← Chapters

အခန်း (၉၆၀)

Vol. 69 Ch. 960

အခန်း (၉၆၀)

Vol. 69 Ch. 960

“သူတို့က ကမ္ဘာကို ဖြတ်သန်းလာတော့မယ်”

ဝိညာဉ်ဓားရွှေအင်မော်တယ်က တီးတိုးပြောသည်။

ရွှေအလင်းသည် ထိုနေရာကို လွှမ်းခြုံထားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် အလင်းစီးကြောင်းများ ပေါ်ထွက်လာသည်။ ပုံရိပ်များ စုစည်းလာကြသည်။

နတ်ဘုရားကလန်စစ်တပ်သည် လေဟာနယ်အတားအဆီးကို ကျော်ဖြတ်ပြီး နတ်ဘုရားကမ္ဘာမှတစ်ဆင့် အင်မော်တယ်ကမ္ဘာများ၏ အာကာသထဲသို့ ရောက်လာတော့မည်။

ထိုနေရာသည် ကြားခံနယ်မြေဖြစ်သည်။

ယခုအချိန်တွင် ဟန်မူယဲ့နှင့် တခြားလူများက ဤနေရာတွင် ပုန်းအောင်းပြီး ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။

“ဘုန်း”

နတ်ဘုရားမိုးကြိုးသည် တိုက်ရိုက်ကျဆင်းလာခဲ့သည်။

ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးသည် လောကကို ဖျက်ဆီးနိုင်ပြီး အင်မော်တယ်ဘုရင်များကပင် တိုက်ရိုက်ရင်မဆိုင်နိုင်ကြပေ။

အင်မော်တယ်သခင်များကပင် ထိုလျှပ်စီးကြောင်း၏အောက်တွင် သေဆုံးသွားရလိမ့်မည်။

ကောင်းကင်နှင့်မြေကြီး၏အတားအဆီးသည် အားကောင်းသော်လည်း ထိုလျှပ်စီးကြောင်းကို မခုခံနိုင်ခဲ့ပေ။

ရွှေရောင်ကမ္ဘာသည် ကြမ်းတမ်းစွာ ထိုးခွဲခံလိုက်ရပြီး အဆုံးမရှိသော နတ်ဘုရားအလင်းသည် အာကာသထဲသို့ တိုးဝင်လာခဲ့သည်။

အာကာသနှင့် နတ်ဘုရားကမ္ဘာကြားတွင်ရှိသော အတားအဆီးက ပျက်စီးသွားသည်။

နတ်ဘုရားကမ္ဘာမှထွက်လာပြီး ပတ်ဝန်းကျင်နှင့် အသားမကျသေးသော ထောင်ချီနေသည့် နတ်ဘုရားကလန်သားများက ချက်ချင်းသေဆုံးသွားကြသည်။ သူတို့၏ နတ်စွမ်းအားများက လွင့်မျောနေကြသည်။

“တက်”

အင်မော်တယ်သခင်ယုကျီက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ဓားကိုင်၍ နတ်ဘုရားကမ္ဘာ၏ နယ်မြေထဲသို့ ဝင်ရောက်သွားသည်။

သူ့နောက်တွင် သင်္ချိုင်းအင်မော်တယ်မြို့၏ စောင့်ရှောက်သူများသာမက တခြားကမ္ဘာများ၏ အင်မော်တယ်သခင်များလည်း တိတ်ဆိတ်စွာ ရှိနေကြသည်။

အင်မော်တယ်သခင်ကျီယုနှင့်အတူ အင်မော်တယ်သခင် အယောက်သုံးဆယ်ခန့်သည် နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်သွားကြသည်။

“ဘုန်း”

နတ်ဘုရားမိုးကြိုးသည် မိုင်တစ်သောင်းပတ်ဝန်းကျင်တွင် တလက်လက်တောက်ပနေသည်။ အစိမ်းရောင်အင်မော်တယ်အလင်းသည် ပတ်ဝန်းကျင်တွင် ဖြာထွက်သွားသည်။

နတ်ဘုရားကမ္ဘာမှထွက်လာရန် စောင့်ဆိုင်းနေသော စစ်တပ်ဝင်္ကပါက ပျက်စီးသွားသည်။ မရေမတွက်နိုင်သော နတ်ဘုရားများက သေဆုံးသွားကြသည်။

နတ်စွမ်းအားသလင်းကျောက်များသည် မိုးရွာနေသကဲ့သို့ ကျဆင်းလာကြသည်။

“အစ်ကိုကြီးက တကယ်ကို ကြီးကြီးမားမား ကစားနေတာပဲ ....”

ကျောက်ချန်က ပျက်စီးသွားသော နတ်ဘုရားကမ္ဘာ၏အတားအဆီးနှင့် တိုးဝင်လာသော နတ်စွမ်းအားကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

‘အစ်ကိုကြီးက နတ်ဘုရားကမ္ဘာတစ်ခုလုံးကို တိုက်ခိုက်တော့မှာလား’

‘သင်္ချိုင်းအင်မော်တယ်မြို့မှာ ပိုက်ဆံရှာရတာ အားမရလို့ နတ်ဘုရားကမ္ဘာကို ဓားပြတိုက်ချင်နေတာလား’

“သတ်”

ဟန်မူယဲ့က တုံ့ဆိုင်းမနေပဲ ပျံထွက်သွားသည်။

ဓားအလင်းသည် သူ့ပတ်ဝန်းကျင်တွင် လှုပ်ရှားနေသည်။ သူက နတ်ဘုရားကမ္ဘာ၏ နယ်မြေအတွင်းသို့ ရောက်သွားသောအခါတွင် ရွှေရောင်မိုးကြိုးပုတီးစေ့များကို ချက်ချင်းပစ်လွှတ်လိုက်သည်။

မိုးကြိုးပုတီးစေ့များ ပြန့်ကျဲသွားသည်။ အဆုံးမရှိသော လျှပ်စီးပင်လယ်တစ်ခု ဖြစ်ပေါ်လာသည်။

သူနှင့် ပေတစ်သိန်းပတ်ဝန်းကျင်သည် ရှင်းလင်းသွားခဲ့သည်။

သူက မိုးကြိုးပုတီးစေ့များ၏ရလဒ်ကို မကြည့်ပဲ လက်ထဲတွင်ရှိသော လှံရှည်ကို နတ်ဘုရားအလင်း လှုပ်ရှားနေသောနေရာသို့ ပစ်လွှတ်လိုက်သည်။

“ဘန်း”

လှံရှည်က ပေါက်ကွဲသွားပြီး တားမြစ်နယ်မြေတစ်ခုကို ဖန်တီးသည်။

တားမြစ်နယ်မြေတွင် မည်သည့်စည်းမျဉ်းမှ မရှိနိုင်ပေ။

ဟန်မူယဲ့က ဆင်းသက်လာပြီး ရွှေရောင်ချပ်ဝတ် နတ်ဘုရားတစ်ပါးကို လက်သီးဖြင့်ထိုးသည်။

ထိုနတ်ဘုရားက ဓားမော့တစ်ချောင်းကိုင်ထားပြီး လေးနက်သောအရှိန်အဝါကို ပိုင်ဆိုင်သည်။

“ဘန်း”

နတ်ဘုရားက လက်မြှောက်ပြီး ဟန်မူယဲ့၏လက်သီးချက်ကို တားဆီးသည်။ ထို့နောက် မျက်လုံးပြူးနေပြီး လွင့်ထွက်သွားသည်။

ဟန်မူယဲ့က ပါ့ရှားနှင့် ခွေသားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထား‌သောကြောင့် လက်သီးတစ်ချက်ဖြင့် ကမ္ဘာတစ်ခုကို ဖျက်ဆီးနိုင်သည်။

ဤတားမြစ်နယ်မြေတွင် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေလျှင်ပင် ရိုက်နှက်ခံရလိမ့်မည်။

ဟန်မူယဲ့က တစ်ချက်ပြီးတစ်ချက် ထိုးနေသည်။ နောက်ဆုံးတွင် နတ်ဘုရား၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော နတ်စွမ်းအားသလင်းကျောက်အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။

သူက ထိုနတ်ဘုရား၏ ကျင့်ကြံဆင့်ကို မသိပေ။

မည်သို့ပင်ဖြစ်စေ နောက်ဆုံးသွားရမည်ထက် သေဆုံးခြင်းကို ပိုမိုလိုလားသော နတ်ဘုရားကလန်သားများ ရှိနေကြသည်။

စစ်သူကြီးငယ်ကို ကယ်တင်ကြဟု အော်ဟစ်နေသော နတ်ဘုရားများလည်း ရှိသည်။

ဟန်မူယဲ့က ရွှေရောင်ချပ်ဝတ်နတ်ဘုရားကို သတ်လိုက်ပြီး အချိန်ဖြုန်းမနေပဲ သဘောတူညီချက်အရ ပြန့်ကျဲနေသော စစ်တပ်ထဲတွင် ပြေးလွှားသွားသည်။

အင်မော်တယ်သခင်သုံးဆယ်က ရတနာများကို ထုတ်သုံးလိုက်ပြီး ကျွမ်းကျင်သူအများအပြားကို သတ်ဖြတ်ခဲ့ကြသည်။ ထို့နောက် သူတို့က ပြန်လည်ဆုတ်ခွာသွားသည်။

နတ်ဘုရားကလန်၏ စစ်သည်တစ်သန်းလုံးကို သတ်ဖြတ်ပစ်ရန် မဖြစ်နိုင်ပေ။

ဤတစ်ကြိမ်တွင် သူတို့၏တာဝန်က စစ်တပ်ကို ဖရိုဖရဲဖြစ်အောင်လုပ်ပြီး ဝင်္ကပါတည်ဆောက်ရန် နေရာတစ်ခု ရှာရမည်။

ကမ္ဘာနှစ်ခုကြားတွင် ဖြတ်သန်းသွားလာနိုင်သော လမ်းကြောင်းတစ်ခုကို ဖန်တီးမည်။

သူတို့က ပြင်းထန်စွာတိုက်ခိုက်ပြီး စစ်သည်တစ်သန်းကို ဖရိုဖရဲဖြစ်စေခဲ့သည်။ ထို့နောက် အမျိုးမျိုးသော အထောက်အပံ့ပစ္စည်းများကို လုယူပြီး ဆုတ်ခွာသွားကြသည်။

နတ်ဘုရားကလန်၏စစ်တပ်က ချုံခိုတိုက်ခိုက်ခံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူတို့ တုံ့ပြန်လိုက်သောအချိန်တွင် ဟန်မူယဲ့တို့က ပျောက်ကွယ်သွားကြသည်။

ထိုတိုက်ပွဲတွင် အနည်းဆုံး နတ်ဘုရားကလန်၏ အင်မော်တယ်သခင်ဆယ်ယောက် သေဆုံးခဲ့သည်။

နှစ်ယောက်သည် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွင် ရှိသည်။

အင်မော်တယ်သခင်အဆင့်၏ အောက်တွင် မရေမတွက်နိုင်သော နတ်ဘုရားကလန်သားများ သေဆုံးသွားကြသည်။

စစ်တပ်ဝင်္ကပါကလည်း ပျက်စီးသွားခဲ့သည်။

ပြန့်ကျဲနေသော နတ်စွမ်းအားသလင်းကျောက်များကို လုယူသွားကြသည်။ ကောင်းကင်သည် ရွှေနီရောင်အလင်းဖြင့် တောက်ပနေသည်။

ဟန်မူယဲ့တို့က မိုင်သောင်းချီအကွာအဝေးအထိ ပျံသန်းလာပြီး ခြေရာလက်ရာဖျောက်၍ ဝင်္ကပါတည်ဆောက်လိုက်ကြသည်။

“ဟားဟား၊ စိတ်လှုပ်ရှားစရာပဲ”

ဆံပင်ဖြူလူအိုကြီးတစ်ယောက်က ရယ်မောသည်။

“နှစ်ပေါင်းများစွာအကြာမှာ ငါတို့က နတ်ဘုရားကမ္ဘာကို ဝင်ရောက်ပြီး ကောင်းကောင်းတိုက်ခိုက်နိုင်ခဲ့ပြီ”

ဝံပုလွေစွယ်လက်နက်နှင့် လူသန်ကြီးတစ်ယောက်က ရူးသွပ်နေသောအကြည့်ဖြင့် ပြောသည်။

သူတို့က နတ်ဘုရားကလန်နှင့်ပတ်သတ်၍ အကြောက်တရားမရှိတော့ပေ။

ယနေ့တိုက်ပွဲအပြီးတွင် သူတို့၏ အနာဂတ်ကျင့်ကြံခြင်းက ချောမွေ့နေလိမ့်မည်။

“နှုတ်ဆက်ပါတယ် ယွင်လန်ဓားအင်မော်တယ်”

ဝင်္ကပါကို တည်ဆောက်ပြီးသောအခါတွင် မှိန်ဖျော့သော အင်မော်တယ်အလင်း ပေါ်ထွက်လာသည်။ အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဟန်မူယဲ့ကို နှုတ်ဆက်သည်။

သူက ဝင်္ကပါထဲတွင် ပျောက်ကွယ်သွားသည်။

“နှုတ်ဆက်ပါတယ်”

“ဂရုစိုက်ပါ”

အင်မော်တယ်သခင်များက အပြုံးများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကြသည်။

အင်မော်တယ်သခင်ကျီယုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်၍ ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲပြီး ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်။

သူက နတ်ဘုရားကမ္ဘာတွင် အချိန်ခဏသာ တိုက်ခိုက်ခဲ့ရသော်လည်း စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်ကို ရခဲ့သည်။

သူက တိုက်ပွဲတွင် နတ်ဘုရားကလန်၏ အင်မော်တယ်သခင်နှင့် ရင်ဆိုင်တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့သောကြောင့် နောက်ထပ် နှစ်ပေါင်းတစ်သိန်းအထိ ကျင့်ကြံခြင်းချောမွေ့နေလိမ့်မည်။

သူရရှိထားသော ရတနာများကို ထည့်ပေါင်းလိုက်လျှင် နှစ်သန်းချီကျင့်ကြံရန် စိုးရိမ်စရာမလိုတော့ပေ။

မိစ္ဆာဘုရင်ထူထျန်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်၍ ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်။

သူတို့က ယနေ့ဖြစ်ရပ်ကြောင့် အလွန်အံ့အားသင့်နေပြီး ကျေနပ်ရသည်။

သူတို့က နတ်ဘုရားကမ္ဘာမှ ထွက်သွားသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်သည်။

ယနေ့အချိန်မှစ၍ ဤနေရာသည် နတ်ဘုရားကမ္ဘာသို့ ခိုးဝင်နိုင်သော လမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မည်။

သူတို့က ဤနေရာမှတစ်ဆင့် အချိန်မရွေး နတ်ဘုရားကမ္ဘာသို့ ဝင်ထွက်နိုင်သည်။

“အစ်ကိုကြီးက ပြန်မလိုက်ဘူးလား”

ကျောက်ချန်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဤတိုက်ပွဲအပြီးတွင် နတ်ဘုရားကလန်က စစ်တပ်တစ်ခုကို အချိန်တိုအတွင်း စုစည်းနိုင်မည်မဟုတ်ပေ။

သူတို့၏ ဆုံးရှုံးမှုက အလွန်များသည်။

အင်မော်တယ်သခင်များသည် နတ်ဘုရားကမ္ဘာတွင် အားကောင်းကြသည်။

ထို့အပြင် ဤသို့ အင်မော်တယ်သခင်များ အစုလိုက်အပြုံလိုက် သေဆုံးသွားသော ဖြစ်ရပ်မျိုး တစ်ခါမှ မဖြစ်ခဲ့ပေ။

နောက်တစ်ကြိမ် စစ်တပ်စေလွှတ်လျှင် တိုက်ခိုက်ခံရမည့်အခြေအနေကို ထည့်တွက်ရမည်။

အထူးသဖြင့် ဤတိုက်ပွဲတွင် အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများက ချိုမြိန်မှုကို ခံစားခဲ့ရသောကြောင့် အနာဂတ်တွင် ပိုမိုဆက်သွယ်လာကြလိမ့်မည်။

ထို့အပြင် နတ်ဘုရားကမ္ဘာသို့ ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုလည်း ရှိနေသည်။

လမ်းကြောင်း၏ တခြားဘက်တွင် သင်္ချိုင်းအင်မော်တယ်မြို့တော် ရှိနေသည်။

“မင်းတို့တွေ အရင်သွားနှင့်ပါ။ အကြီးအကဲဝိညာဉ်ဓားနဲ့ ငါက လုပ်စရာရှိသေးတယ်”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက ဓားအလင်းကို စီးနင်းပြီး တိတ်ဆိတ်စွာ ထွက်သွားသည်။

သူတို့က မိုင်သောင်းချီအကွာသို့ ‌ရောက်လာသောအခါတွင် ဝိညာဉ်ဓားရွှေအင်မော်တယ်က လက်မြှောက်လိုက်သည်။

“ဘုန်း”

အနက်ရောင်လျှပ်စီးကြောင်းတစ်ခု ပေါက်ကွဲသွားပြီး မောက်မာသောမျက်နှာထားနှင့် အနက်ရောင်ချပ်ဝတ်စစ်သည်တစ်ဦး ပေါ်လာသည်။

ထိုစစ်သည်၏မျက်နှာထားက သွယ်လျသည်။ သူက သင်္ချိုင်းအင်မော်တယ်မြို့တော်ကို စောင့်ကြပ်နေသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ဖြစ်သည်။

“လူအိုကြီးစွန်း၊ ငါတို့ နတ်ဘုရားကမ္ဘာကို ရောက်လာပြီ”

ဝိညာဉ်ဓားရွှေအင်မော်တယ်က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို နတ်ဘုရားကမ္ဘာသို့ ယူလာခဲ့သည်။

“နတ်ဘုရားကမ္ဘာ၊ ဟားဟား။ တုန်းရှန်နတ်ဘုရားကုန်းမြေ၊ ဒီကိုမရောက်တာတောင် ကြာနေပြီပဲ”

ရုပ်သေးရုပ်က အထင်သေးသောအကြည့်ဖြင့် နတ်ဘုရားစွမ်းအင်များ လွင့်‌မျောနေသော ပတ်ဝန်းကျင်ကို ကြည့်သည်။ သူက နှာမှုတ်လိုက်ပြီး ပြောသည်။

“ပျက်စီးနေတဲ့အနံ့တွေပဲ”

ဝိညာဉ်ဓားရွှေအင်မော်တယ်က ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ကောင်လေးဟန်၊ မဟူရာချပ်ဝတ်ဂိုဏ်းက ဝေးတယ်။ ငါတို့ မြန်မြန်သွားသင့်တယ်”

သူတို့၏တိုက်ပွဲသည် အာရုံလွဲမှုသက်သက်သာ ဖြစ်သည်။

ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တွင် ရှိနေသော ရေမှင်စာကို နတ်ဘုရားကမ္ဘာသို့ ခေါ်လာပြီး ခန္ဓာကိုယ်အစစ်အမှန်ကို ရှာဖွေပေးရန် စီစဉ်ထားသည်။

သူ၏ ခန္ဓာကိုယ်သည် မဟူရာချပ်ဝတ်ဂိုဏ်းတွင် ရှိနေသည်။

မဟူရာချပ်ဝတ်ဂိုဏ်းသည် သင်္ချိုင်းအင်မော်တယ်မြို့၏ နောက်ကွယ်တွင်ရှိသော နတ်ဘုရားကမ္ဘာ၏ အင်အားစုကြီးတစ်ခု ဖြစ်သည်။

သင်္ချိုင်းအင်မော်တယ်မြို့တော်သည် သူတို့၏ ဖန်တီးမှု ဖြစ်သည်။

ရေမှင်စာသည် သူတို့ ထုတ်ယူထားသော လက်နက်ဝိညာဉ်တစ်ခု ဖြစ်သည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့သော ကမ္ဘာဦးခေတ်၏ ကျွမ်းကျင်သူ ရေမှင်စာ၏ ခွန်အားသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။

အကယ်၍ သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ရှာဖွေပြီး ဝိညာဉ်နှင့် ပေါင်းစပ်ပေးနိုင်လျှင် အင်မာ်တယ်ဘုရင်တစ်ပါး ထွက်ပေါ်လာနိုင်သည်။

ရုပ်သေးရုပ်၏ ခန္ဓာကိုယ်က အနက်ရောင်မြူခိုးအဖြစ် ပြောင်းလဲသွားသည်။ အနီးကပ်ကြည့်လိုက်လျှင် မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်များကို မြင်နိုင်သည်။

ဟန်မူယဲ့က ဓားအလင်းကို ထုတ်လွှတ်သည်။ ဝိညာဉ်ဓားရွှေအင်မော်တယ်က ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။

သူတို့က နတ်ဘုရားကမ္ဘာ၏ အာကာသထဲတွင် ဆက်တိုက်ပျံသန်းလာကြသည်။ သူတို့က ရက်တစ်ရာအတွင်း၌ မရေမတွက်နိုင်သော ကမ္ဘာများကို ဖြတ်သန်းခဲ့ပြီး ကြယ်တစ်စင်းအပေါ်တွင် ဆင်းသက်လိုက်ကြသည်။

“တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါနဲ့ဆိုရင် မဟူရာချပ်ဝတ်ဂိုဏ်းကို တိုက်ရိုက်ရောက်လိမ့်မယ်။ ဒါပေမဲ့ ငါတို့က ဒီပုံစံအတိုင်း ဆက်သွားနေလို့မဖြစ်ဘူး”

ဝိညာဉ်ဓားရွှေအင်မော်တယ်က ရေရွတ်လိုက်ပြီး ဟန်မူယဲ့၏ နောက်ကျောတွင်ရှိသော ဓားအိမ်ထဲသို့ ဝင်သွားသည်။

ရုပ်သေးရုပ်က အနက်ရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲလိုက်ပြီး ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ရှိနေသည်။

ရွှေရောင်နတ်ဘုရားအလင်းက ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။

ဟန်မူယဲ့က နတ်ဘုရားကမ္ဘာ၏ပုံစံကို မြင်ဖူးသောကြောင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေ။ ယဇ်ပလ္လင်များကိုလည်း လျစ်လျူရှုထားသည်။

ဟန်မူယဲ့က နတ်စွမ်းအားသလင်းကျောက်တစ်ထောင်ဖြင့် မြို့ထဲတွင်ရှိသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုခဲ့သည်။

All Chapters