လျိုယွင်ထန်းကိုသတ်ခြင်း
Vol. 27 Ch. 3.145
လူအုပ်ကြားတွင် မော့ချုံသည် ဤအရာကို အကောင်းဆုံးသိသူ တစ်ဦးတည်းသာ ဖြစ်သည်။ သူမသည် တောင်ဖောက် သင်းခွေချပ်နဂါး၏ စွမ်းအားကို အတိအကျ မသိသော်လည်း ခန်းမသခင်ဖုန်းသည် အဆင့်မြင့် သခင်များစွာနှင့် ပေါင်းစည်းလိုက်သော အခါတွင်မှ ၎င်းကို ဖမ်းမိခဲ့ပြီး သူတို့သည်လည်း သေလုနီးပါး ဖြစ်ခဲ့ကြောင်း သူမ သိသည်။
ခန်းမသခင်ဖုန်း ကိုယ်တိုင်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က စွမ်းအားရှင် တစ်ဦးဖြစ်ကြောင်း သိထားရမည်။
သူဖိတ်ခေါ်ခဲ့တဲ့ သူတွေကတော့ သူ့ခွန်အားနဲ့ သိပ်ပြီး ကွာတာတော့ မဟုတ်ချေ။ အရမ်း ထက်သန်တဲ့ သူတွေက ဒီတောင်ဖောက်နဂါးကို လိုက်ဖမ်းရင်း လွဲချော်လုနီးပါး ဖြစ်ခဲ့ဖူးသည်။
ထို့အတွက်ကြောင့် သူမသည် လုရွှမ်၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန်ရှိသော်လည်း တစ်ဖက်လူ၏ လုံခြုံရေးအတွက် လုံးဝ စိတ်မပူခဲ့ချေ။
"အား.... သေသင့်တဲ့ကောင်!"
တောင်ဖောက်နဂါးသည် ရက်စက်ကြမ်းကြုတ်ပြီး ခြေသည်းများဖြင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့လို့ လျိုယွင်ထန်းလည်း ဒဏ်ရာရသွားခဲ့သည်။
လျိုမိသားစုမှ လူဖြစ်ကြောင့် ခွန်အားကို ပြသခဲ့တာ မကြာသေးပေ။ ယခု သူသည် ဝိညာဥ်သားရဲ တစ်ကောင်၏ ခြေသည်းများဖြင့် တွန်းထုတ်ခြင်းခံခဲ့ရသည်။ သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတာ ဘယ်လိုလုပ် ဒီလောက် မြန်ရလေသနည်း။
ဝူး!
သို့သော် သူ့ဟောက်သံက မပြီးသေးခင် တောင်ဖောက်နဂါးကြီးက တဖန် ပြေးလာပြန်သည်။
လုရွှမ်သည် ဤလူကို ဖျက်သိမ်းရန် အမိန့်ပေးထားတာကြောင့် တစ်ဝက်တစ်ပျက် အရှုံးမပေးဘဲ သဘာဝအတိုင်းပင် ဆက်လက် တိုက်ခိုက်လာသည်။
လုရွှမ်ဟာ သူ့အတွက် အကျိုးရလဒ်များ ပေးဆောင်ခဲ့ပြီး လုံးဝယုံကြည်မှု ရှိထားသည်။ သူ့အမိန့်ကို နည်းနည်းလေးမှ မနာခံဘဲ မနေဝံ့ပေ။
"မင်း"
ဤတစ်ကြိမ်တွင် သူပြင်ဆင်ထားသော်လည်း လျိုယွင်ထန်းသည် တောင်ဖောက်နဂါး၏ အရှိန်ကြောင့် ထိတ်လန့်နေဆဲ ဖြစ်သည်။ သူ၏ သူအိမ်ငယ်များသည် ရုတ်တရက် ကျုံ့သွားကာ သူ၏လက်ဖဝါးများကို လှိမ့်ကာ ရှေ့တည့်တည့်သို့ ပစ်လိုက်သည်။
နေလုံးနီလက်သီးသိုင်း!
တစ်ဖန် သူသည် အပြင်းထန်ဆုံး လှည့်ကွက် ဖြစ်သော နေလုံးနီလက်သီးသိုင်းကို ဆက်သုံးခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးသည် တစ်ဖန် နီရဲသောနေရောင်ဖြင့် ပြည့်နှက်လာပြီး မြေပြင်သည် ပူလောင်နေသကဲ့သို့ အရပ်ရပ်သို့ တောက်လောင်နေသော လေလှိုင်းများ စီးဆင်းသွားကာ လက်သီးထိုးချက်သည် တောင်ဖောက်နဂါးဆီသို့ ပြေးသွားလေသည်။
ဟူ!
ထိုလက်သီးကို မြင်တော့ တောင်ဖောက်နဂါးကြီးက ရှောင်တိမ်းဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘဲ ပျင်းရိစွာ ဆန့်ထုတ်လိုက်ပြီး ခန္ဓာကိုယ်အနှံ့ အကြေးခွံတွေ ထုတ်၍ တည့်တည့်ကို ပြေးသွားတယ်။
"ဒါ မင်းဘာသာ သေကြောင်းရှာတာပဲ"
တစ်ဖက်လူက မတိမ်းရှောင်တာကို မြင်လိုက်ရတော့ လျိုယွင်ထန်းရဲ့ မျက်နှာက ကြည်လင်လာ၏။ ဒီကောင်ကြီးကို လက်ဖဝါး တစ်ဖက်နဲ့ သတ်ပစ်ဖို့ တွေးနေချိန်မှာပဲ သူ့လက်ဖဝါးမှာ စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး ဆက်တိုက်ဆိုသလို "အော်သံ"တွေ ထွက်လာလေသည်။
သူ၏ နေလုံးနီလက်သီးသိုင်း ထုတ်ထားသော လက်မောင်းတို့သည် ပြိုင်ဘက်၏ အကြေးခွံများဖြင့် ထိမှန်ထားသလို လက်သီးချက်များ ပျက်သွားရုံသာမက နေရာတွင်ပင် အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။
တောင်ဖောက်နဂါးမှာ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် နဂါးသွေးများရှိပြီး ၎င်း၏ခုခံအားက အလွန်ပြင်းထန်သောကြောင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် နယ်ပယ် အဆင့်၉ စွမ်းအားရှင်များပင် ချိုးဖျက်ရန် ခဲယဉ်းလှသည်။
ထို့ကြောင့် သူတို့ နှစ်ယောက်လုံးက တူညီတဲ့ အဆင့်မှာ မရှိခဲ့ကြချေ။
ပြိုင်ဘက်၏ လက်ဖဝါးနှင့် လက်မောင်းကို တိုက်ခိုက်ပြီးနောက် တောင်ဖောက်နဂါး၏ ခွာနှင့် ခြေသည်းများ ပေါ်ထွက်ကာ နောက်တစ်ကြိမ် ထပ်၍ ရိုက်ပြန်သည်။
စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းအချိန်တွင် လျိုယွင်ထန်းသည် ယခင်ကကဲ့သို့ ကံမကောင်းခဲ့ပေ။ သူ့ခန္ဓာကိုယ်အနှံ့အပြားမှ အရိုးများ ကျိုးသွားခဲ့သည်။ တုံ့ပြန်ရန် အချိန်ပင် မရှိခဲ့ပေ။
ကောင်းကင်ပေါ် လွင့်သွားသော လျိုယွင်ထန်းထံသို့ တောင်ဖောက်နဂါးသည် နောက်ထပ် ဟောက်သံတစ်ခု ထွက်လာပြီး ပြိုင်ဘက်ထံသို့ တစ်ဖန် ရောက်လာကာ ပြိုင်ဘက်၏ ဒန်တီယန်ကို ၎င်း၏ခွာနှင့် ခြေသည်းများပေါ်တွင် ရိုက်ချလိုက်သည်။
ဝုန်း
လျိုယွင်ထန်း မတုံ့ပြန်မီတွင် နန်းတော်ပင်လယ်သည် အမှုန့်အဖြစ်သို့ လွင့်ပျယ်သွားကာ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော စွမ်းအားသည် ရေအဖြစ်သို့ ပြောင်းလဲသွားလေသည်။
"အား..... မင်းက ငါ့ကို တကယ် ဖျက်ဆီးပစ်လိုက်တယ်?? မဟုတ်ဘူး!!!"
လျိုယွင်ထန်း တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သေတဲ့အထိ အရိုက်ခံရရင်တောင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
သူသည် သူသွားလေရာရာ၌ လေးစားမှုများ ခံရသော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၈ တွင် စွမ်းအားရှိသော သခင်တစ်ဦးဖြစ်ပြီး ယခုအခါတွင် ဝိညာဥ်သားရဲ၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။ အရှက်တရား ပြင်းထန်သော ခံစားချက်က သူ့ကို မူးမေ့လုမတတ် ဖြစ်သွားစေသည်။
"ဝူး!"
လျိုယွင်ထန်းကို ဖျက်သိမ်းပြီးနောက် တောင်ပေါက်နဂါးသည် ဤလူကို အာရုံစိုက်ရန် စိတ်မ၀င်စားဘဲ လုရွှမ်ကို မျက်နှာပြောင်တင်းတင်းဖြင့် လှည့်ကြည့်လိုက်သည်။ ချီးကျူးခံချင်နေသည့် အတိုင်းပင်။
"အင်း... မဆိုးဘူး!"
လုရွှမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ကို ချီးကျူးကာ လျိုယွင်ထန်းဆီသို့ ခြေလှမ်း အနည်းငယ်လှမ်း၍ လျှောက်လာခဲ့သည်။
"ခင်ဗျား ကျုပ်ရဲ့ကျင့်စဥ်ကို ဖျက်စီးချင်ခဲ့တာ မဟုတ်ဘူးလား"
"မင်း ငါ့ကို ဒီလိုမျိုး ဆက်ဆံဝံ့တယ်?? ငါတို့ လျိုမိသားစုက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး!"
လျိုယွင်ထန်းသည် တစ်သက်တာလုံးတွင် အဓိပတိ နယ်ပယ်မှ လူလေးတစ်ဦးထံမှ ကျင့်စဥ်ဖျက်စီး ခံရမည်ဟု အိပ်မက်မမက်ခဲ့ဘဲ မျက်နှာမှာ ပြာနှမ်းနေပြီး သွားများ အံကြိတ်ကာ ဟောက်နေလေသည်။
"ကျုပ်ကို မလွှတ်ပေးဘူး?? ကိစ္စမရှိပါဘူး ခင်ဗျား ဘယ်လိုမှ မမြင်နိုင်တော့ဘူးလေ!"
လုရွှမ်က ခပ်ဖျော့ဖျော့ပြုံးကာ ပြိုင်ဘက်၏ မျက်နှာကို ကန်ထုတ်လိုက်ရာ ထင်ရှားသော ခြေရာတစ်ခု အရာထင်သွားသည်။ လျိုယွင်ထန်း၏ ပါးစပ်ထဲတွင် သွေးများ ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရပြီး သူ့သွားများ နေရာအနှံ့ ပြုတ်ကျသွားသည်။
ခြိမ်းခြောက်မှုတွေကို လုရွှမ် တကယ် ဂရုမစိုက်ပါဘူး။
လျိုမိသားစုက သန်မာတယ် ဆိုရင်တောင် ဘာလုပ်ရမှာလဲ။ လျိုမိသားစုရဲ့ ဘိုးဘေးက ဒီကိုရောက်လာခဲ့ရင်တောင် သူ့မှာ ၎င်းကို ပြန်လမ်းမရှိအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိသေးသည်။
"မင်း မင်း"
မျက်နှာကို ကန်ထုတ်ပြီးနောက် လျိုယွင်ထန်းသည် ရူးသွပ်သွားကာ ပြင်းထန်သော အမူအရာဖြင့် ဟောက်ပြန်၏။
"ကောင်စုတ်လေး မင်းငါ့ကို နာကျင်အောင် လုပ်ရဲတယ်!!! မင်းရဲ့ ပေရွှီးအကိုင်းအခက် တစ်ခုလုံးကို ပျက်စီးသွားမှာကို သတိထားနေလိုက်"
ဗုန်း! ဗုန်း! ဝုန်း!
တခြားသူနဲ့ စကားပြောဖို့ ပျင်းလွန်းတဲ့ လုရွှမ်ရဲ့ အဖြေက အရမ်းကို ရိုးရှင်းပါသည်။ ရိုင်းရိုင်းစိုင်းစိုင်း ကန်ကျောက်ပစ်လိုက်ခြင်းပင်။
အကြိမ်ကြိမ် ကန်ပြီးနောက် သူ၏ ကျင့်စဥ် ဆုံးရှုံးသွားသော လျိုယွင်ထန်းသည် ဝက်ခေါင်းအဖြစ် ပြောင်းလဲသွားသည်။
"ဒါ...."
"သူက လျိုမိသားစုကိုတောင် ဂရုမစိုက်ဘဲ တိုက်ရိုက် လုပ်ပစ်ပါလား"
"ရက်စက်လွန်းတယ်"
ဒီမြင်ကွင်းကို သူတို့မျက်လုံးထဲမှာ မြင်လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေအားလုံး တုန်လှုပ်သွားပြီး မျက်နှာတွေပါ ဖျော့တော့သွားလေ၏။
ရက်စက်လွန်းပေသည်။
၎င်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်ရှစ်ရှိ စွမ်းအားကြီးသော နန်ဟိုင်အင်ပါယာ၏ လျိုမိသားစုမှ လူတစ်ဦးဖြစ်ပြီး မျက်နှာမပြရဲလောက်အောင် လူမြင်ကွင်းတွင် ကန်ထုတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
"လူယုတ်မာ..... မင်း ငါတို့ လျိုမိသားစုကို စော်ကားတဲ့အတွက် နောင်တရလိမ့်မယ်... လျိုမိသားစုရဲ့ ဘိုးဘေးတွေက မင်းရဲ့ မျိုးနွယ်စုကိုးခုကို သေချာပေါက် သုတ်သင်ပြီး မင်းကို အနက်ရှိုင်းဆုံး အကြောက်တရားတွေကို ထာဝရ ခံစားရစေလိမ့်မယ်"
အရိုက်ခံရလို့ မူးနောက်နောက် ဖြစ်နေတဲ့ လျိုယွင်ထန်းက သူ့သွားတွေကို အံကြိတ်ပြီး ဟောက်လိုက်၏။
"ကောင်းပြီ ကျုပ်ကြောက်နေပါပြီ!"
လုရွှမ်က ခေါင်းခါလိုက်ပြီး အသံ ထပ်လွှင့်သံကို ကြားလိုက်ရသည်။
"သြော် ဟုတ်သားပဲ... ခင်ဗျားကို ပြောဖို့မေ့နေတာ.... ခင်ဗျားရဲ့မြေး လျိုချွမ်းဖုန်းကို ကျုပ်သတ်ခဲ့တယ်... ကျုပ်သူ့ကို မြွေဘုရင်ရဲ့ ပါးစပ်ထဲကနေ ကယ်ခဲ့ပေမယ့် ဒီကောင် ကျုပ်ကို ကျေးဇူးကန်းပြီး သတ်ပစ်ချင်နေတာလေ.... ဟူး... မြေးအဘိုးတွေ အားလုံးက တစ်ပုံစံတည်းပဲ ခင်ဗျားတို့လို လူမိုက်တွေကြောင့် မကြာခင်မှာ လျိုမိသားစု ပျက်စီးသွားလိမ့်မယ်!"
"မင်း"
မမျှော်လင့်ဘဲ သူ့မြေးလေးကို ဒီကောင်လေးက သတ်ပစ်လိုက်တာ အမှန်ပဲ ဖြစ်နေလေသည်။ လျိုယွင်ထန်းရဲ့ မျက်လုံးတွေ နီရဲနေပြီး တစ်ခုခုကို အော်ငေါက်နေပေမယ့် မျက်လုံးရှေ့မှာ ပိုကြီးလာတဲ့ ခြေထောက်ကိုသာ မြင်လိုက်ရသည်။
ဝုန်း!
စူးရှသော အသံနှင့်အတူ သူ၏ခေါင်းသည် ပေါက်ကွဲထွက်ကာ အနီရောင်နှင့် အဖြူရောင်သွေးများ မြေပြင်ပေါ်တွင် စီးဆင်းသွားသည်။
"သူ လျိုယွင်ထန်းကို သတ်လိုက်တာလား?"
"လျိုမိသားစုထဲက တစ်ယောက်ယောက်ကို သတ်လိုက်တယ်?"
"ဒါ!!"
လူတိုင်း တုန်လှုပ်သွားကြသည်။
လျိုမိသားစုကို အင်ပါယာ၏ နံပါတ်တစ်မိသားစုဟု လူသိများပြီး ၎င်းကို အဘယ်သူမှ အာမခံရဲပေ။ အချို့သော တော်ဝင်မိသားစုများက ၎င်းတို့အား စော်ကားလိုလျှင်ပင် သေသေချာချာ တွေးတော ကြည့်ကြရမည် ဖြစ်သည်။ .
သူက အရမ်းသတ္တိ ရှိလွန်းနေ၏။
လုရွှမ်၏ ရဲစွမ်းသတ္တိနှင့် လုပ်ရပ်ကြောင့် လူတိုင်း ထိတ်လန့်သွားသောအခါ နောက်မြင်ကွင်းက သူတို့အား မေ့လဲလုနီးပါး ဖြစ်သွားသည်။
လူငယ်သည် သခင်တစ်ယောက်လို မဟုတ်တော့သည်ကို မြင်လိုက်ရပြီး လျိုယွင်ထန်း၏ ခန္ဓာကိုယ်ကို ရှာဖွေနေ၏။
"ဘာကောင်လဲဟ!! လျိုမိသားစုရဲ့ မိသားစုဝင်ဖြစ်တဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က အဖိုးတန် ပစ္စည်းတစ်ခုတောင် မရှိဘူး"
ခဏအကြာတွင် ကောင်လေးက ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
"......." လူတိုင်း။
တကယ်တော့ လုရွှမ်ဟာ တကယ်ကို စိတ်ဓာတ် ကျနေခဲ့တာပင်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က ကျွမ်းကျင်သူကို သတ်ခြင်းအားဖြင့် ကောင်းကျိုးတွေ အများကြီး ရလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် လျိုယွင်ထန်းဟာ သူ့မြေးထက်ပင် ဆင်းရဲနေမည်ဟု မထင်ထားခဲ့ချေ။
လျိုချွမ်းဖုန်းဆီက ဝိညာဥ်ကျောက်တုံး ပါဝင်သည့် ကတ်တစ်ကတ် ရှိသော်လည်း သူ့မှာ ရွှေစ တစ်စတောင် မရှိချေ။
"ထားလိုက်တော့!"
တစ်ဖက်လူက ဘာမှ မရှိတာကြောင့် လုရွှမ်လည်း ခေါင်းယမ်းပြီး မင်းသမီးလော့ရုံ နဲ့ တခြားသူတွေ အနားယူရာဆီသို့ တောင်ဖောက်နဂါးကို ပြန်ခေါ်သွားလိုက်သည်။