အကြီးအကဲယွင်ထန်း (ဒုတိယပိုင်း)
Vol. 26 Ch. 3.138
နန်ဟိုင်အင်ပါယာ ယင်းယန် အကယ်ဒမီဌာနခွဲ၏ အကြီးအကဲ လျိုယွင်ထန်း ရောက်ရှိလာခဲ့ခြင်းပင်။ သူ့မြေး လျိုချွမ်းဖုန်းကို လုရွှမ်က ခေါင်းဖြတ်ပြီးနောက် လူသတ်သမားကို စတင်ခြေရာခံခဲ့သည်။
သူ၏ ခွန်အားနှင့် အရှိန်အဟုန်ဖြင့် လုရွှမ်နှင့် အခြားလူများကို အမီလိုက်ရန် အလွန်လွယ်ကူမည်ဟု အကြောင်းပြချက် တချို့ကြောင့် နောက်ကျနေခဲ့သည်။
ရှန့်ခုန်းချိုင့်ဝှမ်းသည် အပြင်ဘက်နှင့် မတူ၊ ၎င်းသည် ခွန်အားသန်မာရုံဖြင့် လျင်မြန်စွာ သွားလာနိုင်သည် မဟုတ်ချေ။
လုရွှမ်သည် အဓိပတိနယ်ပယ် တွင်သာရှိသော်လည်း ရှန့်ခုန်းချိုင့်ဝှမ်း အကြောင်းကို ကောင်းစွာ နားလည်ထားပြီး အန္တရာယ်ကို ကြိုသိထားသူ ဖြစ်သည်။ သူသွားရာလမ်းတွင် အားကောင်းသည့် ဝိညာဉ်သားရဲများကို ရှောင်ရှားခဲ့သော်လည်း မတူညီပေ။
ဤလူကတော့ အားနည်းတဲ့ ဝိညာဉ်သားရဲတွေ အများကြီးကို ကြုံတွေ့ခဲ့ရပြီး ထပ်ခါထပ်ခါ တိုက်ပွဲတွေ ဆင်နွှဲနေခဲ့ရာ တစ်ကြိမ်လောက် ဒဏ်ရာရတာတောင်မှ အရှိန်က သဘာဝအတိုင်း နှေးကွေးသွားတာကြောင့် လုရွှမ်တို့ထက် ခြေတစ်လှမ်း နောက်ကျနေခြင်း ဖြစ်သည်။
သူ့မြေးကို သတ်ခဲ့သူမှာ ပေရွှီးအင်ပါယာ၏ ယင်းယန်အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သူသိသောကြောင့် သည်းမခံနိုင်တော့ပေ။
"ဖန့်ဝူဆွေ့.... ငါ့ကို အပိုစကားတွေ လာမပြောနဲ့!! အဲဒီလူကို လက်လွှဲပေးလိုက်"
အကြီးအကဲ လျိုယွင်ထန်း၏ မျက်နှာသည် မည်းမှောင်သွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"လူလွှဲပေးရမယ်? ဘယ်သူ့ကိုလဲ?"
အကြီးအကဲဖန့်က တစ်ဖက်လူ ဘာပြောမှန်းကို မသိတဲ့အတွက် စိတ်ရှုပ်သွားပုံရသည်။
"ငါ့မြေးကို သတ်ခဲ့တဲ့ လူသတ်သမားကို မင်းလက်မလွှဲပေးဘူး ဆိုရင် ငါဒီနေ့မင်းကို အားမနာတော့ဘူး!"
ကျယ်လောင်သော ဟောက်သံနှင့်အတူ အကြီးအကဲ လျိုယွင်ထန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ကောင်းကင်တွင် တိမ်များကို ဖြိုခွဲလိုက်သကဲ့သို့ မီးခိုးလုံးကြီးတစ်ခုကဲ့သို့ ဖြောင့်တန်းစွာ ထိုးတက်လာခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၈ ကျွမ်းကျင်သူလည်း ဖြစ်သည့် အကြီးအကဲ လျိုယွင်ထန်း၏ စွမ်းအားသည် ယခုအချိန်က ရှေးဟောင်းမြို့ကို ချေမှုန်းခံခဲ့ရသူထက် သိသိသာသာ အားကောင်းနေ၏။
"ဟိုမှာ ဘာဖြစ်နေတာလဲ?"
"ငါလည်းမသိဘူး... တစ်ခုခု ရှုပ်နေပုံပဲ"
"အဲဒါက ပေရွှီးအင်ပါယာက ယင်းယန်အကယ်ဒမီ မလား? ဘယ်လိုလုပ် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျွမ်းကျင်သူကို စိတ်ဆိုးစေခဲ့တာလဲ?"
အကြီးအကဲ လျိုယွင်ထန်း အသက်ရှူထုတ် ပြီးတာနဲ့ သူဟာ လူများစွာရဲ့ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားပြီး မရေမတွက်နိုင်တဲ့ သန်မာသူတွေဟာ သူ့ကို အာရုံကို အာရုံစိုက်လာခဲ့ကြသည်။
သူတော်စင်နယ်ပယ်၌ ခြေချသော သန်မာသူများ မရှိသောကြောင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ လူများကို ဤနေရာ၌ အထွတ်အထိပ်ဟု မှတ်ယူနိုင်သည်။
"ခင်ဗျားရဲ့မြေး? လျိုချွမ်းဖုန်းကို ပြောတာလား? သူသေပြီ??"
အကြီးအကဲဖန့် အံ့အားသင့်သွားသည်။
နှစ်ယောက်သား အခက်အခဲတွေ ဖြစ်နေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် သိနေတာ ကြာပါပြီ။ သူ့ရှေ့က ယွင်ထန်းရဲ့ အသက်သွေးလို့ အမြဲချစ်ခင်မင်သက်နေတဲ့ မြေးငယ်တစ်ယောက် ရှိပြီး အခုအသတ်ခံလိုက်ရပြီ ဆိုတာ သိလိုက်ရတော့ သူဘယ်လိုမှ မထိတ်လန့်ဘဲ မနေနိုင်ချေ။
"မင်းဒီမှာ အပြစ်မရှိဘူးလို့ ဟန်ဆောင်နေဖို့ မလိုဘူး! ပေရွှီးအင်ပါယာ ယင်းယန်အကယ်ဒမီက ကျောင်းသား သတ်လိုက်တာပဲ.... လူသတ်သမားကို မြန်မြန် လက်လွှဲပေးလိုက်!! မဟုတ်ရင် ငါက သူငယ်ချင်းဟောင်းရဲ့ မျက်နှာကို လျစ်လျူရှုတယ်လို့ အပြစ်မတင်နဲ့!"
ဒေါသပေါက်ကွဲ သံနှင့်အတူ လျိုယွင်ထန်းက အရူးအမူး ခြိမ်းခြောက်လေ၏။
လျိုချွမ်းဖုန်း ဆိုတာ ပြုတ်ကျမှာကြောက်လို့ လက်ထဲမှာ ကိုင်ပြီး အရည်ပျော်မှာစိုးလို့ ပါးစပ်ထဲမှာ ငုံထားသလို ရတနာအဖြစ် အမြဲမှတ်ယူထားတဲ့ မြေးတစ်ယောက်ပဲ။
ဒေါသမထွက်အောင် ဘယ်လိုလုပ် ထိန်းသိမ်းနိုင်ပါ့မလဲ။
သူ့မျက်စိရှေ့မှာ လဲလျောင်းနေတဲ့ အလောင်းကို မြင်လိုက်ရတော့ မြေးကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာက သူ့ကို ရူးသွပ်သွားစေခဲ့သည်။
"အကြီးအကဲယွင်ထန်း တစ်ခုခုကို နားလည်မှုလွဲခဲ့တာ ဖြစ်မယ်.... ခင်ဗျားရဲ့မြေးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ထဲကို ဝင်သွားပြီဆိုတာ မှတ်မိပါသေးတယ်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်နေတဲ့ ကျုပ်တို့ကျောင်းက ကျောင်းသားတွေအားလုံး ကျုပ်နဲ့ အတူတူ ရှိနေတာ.... သူတို့က တစ်ခါမှ အဖွဲ့မခွဲဖူးဘူး....ခင်ဗျားမြေးကိုလည်း တစ်ခါမှ မတွေ့ခဲ့ဖူးဘူး.... သူ့ကိုသတ်တဲ့ လူသတ်သမားက ဘယ်လိုလုပ် ကျုပ်တို့ဆီက ဖြစ်ရတာလဲ!"
တစ်ဖက်သား၏ ရန်လိုသည့် စကားကိုကြားတော့ အကြီးအကဲဖန့်လည်း အနည်းငယ် စိတ်မချမ်းသာတော့ဘဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
မင်းရဲ့မြေးသေပြီ။ မင်းကငါ့ကို ဘာလို့လာရှာတာလဲ။ သတ်ခဲ့တာက ငါ့လူတွေ မဟုတ်ဘူးလေ။
"မင်းတို့လူတွေ သတ်လိုက်တာပဲ.... ငါ ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီ!"
လျိုယွင်ထန်း၏ မျက်နှာသည် မှောင်မည်းနေဆဲ။ ဝါးခါးမြွေဘုရင်သည် လိမ်မည် မဟုတ်ကြောင်း သူယုံကြည်သည်။ သူ့ကိုလှည့်စားရန် မဖြစ်နိုင်ပေ။
ထို့အပြင် ပေရွှီးအင်ပါယာ ယင်းယန်အကယ်ဒမီ မှ ကျောင်းသားများ၏ ၀တ်စားဆင်ယင်မှုများကို မမြင်ဖူးပါက ၎င်းတို့ကို မည်သို့ဖော်ပြနိုင်မည်နည်း။
"ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီ??"
အကြီးအကဲဖန့် မျက်နှာသည်လည်း မည်းမှောင်သွားသည်။
"အကြီးအကဲယွင်ထန်း ကိုယ့်စကားကို တာဝန်ယူပါ... အထောက်အထား မရှိရင် မိုက်မဲတဲ့စကားကို မပြောပါနဲ့.... သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ စွမ်းအားရှင် တစ်ယောက်က ပြောသင့်တဲ့ စကားမျိုးတော့ မဖြစ်သင့်ဘူး!"
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိသွားသော ကျောင်းသားများ အားလုံးသည် သူနှင့်အတူ တစ်ချိန်လုံး အတူရှိနေခဲ့ပြီး စည်းမျဉ်းများ ကန့်သတ်ထားကာ မီတာရာဂဏန်းထက် ပိုမခွာခဲ့ကြဘူး
အခု တစ်ဖက်က ပြောနေတဲ့ ဒီကျောင်းသားတွေက သူ့မြေးကို သတ်လိုက်တယ် ဆိုတာဟာ ဘာဟာသတွေ လာပြောနေတာလဲ။
မင်းရဲ့မြေး ဘယ်မှာလဲ? ငါတစ်ခါမှတောင် မတွေ့ခဲ့တာ။ ဘယ်လိုလုပ် သတ်ရမှာလဲ။
"သက်သေလား? ငါက သက်သေပဲ!! မင်းငါ့ကို မယုံရင် မင်းရဲ့လူတွေထဲက ပြီးပြည့်စုံတဲ့ ဒုတိယအဆင့်ကို ရောက်သွားတဲ့ လူအားလုံးကို ရှာပြီး ခေါ်လာခဲ့!! ငါသူတို့ကို တစ်ယောက်ပြီးတစ်ယောက် ပြန်စစ်ကြည့်မယ်!"
လျိုယွင်ထန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
သူ့မြေးကို ဝါးခါးမြွေဘုရင် ဆီကနေ အသတ်ခံရခြင်းအကြောင်း သိရှိရပြီး ယခုအချိန်တွင် ဝါးမြွေဘုရင်က သေသွားပြီမို့ သဘာဝအတိုင်း သက်သေ မရှိသော်သလို လူသည်လည်း အသက်ရှင် မနေသောကြောင့် သက်သေအဖြစ် မရနိုင်ပေ။
ဝါးခါးမြွေဘုရင် မသေလျှင်ပင် သားရဲဘာသာစကားကို မည်သူမျှ မပြောနိုင်လို့ ၎င်းနှင့် ဆက်သွယ်၍ မရနိုင်ချေ။
တစ်ခုတည်းသော နည်းလမ်းမှာ သူ့မြေးကို သတ်နိုင်သည့် လူအားလုံးကို ရှာဖွေပြီး တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးရန် ဖြစ်သည်။ သူ၏ ပြင်းထန်သော ဝိညာဉ်စွမ်းအား အတိုင်းအတာဖြင့် လူသတ်သမား ဖြစ်နေသရွေ့ မည်မျှပင် ဖုံးကွယ်ထားပါစေ သူ့မျက်လုံးထဲက ပြေးလွတ်မည် မဟုတ်ပေ။
သူ့မြေးသည် ယွမ်ချီနယ်ပယ်က သန်မာသောလူ ဖြစ်ပြီး သူနောက်လိုက် ကျောင်းသား အများအပြားသည်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သောကြောင့် လူသတ်သမားသည် အနည်းဆုံးတော့ ယွမ်ချီနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ရှိသော သန်မာသူဟု သူထင်သည်။ ဒီလိုမှမဟုတ်ရင် ဒီလောက်များတဲ့ လူအတွက် ဘယ်သူမှ မလွတ်နိုင်ဘဲ အားလုံး ခေါင်းဖြတ်ခံရဖို့ မဖြစ်နိုင်ဘူး။
အကြီးအကဲဖန့်ဝူဆွေ့၏ အတွေးသည်လည်း သူနှင့်တူသည်။ တစ်ဖက်လူ၏ မြေးဖြစ်သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို သူသိသည်။ ယခု သူသည် ယွမ်ချီနယ်ပယ်တွင် ဖြစ်နေဆဲ ဖြစ်နိုင်သောကြောင့် လုရွှမ်နှင့် အခြားသူများအကြောင်း ထည့်မတွေးခဲ့ပါ။
လုရွှမ်၏အဖွဲ့တွင် အင်အား အကောင်းဆုံးမှာ မုယန်ဖုန်းဖြစ်ပြီး အဓိပတိနယ်ပယ်တွင်သာ ရှိသေးသည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်နှင့် ခရီးအလှမ်း ဝေးနေသေးသည်ကို သိထားရမည်။
"တစ်ယောက်ပြီး တစ်ယောက် ပြန်စစ်ဆေးမယ်? အကြီးအကဲယွင်ထန်းက နည်းနည်းလွန်နေပြီ ထင်တယ်!"
ဖန့်ဝူဆွေ့၏ မျက်နှာသည် ရုပ်ဆိုးပြီး
"ကျုပ်က ခင်ဗျားလောက် မသန်မာပေမယ့် ဒီက လူတွေရဲ့ ခေါင်းဆောင်မို့လို့ သူတို့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို အာမခံရမှာပေါ့။ အကြောင်းပြချက် မရှိတဲ့ စကားတွေကြောင့်နဲ့ ကျုပ်ကျောင်းသားတွေကို ခင်ဗျားလက်ထဲ မထည့်ပေးနိုင်ဘူး"
သူသည် အဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။ အခြားသူများက သူ့ကျောင်းသားများအား ဖမ်းရန်ခွင့်ပြုပါက ပေရွှီးအင်ပါယာ၏ ယင်းယန်အကယ်ဒမီ ဂုဏ်သိက္ခာမှာ အဘယ်မှာ ရှိတော့မည်နည်း။
တစ်ဖက်လူမှာ အထောက်အထားတွေ ရှိရင် အဆင်ပြေပါသည်။ အထောက်အထား မရှိဘဲ စစ်ဆေးမယ် ဆိုတာကိုတော့ ဘယ်သူမဆို လက်ခံနိုင်မှာ မဟုတ်ပါဘူး။
"မင်းသဘောမတူဘူးပေါ့!"
ဖန့်ဝူဆွေ့၏ ပြတ်သားသော သဘောထားကို မြင်လိုက်ရတော့ လျိုယွင်ထန်း၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာပြီး သူ့မျက်နှာသည် ရက်စက်မှုအပြည့်နှင့်
"ငါ့မြေးရဲ့ သေဆုံးမှုကို အချည်းနှီး အဖြစ်မခံနိုင်ဘူး.... တစ်ယောက်ယောက်က သူ့ကို ထိရင် သူ့မျိုးဆက် ကိုးခုစလုံးကို ငါသတ်ပစ်မယ်။ ဘယ်သူပဲဖြစ်ဖြစ် မင်းရဲ့ ပေရွှီးအင်ပါယာ ယင်းယန်အကယ်ဒမီက စပြီး အဲဒီလူတွေကို ငါသတ်ပြီး သူနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်ကွ!"
"ခင်ဗျားက ကျုပ်တို့ကို အတူ မြှုပ်နှံဖို့ သတ်ချင်တယ်ပေါ့?? လာပါ! ခင်ဗျားက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ဖြစ်နေရင်တောင် ငါဖန့်ဝူဆွေ့ပ မင်း ငါတို့အားလုံးကို ဘယ်လိုသတ်နိုင်မလဲ ဆိုတာ ကြည့်ချင်သေးတယ်!"
တစ်ဖက်သား၏ မောက်မာသော စကားကြောင့် ဒေါသအိုးဖြစ်သူ အကြီးအကဲဖန့်လည်း ဒေါသတကြီး အော်ဟစ်ကာ သူ့ခန္ဓာကိုယ်ရှိ ရောင်ဝါအားလုံးကို ဖုံးကွယ်မထားဘဲ ထုတ်လွှတ်လာခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ပြီးပြည့်စုံခြင်း အဆင့်၏ စွမ်းအင်များ လေထုအလယ် မြင့်တက်လာပြီး စစ်နတ်ဘုရားကဲ့သို့ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
"ရပ်လိုက်!"
"အားလုံးက ယင်းယန်အကယ်ဒမီ အကိုင်းအခတ်ခွဲတွေပဲလေ... ဓားတွေနဲ့ သတ်ဖြတ်ဖို့ မလိုပါဘူး!"
"ပြဿနာရှိရင် ပြဿနာကို ဖြေရှင်းရမှာပဲ.... အကြီးအကဲယွင်ထန်း မင်းတကယ် လူတွေကိုသတ်ရင် အကယ်ဒမီဌာနချုပ်က မင်းကို လွှတ်မှာ မဟုတ်ဘူး.... မလုပ်ခင် နှစ်ကြိမ်လောက် ပြန်စဉ်းစားကြည့်ပါဦး"
သူတို့နှစ်ဦး တိုက်ခိုက်ခါနီးတွင် အော်သံပေါင်းများစွာ ထွက်ပေါ်လာပြီး အရပ်ရှည်သော အရိပ်၃ခု ပေါ်လာခဲ့သည်။