အခန်း (၉၆၂)
Vol. 69 Ch. 962
“နေပါအုံး”
ဟန်မူယဲ့က သူ့ကိုတားလိုက်ပြီး တီးတိုးပြောသည်။
“ငါက အဲဒီလောက်များတဲ့ နတ်စွမ်းအားသလင်းကျောက်တွေကို တစ်ခါတည်းထုတ်မပေးနိုင်ဘူး”
‘နတ်စွမ်းအားသလင်းကျောက်တွေကို တစ်ခါတည်းထုတ်မပေးနိုင်ဘူးလား”
ကျူးချန်က ကြောင်အသွားသည်။
‘သူက နောက်နေတာလား’
‘ချပ်ဝတ်သုံးသန်းကို သလင်းကျောက်မပါပဲ ဝယ်ချင်နေတာလား’
ဟန်မူယဲ့က ကျူးချန်၏ပခုံးကို ပုတ်လိုက်သည်။
“ညီအစ်ကို၊ မင်း ချမ်းသာလာချင်လား”
ဟန်မူယဲ့က စီးပွားရေးအကြောင်း စကားမပြောသင့်ဟု ခံစားရသည်။ အကယ်၍ ဇောင်ပိုင်ချွမ်နှင့် ကျောက်ချန်တို့သာဆိုလျှင် သူ့ထက် ပိုမိုအဆင်ပြေလိမ့်မည်။
ဥပမာအနေဖြင့် ယခုအချိန်တွင် သူက ကျူးချန်နားလည်ရန်အတွက် အတော်လေး ရှင်းပြလိုက်ရသည်။
ချပ်ဝတ်သုံးသန်းကို တစ်ခုလျှင် နတ်စွမ်းအားသလင်းကျောက်လေးခုဖြင့် ဝယ်ယူမည်။
သူတို့က ၂၀% လျော့ဈေးပေးရမည်။
သူက အများအပြားဝယ်ယူမည်ဖြစ်သောကြောင့် လျော့ဈေးရသင့်သည်။
သို့သော် လျော့ဈေးနှင့်ဆိုလျှင်ပင် နတ်စွမ်းအားသလင်းကျောက် ဆယ့်နှစ်သန်း ကုန်ကျလိမ့်မည်။
ထိုသို့ များပြားသော သလင်းကျောက်များကို မည်သူက ထုတ်ပေးနိုင်မည်နည်း။
“ငါ့မှာ ဝိညာဉ်ကျောက်တုံးသုံးသန်း ရှိတယ်”
ဟန်မူယဲ့က လက်သုံးချောင်းထောင်ပြသည်။
“တကယ်လို့ ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်နေရင်တောင် ဒီလောက်များတဲ့ နတ်စွမ်းအားသလင်းကျောက်တွေကို တစ်ခါတည်း ထုတ်မပေးနိုင်ဘူးလေ”
နတ်စွမ်းအားသလင်းကျောက်သုံးသန်းကို ထုတ်ပေးရန် ခက်ခဲသည်။
ဂိုဏ်းကြီးများကပင် သလင်းကျောက်များကို သုံးစွဲနေရသောကြောင့် ချက်ချင်းထုတ်ပေးနိုင်ကြမည်မဟုတ်ပေ။
ဟန်မူယဲ့က နတ်စွမ်းအားသလင်းကျောက်များ ရရှိလာသောနည်းလမ်းကို နားလည်သွားသည်။
လေဟာနယ်ထဲတွင်ရှိသော နတ်စွမ်းအားများကို ဝင်္ကပါဖြင့်စုပ်ယူ၍ သလင်းကျောက်အဖြစ် ပြောင်းလဲသည်။ ထို့နောက် သလင်းကျောက်များကို နေရာအမျိုးမျိုးတွင် အသုံးပြုကြသည်။
အမှောင်မိစ္ဆာသားရဲတစ်ကောင်သည် နတ်စွမ်းအင်သလင်းကျောက်တစ်ခုကို ကိုယ်စားပြုသည်။
နတ်စွမ်းအားသလင်းကျောက်သည် ခွန်အားနှင့် အဆင့်အတန်းကို ဖော်ပြနိုင်သည်။
ကမ္ဘာအနည်းငယ်ကို ထိန်းချုပ်မထားလျှင် သန်းချီသော နတ်စွမ်းအားသလင်းကျောက်များကို စုစည်းရန်မဖြစ်နိုင်ပေ။
“သုံးသန်း”
ကျူးချန်က ဟန်မူယဲ့၏ လက်သုံးချောင်းကို ကြည့်လိုက်သည်။
“သခင်လေး၊ ဒါက အရမ်းကွာခြားနေသေးတယ်”
“မစိုးရိမ်ပါနဲ့”
ဟန်မူယဲ့က ရယ်သည်။
“သုံးသန်းကို ကနဦးပေးချေမှုအဖြစ်ထားပြီး ကျန်တဲ့ နတ်စွမ်းအားသလင်းကျောက်တွေကို ဆယ်နှစ်အတွင်းမှာ ပေးလိုက်မယ်။ ဒါက အဆင်ပြေတယ်မဟုတ်လား”
ဟန်မူယဲ့က တီးတိုးပြောသည်။
“ငါက ချပ်ဝတ်တွေကို မင်းတို့ မဟူရာချပ်ဝတ်ဂိုဏ်းမှာပဲ ထားခဲ့မယ်”
သူက ချပ်ဝတ်များကို ယူသွားမည်မဟုတ်ပဲ နတ်စွမ်းအားသလင်းကျောက်သုံးသန်းကိုလည်း ပေးချေမည်။ ကျန်ရှိနေသော တန်ဖိုးကိုလည်း ဆယ်နှစ်အတွင်း အပြတ်ပေးမည်။
အကယ်၍ ဤအရောင်းအဝယ် အောင်မြင်သွားခဲ့လျှင် သူက ရာထူးတက်သွားလိမ့်မည်။
မဟုတ်သေးပေ။ အစစ်အမှန် အခွင့်အာဏာရှိသော ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်သည်။
နတ်စွမ်အားသလင်းကျောက် ဆယ်သန်းကျော်တန်ဖိုးရှိသော အရောင်းအဝယ်တစ်ခု ဖြစ်သည်။
“မင်းသိပါတယ်။ ငါက အဲဒီချပ်ဝတ်တွေကို ချန်ယွဲ့ဂိုဏ်းဆီ ရောင်းချင်တာပါ”
ဟန်မူယဲ့က နောက်ဆုံးငါးစာကို ထုတ်သုံးလိုက်သည်။
“မင်းကို အမြတ် ၁၀%ပြန်ပေးမယ်”
၁၀% ....
ကျူးချန်က နှလုံးခုန်ရပ်သွားတော့မည်ဟု ခံစားရသည်။ သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော နတ်စွမ်းအားက ပေါက်ကွဲထွက်လာသည်။
ဆယ်သန်းတန်ကြေးရှိသော စီးပွားရေးတွင် နောက်ဆုံးအမြတ်သည် အနည်းဆုံး နတ်စွမ်းအားသလင်းကျောက် သိန်းချီနေလိမ့်မည်။
“ကျွန်တော် .... ကြိုးစားကြည့်မယ်”
ကျူးချန်က ရေရွတ်လိုက်သည်။
ဟန်မူယဲ့က သူ့ပခုံးကို ပုတ်လိုက်သည်။
“မစိုးရိမ်ပါနဲ့။ မင်းက သေချာပေါက် လုပ်နိုင်ပါတယ်”
ကျူးချန်က အကြီးအကဲကို သွားရှာသည်။ ဟန်မူယဲ့က နေရာတွင် ကျန်နေခဲ့သည်။
“ကောင်လေး၊ မင်းက ဒီလိုစီးပွားရေးမျိုးကို လုပ်ရဲတယ်လား”
ဝိညာဉ်ဓားရွှေအင်မော်တယ်က ပြောလိုက်သည်။
“အကုန်လုံးဆုံးရှုံးသွားမှာ မကြောက်ဘူးလား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ကြောက်တယ်”
“အဲဒါဆိုရင် မင်းက ဘာဖြစ်လို့ ....”
ဝိညာဉ်ဓားရွှေအင်မော်တယ်က စကားမပြောတော့ပဲ ရပ်တန့်လိုက်သည်။
အလင်းတန်းတစ်ခုသည် အဝေးတစ်နေရာတွင် ပျံသန်းလာခဲ့သည်။
“ဟားဟား၊ သခင်လေးဟန်၊ ကျေးဇူးပြုပြီး ....”
ရွှေရောင်ဝတ်စုံနှင့် ဝဖြိုးသောလူကြီးတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ လျှောက်လာခဲ့သည်။
ထိုလူကြီးက ကျူးချန်ပြောသော အကြီးအကဲ ဖြစ်သည်။
သူက ကူးသန်းရောင်းဝယ်ရေးခန်းဆောင်၏ အကြီးအကဲ ရှန်ကျောက်ယွဲ့ဖြစ်ပြီး မီးပြင်းဖိုအများအပြားကို ထိန်းချုပ်ထားသည်။ ဂိုဏ်း၏ စီးပွားရေးကိစ္စများကိုလည်း ကိုင်တွယ်သည်။
ကျူးချန်က ဟန်မူယဲ့၏ ကမ်းလှမ်းချက်ကို ရှန်ကျောက်ယွဲ့ဆီသို့ ပြောပြခဲ့သည်။
နတ်စွမ်းအားသလင်းကျောက် သုံးသန်းပေးမည်။
ထိုအရာသည် လုံလောက်သည်။
ကျူးချန်က အနာဂတ်ကို လှမ်းမမြင်နိုင်သော်လည်း ရှန်ကျောက်ယွဲ့က မြင်နိုင်သည်။
ဟန်မူယဲ့က သလင်းကျောက်သုံးသန်းဖြင့် ဆယ်သန်းတန်စီးပွားရေးကို လုပ်ချင်နေသည်။
သို့သော် သူက ကူးသန်းရောင်းဝယ်ရေးခန်းဆောင်၏ အကြီးအကဲတစ်ယောက်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်း အများအပြားကို ကိုင်တွယ်ဖူးပြီး ဆုံးရှုံးသွားမှာ မကြောက်ပေ။
“သခင်လေးဟန်က ချပ်ဝတ်တွေလိုချင်တယ်ဆိုရင် လျော့ဈေးပေးလို့ရပါတယ်”
ရှန်ကျောက်ယွဲ့က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အသာအယာလက်သီးဆုပ်၍ ပြောသည်။
“ဒါပေမဲ့ ကျန်ရှိနေတဲ့ သလင်းကျောက်တွေကို သုံးနှစ်အတွင်းမှာ ပေးရမယ်”
သုံးနှစ် ....
ဟန်မူယဲ့က ထိုသို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
သူက ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သန့်စင်ခြင်းဝင်္ကပါကို ဖျက်ဆီးပြီး နတ်စွမ်းအားသလင်းကျောက်များကို ရခဲ့သည်။ ထို့အပြင် လုယန်တာအိုဂိုဏ်းဆီမှလည်း ထပ်ရခဲ့သည်။
သို့သော် သူ့တွင်ရှိနေသော နတ်စွမ်းအားသလင်းကျောက်က သုံးသန်းခန့်သာဖြစ်သည်။ နောက်ထပ် နှစ်သောင်းချီကြာသွားလျှင်ပင် သလင်းကျောက်ဆယ်သန်းကို ထုတ်ပေးနိုင်မည်မဟုတ်ပေ။
“သုံးနှစ်လား”
ဟန်မူယဲ့က တုံ့ဆိုင်းနေသည်။
သူက စဉ်းစားကြည့်လိုက်ပြီး တီးတိုးပြောသည်။
“စိတ်ဝိညာဉ်သံမဏိနဲ့ ပေးလို့ရလား”
စိတ်ဝိညာဉ်သံမဏိ ....
ရှန်ကျောက်ယွဲ့၏မျက်နှာထားက ပြောင်းလဲသွားသည်။
စိတ်ဝိညာဉ်သံမဏိသည် နတ်ဘုရားကမ္ဘာတွင် အလွန်တန်ဖိုးရှိသည်။
သို့သော် ထိုရတနာကို ဂိုဏ်းတချို့ကသာ ထိန်းချုပ်ထားနိုင်သည်။
‘ဒီနားမှာ အနီးဆုံးဂိုဏ်းက ကောင်းကင်ပျံသန်းနတ်ဘုရားဂိုဏ်းမဟုတ်လား’
ကောင်းကင်ပျံသန်းနတ်ဘုရားဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်း မဟုတ်ပေ။ မဟူရာချပ်ဝတ်ဂိုဏ်းက သူတို့ကို ကြောက်နေရန်မလိုပေ။
သူက ဟန်မူယဲ့၏ချပ်ဝတ်နှင့် နောက်ကျောတွင်ရှိသောဓားကို ကြည့်လိုက်သည်။
ရှန်ကျောက်ယွဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
“တခြားလူတွေအတွက် မရရင်တောင် သခင်လေးဟန်ဆိုရင်တော့ ရပါတယ်”
“ငါတို့ သုံးနှစ်စာချုပ် ချုပ်လိုက်ကြမလား”
ဟန်မူယဲ့က ပြုံးသည်။
“ကောင်းပြီ။ နောက်သုံးနှစ်ကြာရင် ချပ်ဝတ်တွေကို လာယူမယ်”
စာချုပ်၏ စာရွက်သည် သာမန်မဟုတ်ပေ။ ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော ရတနာတစ်ခုဖြစ်ပြီး ချုပ်နှောင်နိုင်စွမ်း ရှိသည်။
စာချုပ်ကို ရေးသားထားသော စုတ်တံနှင့်မင်ရည်ကလည်း သာမန်မဟုတ်ကြပေ။ နတ်ဘုရားသားရဲတစ်ကောင်၏ သွေးကို အသုံးပြုထားသည်။
စာချုပ်ကို သဘောတူလိုက်သောအခါတွင် လျှပ်စီးကြောင်းတစ်ခု ပေါ်ထွက်လာသည်။
ဟန်မူယဲ့က သလင်းကျောက်သုံးသန်းကို ပေးလိုက်သည်။ မဟူရာချပ်ဝတ်ဂိုဏ်းက ချပ်ဝတ်များအားလုံးကို ချိတ်ပိတ်ထားလိုက်သည်။
“သခင်လေးဟန်၊ မြန်မြန်ပြန်လာရမယ်နော် ....”
ဟန်မူယဲ့ကို ဂိုဏ်းအပြင်ဘက်သို့ လိုက်ပို့နေသော ကျူးချန်က စိုးရိမ်စွာပြောသည်။
“စိတ်မပူပါနဲ့”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် ပျံသန်းသွားသည်။
“ကျူးချန်”
ရှန်ကျောက်ယွဲ့၏အသံကြောင့် ကျူးချန်က တုန်ခါသွားသည်။
“အကြီးအကဲ”
ကျူးချန်က ဦးညွတ်သည်။
“သခင်လေးဟန်က ကျန်ရှိနေတဲ့ သလင်းကျောက်ခုနစ်သန်းကို လာပေးနိုင်မယ်လို့ မင်းထင်လား”
ရှန်ကျောက်ယွဲ့က ကျူးချန်ကို စိုက်ကြည့်နေသည်။
ကျူးချန်က ကြောင်အသွားသည်။
ရှန်ကျောက်ယွဲ့၏မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပလာပြီး တီးတိုးပြောသည်။
“ကျူးချန်၊ အဲဒီလူက ဘာစီစဉ်နေတာလဲ ပြောပြစမ်း”
ကျူးချန်၏တစ်ကိုယ်လုံးက တုန်ခါနေပြီး ခြေထောက်များ ပျော့ခွေသွားသည်။
“အကြီးအကဲ၊ သခင်လေးဟန်က ....”
ကျူးချန်က မူးဝေနေပြီး ဟန်မူယဲ့၏ အစီအစဉ်များအားလုံးကို ပြောပြလိုက်သည်။
သူက ချပ်ဝတ်သုံးသန်းကို ချိပ်ပိတ်ထားနိုင်လျှင် ချန်ယွဲ့ဂိုဏ်း ရောက်လာသောအချိန်၌ အကျိုးအမြတ်ရလိမ့်မည်။ ထိုနည်းလမ်းသည် အမှန်တကယ်ပင် ကောင်းမွန်သည်။
“ဟားဟား၊ ငါတို့ မဟူရာချပ်ဝတ်ဂိုဏ်းကို အခွင့်ကောင်းယူချင်တာလား”
ရှန်ကျောက်ယွဲ့၏ဘေးတွင် မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှန်ကျောက်ယွဲ့က အေးစက်စွာနှာမှုတ်သည်။ သူ့မျက်လုံးထဲတွင်ရှိသော ရွှေအလင်းက ပျောက်ကွယ်သွားသည်။
“နတ်စွမ်းအားသလင်းကျောက်ခုနစ်သန်းကို ရှာဖို့မလွယ်ဘူး”
“သုံးနှစ်ကြာလို့ လာမပေးနိုင်ရင် သူထားခဲ့တဲ့ သလင်းကျောက်သုံးသန်းက ငါတို့အပိုင်ဖြစ်ပြီ”
ဟန်မူယဲ့က သုံးနှစ်အတွင်း၌ နတ်စွမ်းအားသလင်းကျောက်များကို ထုတ်မပေးနိုင်လျှင် စာချုပ်ပျက်သွားလိမ့်မည်။
ထိုအချိန်တွင် သလင်းကျောက်သုံးသန်းကို တိုက်ရိုက်ဝါးမြိုနိုင်သည်။
“အဲဒီလူက ပျံသန်းကောင်းကင်ဂိုဏ်းကလားဆိုတာ စုံစမ်းလိုက်ပါ”
ရှန်ကျောက်ယွဲ့က အေးစက်သောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“သူက နတ်ဘုရားဂိုဏ်းသားတစ်ယောက်အဖြစ် ဟန်ဆောင်နေတာလို့ သံသယရှိတယ်”
ရှန်ကျောက်ယွဲ့နှင့် တခြားလူများ ထွက်သွားသောအခါတွင် ကျူးချန်က အသိစိတ်ကို မစုစည်းနိုင်ခဲ့ပေ။
ရှန်ကျောက်ယွဲ့၏ နည်းစနစ်က သူ့ဝိညာဉ်ကို ထိခိုက်သွားစေခဲ့သည်။ ပြန်လည်ကောင်းမွန်လာရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။
အဆင့်မြင့် နတ်ဘုရားကလန်သားများ၏ရှေ့တွင် အဆင့်နိမ်ကလန်သားများက ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။
သုံးလအကြာတွင် ပျံသန်းကောင်းကင်ဂိုဏ်းမှ သတင်းရောက်လာသည်။ သူတို့ဂိုဏ်းတွင် သခင်လေးဟန် မရှိပေ။
ရှန်ကျောက်ယွဲ့က ကျယ်လောင်စွာရယ်သည်။
နောက်နှစ်ဝက်အကြာတွင် မဟူရာချပ်ဝတ်ဂိုဏ်းနှင့် ဆက်ဆံရေးမကောင်းသော ချန်ယွဲ့ဂိုဏ်းက ဒုဂိုဏ်းချုပ်နှင့် အကြီးအကဲများကို စေလွှတ်လိုက်သည်။
သူတို့က အဆင့်အမျိုးမျိုးရှိသော ချပ်ဝတ်အစုံ ငါးသန်းကို ဝယ်ယူရန်ရောက်လာကြသည်။
အဆင့်နိမ့်ချပ်ဝတ် လေးသန်းကို ဝယ်ယူမည်။
အစပိုင်းတွင် မဟူရာချပ်ဝတ်ဂိုဏ်းက အဆင့်နိမ့်ချပ်ဝတ်သုံးသန်းကို ပိုင်ဆိုင်ထားပြီး တိုက်ရိုက်ရောင်းချနိုင်သည်။ ကျန်ရှိနေသော ချပ်ဝတ်တစ်သန်းကို နှစ်တစ်ရာအတွင်း၌ သန့်စင်ပေးနိုင်သည်။
သို့သော် ကူးသန်းရောင်းဝယ်ရေးခန်းဆောင်၏ အကြီးအကဲကို ဖိတ်ခေါ်လိုက်သောအခါ ချပ်ဝတ်များကို ရောင်းချပြီးသားဖြစ်ကြောင်း သိလိုက်ရသည်။
“ရောင်းပြီးပြီလား”
ချန်ယွဲ့ဂိုဏ်း၏ ဒုဂိုဏ်းချုပ် အင်မော်တယ်သခင် ကျိချန်က မျက်မှောင်ကြုတ်လိုက်ပြီး ဘေးတွင်ရှိသော မဟူရာချပ်ဝတ်ဂိုဏ်း၏ခေါင်းဆောင် တာအိုတန်ခိုးရှင်ဟယ်လင်ကို ကြည့်သည်။
“အင်မော်တယ်သခင်ဟယ်လင်၊ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းက အဆက်အသွယ်သိပ်မရှိဘူးဆိုပေမဲ့ ငါတို့က စိတ်ရင်းနဲ့ ရောက်လာတာပါ”
သူက လက်ကိုဆန့်ထုတ်ပြီး ရွှေရောင်သေတ္တာတစ်လုံးကို စားပွဲပေါ်သို့ တင်လိုက်သည်။
“ငါက အင်မော်တယ်သခင်တွေဝတ်နိုင်တဲ့ ချပ်ဝတ်တချို့အပါအဝင် ချပ်ဝတ်တွေအားလုံးကို ဝယ်သွားမယ်။ ဒါက နတ်စွမ်းအားသလင်းကျောက် သန်းနှစ်ဆယ်ပဲ”
ကျိချန်က ရှေ့တွင်ရှိသော တာအိုတန်ခိုးရှင်ဟယ်လင်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ငါက အာမခံကြေး ၂၀% ထပ်ပေါင်းပေးထားတယ်”