← Chapters

ရွှေအရှိန်

Vol. 26 Ch. 3.134

ရွှေအရှိန်

Vol. 26 Ch. 3.134

မကြာခင်မှာ အားလုံးက ပိုလို့တောင် စိတ်ရှုပ်သွားခဲ့သည်။

အမြဲတမ်း တည်ငြိမ်ခဲ့သူ လုရွှမ်သည် တည်ငြိမ်မှု နည်းလာသောကြောင့် ဖြစ်သည်။ သူသည် ချိုင့်ဝှမ်းထဲတွင် နေ့တိုင်း လမ်းလျှောက်သွားကာ တစ်ခါတစ်ရံ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မြေကြီးထဲသို့ ဝိညာဉ်ကျောက်တုံး ပစ်ချကာ တစ်ခါတစ်ရံ သူရထားသော တစ္ဆေအဆင့်လက်နက်ကိုပါ ပစ်ချ၍ မြေကြီးထဲ ဝှက်ထားလိုက်၏။

တိုတိုပြောရရင် ငွေမလိုချင်လို့ လုယက်ခဲ့တဲ့ ပစ္စည်း အမျိုးမျိုးကို သူ့လက်ထဲကနေ စွန့်ထုတ်ပစ်နေသလို ရတနာမျိုးစုံကို လွှင့်ပစ်နေသည်။

ဒါကို သုံးရက်ဆက်တိုက် ဆက်တိုက်လုပ်နေ၏။

"သူ ဘာလုပ်နေတာလဲ?"

မင်းသမီးလော့ရုံ သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။

"အဲဒါက အခင်းအကျင်း ဖွဲ့စည်းမှု တစ်မျိုးမျိုးကို လုပ်နေတာဖြစ်မယ် ဘာလဲဆိုတာတော့ ငါမသိဘူး!"

ဟန်ရွှယ်က တစ်ဖက်မှ ဖြေသည်။

ဟန်ရွှယ်သည် အခင်းအကျင်း ဖွဲ့စည်းခြင်းဆိုင်ရာများကို လေ့လာထာပြီး သူမကိုယ်တိုင်လည်း ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ လုရွှမခ၏ လှုပ်ရှားမှုများသည် ထူးဆန်းသော်လည်း အချို့သော ဖွဲ့စည်းမှုပုံစံများကို သဲသဲကွဲကွဲ မြင်တွေ့နိုင်သည်။

သို့သော် အခင်းအကျင်း ဖွဲ့စည်းမှုအဆင့်က မြင့်မားလွန်းတာကြောင့် သူမ လုံးဝ နားမလည်နိုင်ချေ။

"အခင်းအကျင်းတွေ ဖွဲ့စည်းနေတယ်? ငါတို့က ဒီမှာ ဘာလို့ ဒါတွေလုပ်နေတာလဲ? ရတနာတွေ သွားရှာရမှာ မဟုတ်ဘူးလား?"

မင်းသမီးလော့ရုံမှာလည်း နားမလည်တာကြောင့် သံသယများ ပြည့်နှက်သွားသည်။

ဤသည်မှာ ရှန့်ခုန်းချိုင့်ဝှမ်း ဖြစ်ပြီး ယင်းယန်အကယ်ဒမီက ဝမ့်ထျန်းနန်းဆောင် မဟုတ်ပါ။ ထို့ကြောင့် ဤနေရာတွင် တစ်ချိန်လုံးနေရန် မဖြစ်နိုင်ပေ။ အခင်းအကျင်း ဖွဲ့စည်းရန် ငွေအမြောက်အမြား သုံးနေရခြင်းမှာ အဘယ်ကြောင့်နည်း။

"ဒါက ငါလည်း မသိဘူး"

ဟန်ရွှယ် ခေါင်းခါလိုက်သည်။

တစ်ဖက်လူက အခင်းအကျင်း တစ်ခုလုပ်ဖို့ စီစဉ်နေတာကို သူမ မြင်နိုင်ပေမယ့် သူ ဘာလုပ်မယ် ဆိုတာကိုတော့ သူမ မမြင်နိုင်ခဲ့ပေ။

လေးရက်မြောက်နေ့မှဟာ လုရွှမ်ဟာ ရပ်တန့်သွားခဲ့သည်။

"မင်းတို့... အခု ချိုင့်ဝှမ်း အပြင်ဘက်ကို ဆုတ်သွားတော့ ငါ့အမိန့်မပါဘဲ ဝင်ခွင့်မရှိဘူး!"

သူ လူအုပ်ဆီကို ရောက်လာသောအခါ အားလုံးကို အမိန့်ပေးလိုက်သည်။ အားလုံးက သံသယတွေ ပြည့်နှက်နေပေမယ့် နောက်ဆုံးတော့ ခေါင်းညိတ် သဘောတူကြပြီး ချိုင့်ထဲကနေ ထွက်သွားကြကာ မဝေးတဲ့နေရာမှာ စခန်းချလိုက်ကြ၏။

အားလုံး ထွက်သွားပြီးနောက် လုရွှမ်သည် ချိုင့်အလယ်သို့ ရောက်လာပြီး ဆေးဥယျာဉ်မှ သူတွေ့ရှိခဲ့သော အထူးဆေးဖက်ဝင် အပင်တစ်ပင်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူကာ လက်ဖဝါးထဲတွင် မီးညှိလိုက်သည်။

ဟူ!

ချက်ချင်းပင် မွှေးရနံ့က ချိုင့်ဝှမ်း တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အဖြူရောင် မီးခိုးငွေ့များက တဖြည်းဖြည်း မြင့်တက်လာကာ ကောင်းကင်သို့ ပျံ့လွင့်သွားသည်။

လုရွှမ်လည်း ဘာမှမလုပ်သေးဘဲ အမြင့်ဆုံး သစ်ပင်ဆီသို့ ပြေးသွားပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ မီးလောင်နေသော ဆေးဖက်ဝင် ပစ္စည်းများကို ကြည့်နေလေသည်။

ဤအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံးရှိ ထွက်သက်ဝင်သက် စွမ်းအင်ကို လုံးလုံးလျားလျား မျိုသိပ်ထားပြီး သူ့တစ်ကိုယ်လုံးမှာ နှလုံးခုန်သံ၊ အသက်ရှူသံ သို့မဟုတ် အတွေးများပင် မရှိဘဲ အေးခဲနေသော ကျောက်တုံးကဲ့သို့ ဖြစ်နေသည်။

ကျင့်ရှီးမြက်ဖြင့် သန့်စင်ထားသော ကျင့်ရှီးဆေးသည် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စွမ်းအားကို အပြည့်အဝ ဖုံးကွယ်နိုင်စေသည်။ သူ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ဤစွမ်းရည်သည် ပို၍ ပို၍ သိသာလာခဲ့၏။ သူသည် ၎င်းကို အမှန်တကယ် ဖုံးကွယ်ထားလိုပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ သို့မဟုတ် အဆင့်၈ သန်မာသော ပုဂ္ဂိုလ်ပင်လျှင် ရှာမတွေ့နိုင်ပေ။

ဒါပေါ့။ ရည်ရွယ်ချက်ကတော့ သူတစ်နေရာရာမှာ ကြိုပြီး ဝှက်ထားခဲ့လို့ပင်။ အကယ်၍ တစ်ယောက်ယောက်က သူ့ကိုလိုက်ရှာပြီး သူက ထွက်ပြေးနေရင် သဲလွန်စတွေ ရှာထုတ်ဖို့ လွယ်ကူသွားပြီ။

ဝူ!

လုရွှမ်သည် သူ့အသက်ရှုနှုန်းကို ကောင်းစွာ မျိုသိပ်လိုက်ပြီး အချိန်တိုလေး အတွင်းမှာပင် မီးလောင်နေသော ဆေးဖက်ဝင်ပစ္စည်းများ၏ ရှေ့တွင် အဖြူရောင်အရိပ် တစ်ခု ရုတ်တရက် ထွကိပေါ်လာသည်။

ဟိုးအရင်ကတည်းက ဤနေရာ၌ ရှိသကဲ့သို့ မည်သို့မည်ပုံ ပေါ်လာသည်ကိုပင် မသိခဲ့ပေ။

မြေခွေးဖြူက လက်ဖဝါးကို ပုတ်ပြီး မနီးမဝေးမှာ လောင်ကျွမ်းနေတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ကြည့်နေသည်။ သူ့ပါးစပ်ထောင့်က ရွှဲနေပေမယ့် မျက်လုံးတွေက သံသယတွေနဲ့ ပြည့်လျက်ရှိသည်။

သို့သော် ခဏတာ သံသယဖြစ်ပြီးနောက် ဆေးပစ္စည်း၏ ပြင်းပြသော ရနံ့ကြောင့် သူ့စိတ်ကို စွဲဆောင်သွားကာ သည်းမခံနိုင်တော့ပေ။

ဝူး!

ဤမြေခွေးဖြူ၏ ခန္ဓာကိုယ်သည် ကြီးပုံမပေါ်သော်လည်း ပါးစပ်ဖွင့်လိုက်တာနဲ့ ဆေးဖက်ဝင်ပစ္စည်းများ အားလုံးကို မျိုချလိုက်သည်။

ဟင်းအမယ်တွေကို စားပြီးတာနဲ့ သူ ကျေနပ်စွာ ထွက်ခွာသွားတော့မယ့် အခိုက် မနီးမဝေးက လေချွန်သံ တစ်ချက်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူ့ရှေ့ကို တစ်စုံတစ်ခုက ပြုတ်ကျလာလေ၏။

လုရွှမ်သည် ယခင်က သစ်ပင်တွင် ပုန်းနေခဲ့သည်။ ဆေးဖက်ဝင်ပစ္စည်းများကို ၎င်းမှ စားပြီးသည်နှင့် ပုန်းမနေဘဲ ခုန်ဆင်းလိုက်သည်။

"ဝူး!"

မြေခွေးဖြူက တစ်စုံတစ်ယောက် ပေါ်လာတာကို မြင်တဲ့အခါ သူ့မျက်လုံးတွေက မထီမဲ့မြင်ပြုကာ လှောင်ပြောင်အော်ဟစ်ပြီး လှည့်ထွက်ပြေးသွားသည်။

ခဏအတွင်း မီတာရာနှင့်ချီသော အကွာအဝေးသို့ ရောက်ရှိကာ ချိုင့်ဝှမ်းမှ ထွက်ခွာတော့မည့် အခိုက်အတန့်တွင် တစ်ချိန်လုံး မလှုပ်မရှား ဖြစ်နေသော လုရွှမ်သည် အနည်းငယ်ပြုံးပြီး မြေပြင်ပေါ်သို့ ခြေတစ်ချက် စောင့်ချလိုကက်သည်။

ဗုန်း!

မရေမတွက်နိုင်သော အဖြူရောင် အလင်းတန်းများသည် မြေပြင်မှ ထိုးထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ချိုင့်ဝှမ်းတစ်ဝိုက်တွင် အဖြူရောင် အတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။

ဖုန်း!

မြေခွေးဖြူသည် ကျောက်တုံးထဲတွင် ပိတ်မိနေသကဲ့သို့ အတားအဆီးထဲသို့ ဝင်တိုက်သွားကာ မလှုပ်ရှားနိုင်တော့ပေ။ ဒါဟာ လုရွှမ် လွန်ခဲ့တဲ့ သုံးရက်က စီစဉ်ခဲ့တဲ့ အခင်းအကျင်း ဖွဲ့စည်းမှုပဲ ဖြစ်လေ၏။

ဤမြေခွေးဖြူကို ထောင်ချောက်ဆင်ရန် အထူးအသုံးပြုထားခြင်း ဖြစ်သည်။

"ဟားဟား!"

တစ်ဖက်က မလှုပ်ရှား နိုင်တော့သည်ကို မြင်လိုက်ရသဖြင့် လုရွှမ်သည် ပေါ့ပေါ့ပါးပါး ပြုံးကာ သူ့ထံသို့ ခြေလှမ်း အနည်းငယ် လှမ်းကာ လက်ဖဝါးဖြင့် ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"အသွင်စစ်ကို မပြသေးဘူးလား?"

အခြားလက်ဖဝါး တစ်ဖက်ဖြင့် မြေခွေး၏ ခန္ဓာကိုယ်ကို ထိလိုက်ရာ ကောင်လေးသည် ချက်ချင်းပင် ခုခံနိုင်စွမ်း မရှိတော့ဘဲ ပုံသဏ္ဌာန်ပြောင်းလဲကာ အဖြူရောင်အပင် အဖြစ်သို့ ပြောင်းလဲသွားသည်။

ဒီမြင်ကွင်းကို တစ်စုံတစ်ယောက်က မြင်လိုက်ရရင် မူးမေ့လဲလုမတတ် အံ့သြသွားလိမ့်မည်။

"နတ်ဘုရားတွေရဲ့ ချိုင့်ထဲမှာ နှစ်ရာနဲ့ချီ ပိတ်မိနေပြီး စိမ်းလန်းတဲ့ သစ်ရွက်တွေနဲ့ ရှေးဟောင်းသစ်ပင်တွေလို ရွှေရောင်အရှိန်နဲ့ စီးဆင်းနေတယ်... ငါအရင်တွေ့ဖူးတဲ့ နည်းလမ်းက ရွှေအရှိန်ကို တကယ် ဖမ်းမိနိုင်မယ်လို့ မမျှော်လင့်ထားဘူး"

သူ့လက်ဖဝါးထဲက အပင်ကို ကြည့်လိုက်ရင်း လုရွှမ်က အနည်းငယ် ပြုံးလိုက်သည်။ ဤအရာသည် ရှန့်ခုန်းချိုင့်ဝှမ်း၏ ရှားပါးရတနာ များထဲမှ တစ်ခုဖြစ်သော ရွှေအရှိန် မှ လွဲ၍ အခြားအရာ မဟုတ်ပါ။

ပြတ်ပြတ်သားသား ပြောရလျှင် ဤအရာသည် သက်ရှိလည်း မဟုတ် ဝိညာဥ်အပင်လည်း မဟုတ်တဲ့ စပ်ကြားက အရာတစ်ခု ဖြစ်သည်။ ၎င်းသည် သဘာဝအတိုင်း အရှိန်ကောင်းကာ မြေဆီလွှာတွင် ပျော်ဝင်နိုင်သလို ရေထဲတွင်လည်း အရည်ပျော်သွားနိုင်သည်။

ထို့ကြောင့် လူကိုယ်တိုင် လာ၍ စောင့်ကြည့်ရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။

ထိုအချိန်က သားရဲတစ်ထောင်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးသည် ချိုင့်ဝှမ်းထဲသို့ ရှစ်ကြိမ်ဆက်တိုက် ဝင်ရောက်လာခဲ့ရာ ဤထူးဆန်းသော ရွှေအရှိန်ကို ကြိမ်ဖန်များစွာ လေ့လာပြီးနောက် နောက်ဆုံးတွင် အပြစ်အနာအဆာကို တွေ့ရှိခဲ့သည်။

လုရွှမ်မှ ယခင်စီစဉ်ထားသော အခင်းအကျင်း ဖွဲ့စည်းပုံအား ထိုအကြီးအကဲမှ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေပြင်ကို တံဆိပ်ခတ်ထားသကဲ့သို့ ရွှေစီးဆင်းမှုမည်မျှပင် အားကောင်းနေပါစေ ၎င်းဝင်ရောက်လာပါက လွတ်မြောက်ရန် ခက်ခဲမည်ဖြစ်သည်။

မီးလောင်နေသော ဆေးဖက်ဝင်ပစ္စည်းနှင့် ပတ်သက်၍လည်း ဤအကြီးအကဲမှ မှတ်တမ်းတင်ထားခဲ့သည်။ ရွှေအရှိန်ဖြင့် စီးဆင်းနေသော ဤအပင်သည် ဆေးဖက်ဝင်ပစ္စည်းများကို ဝါးမြိုသွားတဲ့အထိ စောင့်ကြည့်ရန် လိုအပ်သည်။

သို့သော် ဤအရာသည် သဘာဝအားဖြင့် သတိကြီးကြီး ထားတတ်လို့ ကြိုတင် ပြင်ဆင်ထားခြင်း မရှိပါက အလိမ်ခံရမည်မှာ သေချာပါ၏။ ထို့ကြောင့် လုရွှမ်သည် မုယန်ဖုန်းနှင့် အခြားသူများကို ချိုင့်အပြင်ဘက်တွင် စောင့်ဆိုင်းရန် အမိန့်ပေးခြင်းပင်။

ထိုအကောင်ကို စောင့်ဖမ်းပြီး တစ်ရှိန်ထိုး ဆွဲချဖို့အတွက် သူ့ရဲ့ဝိညာဥ်စွမ်းအင်ကို ဖုံးကွယ်ထားခဲ့သည်။

နောက်ဆုံးတွင် ရှန့်ခုန်းချိုင့်ဝှမ်း၏ ရှားပါးရတနာများထဲမှ တစ်ခုဖြစ်သော ရွှေအရှိန်သည် သူ့လက်ထဲသို့ ကျရောက်လာခဲ့သည်။

"ကံမကောင်းစွာနဲ့... ငါဖမ်းမိလိုက်တာက သက်တမ်းငယ်သေးတဲ့ အရာလေး ဖြစ်နေတယ်.. သေးငယ်ပေမယ့် အမြတ်တစ်ခုလို့တော့ ယူဆလို့ ရပါတယ်"

သူ့လက်ထဲက ရွှေအရှိန်ကို ကြည့်လိုက်တော့ လုရွှမ်ဟာ သေးငယ်တဲ့ ရွှေစီးဆင်းမှု အနိမ့်ဆုံးအဆင့်ပဲ ဆိုတာ သိလိုက်ရသည်။

အဆင့်မြင့် ရွှေအရှိန်တွင် ကြီးမားသော ခန္ဓာကိုယ်ရှိပြီး တကယ့်လူထက် အနည်းငယ် ပိုကြီးသည်။ လက်ဖဝါးနဲ့ ရိုက်ရုံဖြင့် အသွင်အစစ်ကို ပြောင်းသွားတယ်ဆိုတော့ သူမွေးဖွားလာတာ သိပ်မကြာသေးဟု ဆိုရမည်။

ဒါတောင် လုရွှမ်မှာ အရမ်းကျေနပ်နေ၏။

ငယ်သေးရင်တောင် ကြီးလာဖို့က စိတ်ပူစရာ မလိုပါဘူး။ ဒီအရာက ဆေးဖက်ဝင် ပစ္စည်းတွေကို ကိုက်စားရတာကို နှစ်သက်တာမို့ ဆေးဖက်ဝင်ပစ္စည်းတွေ အလုံအလောက် ရှိသရွေ့တော့ ကြီးထွားနှုန်း ပိုမြန်လာနိုင်သည်။

ချိုင့်ဝှမ်းများစွာ ရှိသော်လည်း ရွှေစီးဆင်းမှု အရှိန်ကဲ့သို့ ရတနာများစွာ မရှိသည်ကို သူသိပါသည်။ သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲပင်လျှင် တစ်ပင်သာ ရရှိခဲ့ပြီး ထိုအရာကလည်း လွန်ခဲ့သည့် နှစ်ထောင်ချီက ဖြစ်ပျက်ခဲ့တာကြောင့် ချိုင့်ဝှမ်းကြီး တစ်ခုလုံးတွငလ ယခုအချိန်မှာ သက်တမ်းရင့်တဲ့ အပင်ရှိသည်ကို ပြောရခက်ပါသည်။

All Chapters