သူ့ကို သွားဖျက်ဆီးလိုက်
Vol. 27 Ch. 3.144
"အရှက်မရှိဘူး!"
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆင့်၈က လူကဒီလောက်ထိ အရှက်မဲ့မယ်လို့ မထင်ထားဘူး!"
"မင်းရဲ့မြေးကို ဘယ်သူက သတ်ခဲ့လဲ? မင်း သူ့ကို လက်စားချေဖို့ သွားရှာလေ... ရှန့်ခုန်းချိုင့်ဝှမ်း ပွင့်လာလို့ မင်းရဲ့မြေးကို ဒီကို ခေါ်လာတဲ့အတွက် အခုလို ဖြစ်တာမလား?? မင်း ရှန့်ခုန်းချိုင့်ဝှမ်းကိုရော လက်စားချေချင် နေတာလား?"
"ရှန့်ခုန်းချိုင့်ဝှမ်းကို အတူတူလာတဲ့ လူတွေက သူ့မြေးသေသွားပြီးရင် ဝိညာဉ်တောင် ကောက်မရတော့တာ သိတယ်။ သန်မာတယ် ဆိုတိုင်း အားလုံးကို ဒူးထောက်ခိုင်း နေမှာလား?"
လျိုယွင်ထန်း၏ စကားကို ကြားတော့ ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
မြေးကိုသတ်ရင် ဘယ်သူပဲဖြစ်ဖြစ် လူသတ်သမားကို ရှာဖို့ ကူညီခဲ့တဲ့သူကို ဒုက္ခပေးဖို့ ဆိုတာ နားမလည်နိုင် လောက်အောင်ပါပဲ။
"အကြီးအကဲ ယွင်ထန်း... စိတ်အေးအေးထားပါ ဒီအဖြစ်အပျက်က လုရွှမ်နဲ့ ဘာမှမဆိုင်ပါဘူး။ နောက်ဆုံးတော့ သူကလည်း သားကောင် ဖြစ်ခဲ့တာပဲလေ!"
"ချွမ်းဖုန်း အသတ်ခံခဲ့ရတဲ့ အတွက် ကျုပ်တို့လည်း စိတ်မကောင်း ဖြစ်မိပါတယ်... ဒါပေမဲ့ ကျုပ်တို့ ရယ်စရာဖြစ်အောင်တော့ လုပ်လို့ မဖြစ်သေးဘူးလေ..."
ကျန်အကြီးအကဲ သုံးယောက်သည် တစ်ဖက်လူ အရမ်းလွန်လာပြီလို့ ခံစားမိတဲ့အတွက် သူ့ကို ဖျောင်းဖျဖို့ ခြေလှမ်း ပြင်လိုက်ကြသည်။
"ငါ့ကိစ္စမှာ ဝင်မစွက်ဖက်နဲ့.... ဘယ်သူဖြစ်ဖြစ် ငါ့ကို ဆန့်ကျင်ရင် နန်ဟိုင်အင်ပါယာက လျိုမိသားစုကို ဆန့်ကျင်တာပဲ!"
လျိုယွင်ထန်းက ခြိမ်းခြောက်လေ၏။
"ဒါ....."
သူ့စကားကို ကြားတော့ ဝင်စွက်ဖက်ချင်သူတိုင်း ရပ်တန့်သွားသည်။
လျိုယွင်ထန်း ဤမျှမောက်မာ ဝံ့ကြွားရသည့် အကြောင်းရင်းမှာ သူသည် နန်ဟိုင်အင်ပါယာ ယင်းယန်အကယ်ဒမီ ဌာနခွဲ၏ အကြီးအကဲ ဖြစ်သောကြောင့် သာမက ပို၍အရေးကြီးသည်မှာ သူ၏ အထောက်အထားနှင့် နောက်ခံကြောင့် ဖြစ်သည်။
နန်ဟိုင်အင်ပါယာတွင် လျိုမိသားစုကို အထက်အင်ပါယာ၏ နံပါတ်တစ် မိသားစုအဖြစ် လူသိများသည်။ မြို့တွင်းနေထိုင်သော ဘိုးဘေးများသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၉သို့ ရောက်ရှိနေပြီဟု ဆိုကြသည်။
အခြားနိုင်ငံများတွင် အသွင်ကူးပြောင်းမှု အဆင့်၈လူတွေ မနည်းသော်လည်း အဆင့်၉ ရှိသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။
ထို့အတွက်ကြောင့် လျိုမိသားစုသည် အင်ပါယာ၏ အပြင်ဘက် ရောက်နေသကဲ့သို့ ၎င်းတို့ကို မည်သူမျှ မစော်ကားဝံ့ပေ။
သူသည် အကယ်ဒမီ၏ အကြီးအကဲ တစ်ဦး သာဖြစ်ပြီး အကြီးအကဲစီးထူသည် သူ့ထက် သန်မာသောကြောင့် ထိုကဲ့သို့ တည်ငြိမ်သော အပြုအမူအတွက် သင်ခန်းစာ ယူနိုင်သော်လည်း လျိုသားစုကိုမူ ရူးရူးမိုက်မိုက် မလုပ်ဆောင်ဝံ့ပေ။
"ခင်ဗျားရဲ့ နန်ဟိုင်အင်ပါယာ လျိုမိသားစုက အဲ့လောက်တောင် တန်ခိုးကြီးတာလား?"
ထိုကဲ့သို့ မောက်မာသော စကားကို ကြားတော့ လုရွှမ်က မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။
"အခုနက လွတ်မြောက်သွားတဲ့ မင်းသား ချန်ရှင်းကို ငါက ပေရွှီး တော်ဝင်မိသားစုဆီကို ကိုယ်တိုင်သွားတောင်းမယ်။ သူတို့လက်မအပ်ရင် ငါတို့ လျိုမိသားစုက တော်ဝင်မိသားစုရဲ့ မျိုးရိုးကို လုံးလုံး ပြောင်းလဲပစ်နိုင်တယ်!"
လျိုယွင်ထန်းက အေးစက်စွာ ပြုံးလိုက်သည်။
သူပြောခဲ့တာတွေက အရမ်းမာနကြီးပေမယ့် နည်းနည်းလေးမှ ချဲ့ကားတာတော့ မရှိပါဘူး။
ပေရွှီး တော်ဝင်မိသားစု၏ ဘိုးဘေးသည် ရတနာအဆောက်အအုံက သခင်ကျန့်နှင့် သိပ်မကွာပေ။ သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က စွမ်းအားရှင် တစ်ဦးသာဖြစ်သည်။ လျိုမိသားစုကို အမှန်တကယ်စော်ကားလိုပါက ဖျက်ဆီးရန် မခက်ခဲပါ။
ဒီလိုမျိုး ပံ့ပိုးမှုတွေကြောင့် ဒီလူဟာ မာနကြီးပြီး ရိုင်းစိုင်းလာတဲ့အခါ အကြီးအကဲစီးထူနဲ့ တခြားသူတွေက သူ့ကို ဖျောင်းဖျချင်ခဲ့ပေမယ့် သူ့ကို နှိပ်ကွပ်ဖို့ မလုပ်ဆောင်ခဲ့ဘူး။
"အိုး အဲ့လိုကိုး!" လုရွှမ် ခေါင်းညိတ်လိုက်သည်။
မြေးဖြစ်သူ လျိုချွမ်းဖုန်းသည် အရှက်ကင်းမဲ့၊ ရက်စက်ကြမ်းကြုတ်ပြီး ကျေးဇူးရှင်ကို ကျေးဇူးကန်းတတ်သလို အဘိုးဖြစ်သူကလည်း တစ်ပုံစံတည်း ဖြစ်နေပြန်၏။
"ကောင်းပြီ ကောင်လေး... ငါမင်းကို အခွင့်အရေး ပေးထားတယ်... မင်းက ကိုယ့်ကိုကိုယ် မဖောက်ခွဲချင်ဘူး ဆိုရင်တော့ ငါကိုယ်တိုင် လုပ်ရလိမ့်မယ်"
လျိုယွင်ထန်းသည် လုရွှမ်ကိုကြည့်ကာ သူ့ခန္ဓာကိုယ်ထဲတွင် ဆူပွက်နေသော လူသတ်ချင်စိတ်ဖြင့် အချိန်မရွေး သတ်ဖြတ်တော့မလို ဖြစ်လာသည်။
"ပြီးသွားပြီ!"
"ဒီလုရွှမ်က ကံဆိုးလွန်းတယ်။ သူက လူသတ်သမား မဟုတ်ကြောင်း သက်သေပြနိုင်ရင်တောင် ဟိုက သတ်ပစ်လိမ့်မယ်!"
"သူ ကံမကောင်းတာတော့ မဟုတ်ဘူး.... ဒါပေမဲ့ အဲဒီလျိုယွင်ထန်းကိုက တကယ် ယုတ္တိမရှိဘူး!"
"သူက ယုတ္တိမရှိဘူး.... ယုတ္တိမရှိတဲ့ ခွန်အားတွေနဲ့ လျိုမိသားစု နောက်ခံနဲ့ဆို ဘယ်သူမှ သူ့ကို တားလို့ရမှာ မဟုတ်ဘူးလို့ ခန့်မှန်းမိတယ်။ ဒီကလေး သေချာပေါက် သေလိမ့်မယ်!"
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက ခေါင်းခါလိုက်ကြသည်။
လျိုယွင်ထန်းသည် ကျောထောက်နောက်ခံအဖြစ် လျိုမိသားစုရှိပြီး တစ်ဖက်က အဓိပတိနယ်ပယ် တစ်ခုတည်းသာ ရှိသော လူငယ်တစ်ဦး ဖြစ်ပြီး သူသည် သတ်ပစ်ချင်တိုင်း သတ်ပစ်သော်လည်း မည်သူကမျှ ဝင်ပြောရဲမည်မဟုတ်။
"မင်းငါ့အပေါ် တိုက်ချင်တယ်ပေါ့??"
တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရ သောအခါ လုရွှမ်သည် မည်သည့်ကြောက်ရွံ့မှုမှ မပြဘဲ ခေါင်းယမ်းကာ လက်ညိုးထိုးကာ ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။
"သူ့ကို သွားဖျက်ဆီးလိုက်!! အရင်ဆုံး မသတ်သေးနဲ့!"
"ငါ့ကို ဖျက်ဆီးမယ်?? မင်းက ဒီဖန့်ဝူဆွေ့ကို ရည်ညွှန်းနေတာလား?"
လျိုယွင်ထန်းက လူငယ်လေး ဒီလိုပြောလာဖို့ မမျှော်လင့်ထားတာကြောင့် ရှုတ်ချတဲ့ မျက်လုံးတွေနဲ့ ရယ်လိုက်ပြီး
"ဖန့်ဝူဆွေ့က မပျော့ညံ့ပေမယ့် သူက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ဆိုတာကို မင်းကို ပြောဖို့ မေ့သွားတယ်.... မင်း နိုးသင့်ပြီ"
ဝူး!
သူစကားမဆုံးခင်မှာ သင်းခွေချပ်တစ်ကောင်က လုရွှမ် နောက်ကနေ ထွက်လာ၏။
ဟူ!
အင်မတန် မြန်ဆန်သော အရှိန်ဖြင့် သူသည် မျက်စိတစ်မှိတ်အတွင်း လျိုယွင်ထန်းဆီသို့ ရောက်လာပြီး ချွန်ထက်သော ခွာများကို မြှောက်လျက် ခြေသည်းများဖြင့် တိုက်ခိုက်လိုက်သည်။
ဗုန်း!
လျိုယွင်ထန်းက မတုံ့ပြန်ခင်မှာ ရင်ဘတ်ကို ထိမှန်သွားကာ အမြောက်ကျည်လို နောက်ပြန်ပျံသွားခဲ့သည်။ သူ့ရဲ့နောက်ကျောဟာ မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားခဲ့ပြီး ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခု ဖြစ်သွားလေသည်။
ဖူး!
ပါးစပ်က သွေးတွေ ထွက်လာသော်လည်း တောင်ဖောက်နဂါးသည် ဆက်လက် လှုပ်ရှားနေသည်။ တစ်ချက်လှုပ်ရုံနဲ့ လျိုယွင်ထန်းကို ဒဏ်ရာ အပြင်းအထန် ရစေခဲ့၏။
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံခြင်းအဆင့် ဝိညာဉ်သားရဲ?"
"ဒီလူငယ်လေးက အဆင့်၈ ပြီးပြည့်စုံတဲ့ အဆင့်က ဝိညာဉ်သားရဲ ကျောထောက်နောက်ခံ ရှိတာပဲ.... သူ ဒီလောက်မောက်မာနေတာ မဆန်းပါဘူး!"
"ဝိညာဉ်သားရဲတွေက လူသားတွေထက် ရုပ်ပိုင်းဆိုင်ရာ ပိုသန်မာတယ်။ အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံခြင်း အဆင့်က လူတွေတောင် အနိုင်ယူလို့ မရတာ သေးငယ်တဲ့ လျိုယွင်ထန်းဆို ပြောစရာတောင် မလိုဘူး!"
"ဒီဝိညာဥ်သားရဲရဲ့ အကာအကွယ်နဲ့ဆို ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူးလေ!"
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်မှာ ချက်ချင်းပင် ရုတ်ရုတ်သဲ့သဲ့ ဖြစ်သွားသည်။
လျိုယွင်ထန်းသည် လျိုမိသားစုမှ ထွက်ခွာသွားသည်ကို ကြားလိုက်သည်နှင့် လူများစွာ ရူးသွပ်သွားကြသည်။ ကံအားလျော်စွာ အဓိပတိနယ်ပယ်မှ လူငယ်တစ်ဦး၏ ရှေ့တွင် သေမျိုး အသွင်ပြောင်းခြင်း အဆင့်၈ ပြီးပြည့်စုံသော အဆင့်ရှိ ပြီးမြောက်သွားသော ဝိညာဉ်သားရဲ တစ်ကောင် ရှိနေခဲ့သည်။
ဒါက ကြောက်စရာ ကောင်းလွန်းပေ၏။
ဝိညာဉ်သားရဲ ကိုယ်တိုင်က လူ့ခန္ဓာကိုယ်ထက် ပိုသန်မာသည်။ ဒီအဆင့်က ဝိညာဥ်သားရဲဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အစောပိုင်းအဆင့်မှာ ရှိတဲ့ သန်မာသူတွေကိုတောင် တိုက်ခိုက်နိုင်လေသည်။
"ဒီ... ဒီသင်းခွေချပ်က အဆင့်၈ ပြီးပြည့်စုံမှု အဆင့်??"
"ငါဒီကိုလာတုန်းက အဆင့်၁နဲ့ အဆင့်၂ ရှိမယ်လို့ ထင်နေတာ... သူ့ကိုတွေ့တာ ဒါနဲ့ဆို ၂ကြိမ်တောင် ရှိပြီ!"
"ငါအမြင် မမှားဘူးမလား!"
အားလုံး အံ့အားသင့်သွားကြသည်။
လုရွှမ်က ဒီဝိညာဥ်သားရဲကို ထုတ်လာတာ လူတိုင်း မြင်ဖူးကြ၏။ ဒီသင်းခွေချပ်က ဒုက္ခမပေးတဲ့အပြင် သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်ကို ဘယ်တော့မှ ထုတ်လွှတ်မပြတတ်လို့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၁ သို့မဟုတ် အဆင့်၂ပဲ ရှိမည်ဟု ထင်ကြသည်။
စစ်မှန်တဲ့ စွမ်းအားက ရုတ်တရက် ပေါက်ကွဲသွားပုံက အဆင့်၈ ပြီးပြည့်စုံသော အဆင့်မှလူကိုပင် လန့်သေသွားစေ နိုင်တဲ့အထိ သူ့စွမ်းအင်က အားမနည်းချေ။
"သူ..... သူ...."
အကြီးအကဲဖန့်မှာ နှုတ်ခမ်းတွေ တဆက်ဆက် တုန်နေ၏။
တခြားသူတွေလိုပဲ ဒီသင်းခွေချပ်ရဲ့ ကျင့်စဥ်က သိပ်မကောင်းဘူးလို့ အမြဲတွေးခဲ့သည်။ မမျှော်လင့်ဘဲ သူ့ရဲ့ အထင်ကြီးလောက်စရာ အင်အားက တခြားသူရှေ့မှာ ထုတ်ပြဖို့ပင် မထိုက်တန်ခဲ့ချေ။
တကယ်တော့ လူတိုင်းရဲ့ မျက်လုံးတွေက မကောင်းလို့ မဟုတ်ဘဲ ဝိညာဥ်သားရဲ သင်းခွေချပ်ရဲ့ အဆင့်၈ ပြီးပြည့်စုံသော အဆင့်သည် လူသားကျင့်ကြံသူ အဆင့်၉ အမြင့်ဆုံးအဆင့်နဲ့ တူညီသည်လေ။
ထို့အပြင် ၎င်း၏ အသွင်အပြင်သည် သင်းခွေချပ်နှင့် ဆင်တူလေသည်။
အဲဒီအချိန်တုန်းက သားရဲခန်းမနဲ့ ခန်းမသခင်ဖုန်း အပြင် သားရဲထိန်းသူ တော်တော်များများက အဲဒါက ဘာလဲဆိုတာ မမြင်ခဲ့ကြဘူး။ သာမန်လူတွေ အမြင်မှာ သင်းခွေချပ်နဲ့တူတဲ့ ဒီသားရဲဟာ တကယ်တော့ နဂါးမျိုးနွယ်စုတွေရဲ့ တကယ့် မျိုးဆက်အစစ်ဖြစ်ကြောင်း ဘယ်သူမှ မသိခဲ့ကြဘူးလေ။
သူ့ခန္ဓာကိုယ်ရှိ နဂါးမျိုးနွယ်၏ သွေးနှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံသော အဆင့်မှ စွမ်းအားဖြင့် လျိုယွင်ထန်း မပြောနှင့် ကြေးဝါမျက်နှာဖုံး အဘိုးအို၊ အကြီးအကဲစီးထူ နှင့် အခြားသူများ ယခု ပေါင်းစည်းလိုက်လျှင်ပင် သူ့ဖက်က အလွယ်တကူ သတ်နိုင်သည်။
ဤနောက်ခံကြောင့် လုရွှမ်သည် ယုံကြည်ချက်ရှိပြီး လုံးဝစိုးရိမ်ခြင်း မရှိခြင်းသာ ဖြစ်လေသည်။