ခြေလေးချောင်း ကြေးနီကြက်
Vol. 27 Ch. 3.148
"ဝိုး.... အရမ်းမိုက်တယ်ကွာ!"
"တစ်ဖက်လူက ဘယ်လောက်ပဲ သန်မာနေပါစေ သူသတ်မယ်လို့ ပြောတာနဲ့ သတ်လိုက်တာပဲ... ငါတို့ဒီကိုလာတာ ဗဟုသုတတွေလည်း ရလိုက်ပါပြီ.."
"ကောင်းလိုက်တာ! ဒီနေ့ကစပြီး လုရွှမ်က ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ!"
"မင်း နတ်ဘုရားမ ငါးပါးလုံးကို ဆွဲထားနိုင်တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီလွှမ်းမိုးနိုင်တဲ့ စိတ်ဓာတ်ကိုတော့ လေးစားတယ်ကွာ"
"ယောက်ျားဆိုတာ ဒီလိုပဲ ဖြစ်သင့်တယ်!"
လုရွှမ်သည် လျိုယွင်ထန်းကို သူတို့ မျက်စိရှေ့မှာပဲ သတ်ပစ်လိုက်သည်ကို မြင်လိုက်ရတဲ့အခါ ပေရွှီးအင်ပါယာမှ ကျောင်းသားများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
အခုလေးတင် လျိုယွင်ထန်းက ဆူညံပွက်လောရိုက်ပြီး ပြဇာတ်တစ်ပုဒ် ပြကာ ကျောင်းတော်က ကျောင်းသားတွေကို စစ်ဆေး၍ လူတိုင်းကို ဒေါသထွက်စေခဲ့သည်။
အကြီးအကဲဖန့်တောင်မှ ဒီမီးကို မငြှိမ်းသတ်နိုင်ခဲ့တာကို အပြင်စည်းက လူငယ်တစ်ယောက်က ဖြေရှင်းပေးခဲ့ပြီး ချက်ချင်းဆိုသလို လူတိုင်းရဲ့ အချစ်တော်ကြီး ဖြစ်လာခဲ့လေသည်။
ကြီးစိုးခြင်းဟူသည် အဘယ်နည်း။
ရူးသွပ်ခြင်း ဟူသည် အဘယ်နည်း။
ခွန်အားဟူသည် အဘယ်နည်း? အားလုံးကို လုရွှမ်က ပြသသွားလေပြီ။
အရင်ကတော့ အားလုံးက မော့ချုံ၊ ချန်စစ်ယန် နဲ့ တခြားသူတွေကို ဒေါသမျက်လုံးတွေနဲ့ ကြည့်နေပေမယ့် အခုတော့ မီးက လုရွှမ်ဆီကို တစ်ယောက်ပြီးတစ်ယောက် ပြောင်းလာကြသည်။
"လုရွှမ် ငါနင့်ကို လက်ထပ်ချင်တယ်!"
"အစ်ကိုရွှမ်.... ဒီနေ့ကစပြီး နင်က ငါ့အစ်ကိုပဲ!"
"အခုချိန်ကစပြီး ငါနင့်ကို လိုက်တော့မယ်နော်?"
အမျိုးသမီး ကျောင်းသူ အများအပြားသည် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို ရဲရင့်စွာ စိတ်လှုပ်ရှားစွာဖြင့် ဖော်ပြကြပြီး အမျိုးသား ကျောင်းသား အများအပြားသည် ၎င်းတို့၏ ကြည်ညိုမှုကို ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။
လူအုပ်ကြီးသည် မည်မျှ စိတ်အားထက်သန်နေသည်ကို မြင်လိုက်ရသောအခါ လုရွှမ်မှာ အနည်းငယ် အကူအညီ မဲ့သွားသလို ခံစားလိုက်ရသည်။
လျိုယွင်ထန်းကို သတ်လိုက်တာပဲလေ။ မင်းတို့အရင်က ကမ္ဘာကြီးကို မမြင်ဖူးဘူးလား။
"လျိုမိသားစုက အဲ့လောက် မရိုးရှင်းဘူး.... သူတို့လူတွေကို သတ်ရင် နောင်မှာ ဒုက္ခတွေ အများကြီးရှိလာမှာကို ကြောက်ရတယ်"
မော့ချုံက စိုးရိမ်စိတ်ဖြင့် လှမ်းတက်လာသည်။
"ကိစ္စမရှိဘူး!" လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"သူတို့ ငါနဲ့လာမရှုပ်ရင် အကောင်းဆုံးပဲ... ငါ့ကို ပြဿနာ လာရှာရင်တော့ အဲဒီမိသားစုကို အင်ပါယာထဲကနေ ဖျက်စီးပစ်ဖို့ ဝန်မလေးဘူး!"
၎င်းသည် အင်ပါယာထဲက အဆင့်ရှိ မိသားစု တစ်ခုမျှသာဖြစ်ပြီး သူ့အတွက် အမှန်တကယ် ကြောက်စရာ မရှိချေ။
"ကောင်းပါပြီ"
ထိုလူငယ်၏ မာနကြီးသော စကားကို ကြားတော့ မော့ချုံသည် စကား ဆက်မပြောနိုင်ဘဲ ရပ်လိုက်ရ၏။ သူနဲ့အချိန်အတန်ကြာ ရင်းနှီးလာပြီးမှသာ သူဘယ်လောက် မာနကြီးတယ် ဆိုတာ သူမသိခဲ့သည်။
မရေမတွက်နိုင်သော ထိပ်တန်းဘုရင်များနှင့် တော်ဝင်မိသားစုများကို ကြောက်ရွံ့ရသော လျိုမိသားစုသည် သူ့ပါးစပ်ထဲတွင် ရွာအဝင်ဝတွင် အသားရောင်းပြီး လှည်းမောင်းသူများနှင့် မထူးမခြားနားပင်။
စကားလုံးတွေက မာနကြီးတယ်လို့ သူမ ခံစားမိပေမယ့် လူငယ်လေးဟာ အကြောင်းတစ်ခုခုကြောင့် ဒီစွမ်းရည်ကို တကယ် ပိုင်ဆိုင်ထားတယ်လို့ ခံစားမိနေဆဲ ဖြစ်သည်။
"သူလုပ်နေတာက မယုံနိုင်စရာတွေ ဆိုတာ ထင်ရှားပါတယ် ဒါပေမဲ့.... အံ့သြစရာကောင်းတဲ့ အံ့ဖွယ်အမှုတွေကို ဖန်တီးနိုင်တယ် ဆိုတာကိုလည်း သိသာတယ်"
ချန်စစ်ယန်လည်း စိတ်လှုပ်ရှားမှုများဖြင့် သက်ပြင်းချလိုက်သည်။
သူမသည် မော့ချုံထက် ကောင်လေးနှင့် ပို၍ အဆက်အသွယ် ရှိပြီး သူမ မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သမျှသည် မယုံနိုင်စရာများပင် မဟုတ်ပါလား။
မဖြစ်နိုင်ဘူးလို့ ထင်နေပေမယ့် လူငယ်က အဲဒါကို ဖြစ်မြောက်အောင် လုပ်ခဲ့ပြီး သူ့အတွက် အလွန် ရိုးရှင်းနေသကဲ့သို့ပင်။
"ဒါက သူ့ရဲ့ကိုယ်ရည်သွေးလည်း ဖြစ်နိုင်တာပဲ!"
သက်ပြင်းတစ်ချက်ချရင်း ကောင်လေးနှင့် စကားပြောရန် နီးကပ်လာချိန်တွင် အဝေးမှ မီးခိုးငွေ့များ လွင့်ပျံလာသည်ကို မြင်လိုက်ရပြီး ဆူဖြိုးသော အသွင်အပြင်သည် သူတို့ဆီသို့ ခြေလှမ်းကျဲများဖြင့် ပြေးချလာသည်။
ချဉ်းကပ်လာပုံက အဝေးက ကြည့်ရင် ဘောလုံးတစ်လုံးလိုပင်။ သေသေချာချာ မကြည့်ဘူးဆိုရင်တော့ လူဆိုတာကို မြင်ဖို့ခက်လိမ့်မည်။
"ဒါက ရတနာအဆောက်အအုံ အလောင်းအစားထဲက ဖက်တီးကောင် မဟုတ်လား? သူ့ ကိုယ်အလေးချိန် ပြန်တက်လာပုံပဲ!"
ချန်စစ်ယန် ခဏလောက် ထိတ်လန့်သွားပြီးမှ ထိုလူကို မှတ်မိသွားသည်။
ရတနာအဆောက်အအုံမှာ သူ့ကံကို လောင်းကစား လုပ်နေချိန် ရှောင်းယွင်ထျန်းကို မောက်မာစွာ ရိုက်နှက်ခဲ့တဲ့ ဖက်တီးကလွဲလို့ တခြားသူတော့ မဟုတ်ပါဘူး။
ဤအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ဦးကိုမျှ အန္တရာယ်မပြုဘဲ ရူးသွပ်စွာ အပြေးအလွှားဖြင့် လုရွှမ်ထံသို့ တိုက်ရိုက်ရောက်လာပြီး သဘောကျသော မျက်လုံးများဖြင့် လက်မထောင်ပြလိုက်သည်။
"အစ်ကိုလု... မင်းက ငါ့ရဲ့အစ်ကိုကြီးပဲ!! အစောက လုပ်သွားတာ အရမ်းမိုက်တယ်... ရက်စက်လွန်းတယ်!"
"......"
ဒီလူက ရင်းနှီးပုံပေါက်တာကို မြင်တော့ လုရွှမ် ခေါင်းခါလိုက်သည်။
သူ့အထင်အမြင် အရ ဒီကောင်က တွန့်တိုတဲ့ သခင်လေး မဟုတ်ပေ။ လောင်းကစားအတွက် ရတနာတွေကို အကဲဖြတ်စဥ်က ရှောင်းယွင့်ထျန်းက ရတနာတွေကို အကဲမဖြတ်ဖို့ ငြင်းဆန်တဲ့အတွက် သေလုနီးပါး ရိုက်နှက်ခံခဲ့ရသည်။
"ငါမင်းရဲ့ အစ်ကိုကြီး မဟုတ်ဘူး... စိတ်လည်း မဝင်စားဘူး... မင်းပြောစရာရှိတာ ပြောပြီး လစ်တော့!"
လုရွှမ်ဟာ တခြားသူတွေနဲ့ မိတ်ဖွဲ့ဖို့ ပြင်းနေတာကြောင့် သူ့လက်ကိုသာ ဝေ့ယမ်းလိုက်သည်။
ဆင်ခြင်တုံတရား ကင်းမဲ့သူသည် မဆင်မခြင် လုပ်တတ်တဲ့ လူမဟုတ်ပေ။ တောင်ဖောက်နဂါးကို လျိုယွင်ထန်းအား သတ်စေခြင်းဖြင့် ဖက်တီးသည် သူ့ကို အလွန်အထင်ကြီးကာ အထူးပင် ဤနေရာကို လာခဲ့ခြင်း ဖြစ်သည်။
တစ်ခုခုတော့ ရှိရမည်။
"အစ်ကိုကြီး စိတ်မဆိုးပါနဲ့.... ကျုပ်အစ်ကိုကြီးကို ရိုးသားစွာ အသိအမှတ် ပြုတာပါ... ဒါပေမဲ့ ကျုပ်တကယ်ပဲ ပြောစရာရှိတာပါ... အစ်ကိုကြီးရဲ့ အကူအညီကို တကယ် လိုအပ်နေပါတယ်!"
ဆူဖြိုးသော ဖက်တီးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး
"ဒါက ဒီလိုပါ...ကျုပ် မတော်တဆ ရှာတွေ့ခဲ့တဲ့ ရတနာတစ်ခု ရှိတယ်.... ဒါပေမဲ့ တူးထုတ်လို့ မရဘူး အစ်ကိုကြီးရဲ့ ဝိညာဉ်သားရဲက သင်းခွေချပ်မို့လို့ အဲဒါ အဲဒါ....."
အခြားသူများ ကဲ့သို့ပင် သင်းခွေချပ်နဂါးကို မမြင်နိုင်တာကြောင့် ၎င်းကို သင်းခွေချပ်ဟုသာ ထင်ခဲ့သည်။
"အဲဒါကို မတူးနိုင်ဘူး? တောင် အတွင်းပိုင်းမှာလား"
လုရွှမ်က သံသယဖြင့် ပြန်ကြည့်လိုက်သည်။
သင်းခွေချပ်ကို ရှာဖွေရာတွင် ရည်ရွယ်ချက် တစ်ခုသာရှိပြီး ယင်းမှာ တောင်များကို ဖောက်၍ တူးရန်ဖြစ်သည်။
ရတနာသည် တောင်များပေါ်တွင်ရှိပြီး ၎င်းကိုကာကွယ်ရန် အထူးအရာများ ရှိမနေပါက သူ့တွင် သေမျိုး အသွင်ပြောင်းခြင်း အဆင့်၇ အစွမ်းသတ္တိရှိလို့ အကူအညီ တောင်းရန် မဖြစ်နိုင်ပေ။
ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခြင်းသည် အခွင့်အလမ်း တစ်ခုဖြစ်သည်။
"အစ်ကိုကြီးကတော့ အံ့သြစရာ ကောင်းနေတုန်းပဲ!"
ဆူဖြိုးသော ဖက်တီးက သူ့ကို ချော့မော့ပြီး
"အဲဒီနေရာက ကျောက်တုံးတွေက ဘာဖြစ်လို့လဲ မသိဘူး.... ကျုပ်လူတွေက ထိုးဖောက်ဖို့ အစွမ်းကုန် ကြိုးစားတာတောင် အဲဒါတွေကို ဖြတ်ဖို့ အခွင့်အရေး မရှိခဲ့ဘူး.... အစ်ကိုကြီးရဲ့ ဝိညာဥ်သားရဲ့ ပေါ်လာတာကို တွေ့တော့ သူ့ရဲ့ သဘာဝလွန် စွမ်းအားကြောင့် ဒီကို ကလန်ကဆန်နဲ့ လာခဲ့ရတာပါ... စိတ်မပူပါနဲ့ ရတနာကို တကယ်ဖွင့်ပြီးရင် အစ်ကိုကြီး စိတ်တိုင်းကျ လိုချင်သလောက် ယူပါ... ကျုပ်ကို အပိုင်းလေးတစ်ခုပဲ ပေးရင် အဆင်ပြေပါတယ်"
လုရွှမ်ကလည်း ပြန်ကြည့်လိုက်ရင်း
"မင်းဖွင့်မကြည့်ရသေးဘဲ အထဲမှာ ရတနာ တစ်ခုရှိနေမယ် ဆိုတာ ဘယ်လိုသိတာလဲ?"
တစ်ခုခုတော့ မှားနေပြီ!
တစ်ဖက်လူရဲ့ လေသံကို နားထောင်ရင်း ရတနာတွေက တောင်အတွင်းပိုင်းမှာ ဝှက်ထားပြီး ဖြတ်သွားလို့မရတဲ့ ထူးခြားတဲ့ ကျောက်တုံးတွေ ရှိနေ၏။ အခြေအနေတွေ အများကြီးရှိလို့ ရှာတွေ့နိုင်ရင်ရော ဘယ်လို စိတ်ချနိုင်မှာလဲ။ စည်းစိမ်ဥစ္စာ ကြီးကြီးမားမား ရထားမှတော့ မိမိကို ဘယ်လိုလုပ် အကူအညီ တောင်းမှာလဲ။
"ကျုပ်....."
လူဝကြီး၏ မျက်နှာသည် စကားပြောရန် တွန့်ဆုတ်နေသကဲ့သို့ တုံ့ဆိုင်းမှု အပြည့်နှင့်။
"မပြောချင်ရင် ထားလိုက်တော့... မင်းရဲ့ရတနာကို လေ့လာဖို့ ငါ့မှာ အချိန်မရှိဘူး ကျေးဇူးပြုပြီး ပြန်လိုက်ပါ!"
သူဘာမှ မပြောချင်တော့တာကို မြင်တော့ လုရွှမ်လည်း အာရုံမစိုက်ချင်ဘဲ လက်ကိုဝှေ့ယမ်းပြီး လှည့်ထွက်သွားလိုက်သည်။ ရိုးရိုးသားသား ပြောရရင် သာမာန် ရတနာတွေကို သူစိတ်မဝင်စားပါဘူး။
တစ်ဖက်လူက လျှိုဝှက်စွာ မပြောချင်သောကြောင့် သူ့ဘက်ကလည်း စကားပြန်ပြောဖို့ အချိန်မရှိချေ။
"အစ်ကိုကြီး... မလောပါနဲ့ မပြောပြချင်တာ မဟုတ်ပါဘူး.. ဒီအတိုင်း...."
လူငယ်လေး လှည့်ထွက်သွားတာကို မြင်သည်နှင့် ဖက်တီး ကောင်လေးဟာ စိုးရိမ်စိတ်တွေ အပြည့်နဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ကုတ်ရင်း သူ့သွားတွေကို အံကြိတ်ရင်း အချိန်အတော်ကြာ ချီတုံချတုံ ဖြစ်နေလေသည်။
"တကယ်တော့ လျှို့ဝှက်ချက်ရယ်လို့လည်း မဟုတ်ပါဘူး.... ကျုပ် ရတနာတွေကို ရှာလို့ရတဲ့ ရတနာတစ်ခုကို မတော်တဆ ရခဲ့ပါတယ်.... အဲဒီရတနာကို ကျုပ်လွှတ်ထားသရွေ့ မြေထဲမှာ မြှုပ်ထားတဲ့ ရတနာတွေကို အလိုအလျောက် ရှာတွေ့နိုင်မယ်... ဘာကြောင့်လဲ ဆိုတော့ ဒီတောင်တန်းမှာ ရတနာတစ်ခု ရှိနေတယ်ဆိုတာကို ကျုပ်ရတနာက ရှာတွေ့ထားလို့ပါပဲ"
"ရတနာကို ရှာလို့ရတဲ့ ရတနာ??"
လုရွှမ်က မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်.... အခု ဒီရတနာက တောင်ပေါ်ရောက်ပြီးနောက် ပျောက်ကွယ်သွားတော့ ရတနာနေရာလေးထဲ ဝင်သွားလောက်ပြီ ထင်လို့ အစ်ကိုကြီးကို အကူအညီ လာတောင်းရတာပါ!"
ဖက်တီးက ကမန်းကတန်း ပြောလိုက်သည်။
"ရတနာတွေကို အလိုအလျောက် ရှာဖွေနိုင်တဲ့အရာ?? အဲဒါက ခြေလေးချောင်းပါတဲ့ ကြေးနီကြက် မဟုတ်လား?"
"မင်း..."
ဖက်တီး၏ အမူအရာ ပြောင်းသွားပြီး ထိတ်လန့်စွာ နောက်ပြန် ဆုတ်သွားလေသည်။
"မင်း မင်း ဘယ်လိုသိလဲ?"