နက်များကို သန့်စင်ရန် အလုပ်များနေခဲ့သည်။

နောက်ရက်များတွင် သင်္ချိုင်းအင်မော်တယ်မြို့တော်က ထူးခြားသောလှုပ်ရှားမှုများ မရှိတော့ပေ။ ထို့ကြောင့် အင်အားစုကြီးများက မငြိမ်မသက် ဖြစ်လာကြသည်။

ချမ်းသာမှုမှ ဆင်းရဲမွဲတေမှုသို့ ပြန်သွားရန် အလွန်ခက်ခဲသည်။

သူတို့က သိန်းသန်းချီသော ရတနာများကို တစ်ခါတည်း မြင်ခဲ့ရသည်။ သို့သော် နောက်လများတွင် လှုပ်ရှားမှုမရှိတော့ပေ။ ထို့ကြောင့် ဂနာမငြိမ် ဖြစ်လာကြသည်။

အစပိုင်းတွင် လူတစ်ယောက်က ကျောက်ချန်ကို စာပို့၍ သတင်းမေးချင်ခဲ့သည်။

သို့သော် ဝင်္ကပါက အရင်ဆုံး အသက်ဝင်လာသည်။

ရတနာပစ္စည်းများ မဟုတ်ပဲ ကျောက်စိမ်းပေလွှာတစ်ခု ဖြစ်သည်။

ဝင်္ကပါကို စောင့်ကြပ်နေသော ရွှေအင်မော်တယ်က ကျောက်စိမ်းပေလွှာ၏ အချက်အလက်များကို မြင်လိုက်ရသောအခါတွင် ကြောင်အသွားသည်။

ယွင်လန်ဓားအင်မော်တယ်က ဓားကျင့်ကြံသူများကို ဦးဆောင်ပြီး နတ်ဘုရားကလန်၏ သန့်စင်ခြင်းခံနေရသော အင်မော်တယ်ကမ္ဘာတစ်ခုကို ကယ်တင်ခဲ့သည်။ သူတို့က နတ်ဘုရားကလန်၏ ဝင်္ကပါကို ဖျက်ဆီးပြီး သန်းထောင်ချီသော သက်ရှိများကို ကယ်တင်ခဲ့ကြသည်။

ယခုအချိန်တွင် ထိုသက်ရှိများက ကမ္ဘာတစ်ခုလုံး၏ ကြွယ်ဝမှုများကိုယူပြီး ဖူယွီအင်မော်တယ်ကမ္ဘာသို့ လာနေကြသည်။

ထိုရတနာများကို နှစ်သောင်းချီ၍ တွက်ချက်ရလိမ့်မည်။

တစ်နည်းပြောရလျှင် ထိုရတနာများကို ရရှိရန်အတွက် ဖူယွီအင်မော်တယ်ကမ္ဘာတစ်ခုလုံးက နှစ်သောင်းချီကြာအောင် အချိန်ယူရမည်။

“ယွင်လန်ဓားအင်မော်တယ်က တကယ့်ကို ချမ်းသာခြင်းနတ်ဘုရားပဲ”

ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ကို စောင့်ကြပ်နေသော ကျင့်ကြံသူများသည် ကြွယ်ဝမှု စုဆောင်းနိုင်သောလူကို နှလုံးသားထဲက လေးစားကြသည်။

သူ့ကို အင်မော်တယ်သခင်များထက်ပင် လေးစားကြသည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ အဓိကဂိုဏ်းကြီးများက လျင်မြန်စွာ ဆွေးနွေးလိုက်ကြသည်။ တစ်လအကြာတွင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူတစ်သုတ် ရောက်လာသည်။

သူတို့က စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝမှုများကို သယ်ဆောင်ထားပြီး ယွင်ထန့်တောရိုင်းမြေတွင် အခြေချလိုက်ကြသည်။

ထိုကျင့်ကြံသူများက ယွင်လန်မြို့နှင့် နီးကပ်သောနေရာတွင် နေခဲ့ကြသည်။

ထို့ကြောင့် ယွင်လန်မြို့သို့ ကျင့်ကြံသူနှင့် ကြွယ်ဝမှုများ ဆက်တိုက်ရောက်လာကြသည်။

အားကောင်းသော အင်မော်တယ်သခင်တစ်ယောက်သည် ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများကို ထောက်ပံ့ပေးထားသည်။

တခြားအင်မော်တယ်သခင်ခြောက်ယောက်သည် သင်္ချိုင်းအင်မော်တယ်မြို့တွင် ကျန်ခဲ့ကြသည်။

ထို့ကြောင့် သင်္ချိုင်းအင်မော်တယ်မြို့က ချက်ချင်း ခွန်အားနှစ်ဆတိုးလာသည်။

ယွင်လန်ဓားအင်မော်တယ်က တစ်ယောက်တည်းခွန်အားဖြင့် ဖူယွီအင်မော်တယ်ကမ္ဘာကို နှစ်ဆအားကောင်းလာအောင် ဆောင်ရွက်ပေးခဲ့သည်ဟု ပြောနိုင်သည်။

ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်၏ နာမည်သည် ဖူယွီအင်မော်တယ်ကမ္ဘာတွင် ပဲ့တင်ထပ်သွားသည်။

ယွင်လန်မြို့သည် ယွင်ထန့်တောရိုင်းမြေ၏ တော်ဝင်နယ်မြေ ဖြစ်လာသည်။

ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများက ယွင်လန်မြို့ကို စောင့်ကြပ်ပေးရန် ဆန္ဒရှိကြသည်။

ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်က ဇောင်ပိုင်ချွမ်၏ကမ်းလှမ်းချက်ကို သဘောတူပြီး ယွင်လန်မြို့တွင် ဂုဏ်သရေရှိအကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။

ကျောက်ချန်နှင့် ဇောင်ပိုင်ချွမ် ....

ယွင်လန်ဓားအင်မော်တယ်၏ လက်အောက်တွင်ရှိနေသော ထိုနှစ်ယောက်သည် မဟာကျင့်ကြံသူကြီးများထက်ပင် လွှမ်းမိုးနိုင်စွမ်းရှိသည်။

ဇောင်ပိုင်ချွမ်က တောရိုင်းမြေတွင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများကို နေရာချပေးခဲ့သည်။

သူ၏ စီမံနိုင်စွမ်းကို အင်အားစုတိုင်းက အသိအမှတ်ပြုကြသည်။

တစ်ချိန်က သူနှင့် တန်းတူဖြစ်ခဲ့သော ဝမ်ရှန်ကုန်သွယ်ရေးအဖွဲ့၏ သခင်လေး ချန်ရီချုံသည် ယခုအချိန်တွင် သူ့နောက်လိုက်ဖြစ်ရန်ပင် အရည်အချင်းမရှိတော့ပေ။

ယွင်လန်မြို့ကို ထိန်းချုပ်ထားသော ဇောင်ပိုင်ချွမ်သည် စကားတစ်ခွန်းဖြင့် သန်းချီသောလူများ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ သခင်လေးကျောက်ကို သဘောကောင်းပြီး ရက်ရောသည်ဟု ပြောကြသည်။ သူက ပိုက်ဆံရှာပေးနိုင်သော လာဘ်ကောင်လေး ဖြစ်သည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကူသန်းရောင်းဝယ်ရေးခန်းဆောင်တွင် ဝင်္ကပါအလင်း ပေါ်ထွက်လာလျှင် သခင်လေးကျောက် စီစဉ်ပေးထားသော ရတနာများ ရောက်လာလိမ့်မည်။

သူက အမြဲတမ်း လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်နိုင်ပြီး ယုံကြည်ရသော မဟာမိတ်တစ်ယောက် ဖြစ်သည်။

သခင်လေးကျောက်ပို့လိုက်သော ရတနာများ၏စာရင်းကတော့ လျှို့ဝှက်ချက် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရတနာများ အလွန်များနေသောကြောင့် ရှင်းမပြနိုင်တော့ပေ။ လျှို့ဝှက်ချက်အဖြစ်သာ ထားနိုင်သည်။

ထို့အပြင် ဂိုဏ်းအသီးသီးကလည်း သခင်လေးကျောက်၏ တောင်းဆိုချက်အတိုင်း အမျိုးမျိုးသော လက်နက်များကို အလျင်စလို သန့်စင်ပြီး ပြန်ပို့လိုက်ကြသည်။

ယခင်တစ်ခေါက်က ပို့လိုက်သော နတ်ဘုရားမိုးကြိုးကို သခင်လေးကျောက်က သဘောကျနေသောကြောင့် နောက်တစ်ကြိမ်ပို့လိုက်‌သော ရတနာများထဲတွင် ကောင်းကင်အလင်းဂိုဏ်းနှင့် သင့်တော်သောရတနာများ ပါလာခဲ့သည်။

ရှေးခေတ်နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်ပင် ရှိနေသည်။

ထို့ကြောင့် ကောင်းကင်အလင်းဂိုဏ်းက ပျော်ရွှင်သွားပြီး နောက်သုံးနှစ်တွင် နတ်ဘုရားမိုးကြိုးသုံးခု ပို့ပေးမည်ဟု သဘောတူခဲ့သည်။

ထိုအရာသည် သူတို့၏ အကန့်အသတ် ဖြစ်သည်။

ဤတစ်ကြိမ်တွင် ကျောက်ချန်က မရေမတွက်နိုင်သော အရင်းအမြစ်များကို ပို့ပေးလိုက်သည်။

သူက စာတစ်ကြောင်း ရေးပေးခဲ့သည်။

“ကျွန်တော့်အစ်ကိုကြီးက ကြီးကြီးမားမားလုပ်ချင်နေတယ်”

ယွင်လန်ဓားအင်မော်တယ်ကို ထောက်ပံ့ပေးရန်အတွက် သံမဏိချပ်ဝတ်ဂိုဏ်းက လှံငါးချောင်း ပို့ပေးခဲ့သည်။

ထိုလှံများက ပေတစ်ရာရှည်ပြီး ထူးခြားသော ဖိနှိပ်နိုင်စွမ်းကို ထုတ်လွှတ်နေသည်။

လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ထိုလှံများကို သံလိုက်စွမ်းအားဖြင့် အားဖြည့်ပေးထားသည်။ ထို့ကြောင့် လှံကို အသုံးပြုလိုက်သောအချိန်တွင် ပေါက်ကွဲသွားပြီး ပေတစ်ထောင်တားမြစ်နယ်မြေတစ်ခုကို ဖန်တီးပေးလိမ့်မည်။

ထိုတားမြစ်နယ်မြေတွင် မည်သည့်တာအိုမှ မွေးဖွားမလာနိုင်ပေ။

ဖရိုဖရဲနတ်ဘုရားလှံသည် နတ်ဘုရားလောကမှ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဂိုဏ်းစောင့်နည်းစနစ်ဖြစ်သည်ဟု ပြောကြသည်။

ကြံ့ခိုင်သောခန္ဓာကိုယ်နှင့် ပူးပေါင်းလိုက်လျှင် အင်‌မော်တယ်သခင်တစ်ပါးကို သတ်ဖြတ်ပစ်နိုင်သည်။

ကျောက်ချန်က ထိုရတနာများကို ပေးချင်သောကြောင့် ရောက်လာခဲ့သည်။

သူက ဓားရှည်တစ်ချောင်း၊ ရွှေအလံသုံးခုနှင့် အဆောင်လက်ဖွဲ့တစ်ခုကိုလည်း ယူလာခဲ့သည်။

ဓားရှည်သည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ရတနာဖြစ်ပြီး တစ်ကြိမ်သာအသုံးပြုနိုင်သည်။

နတ်ဘုရားအဆီအနှစ်ဓားဟုခေါ်သော ရတနာသည် သောင်းချီသောဓားအလင်းများကို ထုတ်လွှတ်၍ နတ်ဘုရားကလန်နှင့် လောက၏ဆက်သွယ်မှုကို ဖြတ်တောက်ပစ်နိုင်သည်။

နတ်ဘုရားကလန်သားအများစုသည် ကောင်းကင်နှင့်မြေကြီး၏ နတ်စွမ်းအားထောက်ပံ့မှုမရှိလျှင် အားနည်သွားလိမ့်မည်။

အထူးသဖြင့် ကျွမ်းကျင်သူများ၏တိုက်ပွဲတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ရုတ်တရက် ဖြတ်တောက်လိုက်လျှင် တစ်ဖက်လူက သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်။

အလံသုံးခုနှင့် အဆောင်လက်ဖွဲ့တစ်ခု၏ သက်ရောက်မှုကလည်း အတူတူပင် ဖြစ်သည်။ လောကကို ချုပ်နှောင်နိုင်သော ရတနာများ ဖြစ်ကြသည်။

ထိုတစ်ကြိမ်သုံးရတနာများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်လျှင် အလွန်အသုံးဝင်လိမ့်မည်။

သူတို့၏အဆင့်တွင် ရတနာများကသာ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးနိုင်ခြင်းမဟုတ်ပေ။

အင်မော်တယ်ဘုရင်တစ်ပါးကို တိုက်ရိုက်သတ်နိုင်သော ရတနာမျိုး လောကတွင် မရှိပေ။ အင်မော်တယ်သခင်များကလည်း သတိထားနေလျှင် လွယ်ကူစွာ သေဆုံးသွားကြမည်မဟုတ်ပေ။

လောကတွင် ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးကဲ့သို့ ရတနာမျိုး အနည်းငယ်သာ ရှိကြသည်။

လောကကို ဖိနှိပ်နိုင်သော ရတနာများသည် ရှားပါးသည်။

All Chapters