အံ့သြဖွယ်စွဲချက်
Vol. 27 Ch. 3.143
မင်းသား ချန်ရှင်း၏ ပျာယာခတ်သွားသည့် ပုံရိပ်ကို မြင်လိုက်ရသဖြင့် လျိုယွင်ထန်းသည် ဒေါသပေါက်ကွဲလု နီးပါးဖြစ်ကာ ဆံပင်များပင် ထောင်လာတော့သည်။
အလိမ်ခံရလုနီးပါး ဖြစ်သွားသလို အဓိကကတော့ လူသတ်သမား အစစ်က သူ့ရှေ့မှာ ရှိနေတာတောင် တကယ်ပဲ သူ့ကို လှည့်စားခဲ့လေသည်။
ခဏအတွင်း သူသည် အရူးတစ်ယောက်လို ခံစားလိုက်ရသည်။
"အိုး.... ငါသိပြီ မင်းက ပေရွှီးအင်ပါယာက မင်းသားပဲ။ ငါတို့က ပေရွှီးအင်ပါယာရဲ့ ယင်းယန်အကယ်ဒမီ ဌာနခွဲက ကျောင်းသားလေးတွေပဲလေ မင်းအတွက် အဝတ်အစားတွေ ရှာရတာ အရမ်းရိုးရှင်းတယ်... ဘာမှတောင် လှုပ်ရှားဖို့ မလိုဘူး! အပြင်ခန်းက လုံယိဖျင်နဲ့ ကျန်းရှောက်ချန်တို့က မင်းရဲ့လက်အောက်ငယ်သားပဲ! မင်းက နန်ဟိုင်အင်ပါယာကို အပို့ခံရတုန်းက အကြီးအကဲလျိုနဲ့တွေ့ပြီး သူ့မှာ မြေးတစ်ယောက် ရှိတယ်ဆိုတာ သတိရသွားလို့ မင်း ဒီအစီအစဉ်ကို ဆုံးဖြတ်ခဲ့တာလား?"
လုရွှမ်က ဆက်ပြောသည်။
"ဝူး.....ဝူး"
မင်းသား ချန်ရှင်း၏ သူအိမ်ငယ်များသည် ကျုံ့သွားကာ စကားပြောချင်သော်လည်း မပြောနိုင်ပေ။
ဤအခိုက်တွင် လုရွှမ်သည် အကျပ်ကိုင်သည့် နည်းလမ်းကို ရုတ်သိမ်းလိုက်ပြီးနောက် သူ့အသိစိတ် ဝင်လာခဲ့သည်။ ကံဆိုးမှုတွေ သူ့ဆီလွှဲပေးလာတဲ့ လူငယ်ရဲ့ စကားကို ကြားလိုက်သောအခါတွင် သူ ရူးလုမတတ် ဖြစ်သွားသည်။
နန်ဟိုင်အင်ပါယာသို့ အပို့ခံရသည်မှာ အမှန်ပင်။ သို့သော် အကြီးအကဲ လျိုယွင်ထန်းနှင့် အဘယ်ဘဝတွင် သူတွေ့ဆုံခဲ့သနည်း။ သူ့မှာ မြေးတစ်ယောက် ရှိမှန်းတောင် မသိလိုက်ဘူးလေ။ အခုလေးတင် အလျင်စလို လုပ်တာဟာ တမင်သက်သက် ချဉ်းကပ်မှု တစ်ခုပါပဲ။
ဟိုးရှေးရှေးတုန်းက သူစီစဥ်ထားတဲ့ အရာက လူငယ်လေးရဲ့ ပါးစပ်ထဲကို ရောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ဒီတစ်ခါတော့ ဘာမှကို မငြင်းနိုင်တော့ဘူး!
"ကောင်းပြီ ....မေးသင့်တာ မေးပြီပြီ.... ခင်ဗျားတို့ဘယ်လို ဖြေရှင်းချင်လဲ? ခင်ဗျားတို့ ကိုယ်တိုင်ပဲ အဖြေရှာလို့ရတယ်"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး မင်းသားချန်ရှင်းကို ပေါ့ပေါ့တန်တန် ဖယ်ထုတ်လိုက်ကာ အကြီးအကဲဖန့်နဲ့ လျိုယွင်ထန်းကို ရှောင်ကာ ထွက်လာခဲ့၏။
လျိုချွမ်းဖုန်းသည် ထိုအချိန်က သူ့ထံမှ အသတ်ခံခဲ့ရသည်။ မင်းသားချန်ရှင်းက အခြေအနေကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး မည်သူမျှ သက်သေမပြနိုင်ဘဲ နောက်ဆုံးတွင် လူသတ်သမား ဖြစ်လာခဲ့သည်။
"မိုက်တယ်ကွာ!"
"လက်တစ်ဖက်တည်းကို တိမ်ကို မိုးဖြစ်အောင် လုပ်ခဲ့တာပဲ"
"သခင်လေးက တော်လိုက်တာ!"
လူအုပ်ကြားတွင် ဟွာချောင်၊ မင်းသမီးလော့ရုံ၊ မုယန်ဖုန်း နှင့် အဖြစ်အပျက် အမှန်များကို သိရှိသူ အများစုမှာ ဒူးထောက်လုနီးပါး ကြည်ညိုသွားကြသည်။
မင်းသား ချန်ရှင်းသည် အမှန်တရားကို ရှင်းရှင်းလင်းလင်း ပြောသော်လည်း လူသတ်သမား ဖြစ်လာခဲ့ပြီး သခင်လေးဟူသည့် လူသတ်သမားသည် အခြားသူများ၏ အမြင်တွင် အပြစ်ကင်းသူ ဖြစ်လာသည်။
ဒီစွမ်းရည်နဲ့ တွေးခေါ်မှုတွေက ကိုယ့်မျက်စိနဲ့ မမြင်ရရင် မယုံနိုင်စရာပါပဲ။
ကံကောင်းထောက်မစွာ သူတို့က သူနဲ့ရန်သူ မဟုတ်ခဲ့ချေ။ မဟုတ်ရင် ဘယ်လိုသေလို့ သေသွားရမှန်းတောင် သိမှာ မဟုတ်တော့ဘူး။
"ငါ့မြေးကို သတ်လိုက်တယ်ပေါ့!! အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပဲ!"
လျိုယွင်ထန်းသည် "လူသတ်သမားအစစ်" ကို သိလိုက်သည်နှင့် မထိန်းနိုင်တော့ဘဲ ဟောက်ပြီး မင်းသား ချန်ရှင်းဆီကို တည့်တည့် ပြေးဝင်သွားလေသည်။
"ကျွန်တော်.... ကျွန်တော်"
မင်းသားချန်ရှင်းက ရှင်းပြချင်ပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ မီးတောက်လောင်နေတဲ့ မီးလုံးတစ်တုံးက သူ့လည်ချောင်းကို ပိတ်သွားတာကို ခံစားလိုက်ရသည်။ လုရွှမ်ရဲ့ ထိန်းချုပ်မှုကနေ လွတ်သွားရင်တောင် စကားမပြောနိုင်သေးပေ။
လျိုယွင်ထန်း အတွက်တော့ သူပြောနိုင်ရင်တောင်မှ မျက်ခုံးပင့်တင်ပြီး လက်သီးနဲ့ ထိုးရတာလောက် နားမထောင်နိုင်တော့တာ ဖြစ်နိုင်ပါသည်။
သူ၏ လက်သီးပေါ်တွင် အနီရောင် နေလုံးဝိုင်းကြီး ထွက်ပေါ်လာသကဲ့သို့ သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အဆင့်၈ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို အေးခဲသွားစေချင်သည့်နှယ့် ပေါက်ကွဲသွားသည်။
တစ္ဆေနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်၊ နေလုံးလက်သီးသိုင်း!
မသေနိုင်သော အသွင်ကူးပြောင်းရေးနယ်ပယ်၏ အဆင့်ရှစ် ထရွှီးနယ်ပယ် စွမ်းအင်များ အပြည့်အဝ ပေါက်ထွက်လာ၍ ကောင်းကင်နှင့် မြေကြီးကိုပင် အရောင်ပြောင်းသွားစေ၏။
ယခုအခိုက်အတန့်တွင် မင်းသား ချန်ရှင်း တစ်ဦးတည်းကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ ရတနာအဆောက်အအုံ သခင်ကျန့် ကဲ့သို့သော လူ့ဘီလူးကြီးပင်လျှင် ၎င်းကို လောလောဆယ် ရှောင်ရှားရမည် ဖြစ်သည်။
"အရမ်း ပြင်းထန်လို့ ငါသူ့ကို မတိုက်နိုင်လောက်ဘူး!"
ဒီလှုပ်ရှားမှုရဲ့ စွမ်းအားကို မြင်လိုက်ရတော့ အကြီးအကဲ ဖန့်ဝူဆွေ့ရဲ့ မျက်လုံးတွေလည်း ပြူးကျယ်သွားသည်။
သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ ခုနစ်ခုမြောက် အဆင့်ကို ပြီးမြောက်ခဲ့သော်လည်း အဆင့်၈နှင့် တိကျသော အကွာအဝေး တစ်ခုရှိသေးသည်။ သူ၏ ထူးခြားသော လှုပ်ရှားမှုများကြောင့် သူသည် တစ်ကွက် သို့မဟုတ် နှစ်ကွက်ကို ခုခံနိုင်မည်ဟု သူထင်ခဲ့သော်လည်း ယခုတော့ ထိုသို့ မဟုတ်နိုင်တော့ပေ။
နှစ်ယောက်သားက တူညီတဲ့ အဆင့်မှာ မရှိကြဘူး။
အကယ်၍ အကြီးအကဲစီးထူ နှင့် အခြားသူများက သူ့ကို အစောက မတားဆီးခဲ့ပါက အကယ်၍ ၎င်းတို့ အမှန်တကယ် တိုက်ခိုက်ဖြစ်သွားရင် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။
"အတင့်ရဲလိုက်တာ!"
အကြီးအကဲ လျိုယွင်ထန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မင်းသား ချန်ရှင်းဆီ ပြေးဝင်သွားသော် ကြေးဝါမျက်နှာဖုံးနဲ့ အဘိုးအိုက မျက်ခုံးပင့်ကာ ရှေ့ကို လှမ်းတက်လာခဲ့တော့သည်။
ဟူ!
လက်ဖဝါးကို ဓားအဖြစ်ပြောင်းကာ လက်ဖဝါးတစ်ဖက်တည်းဖြင့် ရိုက်ချလိုက်သည်။
ပတ်ဝန်းကျင် လေထုသည် ကွဲထွက်သွားပုံရပြီး ဝိညာဥ်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ဓားရှည် အလင်းတန်းကြီးသည် အကြီးအကဲ လျိုယွင်ထန်း၏ နေလုံးလက်သီးသိုင်းနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်သည်။
၎င်းတို့နှစ်ဦး တိုက်မိသောအခါတွင် မြေပြင်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းများ ပေါ်လာပြီး မီတာထောင်ပေါင်းများစွာ အချင်းဝက်အတွင်းမှ ပညာရှင်များသည် အားကောင်းသော လေထု၏ ဖိအားအောက်တွင် ဆုတ်ခွာသွားကြသည်။
သေမျိုးနယ်ပယ်၏ အဆင့်၈ စွမ်းအားရှင် နှစ်ယောက်ကြား တိုက်ပွဲသည် ကြောက်မက်ဖွယ်ကောင်းပြီး ကျင့်ကြံမှု အဆင့်နိမ့်သော သူများသည် လုံးဝမဝင်ရောက်နိုင်ပေ။
"စိတ်ပျက်စရာပဲ!"
လျိုယွင်ထန်း၏ အဆုံးစွန်သော လှုပ်ရှားမှုကို ပိတ်ဆို့လိုက်သောအခါ သူ့မျက်နှာသည် ပို၍ပင် ပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်တွင် မည်မျှပင် တက်ကြွနေစေကာမူ လှုပ်ရှားမှုတိုင်းကို အရူးအမူး တိုက်ခိုက်ခဲ့သည်။
ကြေးမျက်နှာဖုံးပါသော အဘိုးအိုသည် သူ့ထက် အနည်းငယ်ပို၍ သန်မာသော်လည်း ပြိုင်ဘက်၏ မဆင်မခြင် ဟန်ပန် အနေအထားကို ရင်ဆိုင်နေရသော် သူ့ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရကာ အကြိမ်ကြိမ် နောက်ဆုတ်သွားခဲ့သည်။
"ဘာတွေ စိတ်လှုပ်ရှားနေတာလဲ?? မင်းသား ချန်ရှင်းကို ဘာလို့ ပြန်မခေါ်သွားသေးတာလဲ!"
ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ကြေးမျက်နှာဖုံးနှင့် အဖိုးအိုက ခေါင်းကို လှည့်ကာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့!"
ထိုအချိန်မှ ယန့်ဖုံးသည် သူ့သဘောပေါက်လာကာ အထပ်ထပ် အခါခါ ခေါင်းညိတ်၍ မြေပြင်ပေါ်တွင် လဲလျောင်းနေသော မင်းသား ချန်ရှင်းကို ကူညီကာ နောက်ပြန်ဆုတ်သွားခဲ့သည်။
"နောက်မှ ပြန်တွေ့မယ်!"
သူတို့ထွက်သွားတာကို မြင်တော့ ကြေးဝါမျက်နှာဖုံးနဲ့ အဖိုးအိုက သူ့လက်တွေကို ခါယမ်းပြီး လျိုယွင်ထန်းရှေ့မှ နောက်ပြန်ခေါက်ကာ သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီး လူတိုင်းရှေ့မှ ပျောက်သွား၏။
၎င်းတို့ အားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က လူများ ဖြစ်လို့ လျိုယွင်ထန်းကို အချိန်တိုအတွင်း သတ်ပစ်ရန် မဖြစ်နိုင်သော်လည်း သူလွတ်မြောက်လိုပါက ပြိုင်ဘက်၏ အင်အားမှာ အကန့်အသတ်ရှိပြီး လိုက်မမီနိုင်ပေ။
"သေစမ်း! စိတ်ပျက်စရာပဲ!"
'သူ့မြေးကို သတ်ခဲ့တဲ့ လူသတ်သမား' လွတ်မြောက်သွားတာကို မြင်ရတော့ လျိုယွင်ထန်းဟာ အလွန် ဒေါသထွက်လာခဲ့ပြီး ကောင်းကင်ကိုမော့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပေ၏။
"ပေရွှီးအင်ပါယာက မင်းသားချန်ရှင်း...မင်းဘယ်မှာရှိပြီး ဘယ်သူကပဲ ကာကွယ်ပေးနေပါစေ ငါလျိုယွင်ထန်းက မင်းကို မသတ်ရဘူးဆိုရင် ငါလူမလုပ်တော့ဘုးလို့ ဒီနေ့ကျိန်ဆိုတယ်!!"
ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် သူသည် အေးစက်သော မျက်လုံးများဖြင့် လုရွှမ်ထံသို့ လျှောက်သွားကာ
"မင်းကြောင့်သာ မဟုတ်ရင် ငါ့မြေးက မသေဘူး။ မင်းလူသတ်သမား မဟုတ်ရင်တောင် သတ်လိုက်တာနဲ့ အတူတူပဲ! မင်းရဲ့ ကျင့်ကြံမှုကို ဖျက်သိမ်းဖို့ မင်းကို အခွင့်အရေးပေးမယ်... ငါ့မြေး ဝိညာဥ်ကို ငြိမ်းချမ်းစေဖို့ မင်းရဲ့သိုင်းပညာကို ဖျက်စီးလိုက်!! ဒါဆို ငါ မင်းကို သတ်စရာ မလိုဘူး!"
မင်းသား ချန်ရှင်းက ထွက်ပြေးသွားပြီ။ ထိုအခါ သူ့ဒေါသကို လုရွှမ်ထံ ပြန်လွှဲလိုက်ပြန်၏။
"အကြီးအကဲလျို.... ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ? ခင်ဗျား လူသတ်သမားကို သိပြီးပြီကို ဘာလို့ ဒီလိုလုပ်နေတာလဲ? ကျုပ်က ခင်ဗျားရဲ့ပြိုင်ဘက် မဟုတ်ဘူးလို့ ထင်နေလို့ ကျုပ်တို့ပေရွှီး ဌာနခွဲကို မဆင်မခြင်ပြုမူပြီး လျစ်လျူရှု နေတာလား?"
အကြီးအကဲဖန့်၏ မျက်နှာသည် အနည်းငယ် ရုပ်ဆိုးလာခဲ့သည်။
ဒါက ဦးနှောက်မဲ့လွန်းတယ်။ မင်းဘာလို့ ဒေါသထွက်နေတာလဲ။ မင်း လူသတ်သမားကို ရှာပြီး လတ်စားသွားချေလေ။ မင်း ဒီမှာ ကစားနေတာ ဘာဂုဏ်ရှိလို့လဲ။ မင်းက ဘယ်လိုတောင် ဟန်ဆောင်မှုကင်းတဲ့ သခင်မျိုးလဲ။
ခုနက ကြေးမျက်နှာဖုံးနဲ့ အဘိုးကြီးတစ်ယောက်က ရိုက်နှက်တဲ့ အခါတုန်းက မင်း အရမ်းမိုက်တာကို ဘာလို့ မမြင်ခဲ့ရတာလဲ။
"ဘာကိုမှ မဆိုလိုဘူး....မင်းသားချန်ရှင်းက သူ့ကို ရန်ငြိုးထားလို့သာ မဟုတ်ရင် ကျုပ်မြေးက ဒီလို အပြစ်ကင်းတဲ့ကြားက ဘေးဒုက္ခကို ခံစားရမှာ မဟုတ်ဘူး... မင်းသားချန်ရှင်းက ကျုပ်မြေးကို သတ်ခဲ့တဲ့ လူသတ်သမားမို့ သူ ကြံရာပါဘဲ!!"
လျိုယွင်ထန်းသည် အကျယ်ကြီး အော်ဟစ်လိုက်သည်။
"ကျုပ်က ကြံရာပါ?" လုရွှမ်က တစ်ဖက်လူဆီက ထူးဆန်းတဲ့ စွဲချက်တစ်ခုကို ကြားလိုက်တဲ့အခါ လှည့်ကြည့်လာသည်။
"ဒါက ခင်ဗျားရဲ့ကာကွယ်မှုနဲ့ ခင်ဗျားရဲ့ အင်အားအတွက်သာ မဟုတ်ရင် လျိုချွမ်းဖုန်းကို သတ်ဖို့ သူရှာနိုင်မှာမဟုတ်ဘူး... ကြံရာပါ တယောက်က လူသတ်သမားထက် ပိုအရေးကြီးလား?"
"စိတ်မပူပါနဲ့... ကလဲ့စားချေပြီးရင် ဖုန်းအာရဲ့ သင်္ချိုင်းရှေ့မှာ ငါ့အပြစ်ငါ ဝန်ခံမယ်!"
လျိုယွင်ထန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး
"မင်းရဲ့ ကျင့်ကြံမှုကို ဖောက်ခွဲဖို့ ငါ မင်းကို အသက်ရှူချိန် ဆယ်ချက်လောက် ပေးလိုက်မယ် မဟုတ်လို့ ငါကိုယ်တိုင် လှုပ်ရှားရမယ် ဆိုရင်တော့ မင်းအသက်ရှင်မှာ မဟုတ်ဘူးလို့ ငါအာမခံတယ်!"