← Chapters

အခန်း (၉၆၅)

Vol. 69 Ch. 965

အခန်း (၉၆၅)

Vol. 69 Ch. 965

“ငိုမနေနဲ့အုံး။ ငါ့ဝေစုက ဘယ်မှာလဲ”

ဟန်မူယဲ့က ကျောက်ချန်ကို ဖမ်းဆုပ်လိုက်ပြီး ကျယ်လောင်စွာမေးသည်။

ဟန်မူယဲ့က နတ်ဘုရားကလန်ကို တိုက်ခိုက်ရန် အစီအစဉ်စွဲပြီး အင်မော်တယ်သခင်များအပါအဝင် မရေမတွက်နိုင်သော နတ်ဘုရားစစ်သည်များကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် စစ်တပ်၏ အထောက်အပံ့ပစ္စည်းများကိုလည်း လုယူခဲ့သည်။

ထိုအချိန်တွင် သူတို့က အလျင်စလို ထွက်လာခဲ့ရသောကြောင့် အရင်းအမြစ်များအားလုံးကို အင်မော်တယ်သခင်များက ယူသွားကြသည်။ သို့သော် ဟန်မူယဲ့က ဝေစုတစ်ခုရမည်ဟု ကြိုတင်သဘောတူထားကြသည်။

ထိုသို့မဟုတ်လျှင် အသက်စွန့်၍ နတ်ဘုရားမိုးကြိုးများကို အသုံးပြုခဲ့ရခြင်းသည် ထိုက်တန်မည်မဟုတ်ပေ။

“အစ်ကိုကြီးရဲ့ဝေစုကို အင်မော်တယ်သခင်ကျီယုက ထိန်းသိမ်းပေးထားတယ်”

ကျောက်ချန်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

သူက လေးစားနေသောမျက်နှာထားဖြင့် ဆက်ပြောသည်။

“အနည်းဆုံး နတ်စွမ်းအားသလင်းကျောက် တစ်သန်းရလိမ့်မယ်”

ယခုအချိန်တွင် သခင်လေးကျောက်က ဝိညာဉ်ကျောက်တုံးများကို ဂရုမစိုက်တော့ပေ။

သူက နတ်စွမ်းအားသလင်းကျောက်များကိုသာ အသုံးပြုချင်သည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ ဂိုဏ်းကြီးများကပင် နတ်စွမ်းအားသလင်းကျောက် တစ်သန်းကို စုဆောင်းရန်အတွက် နှစ်ပေါင်းများစွာကြာအောင် အချိန်ယူရလိမ့်မည်။

ဟန်မူယဲ့က နတ်စွမ်းအားသလင်းကျောက် ခြောက်သန်း ရလာခဲ့ကြောင်း ကျောက်ချန်က မသိပေ။

“ကောင်လေး၊ အချိန်ရရင် တစ်ခွက်သောက်ကြရအောင်”

“ငါက နတ်ဘုရားကမ္ဘာကနေ သေရည်ကောင်းတချို့ ရလာတယ်”

အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်အဖြစ် အသွင်ပြောင်းထားသော ဝိညာဉ်ဓားရွှေအင်မော်တယ်က လှုပ်ရှားလိုက်ပြီး ပျံသန်းသွားသည်။

ဟန်မူယဲ့က ဝိညာဉ်ဓားရွှေအင်မော်တယ်ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

သူ၏ ကျင့်ကြံဆင့်က နိမ့်ကျနေသောကြောင့် အင်မော်တယ်နှိမ်နှင်းခြင်းဓား၏ ပိုင်ရှင်ဖြစ်လာရန် အရည်အချင်းမရှိသေးပေ။

သို့သော် ကံကောင်းစွာဖြင့် ဓားဝိညာဉ်နှင့် ရင်းနှီးမှုတည်ဆောက်ထားနိုင်ခဲ့သည်။

သူ၏ ကျင့်ကြံဆင့်က လက်ခံနိုင်သောအခြေအနေသို့ ရောက်လာလျှင် ထိုဓားကို သေချာပေါက် သိမ်းသွင်းနိုင်လိမ့်မည်။

သူက စခန်းသို့ ပြန်ရောက်လာသောအခါတွင် စုကျန်းနှင့် တခြားလူများက ပျော်ရွှင်သွားကြသည်။

သုံးနှစ်အတွင်း၌ သူတို့အားလုံးက အလွန်တိုးတက်လာကြသည်။

ခက်ခဲကြမ်းတမ်းလှသော သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် သူတို့အားလုံးက သက်တောင့်သက်သာနေနိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူတို့က ဂိုဏ်းတွင်နေထိုင်ခဲ့ရသောအချိန်ထက် အဆပေါင်းတစ်ထောင်ခန့် ပိုပျော်နေကြသည်။

သူတို့က နတ်စွမ်းအားသလင်းကျောက်များကိုလည်း လွတ်လပ်စွာအသုံးပြုနိုင်သောကြောင့် သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် နှစ်ပေါင်းထောင်ချီကြာမြင့်သည်အထိ နေထိုင်ရန် ဆန္ဒရှိကြသည်။

ထို့အပြင် သူတို့က နတ်ဘုရားကလန်သားများနှင့် တိုက်ခိုက်ပြီး အတွေ့အကြုံယူနိုင်သည်။

ယခုအချိန်တွင် သူတို့က နတ်ဘုရားကမ္ဘာ၏ နတ်ဘုရားကလန်ကို ကြောက်ရွံ့မှုမရှိတော့ပဲ တိုက်ခိုက်ကြည့်ရန် စိတ်အားထက်သန်နေကြသည်။

ဟန်မူယဲ့က အင်မော်တယ်သခင်ကျီယုဆီသို့ တိုက်ရိုက်မသွားပဲ တဲအိမ်ထဲသို့ ဝင်သွားသည်။

သူက ဝင်္ကပါအလင်းလွှာများကို တစ်ခုပြီးတစ်ခု အသက်သွင်းပြီး နတ်အာရုံများအားလုံးကို တားဆီးလိုက်သည်။

“ဝီ”

အနက်ရောင်ရုပ်သေးရုပ်သည် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ဖြစ်သည်။

ထိုရုပ်သေးရုပ်သည် မဟူရာချပ်ဝတ်ဂိုဏ်း၏ ထိပ်တန်းအဆင့် ရုပ်သေးရုပ် ဖြစ်သည်။

ထိုသို့ အားကောင်းသောရုပ်သေးရုပ်ကို သန့်စင်နိုင်သော နည်းစနစ်များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ရေမှင်စာက ရုပ်သေးရုပ်ထဲတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့သောကြောင့် ရုပ်သေးရုပ်က ရေမှင်စာ၏ စွမ်းအားကို ဆက်ခံထားသည်။

ယခုအချိန်တွင် ရေမှင်စာက ထွက်သွားသော်လည်း ရုပ်သေးရုပ်က တောက်ပနေသော မျက်လုံးများဖြင့် နေရာတွင် ရှိနေခဲ့သည်။

“ဝီ”

ဟန်မူယဲ့၏ရှေ့တွင် ရွှေအလင်းတစ်ခု ပေါ်လာသည်။

အဆောင်လက်ဖွဲ့တစ်ခု ဖြစ်သည်။

စာချုပ်အင်းကွက် ဖြစ်သည်။

“တကယ်လို့ ကျွန်တော်ထင်တာမမှားရင် အကြီးအကဲက ကိုယ်ပိုင်အသိစိတ် နိုးထနေပြီမဟုတ်လား”

ဟန်မူယဲ့က ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူက ရုပ်သေးရုပ်ဆီမှ ပေါ်ထွက်လာသော ရေမှင်စာနှင့် မတူသည့် ဝိညာဉ်စွမ်းအားကို ခံစားကြည့်နိုင်သည်။

ရုပ်သေးရုပ်သည် အချိန်ကြာမြင့်စွာ ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ရေမှင်စာ၏ ထိန်းချုပ်မှုအောက်တွင် ဆက်နေပြီး တစ်ခါမှ ပေါ်မလာခဲ့ပေ။

သူ၏ ဝိညာဉ်က သင်္ချိုင်းအင်မော်တယ်မြို့ တစ်ခုလုံးနှင့် ဆက်သွယ်နေသည်။

သူက သင်္ချိုင်းအင်မော်တယ်မြို့တော်၏ စောင့်ရှောက်သူတစ်ဦးအဖြစ် နှစ်ပေါင်းမရေမတွက်နိုင်အောင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါ ရုပ်သေးရုပ်၏ မျက်လုံးထဲတွင် ခံစားချက်တချို့ ဖြတ်ပြေးသွားသည်။

သူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး တောင့်တင်းနေသောခန္ဓာကိုယ်ကို ခံစားကြည့်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း သွက်လက်လာသည်။ သူက အလွန်လျင်မြန်ပြီး အရိပ်တစ်ခုကိုသာ မြင်နိုင်တော့သည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်တွင် ပြေးလွှားနေသော ရုပ်သေးရုပ်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

သူက နောက်ဆုံးတွင် ပြောလိုက်သည်။

“အကြီးအကဲ၊ ရေမှင်စာအကြီးအကဲက ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်မယ့်နည်းလမ်း ပေးသွားခဲ့တာ သိတယ်မဟုတ်လား”

ရုပ်သေးရုပ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တိတ်ဆိတ်နေသည်။ ထို့နောက် ခေါင်းညိတ်သည်။

“မင်းက ဘာလုပ်ချင်တာလဲ”

ဟန်မူယဲ့က အသံတစ်သံကို ကြာလိုက်ရသည်။

ထိုအသံက သတ္တုများ ပွတ်တိုက်နေသောအသံနှင့် တူပြီး ဝိညာဉ်မှတစ်ဆင့် ရောက်လာသည်။

“ကျွန်တော်က အကြီးအကဲကို ကျွန်ပြုဖို့ ရည်ရွယ်ချက်မရှိပါဘူး”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ရှေ့တွင်ရှိသော အဆောင်လက်ဖွဲ့ကို ညွှန်ပြသည်။

“ဒါပေမဲ့ အကြီးအကဲရဲ့စွမ်းအားကို အသုံးပြုဖို့ လိုအပ်တယ်”

“ဒီအဆောင်လက်ဖွဲ့ကို ကြည့်လိုက်ပါ။ ဒါက ကျွန်တော်တို့ရဲ့ခွန်အားတွေကို စာချုပ်ကနေတစ်ဆင့် ဝေမျှပေးနိုင်တယ်”

“ကျွန်တော်က အကြီးအကဲရဲ့စွမ်းအားကို မလိုအပ်တော့ဘူးဆိုရင် စာချုပ်ကို ဖျက်သိမ်းလိုက်ပါမယ်”

စာချုပ်သည် နှစ်ဖက်ပူးပေါင်းပြီး အသုံးပြုရသော နည်းလမ်းတစ်ခု ဖြစ်သည်။

အကယ်၍ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က စာချုပ်ချုပ်လိုက်လျှင် ဟန်မူယဲ့က စိတ်ကူးမယဉ်နိုင်သော စွမ်းအားကို ရရှိလိမ့်မည်။

သူက သင်္ချိုင်းအင်မော်တယ်မြို့တော်နှင့် မဟာဝင်္ကပါကို သွယ်ဝိုက်သောနည်းလမ်းဖြင့် ထိန်းချုပ်နိုင်လိမ့်မည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ စောင့်ရှောက်သူ ဖြစ်သည်။

ထို့အပြင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကလည်း စာချုပ်မှတစ်ဆင့် ဟန်မူယဲ့ကို အသုံးပြုပြီး သင်္ချိုင်းအင်မော်တယ်မြို့တော်မှ ထွက်ခွာ၍ ကျင့်ကြံခြင်းအတွေ့အကြုံကို ရှာဖွေနိုင်လိမ့်မည်။

သူက ရုပ်သေးရုပ်၏ ဝိညာဉ်ဖြစ်သည်။ သို့သော် ဝိညာဉ်စွမ်းအားက အားနည်းနေသေးသည်။

ရေမှင်စာက သူ့ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ပျိုးထောင်ပေးခဲ့သည်။ ထို့အပြင် သူက အလွန်အားကောင်းသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုစွမ်းအားကို အသုံးပြုနိုင်ရန် ခက်ခဲနေသည်။

“အကြီးအကဲကလည်း ကျွန်တော့်လုပ်ဆောင်ချက်တွေကို မြင်ပြီးပြီမဟုတ်လား။ ကျွန်တော်က အမြဲတမ်း ကတိတည်ပါတယ်”

ဟန်မူယဲ့က ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် ပြောသည်။

သူက သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ‌ရောက်လာသောအချိန်တွင် တခြားလူများ မပိုင်ဆိုင်သော စွမ်းရည်နှင့် လုပ်နိုင်စွမ်းကို ပြသခဲ့သည်။

သူက ရွှေအင်မော်တယ်နှင့် အင်မော်တယ်သခင်များ၏ တိုက်ခိုက်နိုင်စွမ်းကို စုစည်းနိုင်သည်။

သူက တစ်ယောက်တည်းခွန်အားဖြင့် သင်္ချိုင်းအင်မော်တယ်မြို့တော်တစ်ခုလုံးကို ပြောင်းလဲခဲ့သည်။

သူက ကမ္ဘာတစ်ခုကို ကယ်တင်ပြီး တခြားအင်မော်တယ်ကမ္ဘာများနှင့် ပူးပေါင်း၍ နတ်ဘုရားကလန်၏စစ်တပ်ကို ဖျက်ဆီးခဲ့သည်။

ဤလောကတွင် ဟန်မူယဲ့နှင့် ယှဉ်နိုင်သောလူများ အနည်းငယ်သာ ရှိကြသည်။

ရုပ်သေးရုပ်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

သူက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီး ခေါင်းညိတ်လိုက်သည်။

“မင်းက မူလကမ္ဘာကို သွားမယ်ဆိုရင် ငါ့ကို ခေါ်သွားပါ”

“ငါက သူ့နှလုံးသားထဲမှာရှိနေတဲ့ နေရာကို ကြည့်ချင်တယ်”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ အမြင်တွင် ရေမှင်စာသည် သူ၏ ဖန်တီးသူ၊ သူ၏ အသိစိတ်လမ်းညွှန် ဖြစ်သည်။

သူတို့က အဖေနှင့်သား ဖြစ်ကြသည်။

ရေမှင်စာက အဘယ်ကြောင့် သူ့ကို ချက်ချင်းစွန့်ပစ်ခဲ့ကြောင်း နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က နားမလည်ခဲ့ပေ။

ထို့ကြောင့် မူလကမ္ဘာသို့သွားပြီး ကြည့်ချင်မိသည်။

“ကောင်းပြီ”

ဟန်မူယဲ့က လက်မြှောက်ပြီး စာချုပ်အဆောင်လက်ဖွဲ့ကို ဖိချသည်။

“ဘုန်း”

အဆုံးမရှိ‌သော နတ်ဘုရားမိုးကြိုး ပေါ်ထွက်လာသည်။

စွမ်းအားတစ်ခုသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ပြန်ထွက်သွားသည်။

သူ၏ ခန္ဓာကိုယ်နှင့်ဝိညာဉ်က လုံလောက်အောင်မသန်မာလျှင် ပေါက်ကွဲထွက်သွားလိမ့်မည်။

ကံကောင်းစွာဖြင့် သူ၏ ခွေသားရဲသွေးမျိုးဆက်က အဆင့်တက်သွားခဲ့သည်။ ထို့အပြင် ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးကို သန့်စင်ထားသောကြောင့် သူ့ခန္ဓာကိုယ်က အလွန်သန်မာသည်။

သူ၏ ဝိညာဉ်ကလည်း ရွှေအင်မော်တယ်အဆင့်တွင် ရှိနေသည်။

“ဝီ”

အင်မော်တယ်စွမ်းအင်အလင်းသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ပြေးလွှားနေသည်။

သူ၏ ကျင့်ကြံဆင့်က လျင်မြန်စွာ မြင့်တက်လာသည်။

သူက နှစ်နာရီအတွင်း၌ လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်သွားသည်။

ထိုအရာသည် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် စာချုပ်ချုပ်လိုက်‌သောကြောင့် ပထမဆုံးရရှိလာသော အကျိုးအမြတ် ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်က တိုက်ရိုက်တိုးသွားခဲ့သည်။

ထိုဖြစ်ရပ်သည် သူက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ထက် အလွန်အားနည်းနေသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ ခွန်အားကို အာရုံခံမိလိုက်သည်။

အကယ်၍ သူက အစွမ်းကုန်တိုက်ခိုက်လျှင် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်၏ စွမ်းအားကို ဖော်ထုတ်နိုင်လိမ့်မည်။

စွမ်းအားဖြစ်ပြီး ကျင့်ကြံဆင့်မဟုတ်ပေ။

ရုပ်သေးရုပ်သည် ရုပ်သေးရုပ်သာ ဖြစ်သည်။ သူတို့က တိုက်ခိုက်နိုင်စွမ်းကို ထုတ်လွှတ်ရန်အတွက် နတ်စွမ်းအားသလင်းကျောက်နှင့် ဝိညာဉ်စွမ်းအားကို လိုအပ်သည်။

ရေမှင်စာ ရှိနေသောအချိန်တွင် အားကောင်းသောဝိညာဉ်နှင့် သင်္ချိုင်းအင်မော်တယ်မြို့၏ စွမ်းအားကို အသုံးပြုခဲ့သည်။ ထိုအချိန်တွင် အင်မော်တယ်သခင်များကပင် ရုပ်သေးရုပ်နှင့် ရင်မဆိုင်ရဲကြပေ။

အကယ်၍ သူက ရုပ်သေးရုပ်ကို ထိန်းချုပ်ထားလျှင် အင်မော်တယ်သခင်အဆင့် စွမ်းအားကို ထုတ်သုံးနိုင်လိမ့်မည်။ ထို့အပြင် နတ်စွမ်းအားသလင်းကျောက်ကိုလည်း အသုံးပြုရန်မလိုပေ။

သို့သော် သင်္ချိုင်းအင်မော်တယ်မြို့မှ ထွက်သွားလျှင် ကိုယ်ပိုင်နတ်စွမ်းအားသလင်းကျောက်ကို အသုံးပြုရလိမ့်မည်။

သို့သော် နတ်စွမ်းအားသလင်းကျောက်ကိုသာ အသုံးပြုနိုင်ခြင်းမဟုတ်ပေ။ သူ၏ နားလည်မှုအရ တခြားစွမ်းအင်များကိုလည်း အသုံးပြုနိုင်သည်။

ဝိညာဉ်ကျောက်တုံးများကိုလည်း အသုံးပြုနိုင်လိမ့်မည်။ သို့သော် တိုက်ခိုက်နိုင်စွမ်းက အလွန်လျော့ကျသွားမည်။

ဟန်မူယဲ့က တခြားပစ္စည်းနှင့် ကြိုးစားကြည့်ချင်သည်။ ဥပမာအနေဖြင့် သူ့စိတ်နယ်ပယ်ထဲတွင်ရှိသော ဓာတ်စင်ငါးပါးမီးပြင်းဖို၏ မီးတောက် ဖြစ်သည်။

ထိုမီးတောက်သည် နတ်စွမ်းအင်သလင်းကျောက်များက အဆပေါင်းများစွာ ပိုမိုအဆင့်မြင့်သော နတ်ဘုရားမီးတောက် ဖြစ်သည်။

ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို ထိန်းချုပ်ထားသောကြောင့် သင်္ချိုင်းအင်မော်တယ်မြို့ကိုလည်း ထိန်းချုပ်ထားသည်ဟု ပြောနိုင်သည်။

သင်္ချိုင်းအင်မော်တယ်မြို့ကို ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ဟု ခေါ်သင့်သည်။

ဤနေရာသည် နံပတ်စဉ်သာရှိပြီး နာမည်မရှိသော ကောင်းကင်ပြောင်းလဲခြင်းစံအိမ် ဖြစ်သည်။

သူက တခြားနေရာတွင်ရှိသော ကောင်းကင်ပြောင်းလဲခြင်းစံအိမ်များဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သင်္ချိုင်းအင်မော်တယ်မြို့ကို ထိန်းချုပ်ခဲ့သောအချိန်တွင် တိုးတက်အောင်ပြုလုပ်ရန် အစီအစဉ်မရှိပေ။

ခုခံကာကွယ်ပြီး တိုက်ခိုက်မည်။ ထို့နောက် အရောင်းအဝယ်ပြုလုပ်မည်။

ထိုသို့သာဖြစ်သည်။

သို့သော် သင်္ချိုင်းအင်မော်တယ်မြို့သည် စိတ်ကူးမယဉ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။

သင်္ချိုင်းအင်မော်တယ်မြို့၏ ဗဟိုချက်သည် တာအိုသခင်ကျီယုတို့ နေထိုင်သော မျှော်စင် ဖြစ်သည်။

သူက ရုပ်သေးရုပ်မှတစ်ဆင့် ထိုနေရာကို တိုက်ရိုက်ထိန်းချုပ်နိုင်သော်လည်း အင်မော်တယ်သခင်ကျီယုတို့နှင့် ကောင်းမွန်စွာ စကားပြောရန် ဆုံးဖြတ်ခဲ့သည်။

သူက မတ်တပ်ရပ်လိုက်သောအခါတွင် ရုပ်သေးရုပ်က ရွှေရောင်အမှတ်အသားအဖြစ် ပြောင်းလဲ၍ သူ့လက်မောင်းပေါ်သို့ ကျရောက်လာသည်။

ဟန်မူယဲ့က တဲအိမ်ထဲမှ ထွက်လာပြီး ပျံသန်းသွားသည်။

ယခုအချိန်တွင် သူက မြို့ထဲ၌ တည်နေရာရွှေ့ပြောင်းနိုင်သည်။

သို့သော် ဓားအလင်းဖြင့် ပျံသန်းလာခဲ့သည်။

သူက မြို့လယ်သို့ ရောက်လာသောအခါတွင် ကျင့်ကြံသူများက အံ့အားသင့်စွာ နှုတ်ဆက်လိုက်ကြသည်။

သူတို့က နတ်ဘုရားကမ္ဘာသို့ သွားရောက်ပြီး တိုက်ခိုက်ခဲ့သောအကြောင်းကို သာမန်ကျင့်ကြံသူများက မသိကြပေ။

All Chapters