← Chapters

အခန်း (၉၆၆)

Vol. 69 Ch. 966

အခန်း (၉၆၆)

Vol. 69 Ch. 966

ယွင်လန်ဓားအင်မော်တယ်က သုံးနှစ်ကြာအောင် တံခါးပိတ်ကျင့်ကြံနေသည်ဟု တခြားလူများက ထင်ကြသည်။

“ကောင်လေး၊ နောက်ဆုံးတော့ မင်းပြန်လာပြီပဲ”

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အင်မော်တယ်သခင်ဟူယွမ်က ရယ်သည်။

ဟန်မူယဲ့က ပြုံးလိုက်သည်။

သူက သတိမထားမိလိုက်ပဲ သင်္ချိုင်းအင်မော်တယ်မြို့တွင် နေရာတစ်ခု ရလာခဲ့သည်။

“ဟားဟား၊ ယွင်လန်ပြန်လာပြီ”

အင်မော်တယ်သခင်ယွီဟယ်က ပျံသန်းလာပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“မင်းပြန်မလာရင် ကျီယုက နတ်ဘုရားကမ္ဘာကိုသွားပြီး မင်းကိုရှာတော့မယ်လို့ ပြောနေတာ”

“ဟမ့်၊ မောက်မာတဲ့လူတွေက နတ်ဘုရားကမ္ဘာမှာ သေသွားကြတာပဲ”

အင်မော်တယ်သခင်ကျီယုက ပြောသည်။

သူက ထိုသို့ပြောလိုက်သော်လည်း မျက်နှာပေါ်တွင်‌ ဒေါသမရှိပေ။

သူတို့အားလုံးက သူပြန်လာမည့်အချိန်ကို စောင့်နေကြသည်။ သွေးစစ်ပွဲဂိုဏ်း၏ အင်မော်တယ်သခင်ထိုက်ဟယ်ကပင် ပြုံးနေသည်။

“မိတ်ဆွေလေးယွင်လန်ရဲ့ နည်းလမ်းတွေက ထူးခြားတယ်။ သူက နတ်ဘုရားကမ္ဘာမှာ လွတ်လွတ်လပ်လပ် သွားနိုင်လိမ့်မယ်”

အင်မော်တယ်သခင်ယန်ယွီက ခပ်ဟဟရယ်သည်။

လက်ရှိအချိန်တွင် အင်မော်တယ်သခင် ၁၁ယောက်သည် သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် ရှိနေကြသည်။ ခြောက်ယောက်က ကျန်းယွမ်အင်မော်တယ်ကမ္ဘာမှ ဖြစ်ကြသည်။

အင်မော်တယ်သခင်များအားလုံး စုစည်းနေလိမ့်မည်ဟု ဟန်မူယဲ့က ထင်မထားခဲ့ပေ။ သူတို့အားလုံးက သူပြန်ရောက်လာသည့်အတွက် စုစည်းခဲ့ပုံမရပေ။

“မင်းက အချိန်ကိုက် ရောက်လာတာပဲ”

အင်မော်တယ်သခင်ထူထျန်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“ငါတို့က ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ တာအိုရောင်းရင်းတွေနဲ့ ဆွေးနွေးစရာရှိနေတယ်”

သူ့စကားအဆုံးတွင် ခန်း‌ဆောင်၏လေထုက တင်းကျပ်သွားသည်။

“လွန်ခဲ့တဲ့ရက်တွေမှာ ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ တာအိုရောင်းရင်းတွေက သင်္ချိုင်းအင်မော်တယ်မြို့ကို ထိန်းချုပ်ချင်နေကြတယ်”

အင်မော်တယ်သခင်ယွီဟယ်က အင်မော်တယ်ယန်ယွီကို ကြည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“အဲဒါက လုံးဝမဖြစ်နိုင်ဘူး”

အင်မော်တယ်သခင်ယွီဟယ်၏ဘေးတွင် ရှိနေသော အင်မော်တယ်သခင် ထိုက်ဟယ်က အေးစက်စွာပြောသည်။

‘သင်္ချိုင်းအင်မော်တယ်မြို့ကို ထိန်းချုပ်ချင်တာလား’

ဟန်မူယဲ့က စဉ်းစားကြည့်နေသည်။

ဖူယွီအင်မော်တယ်ကမ္ဘာမှ အင်မော်တယ်သခင်ငါးယောက် ရှိသည်။ သို့သော် ကျန်းယွမ်အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်သခင် ခြောက်ယောက် ရှိနေသည်။

ရွှေအင်မော်တယ်၊ ကောင်းကင်အင်မော်တယ်နှင့် တခြားကျွမ်းကျင်သူများ၏ အရေအတွက်ကလည်း ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ဘက်တွင် ပိုအရေးသာသည်။

သူတို့၏ ခွန်အားသည် သင်္ချိုင်းအင်မော်တယ်မြို့တွင်ရှိသော ဖူယွီအင်မော်တယ်ကမ္ဘာမှ ကျင့်ကြံသူများထက် သာလွန်နေသည်။

သို့သော် ခွန်အားသက်သက်ကြောင့် ဆိုလျှင် အင်မော်တယ်သခင်ယန်ယွီတို့က မြို့တော်ကို ထိန်းချုပ်ရန် ကြိုးစားရဲမည်မဟုတ်ပေ။

အဓိကအချက်သည် ဟန်မူယဲ့ယူသွားသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် သက်ဆိုင်နေသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် မရှိသောကြောင့် သင်္ချိုင်းအင်မော်တယ်မြို့၏ ခွန်အားသည် သိသိသာသာ ကျဆင်းသွားသည်။ သင်္ချိုင်းအင်မော်တယ်မြို့က ရုပ်သေးရုပ်နှင့် ဝင်္ကပါများအပေါ်တွင် အဓိက မှီခိုထားသည်။

ထို့ကြောင့် ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်များက ထိုအတွေးဝင်လာခဲ့သည်။

အဆုံးတွင် ဤဖြစ်ရပ်က ဟန်မူယဲ့နှင့် သက်ဆိုင်နေသည်။

“ဟားဟား၊ မိတ်ဆွေလေးဟန်”

အင်မော်တယ်သခင်ယန်ယွီက လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ငါတို့ခြောက်ယောက်က သင်္ချိုင်းအင်မော်တယ်မြို့ကို ‌စောင့်ကြပ်ပေးထားတယ်။ ပြီးတော့ ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေလည်း အများကြီးရှိနေကြတယ်”

သူက ဝမ်းနည်းသောမျက်နှာထားအဖြစ် ပြောင်းလဲလိုက်ပြီး ခေါင်းခါ၍ ဆက်ပြောသည်။

“ငါတို့က သင်္ချိုင်းအင်မော်တယ်မြို့အတွက် အသက်စွန့်ထားပေမဲ့ မင်းတို့ ဖူယွီအင်မော်တယ်ကမ္ဘာက ငါတို့ကို အခွင့်အာဏာမပေးချင်ဘူးလေ။ ဒါက တရားရဲ့လား”

“ငါတို့ကလည်း ကိုယ်ပိုင်ရာထူးကို လိုချင်တယ်”

“ရာထူးလား”

အင်မော်တယ်သခင်ထိုက်ဟယ်က အထင်သေးစွာပြောသည်။

“မင်းတို့က ကိုယ်ပိုင်ကမ္ဘာကို ဆုံးရှုံးလိုက်ရပြီပဲ။ ဘာအခွင့်အရေးတွေ လာပြောနေတာလဲ”

သူ့စကားကြောင့် ကျန်းယွမ်အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်သခင်ခြောက်ယောက်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

အင်မော်တယ်သခင်ယန်ယွီက အေးစက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“မိတ်ဆွေလေးဟန်၊ မင်းက ငါတို့ကို သင်္ချိုင်းအင်မော်တယ်မြို့ဆီ ဖိတ်ခေါ်ခဲ့တယ်။ မင်းရဲ့ တောင်းဆိုချက်တွေကိုလည်း ငါတို့က သဘောတူခဲ့တယ်။ အခု မင်းပြောပါအုံး။ ငါတို့က မှားနေလား”

‘မှားနေလား’

‘မမှားဘူးလား’

ကိုယ်ပိုင်အမြင်ပေါ်တွင်သာ မူတည်သည်။

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။

အင်မော်တယ်သခင်ကျီယုက မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ပြောသည်။

“အင်မော်တယ်သခင်ယန်ယွီပြောတာ မှန်ပါတယ်။ ကျွန်တော်က ခင်ဗျားတို့ကို ဖိတ်ခေါ်ခဲ့တယ်။ ကျွန်တော်က ဒီကိစ္စတွေကို ဖြေရှင်းပေးသင့်ပါတယ်”

“အင်မော်တယ်သခင်က ဘာလိုချင်တာလဲမသိဘူး”

အင်မော်တယ်သခင်ယန်ယွီက တခြားလူများကို ကြည့်လိုက်ပြီး ပြောသည်။

“ငါတို့ရဲ့ တောင်းဆိုချက်က သိပ်မများပါဘူး။ ငါတို့ခြောက်ယောက်လုံးက တူညီတဲ့အခွင့်အာဏာနဲ့ အကြီးအကဲတွေဖြစ်ချင်တယ်”

“ငါတို့အားလုံးက အင်မော်တယ်သခင်တွေပဲလေ။ ငါတို့က အကြီးအကဲတောင် ဖြစ်လို့မရဘူးလား”

အင်မော်တယ်သခင်တစ်ယောက်အနေဖြင့် အကြီးအကဲရာထူးသည် လွန်ကဲသောတောင်းဆိုချက် မဟုတ်ပေ။

သို့သော် သင်္ချိုင်းအင်မော်တယ်မြို့ကို အကြီးအကဲများက အုပ်ချုပ်ကြသည်။ ယခင်က အကြီးအကဲငါးယောက်ရှိပြီး သုံးယောက်က သဘောတူလျှင် ဆုံးဖြတ်ချက်ချနိုင်သည်။

ယခုအချိန်တွင် ၁၁ယောက်ဖြစ်လာပြီး ခြောက်ယောက်က ကျန်းယွမ်အင်မော်တယ်ကမ္ဘာမှ ဖြစ်သည်။ ထိုသို့ဆိုလျှင် အရာအားလုံးကို အင်မော်တယ်သခင်ယန်ယွီတို့က ဆုံးဖြတ်သွားလိမ့်မည်။

“မဖြစ်နိုင်ဘူး။ သင်္ချိုင်းအင်မော်တယ်မြို့မှာ အကြီးအကဲငါးယောက်ပဲရှိတယ်။ ငါတို့က အရေအတွက်တိုးလို့မရဘူး”

အင်မော်တယ်သခင်ကျီယုက ဓားအလင်းကိုထုတ်လွှတ်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

သူက စကားပြောမှဖြစ်သည်။

ဟန်မူယဲ့က အခြေအနေကို နားမလည်ပဲ အလျင်စလို သဘောတူလိုက်လျှင် အဆင်ပြေမည်မဟုတ်ပေ။

အကြီးအကဲငါးယောက်သာ ရှိရမည်။

အင်မော်တယ်သခင်ယန်ယွီနှင့် တခြားအင်မော်တယ်သခင်များက မကျေမနပ် ဖြစ်သွားကြသည်။

“တကယ်လို့ အဲဒီတောင်းဆိုချက်ကို သဘောမတူဘူးဆိုရင် ဘာဖြစ်သွားမလဲ သိပါရစေ”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး အင်မော်တယ်သခင်ယန်ယွီကို ကြည့်သည်။

အင်မော်တယ်သခင်ယန်ယွီက ခပ်ဟဟရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မူယန်အင်မော်တယ်ကမ္ဘာရဲ့ အင်မော်တယ်သခင်ကျူးယွီက ငါတို့ကို ဖိတ်ခေါ်ထားတယ်။ မင်းတို့ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ တာအိုဂိုဏ်းတွေကလည်း ငါတို့ကို ဖိတ်ခေါ်နေတယ်”

မူယန်အင်မော်တယ်ကမ္ဘာနှင့် ဖူယွီအင်မော်တယ်ကမ္ဘာ၏ တာအိုအင်အားစု ....

တာအိုဂိုဏ်း ....

ဟန်မူယဲ့က အင်မော်တယ်သခင်ကျီယုနှင့် တခြားအင်မော်တယ်သခင်များ၏ မှုန်မှိုင်းနေသောမျက်နှာထားကို ကြည့်လိုက်သည်။ အင်မော်တယ်သခင် ယွီဟယ်၏ မျက်နှာထားက ရှုပ်ထွေးနေသည်။

အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများသည် မည်သည့်နေရာသို့ ရောက်သွားပါစေ ဂုဏ်သရေရှိကျွမ်းကျင်သူများ ဖြစ်ကြသည်။

တခြားအင်မော်တယ်ကမ္ဘာသို့ ရွှေ့ပြောင်းသွားခြင်းကို လက်ခံနိုင်သော်လည်း ဖူယွီအင်မော်တယ်ကမ္ဘာ၏ တာအိုဂိုဏ်းနှင့် ပူးပေါင်းခြင်းသည် နောက်ကျောကို ဓားဖြင့်ထိုးခြင်း ဖြစ်သည်။

“ငါတို့က သင်္ချိုင်းအင်မော်တယ်မြို့မှာ အဆင်ပြေနေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ထွက်မသွားချင်ဘူး”

အင်မော်တယ်သခင်ယန်ယွီက ရင်ဘတ်ကို လက်ဖြင့်ဖိထားပြီး ပြောသည်။

“ဒါပေမဲ့ မင်းတို့က အကြီးအကဲရာထူး တစ်နေရာတောင် မပေးဘူးလေ။ တကယ်နာကျင်ရတယ်”

အင်မော်တယ်သခင်ယန်ယွီက လက်ခုပ်တီးလိုက်ပြီး လူတိုင်းကို ကြည့်သည်။

“သုံးရက်၊ ငါတို့က မင်းတို့ကို ဆွေးနွေးဖို့ အချိန်သုံးရက်ပေးလိုက်မယ်”

ထို့နောက် သူက လှည့်ထွက်သွားသည်။

တခြားအင်မော်တယ်သခင် ငါးယောက်ကလည်း သူ့နောက်မှ လိုက်သွားကြသည်။

ခန်းဆောင်ထဲတွင်ကျန်နေသော ဖူယွီအင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်ငါးယောက်က တိတ်ဆိတ်နေကြသည်။

“အဟမ်း၊ အကြီးအကဲတို့။ ကျွန်တော်က ဒီလိုကိစ္စကြီးမှာ ဝင်မပါတော့ပါဘူး”

ဟန်မူယဲ့က သူတို့ကိုကြည့်လိုက်ပြီး ပြုံးသည်။

“ဒါပေမဲ့ ကျွန်တော်တို့သဘောတူထားတဲ့ အကျိုးအမြတ်က ....”

အင်မော်တယ်သခင်ကျီယုက လက်မြှောက်ပြီး ရွှေသေတ္တာတစ်လုံးကို ထုတ်ပေးသည်။

ဟန်မူယဲ့က သေတ္တာကို ဖမ်းယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ သူက ပျော်ရွှင်သွားသည်။

အထဲတွင် ကျောက်ချန်၏ခန်းမှန်းချက်ထက် ကျော်လွန်နေသော နတ်စွမ်းအားသလင်းကျောက် တစ်သန်းခွဲ ရှိနေသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ခန်းဆောင်ထဲမှ ထွက်သွားသည်။

သူထွက်သွားသောအခါတွင် အင်မော်တယ်သခင်ယွီဟယ်က ညင်သာစွာ သက်ပြင်းချသည်။

“နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ထွက်သွားပြီ။ ဝိညာဉ်ဓားရွှေအင်မော်တယ်က ပြန်မလာသေးဘူး။ အခု ငါတို့က သင်္ချိုင်းအင်မော်တယ်မြို့ရဲ့ ဝင်္ကပါနဲ့လည်း မဆက်သွယ်နိုင်ဘူး။ ဘာလုပ်ကြမလဲ”

သူတို့က ဝင်္ကပါကို ကိုယ်တိုင်လည်ပတ်ရန် ပစ်ထားရုံသာ တတ်နိုင်ကြသည်။

ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ကိုလည်း အသုံးမပြုနိုင်တော့ပေ။

ထို့ကြောင့် သင်္ချိုင်းအင်မော်တယ်မြို့၏ အရင်းအမြစ် အထောက်အပံ့က ပြတ်တောက်နေသည်။

“တာအိုဂိုဏ်းရဲ့ အခြေအနေနဲ့ဆိုရင် ....”

မိစ္ဆာဘုရင်ထူထျန်းက အင်မော်တယ်သခင်ယွီဟယ်ကို ကြည့်လိုက်ပြီး စကားဆုံးအထိ ဆက်မပြောခဲ့ပေ။

အကယ်၍ တာအိုဂိုဏ်းများ၏ လှုံ့ဆော်မှုကြောင့်သာ မဟုတ်လျှင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်ခြောက်ယောက်က ထိုသို့ စိတ်ယိုင်သွားမည်မဟုတ်ပေ။

“ထားလိုက်ပါတော့။ သူတို့မရှိရင်တောင် သင်္ချိုင်းအင်မော်တယ်မြို့က သင်္ချိုင်းအင်မော်တယ်မြို့ ဖြစ်နေအုံးမှာပဲ”

အင်မော်တယ်သခင်ဟူယွမ်က မတ်တပ်ရပ်လိုက်ပြီး ထွက်သွားသည်။

ဤနေရာတွင် အချိန်ဖြုန်းနေမည့်အစား ကျင့်ကြံနေလျှင် ပိုကောင်းသည်။

တခြားလူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

အင်မော်တယ်သခင်ကျီယုသာ ကျန်နေခဲ့သည်။

“ကောင်လေး၊ မင်းမှာ ပြောစရာရှိရင်လည်း ပြောလိုက်တော့”

အင်မော်တယ်သခင်ကျီယုက အေးစက်စွာပြောသည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ တံခါးအပြင်ဘက်တွင် ပေါ်လာသည်။

သူ့ဘေးတွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ရှိနေသည်။

အင်မော်တယ်သခင်ကျီယုက ရုပ်သေးရုပ်ကို မြင်လိုက်ရသောအခါတွင် ပင့်သက်ရှိုက်မိသည်။

....

ဗလာဖြစ်နေသော ခန်းဆောင်ထဲတွင် ဟန်မူယဲ့နှင့် အင်မော်တယ်သခင်ကျီယုက ပခုံးချင်းယှဉ်လျက် ရပ်နေကြသည်။

ဟန်မူယဲ့က ရှေ့တွင်ရှိသော ကျောက်စိမ်းနံရံကို ထိတွေ့လိုက်သည်။

ကျောက်စိမ်းနံရံက တုန်ခါသွားပြီး ရွှေအလင်းလွှာများ ပေါ်ထွက်လာသည်။

အကာအကွယ်ဝင်္ကပါ၊ ဓာတ်စင်သုံးပါးဝင်္ကပါ၊ အံ့ဖွယ်တာအိုဝင်္ကပါ၊ လရောင်နတ်ဘုရားသတ်ဖြတ်ခြင်းဝင်္ကပါ ....

ရုပ်သေးရုပ်ဝင်္ကပါ၊ အကာအကွယ်အစီအစဉ်၊ တိုက်ခိုက်ခြင်းဝင်္ကပါ ....

သင်္ချိုင်းအင်မော်တယ်မြို့သည် ထိုသို့ များပြားလှသော နည်းစနစ်များကို ပိုင်ဆိုင်နေလိမ့်မည်ဟု အင်မော်တယ်သခင်ကျီယုက ထင်မထားခဲ့ပေ။

ယခင်က အကာအကွယ်ဝင်္ကပါတချို့ကိုသာ အသက်သွင်းဖူးသည်။

အချိန်အများစုတွင် မြို့တံတိုင်း၌ ရှိနေသော ရုပ်သေးရုပ်များကိုသာ မှီခိုခဲ့သည်။

အကယ်၍ ထိုဝင်္ကပါများအားလုံးကို အသက်သွင်းနိုင်လျှင် သင်္ချိုင်းအင်မော်တယ်မြို့၏ ခွန်အားက နတ်ဘုရားကလန်ကို ခုခံရန် လုံလောက်သည်ထက် ပိုသည်။

ထို့အပြင် သင်္ချိုင်းအင်မော်တယ်မြို့က မြို့ထဲတွင်ရှိသော သက်ရှိများ၏စွမ်းအားကိုလည်း ထုတ်ယူနိုင်သည်။

ယခင်က လူတိုင်းသည် စိတ်ဆန္ဒအလျောက် စွမ်းအားထောက်ပံ့ပေးသည်။ သို့သော် ယခုအချိန်တွင် အတင်းအကျပ် တိုက်ရိုက်ထုတ်ယူခြင်း ဖြစ်သည်။

လူတစ်ယောက်က မြို့ထဲတွင် ရှိနေသ၍ စွမ်းအားထုတ်ယူခံရလိမ့်မည်။

သင်္ချိုင်းအင်မော်တယ်မြို့သည် ကမ္ဘာငယ်တစ်ခုနှင့် တူသွားသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး အလင်းလွှာကို ထိတွေ့သည်။ သူက စာများကို ဖတ်ကြည့်နေသည်။

“မဟူရာချပ်ဝတ်ဂိုဏ်းက နတ်စွမ်းအင်သလင်းကျောက် သန်းသုံးဆယ်ကို အရေးပေါ်လိုအပ်နေပါတယ်။ ခရမ်းဥယျာဉ်ကျောက်တုံး ပေါင်ဆယ်သန်း၊ ရင်းမြစ်တာအို‌ကျောက်တုံး ငါးထောင်နဲ့ တခြားပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ပါတယ် ....”

“မဟူရာချပ်ဝတ်ဂိုဏ်းက နတ်စွမ်းအင်သလင်း‌ကျောက် ၂၃သန်းကို အရေးပေါ်လိုအပ်နေပါတယ်။ ဝိညာဉ်သုံးပါးဆေးရည် ပေါင်သန်းငါးရာ၊ မီးပန်းပွင့် ၁၂,၀၀၀နဲ့ တခြားပစ္စည်းတွေကို ကမ်းလှမ်းနိုင်ပါတယ်”

....

ဟန်မူယဲ့က ပြုံးသည်။

မဟူရာချပ်ဝတ်ဂိုဏ်းက အရှုံးပေးလိုက်ပုံပေါ်သည်။

မီးကွန်ရက်ဂိုဏ်း၏ ဖိအားနှင့် ဓာတ်စင်ငါးပါးမီးပြင်းဖို ပျောက်ဆုံးသွားသောကြောင့် သူတို့က ရွေးချယ်စရာမရှိတော့ပဲ အညံ့ခံလိုက်ပြီး နတ်စွမ်းအင်သလင်းကျောက် သန်းငါးဆယ်ကို လျော်ကြေးပေးရန် သဘောတူလိုက်ရသည်။

All Chapters