← Chapters

ဝါးခါးမြွေနဲ့ တိုက်ပွဲ

Vol. 26 Ch. 3.129

ဝါးခါးမြွေနဲ့ တိုက်ပွဲ

Vol. 26 Ch. 3.129

ငါးရက်ကြာသော်

တညှိညှိလတောက်လောင်နေသော မီးတောက်ကြီး၏ ဘေးတွင် လူတိုင်း ဝိုင်းထိုင်နေကြသည်။ မီးတောက်များ အက်ကွဲသွားပြီး အပေါ်မှ မြွေသားကင်၏ အနံ့ မွှေးပျံ့နေ၏။

ငါးရက်သာ ရှိသော်လည်း လူတိုင်း၏ ခွန်အားမှာ သိသာထင်ရှားစွာ တိုးတက်လာပြီး မျက်လုံးများထဲ၌ စိတ်ဓာတ်ခိုင်မာမှု အပြည့်ရှိပြီး ယခင်က အားနည်းသော ကျောင်းသားများနှင့် လုံးဝမတူတော့ပေ။

"ဒီမြွေသည်းခြေက တကယ်ကောင်းတာပဲ! စားလိုက်တာ ရက်အနည်းငယ်လောက်ပဲ ရှိသေးတာကို အဓိပတိအဂ္ဂိရတ်ဆေးရဲ့ အကူအညီနဲ့ ပေါင်းပြီး အစွမ်းထက်တဲ့ တန်ခိုးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး!"

ဟန်ရွှယ်၏ မျက်လုံးများ တောက်ပလာသည်။

သူမ ဒီကိုရောက်လာတဲ့ ပထမဆုံးနေ့မှာ မြွေရဲ့သည်းခြေအိတ် အတွင်းက စွမ်းအားရဲ့အကူအညီနဲ့ သူမဟာ နောက်ဆုံးမှာတော့ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရဲ့ ခွန်အားကို အပြည့်အဝ စုစည်းနိုင်ခဲ့ပြီး ရက်အနည်းငယ်ကြာအောင် လေ့ကျင့်လာခဲ့ပြီး နောက်မှာတော့ သူမဟာ တစ်ရှိန်ထိုး အောင်မြင်မှု တစ်ခုကို ရရှိခဲ့သည်။

မင်းသမီးလော့ရုံ ၊ လင်ရှောင်းရှောင်း နဲ့ တခြားသူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထိုးဖောက်သွားခဲ့ကြသည်။ ရှန့်ခုန်းမြို့ကို ရောက်တဲ့အခါ မကြာသေးခင်ကမှ ဂိုဏ်းဆရာနယ်ပယ် ကို ဖြတ်သွားခဲ့ကြပေမယ့် အခုချိန်မှာတော့ တစ်ယောက်ချင်းစီက ဂိုဏ်းဆရာနယ်ပယ် အလယ်အလတ် အဆင့်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုကဲ့သို့ လျင်မြန်သော အောင်မြင်မှုများအတွက် မြွေသည်းခြေအိတ်သည် ကြီးစွာသော အကျိုးသက်ရောက်မှုရှိပြီး လုရွှမ်ပေးသော လေ့ကျင့်ရေး နည်းလမ်းများနှင့်လည်း သက်ဆိုင်ပါသေးသည်။

လုရွှမ်၏ လေ့ကျင့်ရေး နည်းလမ်းများသည် အဓိက ဂိုဏ်းခြောက်ခုတွင် ထိပ်ဆုံးမှ ဖြစ်သည်ဟု ယူဆနိုင်သည်။ ဤနည်းလမ်းနှင့်သာ မဟုတ်လျှင် ဆေးမျိုးစုံ၊ အသက်နှင့် သေခြင်းဆိုင်ရာ စမ်းသပ်မှုများ မည်မျှပင် သေးငယ်သည်ဖြစ်စေ တိုးတက်မှုသည် မဖြစ်နိုင်ပေ။

ငါးရက်ကြာပြီးနောက် မုယန်ဖုန်းသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး အသွင်ကူးပြောင်းရေး နယ်ပယ်သို့ ခြေတစ်လှမ်းသာ ကွာတော့သည်။

လူအုပ်ကြားတွင် လုရွှမ်သည် ခွန်အား မပြောင်းလဲသေးတဲ့ တစ်ဦးတည်းသော လူဖြစ်သည်။

တူညီသော လေ့ကျင့်မှု ဖြစ်သော်လည်း သူ၏စုဆောင်းမှုသည် ထူထပ်လွန်းသည်။ ဖြတ်ကျော်ရန် လိုအပ်သော စွမ်းအင်သည် တူညီသောအဆင့်ရှိ စွမ်းအားရှင်ထက် အဆများစွာ ပိုများသည်။

ဤငါးရက်မြောက်နေ့တွင် မြွေ သည်းခြေအိတ်ကို မရပ်မနား မျိုချလိုက်သော်လည်း ၎င်းသည် သူ့အပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သူ၏ ကျင့်ကြံမှုသည် အဓိပတိနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသေးပြီး အောင်မြင်မှု လက္ခဏာ မပြနိုင်သေးပေ။

သို့သော် အောင်မြင်မှု မရှိသော်လည်း ခွန်အားသည် များစွာ တိုးလာပါသည်။ စစ်မှန်သော စွမ်းအင်ကို အားကိုးရုံဖြင့် ၎င်းသည် စွမ်းအားပေါင်း ၉သိန်း အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ထန်း ထန်း!

ကြီးကျယ်ခမ်းနားသော တိုးတက်မှုကို လူတိုင်း အနားယူရင်း ငိုက်မြည်းနေကြချိန်တွင် ဓားနှင့် စစ်သည်များ၏ ခိုက်ရန်ဖြစ်ပွားသံများ အဝေးမှ ထွက်ပေါ်လာသည်။

ဟူ!

လုရွှမ် မတ်တပ် ထရပ်လိုက်ပြီး သူ့လက်ဖဝါး တစ်ချက်ခတ်လိုက်ရာ သူ့ရှေ့က မီးတောက်က အစအန မကျန်တော့ဘဲ ငြိမ်းသွားသည်။ တစ်ချိန်တည်းမှာပင် သူ့ခြေဖဝါးကို ပုတ်၍ အသံထွက်လာသည့် ဦးတည်ရာဆီသို့ အမြန်ပြေးသွားလိုက်သည်။

လူတိုင်းကလည်း အနီးကပ် လိုက်လာကြ၏။

ရှေ့ကိုရောက်ပြီး မကြာခင်မှာပဲ ထူထဲတဲ့ မြွေကြီးတစ်ကောင်ကို တိုက်ခိုက်နေတဲ့ လူတစ်စုကို တွေ့လိုက်ရသည်။ မြွေကြီးရဲ့ အငွေ့အသက်ဟာ သက်တံနဲ့တူပြီး လူအများအပြား ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

စပါးအုံးနှင့် တူသော မြွေကြီး၏ ဦးခေါင်းတွင် ကြီးမားသော သရဖူတစ်ခုနှင့် တူသည့် အမောက်တစ်ခုလည်း ရှိသည်။

မြွေ၏ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံ ထူထူရှိပြီး ၎င်း၏ကိုယ်ထည်တွင် အလွန်ပြင်းထန်သော ခုခံမှုနှင့် ကာကွယ်နိုင်စွမ်းရှိသည်။ ၎င်း၏ပါးစပ်ကို တစ်ချက်ဖွင့်လိုက်သည်နှင့် အဆိပ်ဓာတ်ငွေ့များ ထွက်လာပြီး ဤအသက်ရှုသံကြောင့် ဒေါသတကြီးဖြစ်ကာ ဝိုင်းထားသူများအားလုံး လဲကျသွားကြသည်။

ဝိုင်းရံထားသူများသည် တူညီသောအဝတ်အစားများ ၀တ်ဆင်ထားကြပြီး ၎င်းတို့အားလုံးသည် အသက်နှစ်ဆယ်ကျော် အရွယ်သာ ရှိသေး၍ သူနှင့် အခြားသူများကဲ့သို့ပင် ၎င်းတို့အား တစ်စုံတစ်ခုသော အင်အားဖြင့် စမ်းသပ် လေ့ကျင့်ဖို့ လာကြတာ ဖြစ်နိုင်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ၎င်းတို့သည် ပြင်းထန်သောရန်သူနှင့် ကြုံတွေ့ခဲ့ရသည်။ ဤစပါးအုံးမြွေသည် အလွန်အစွမ်းထက်၏။ လူအားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပထမအဆင့်နှင့် ဒုတိယအဆင့်အထိ ရှိနေသော်လည်း ရန်သူကို ခုခံနိုင်စွမ်း မရှိကာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည်။

"ဝါးခါးမြွေဘုရင်?"

လုရွှမ် မြွေကိုချက်ချင်း မှတ်မိသွားသည်။

ဤဝါးခါးမြွေသည် ဝါးခါးမြွေများကြားတွင် တန်ခိုးအကြီးဆုံး ဘုရင်ဖြစ်သည်။

"မိတ်ဆွေ.... ငါတို့ကို ကယ်ပါဦး!"

လုရွှမ်နှင့် အခြားလူများ ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် တိုက်ပွဲဝင်နေသော လူများ၏ မျက်လုံးများ တောက်ပလာကာ သူတို့ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။

"သခင်လေး"

မုယန်ဖုန်း လှည့်ကြည့်လိုက်သည်။

"ဒီလိုနေရာမျိုးမှာ လူတိုင်းက ရန်သူဖြစ်သွားနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ အကောင်းဆုံးပါပဲ"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ အကြင်နာမဲ့တာတော့ မဟုတ်ပေ။ ဒီနေရာက ရှန့်ခုန်းချိုင့်ဝှမ်းဖြစ်ပြီး ဆော့ကစားဖို့ လာကြတာ မဟုတ်ပါ။ အကယ်၍ ဝင်ကူလိုက်ချိန် အမြတ်ထက် ဆုံးရှုံးမှုက ပိုများသွားနိုင်ပါသည်။

"မကယ်ရင် မကောင်းဘူး ထင်တယ်!"

လင်ရှောင်းရှောင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ကြင်နာတတ်သော နှလုံးသားရှိသည့် အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်သည်။ သူမ၏မျက်စိရှေ့တွင် အခြားသူများ သေသည်ကိုမြင်ရန်အထိ စိတ်မမာချေ။

"ကယ်မယ်?? သူတို့ရဲ့ ခွန်အားက ငါတို့ထက် ပိုသန်မာတယ်.... သူတို့တောင် မခံနိုင်တာ ငါတို့ ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ"

လုရွှမ်ကလည်း ပြန်ပြောလိုက်သည်။

တစ်ဖက်က လူတွေက သူတို့ထက် အားကောင်းတယ်လေ။ အဲဒီ လူတွေကို ကယ်တင်ဖို့ သူတို့အင်အားနဲ့ မလွယ်ကူနိုင်ဘူး။

"ဒါ..." လင်ရှောင်းရှောင်းလည်း ဆွံ့အသွားခဲ့၏။

လုရွှမ်က အမှန်အတိုင်း ပြောနေတာကို သူမ သိပါသည်။ ဤလူအုပ်စု အားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် စွမ်းအားကြီးမားပြီး ၎င်းတို့ပင် ခုခံနိုင်စွမ်း မရှိကြပေ။ သူတို့လို အဓိကတိနယ်ပယ် အုပ်စုတစ်စုက မည်သို့အနိုင်ယူနိုင်မည်နည်း။

"သွားကြရအောင်!"

လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းကာ လှည့်ကာ ထွက်သွားခဲ့သည်။

ဒီလိုအခြေအနေမျိုးမှာ မလှုပ်ရှားချင်တော့ရင် မြန်မြန်ထွက်သွားတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် ခါးဝါးမြွေဘုရင်က ဒီလူတွေကို သတ်ပြီးရင် သူတို့ဆီ ပြေးလာမှာဖြစ်ပြီး ရှောင်ပြေးနိုင်မှာ မဟုတ်ဘူး။

"မိတ်ဆွေတို့... မင်းတို့သာ ကူညီမယ်ဆိုရင် ငါတို့က မင်းတို့ကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်"

အားလုံးက ထွက်သွားတော့မှာ ဖြစ်ပြီး လှုပ်ရှားဖို့ လုံးဝ ရည်ရွယ်ချက် မရှိတာကို တွေ့လိုက်ရတော့ စကားစပြောလာသူက ကမန်းကတန်း အော်လိုက်ပါ၏။

"ပြန်ပေးဆပ်မယ်??" လုရွှမ် တချက် ပြန်ကြည့်လိုက်သည်။

"မှန်တယ်.... ငါတို့မှာ မျှစ်ခါးနှစ်ခုရှိတယ်။ ဒီမြွေဘုရင်ကြီးကို ငါတို့ကို နှိမ်နင်းဖို့ ကူညီပေးနိုင်မယ် ဆိုရင် ငါတို့ မင်းကို ပေးပါ့မယ်"

စကားပြောတဲ့သူက လုရွှမ် နဲ့ တခြားသူတွေ ထွက်သွားမှာကို ကြောက်တဲ့အတွက် ဖုံးကွယ်မထားတော့ဘဲ အလျင်စလို ပြောလိုက်ပါ၏။

သူတို့ သည်းမခံနိုင်တော့ပေ။ မတားနိုင်ရင် သူတို့ ခေါင်းဖြတ်ခံရမှာ သေချာပါသည်။ လုရွှမ်နဲ့ တခြား အစမ်းသပ်ခံတွေကို မြင်နေရတာက ကယ်တင်ရှင်ကို တွေ့တာနဲ့တူတာကြောင့် ဘယ်လိုလုပ် လက်လွှတ်ခံပါ့မလဲ။

လုရွှမ်နှင့် အခြားသူများ ကျင့်ကြံခြင်း အဆင့်အတွက် ၎င်းတို့သည် ကြည့်ရှုရန် အချိန်မရှိသည့်အပြင် အဖွဲ့၏ သြဇာအရှိဆုံး မုယန်ဖုန်းသည်ပင် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သာ ဖြစ်သည်ကို ၎င်းတို့ မသိခဲ့ကြပေ။

"မျှစ်ခါး?"

တစ်ဖက်သား၏ အပေးအယူကို ကြားရတော့ လုရွှမ်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ဝါးခါးမြွေသည် နာမည်အရ ဝါးခါးပေါ်တွင် နေထိုင်သည်။ မျှစ်ခါးကို ယူလိုက်တာကြောင့် ဝါးခါးမြွေဘုရင်က သူတို့ကို ရူးသွပ်စွာ လိုက်ဖမ်းတာ ဖြစ်မည်။

ဝါးခါးသည် လက်နက်သန့်စင်ရန် အထူးသင့်လျော်သော ဝါးအမျိုးအစား ဖြစ်ပြီး ကြီးထွားလာသောအခါတွင် အလွန်အဖိုးတန်သော တစ္ဆေအဆင့် ပြီးပြည့်စုံသော လေးအဖြစ်သို့ သန့်စင်နိုင်သည်။

၎င်းတို့အထဲမှ အဖိုးတန်ဆုံး အရာများမှာ လက်နက်၏ စွမ်းရည်ကို တိုးမြင့်လာစေရန်အတွက် သန့်စင်ရေး လုပ်ငန်းစဉ်အတွင်း လက်နက်တွင် ထည့်သွင်းနိုင်သည့် အညွန့်များဖြစ်သည်။

ဓားရှည်တစ်ချောင်းကို သန်မာချင်ရင်တော့ ခက်ခဲလိမ့်မည်။ အလုံအလောက် မာကျောနိုင်တဲ့အထိ သူ့ရဲ့ တောင့်တင်းမှု ညံ့ဖျင်းတာကြောင့် ဝါးခါးတွေကို ရောစပ်ပြီး ဓားရဲ့ မာကျောမှုကို မဆုံးရှုံးစေဘဲ ပိုပျော့ပြောင်းသွားစေသည်။

သေချာတာကတော့ လက်နက်တွေကို သန့်စင်ဖို့ အကောင်းဆုံးပစ္စည်းပါပဲ။

"တခြားသူတွေ အတွက်တော့ ဝါးခါးတွေကို ကောင်းကင်အထိ ကြီးတဲ့ဈေးနဲ့ လက်မှုပညာရှင်တွေကို ရောင်းလို့ရတယ်... ဒါပေမဲ့ ငါ့အတွက်ကတော့ ဝါးခန္ဒာကိုယ်ကျွမ်းကျင်မှုကို လေ့ကျင့်ဖို့ သုံးလို့ရတယ်"

မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး အတွေးတစ်ခု ပေါ်လာခဲ့သည်။ ၎င်းသည် ဆင်သံချပ်ကာဂိုဏ်း၏ လျှို့ဝှက်ကျွမ်းကျင်မှု သိုင်းကျမ်းတစ်ခုလည်း ဖြစ်သည်။

ဝါးခန္ဓာကိုယ်ကျွမ်းကျင်မှုသည် ဝါးခန္ဓာကိုယ်ကို လေ့ကျင့်ရန်ဖြစ်ပြီး မျှစ်ခါးကို သွေးထဲသို့ သွင်းရမည် ဖြစ်သည်။ လေ့ကျင့်ပြီးနောက် အရေပြားသည် ဝါးလုံးကဲ့သို့ အလွန်မာကျောပြီး ဓါးဖြင့်ပင် ထိခိုက်ရန် ခက်ခဲလာနိုင်သည်။

"ဝါးခန္ဒာကိုယ်ကျွမ်းကျင်မှုက ဆင်သံချပ် ရွှေကိုယ်ထည်ထက် အများကြီး နိမ့်တယ်။ ငါ့အတွက် သိပ်မလိုပါဘူး ဒါပေမဲ့ မုယန်ဖုန်း လေ့ကျင့်မယ် ဆိုရင်တော့ သစ်သားနဲ့ သက်ဆိုင်လို့ သူ့အတွက် အများကြီး အထောက်အကူ ဖြစ်မှာပဲ.... ကောင်းကင်ဒြပ်စင် ငါးပါးကျင့်စဥ့ နှစ်ခုပေါင်းပြီး တိုးတက်မှုအရှိန်က အရမ်းမြန်လာလိမ့်မယ်"

လုရွှမ်သည် ဆင်သံချပ် ရွှေရောင်ကိုယ်ထည်ကို လေ့ကျင့်ထားခဲ့ပြီး နဂါးပုံစံကို ပေါင်းစည်းထားပြီး ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းသည် ဝါးခန္ဒာကိုယ်ကျွမ်းကျင်မှု ကဲ့သို့သော အဆင့်နိမ့်ကျွမ်းကျင်မှုထက် အဆပေါင်း မရေမတွက်နိုင်အောင် အားကောင်းသောကြောင့် ၎င်းကို လုံးလုံး အသုံးပြုနိုင်မည် ဖြစ်သည်။ ကောင်းစွာ လုပ်ဆောင်ပါက ၎င်းသည် သေမျိုးနယ်ပယ်ကို တိုက်ရိုက်ထိမှန်ပြီး အောင်မြင်နိုင်သည်။

"ကောင်းပြီ ငါ မင်းတို့ကို ကယ်ဖို့ ကတိပေးနိုင်တယ်!"

ဒါကိုစဉ်းစားရင်း လုရွှမ်က အနည်းငယ် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

All Chapters