အခန်း (၉၆၃)
Vol. 69 Ch. 963
အကယ်၍ ကုန်ကျစရိတ်ကို ထည့်တွက်ကြည့်လိုက်လျှင် မဟူရာချပ်ဝတ်ဂိုဏ်းက ဤအရောင်းအဝယ်မှတစ်ဆင့် နတ်စွမ်းအားသလင်းကျောက် ၁၃သန်း အမြတ်ရနိုင်လိမ့်မည်။
သို့သော် ချပ်ဝတ်များကို ချိပ်ပိတ်ထားသည်။ အကယ်၍ စာချုပ်ကို ချိုးဖောက်လိုက်လျှင် ငါးဆ လျော်ကြေးပေးရမည်။
ဟန်မူယဲ့နှင့် သဘောတူထားသော တန်ဖိုးသည် သလင်းကျောက်ဆယ်သန်း ဖြစ်သည်။ ငါးဆဆိုလျှင် သလင်းကျောက် သန်းငါးဆယ် ဖြစ်သွားလိမ့်မည်။
“ဂိုဏ်းချုပ်၊ အဲဒီလူက သုံးနှစ်အတွင်းမှာ သလင်းကျောက်ခုနစ်သန်း ထုတ်ပေးနိုင်မှာမဟုတ်ဘူး”
ဘေးတွင်ရပ်နေသော ရှန်ကျောက်ယွဲ့က တီးတိုးပြောလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ပေးသည်။
တာအိုတန်ခိုးရှင်ဟယ်လင်က နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောသည်။
“ဒါက အမှန်ပဲလား”
ရှန်ကျောက်ယွဲ့က ခေါင်းညိတ်လိုက်သည်။
“အဲဒီလူက သေချာပေါက် နတ်စွမ်းအားသလင်းကျောက်ခုနစ်သန်းကို ထုတ်ပေးနိုင်မှာမဟုတ်ဘူး။ ကျွန်တော် အာမခံတယ်”
တာအိုတန်ခိုးရှင်ဟယ်လင်က လက်ထဲတွင်ရှိသော ကျောက်စိမ်းပေလွှာကို ချိန်ဆကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“ကောင်းပြီ”
အင်မော်တယ်သခင်ကျိချန်က အမှန်တကယ်ပင် စိတ်ရင်းနှင့် ရောက်လာသည်။
အကယ်၍ မဟူရာချပ်ဝတ်ဂိုဏ်းက ချန်ယွဲ့ဂိုဏ်းကို ဖောက်သည်အဖြစ် ရလိုက်လျှင် အနာဂတ်စီးပွားရေးအတွက် စိတ်ပူရန်မလိုတော့ပေ။
အဆင့်နိမ့်ချပ်ဝတ်သုံးသန်းအပါအဝင် နတ်ဘုရားစစ်သူကြီးများအတွက် ချပ်ဝတ်နှင့် လက်နက်များကို အင်မော်တယ်သခင်ကျိချန်က ယူသွားခဲ့သည်။
ချန်ယွဲ့ဂိုဏ်း၏ လူများက စိတ်ကောင်းဝင်နေကြသည်။ သူတို့က ရုပ်သေးရုပ်များအပြင် နောက်ထပ် ချပ်ဝတ်အစုံနှစ်သန်းကို မှာယူခဲ့ကြသည်။
ထိုအရောင်းအဝယ်သည် မဟူရာချပ်ဝတ်ဂိုဏ်း၏ စီးပွားရေးကျပ်တည်းမှုကို တိုက်ရိုက်ပြေလည်သွားစေသည်။
သူတို့က နောက်ထပ် နှစ်တစ်သောင်းအထိ နတ်စွမ်းအားသလင်းကျောက်နှင့် ပတ်သတ်၍ စိုးရိမ်နေရန်မလိုတော့ပေ။
ရှန်ကျောက်ယွဲ့က ဆုချီးမြှင့်ခံရပြီး ကူးသန်းရောင်းဝယ်ရေးခန်းဆောင်၏ လက်ထောက်ခန်းဆောင်သခင် ဖြစ်သွားခဲ့သည်။
သို့သော် သူတို့က ဟန်မူယဲ့၏အကြောင်းကို မသိကြပေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ၂နှစ်ခွဲ ကုန်ဆုံးသွားသည်။
စာချုပ်၏ ရက်ချိန်းပြည့်ရန် သုံးရက်သာ လိုတော့သည်။
စိတ်ဓာတ်ကျနေသော ကျူးချန်က မုတ်ဆိတ်မွေးများပေါက်နေပြီး မဟူရာချပ်ဝတ်ဂိုဏ်း၏ ဂိတ်ပေါက်အပြင်ဘက်တွင် ထိုင်နေခဲ့သည်။
သူက သုံးနှစ်အတွင်း၌ အလွန်ပျက်စီးသွားခဲ့သည်။
သူနှင့်ပတ်သတ်သင့်သော အရာအားလုံး ပျောက်ကွယ်သွားသည်။
အကြီးအကဲရှန်က သူ့ဆီမှ အရာအားလုံးကို လုယူသွားသည့်အပြင် သူ့ကို အကွက်ချပြီး ဝိညာဉ်ထိခိုက်သွားအောင် လုပ်ခဲ့သည်။
သူက ဂိုဏ်း၏ ဟာသတစ်ခု ဖြစ်လာသည်။
“မင်းက အရူးပဲ။ ချပ်ဝတ်ဝယ်သွားတဲ့လူကို စောင့်နေတုန်းလား”
လူတစ်ယောက်က ကျူးချန်ကို မြင်လိုက်သောအခါတွင် ရယ်မောပြီး လှောင်ပြောင်လိုက်သည်။
“ဟုတ်တယ်။ နတ်စွမ်းအားသလင်းကျောက် ခုနစ်သန်း။ ဒီဟာသက နေရာတိုင်းမှာ ပျံ့နှံ့နေပြီ”
“အပြင်လူနဲ့ပူးပေါင်းပြီး အကျိုးအမြတ်ရဖို့ လုပ်ခဲ့ပေမဲ့ အရာအားလုံး ဆုံးရှုံးသွားရတယ်”
ပတ်ဝန်းကျင်သည် လှောင်ပြောင်သံများဖြင့် ပြည့်နေသည်။
‘အကျိုးအမြတ်ရဖို့ တွေးနေတာလား’
‘ဂိုဏ်းက မင်းကို ခွင့်ပြုမယ်လို့ ထင်နေတာလား’
“ဝီ”
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါက အသက်ဝင်လာသည်။
လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။
ရွှေရောင်ချပ်ဝတ်နှင့် ဒါဇင်ချီသောပုံရိပ်များ ရောက်လာကြသည်။
ကျူးချန်က သူတို့ကို ကြည့်လိုက်ပြီး ဟန်မူယဲ့ကို မမြင်ရသောအခါတွင် စိတ်ပျက်စွာ ခေါင်းခါသည်။
“မီးကွန်ရက်ဂိုဏ်းရဲ့ လူတွေပဲ”
လူတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
‘မီးကွန်ရက်ဂိုဏ်းလား’
‘မဟူရာချပ်ဝတ်ဂိုဏ်းရဲ့ ရန်သူမဟုတ်ဘူးလား’
မရေမတွက်နိုင်သောလူများက ထိတ်လန့်နေပြီး နတ်ဘုရားအလင်းတန်းများ ရောက်လာကြသည်။
တစ်ဖက်တွင် မီးကွန်ရက်ဂိုဏ်း၏ လူများက တည်ငြိမ်နေပြီး ယုံကြည်ချက်ရှိစွာ လျှောက်လာကြသည်။
“ဟယ်ကျန်းကျီ”
“မင်းက ငါ့ရဲ့ မဟူရာချပ်ဝတ်ဂိုဏ်းမှာ ဘာလုပ်နေတာလဲ”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က အော်ဟစ်လိုက်ပြီး မီးကွန်ရက်ဂိုဏ်းမှ လူများ၏ရှေ့သို့ ရောက်လာသည်။
သူ့နောက်တွင် ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
မဟူရာချပ်ဝတ်ဂိုဏ်းသည် အားမနည်းပေ။
“ဟားဟား၊ တာအိုရောင်းရင်းချန်ရှန်း ငါတို့က စီးပွားရေးလုပ်ဖို့ ရောက်လာတာပါ”
မီးကွန်ရက်ဂိုဏ်း၏ ခေါင်းဆောင်က ပေါ့ပါးစွာရယ်လိုက်ပြီး စာချုပ်တစ်ခုကို ပစ်ပေးသည်။
“ငါတို့က နတ်စွမ်းအားသလင်းကျောက် ခုနစ်သန်းကို ယူလာခဲ့တယ်။ ချပ်ဝတ်သုံးသန်းကို ပေးလိုက်တော့”
ထိုလူက အပြုံးတစ်ခုနှင့်အတူ ပတ်ဝန်းကျင်ကို ကြည့်သည်။
“အခုတစ်လော နတ်ဘုရားနယ်မြေတွေက ဖရိုဖရဲဖြစ်နေတယ်။ ချပ်ဝတ်တွေရဲ့တန်ဖိုးက နှစ်ဆတက်လာတယ်။ မင်းတို့ရဲ့ ချပ်ဝတ်သုံးသန်းကို ငါတို့ ပြန်ရောင်းလိုက်ရင် နှစ်ဆ အမြတ်ရလိမ့်မယ့်”
ချပ်ဝတ်သုံးသန်း ....
ကျူးချန်က မျက်လုံးပြူးသွားသည်။
‘အဲဒါက ငါကိုယ်တိုင် ကြိုးစားခဲ့ရတဲ့ စာချုပ်မဟုတ်ဘူးလား’
‘ချပ်ဝတ်သုံးသန်းလား’
မဟူရာချပ်ဝတ်ဂိုဏ်း၏ လူအိုကြီးက စာချုပ်ကို ကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။
အဝေးတစ်နေရာတွင် ရုပ်သေးရုပ်နှင့် ဝိညာဉ်ဓားရွှေအင်မော်တယ်၏ကြား၌ ရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့် ဟန်မူယဲ့က ပြုံးလိုက်သည်။
“အခု ပိုက်ကွန်သိမ်းဖို့အချိန်ပဲ”
သူက ရုပ်သေးရုပ်ကို လှည့်ကြည့်ပြီး တီးတိုးပြောသည်။
“အကြီးအကဲ၊ ကျွန်တော်တို့ တိုက်ပွဲစရင် ဓားစင်ငါးပါးမီးပြင်းဖိုကို မှောက်ပစ်မယ်”
သူ့စကားကြောင့် ဝိညာဉ်ဓားရွှေအင်မော်တယ်က စိတ်လှုပ်ရှားသွားသည်။
“လူအိုကြီးစွန်း၊ မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်က အားကောင်းတယ်လို့ အမြဲပြောနေတာ အမှန်ပဲလား”
“ဟုတ်တယ်”
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က တီးတိုးပြောသည်။
“ဘုန်း”
ရှေ့တွင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားရသည်။
မီးတောက်တစ်ခုသည် လေထုထဲတွင် လောင်ကျွမ်းနေသည်။
“မင်းတို့ မဟူရာချပ်ဝတ်ဂိုဏ်းက ဒီနေ့မှာ ချပ်ဝတ်သုံးသန်းကို ထုတ်မပေးနိုင်ဘူးဆိုရင် တစ်ဂိုဏ်းလုံးကို ပြာချပစ်မယ်”
မီးတောက်ထဲတွင် ဟိန်းဟောက်သံကို ကြားရသည်။
“ဟယ်ကျန်းကျီ၊ ကြိုးစားကြည့်လိုက်လေ”
ရွှေရောင်ချပ်ဝတ်နှင့် တူတစ်ချောင်းကိုင်ထားသော ဧရာမပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
“ကြိုးစားကြည့်တာပေါ့”
မီးတောက်က ကောင်းကင်အထိ ရောက်သွားပြီး ရွှေရောင်ချပ်ဝတ်ပုံရိပ်ကို လွှမ်းခြုံလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မရေမတွက်နိုင်သော အလင်းတန်းများက နေရာအနှံ့သို့ ဖြာထွက်သွားကြသည်။
အပြင်လူများက အဆင့်မြင့် နတ်ဘုရားကလန်သားများ၏ တိုက်ပွဲတွင် ဝင်မပါလျှင် ပိုကောင်းသည်။
ထိုအလင်းတန်းများထဲတွင် တချို့က မတူညီသောရည်ရွယ်ချက်ကို သယ်ဆောင်ထားပြီး အပြင်ဘက်သို့ ထွက်မပြေးပဲ အထဲသို့ တိုးဝင်လာကြသည်။
ဟန်မူယဲ့ကလည်း အထဲသို့ ဝင်ရောက်လာခဲ့သည်။
သူ့နောက်ကျောတွင် ဓားတစ်လက်ရှိပြီး အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။
“သခင်လေး၊ သခင်လေးဟန်”
ကျူးချန်က ထွက်ပြေးနေသော လမ်းတစ်ဝက်တွင် ဖြစ်သည်။ သူက ရှေ့တွင်ပေါ်လာသော ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ရုတ်တရက် ရပ်တန့်လိုက်သည်။
“ငါက သဘောတူထားတဲ့အတိုင်း ရောက်လာတယ်။ မင်းတို့ဂိုဏ်းက စာချုပ်ဖျက်လိုက်တာပဲ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
ကျူးချန်က တစ်ကိုယ်လုံးတုန်ခါသွားပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် ညင်သာစွာခေါင်းညိတ်သည်။
ဟန်မူယဲ့က မဟူရာချပ်ဝတ်ဂိုဏ်းကို အကွက်ချခဲ့သည်။
သို့သော် မဟူရာချပ်ဝတ်ဂိုဏ်းက မကောင်းသောအတွေးကို ပိုင်ဆိုင်ထားသည့်အတွက် ဖြစ်သည်။
အကယ်၍ မဟူရာချပ်ဝတ်ဂိုဏ်းက စာချုပ်အတိုင်း လိုက်နာခဲ့မည်ဆိုလျှင် ဤသို့ ဖြစ်လာမည်မဟုတ်ပေ။ ချပ်ဝတ်သုံးသန်းကိုလည်း ကောင်းမွန်စွာ ရောင်းချနိုင်လိမ့်မည်။
သို့သော် အလွန်နောက်ကျသွားသည်။
“ဒါက နတ်စွမ်းအားသလင်းကျောက် တစ်သိန်းပဲ”
ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေရောင်သေတ္တာလေးတစ်လုံးကို ပစ်ပေးသည်။ သူက တီးတိုးပြောသည်။
“ဒါက မင်းနဲ့ ထိုက်တန်တယ်”
ကျူးချန်က သေတ္တာကို ကိုင်ထားပြီး မျက်နှာထားပြောင်းလဲသွားသည်။
အဆုံးတွင် သူက ကျယ်လောင်စွာရယ်လိုက်ပြီး သေတ္တာနှင့်အတူ လှည့်ထွက်သွားသည်။
သူက နတ်စွမ်းအားသလင်းကျောက်တစ်သိန်းကို အားကိုး၍ နတ်ဘုရားကမ္ဘာတွင် လွတ်လပ်စွာ သွားလာနိုင်လိမ့်မည်။
သူက ထွက်သွားတော့မည့်အချိန်တွင် နောက်သို့ လှည့်ကြည့်လိုက်သည်။
‘သခင်လေးဟန်မှာ တခြားရည်ရွယ်ချက်ရှိလောက်တယ်’
ထိုအချိန်တွင် ဟန်မူယဲ့က မဟူရာချပ်ဝတ်ဂိုဏ်းထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်လာခဲ့သည်။
သူ့မှာ တခြားရည်ရွယ်ချက် ရှိသည်။
သူက အရောင်ငါးမျိုးအလင်းဖြင့် တောက်ပနေသော ဓာတ်စင်ငါးပါးမီးပြင်းဖိုကို လိုချင်သည်။
လွန်ခဲ့သောသုံးနှစ်တွင် သူက ချန်ယွဲ့ဂိုဏ်းသို့ တိတ်ဆိတ်စွာသွားရောက်၍ မဟူရာချပ်ဝတ်ဂိုဏ်း၏ ချပ်ဝတ်များကို ဝယ်ယူရန် ဆွဲဆောင်ခဲ့သည်။
သူက ထိုခရီးစဉ်မှတစ်ဆင့် အကျိုးအမြတ်မရခဲ့ပေ။
သို့သော် သူက မဟူရာချပ်ဝတ်ဂိုဏ်း၏ ပြိုင်ဘက်ဖြစ်သော မီးကွန်ရက်ဂိုဏ်းသို့ ဆက်သွားခဲ့သည်။
သူက နတ်စွမ်းအားသလင်းကျောက် သုံးသန်းတန်ဖိုးရှိသော စာချုပ်ကို ခြောက်သန်းခြင့် ရောင်းချခဲ့သည်။
မီးကွန်ရက်ဂိုဏ်းက ထိုစာချုပ်ကို အသုံးပြု၍ သလင်းကျောက်ဆယ်သန်းပြန်တောင်းရန် အခက်အခဲမရှိပေ။
သို့သော် သူတို့က သလင်းကျောက်ဆယ်သန်းကို အလိုရှိမည်မဟုတ်ပေ။
ဟန်မူယဲ့က မဟူရာချပ်ဝတ်ဂိုဏ်းကြောင့် ပိုင်ဆိုင်မှုများအားလုံးကို ရောင်းချလိုက်ရသော နတ်ဘုရားတစ်ပါးအဖြစ် သရုပ်ဆောင်ခဲ့သည်။
သူက ထိုစာချုပ်ကို အကျိုးအမြတ်ရရန်အတွက် ပြုလုပ်ခဲ့ခြင်းမဟုတ်ပဲ မဟူရာချပ်ဝတ်ဂိုဏ်းကို ဖရိုဖရဲဖြစ်သွားစေရန် ရည်ရွယ်သည်။
ထိုအကြံသည် မီးကွန်ရက်ဂိုဏ်း၏ သဘောထားနှင့် ထပ်တူညီနေသောကြောင့် ယနေ့တိုက်ပွဲကို ဖြစ်ပေါ်စေခဲ့သည်။
“အဲဒါက ဓာတ်စင်ငါးပါးမီးပြင်းဖိုပဲ”
ဝိညာဉ်ဓားရွှေအင်မော်တယ်က ပြောလိုက်သည်။
သူက အတိတ်ကို သတိရနေသောပုံစံဖြင့် ညင်သာစွာပြောသည်။
“ငါက ဓာတ်စင်ငါးပါးမီးပြင်းဖိုဆီကို လွယ်လွယ်ကူကူ ချဉ်းကပ်လာနိုင်မယ်လို့ ထင်မထားခဲ့ဘူး။ ပြီးတော့ ....”
“မင်းက နတ်စွမ်းအားသလင်းကျောက် သုံးသန်းကို ရခဲ့တယ်”
ထိုအကျိုးအမြတ်ကြောင့် ဝိညာဉ်ဓားရွှေအင်မော်တယ်က ကြောင်အသွားသည်။
သို့သော် ယခုအချိန်သည် သက်တောင့်သက်သာနေရမည့်အချိန် မဟုတ်ပေ။ ဟန်မူယဲ့က ဓားမြှောက်လိုက်ပြီး ညင်သာစွာပြောသည်။
“အကြီးအကဲ၊ အခု အစွမ်းကုန်ထုတ်သုံးရမယ်”
“အစွမ်းကုန်ထုတ်သုံးရမှာလား။ ငါက အစွမ်းကုန်ထုတ်သုံးလိုက်ရင် ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ကြောက်ရတယ် ....”
ဝိညာဉ်ဓားရွှေအင်မော်တယ်က ရေရွတ်လိုက်ပြီး ဓားသွားတွင် ရွှေရောင်လှိုင်းများ ပေါ်ထွက်လာသည်။
“အဲဒီမှာ ဘယ်သူလဲ”
“ဓာတ်စင်ငါးပါးမီးပြင်းဖို အသက်ဝင်မလာခင် နတ်စွမ်းအားကို အသုံးပြုလို့မရဘူး ....”
အော်ဟစ်သံများနှင့်အတူ ပုံရိပ်များ ပျံသန်းထွက်လာကြသည်။
ဟန်မူယဲ့က ဓားကိုင်ထားပြီး ပြေးဝင်သွားသည်။
သူ့လက်ထဲတွင်ရှိသော ဓားက မျက်စိကျိန်းလောက်သော နတ်ဘုရားအလင်းကို ထုတ်လွှတ်ပေးနေသည်။
ဟန်မူယဲ့က ဓားဆန္ဒကို ထည့်သွင်းထားပြီး အံ့အားသင့်သွားသည်။
ဤတစ်ကြိမ်တွင် ဝိညာဉ်ဓားရွှေအင်မော်တယ်က လုံလောက်သောစွမ်းအားကို ထုတ်သုံးခဲ့သည်။
ထို့ကြောင့် သူက မြင်ကွင်းအသစ်များကို မြင်လိုက်ရသည်။
အင်မော်တယ်ဘုရင် ....
အင်မော်တယ်ဘုရင်၏ရှေ့တွင် မရေမတွက်နိုင်သော အင်းကွက်များနှင့် ရွှေအလင်းကိုထုတ်ပေးနေသော ဓားရှည်တစ်လက် ရှိနေသည်။
“အင်မော်တယ်နှိမ်နှင်းခြင်းဓား၊ ဒီနေ့မှာ ငါက မင်းကို ချိပ်ပိတ်လိုက်မယ်။ တစ်နေ့မှာ မင်းက အစစ်အမှန် တောက်ပလာလိမ့်မယ်”
“အင်မော်တယ်ကို နှိမ်နှင်းမယ်။ နတ်ဘုရားတွေကို သတ်ဖြတ်မယ်။ တစ်နေ့မှာ မင်းက ကောင်းကင်စက်ဝန်းကမ္ဘာတစ်ခုလုံးရဲ့ အတောက်ပဆုံးဓား ဖြစ်လာလိမ့်မယ်”