← Chapters

ရေအေးကန်

Vol. 27 Ch. 3.150

ရေအေးကန်

Vol. 27 Ch. 3.150

သန်မာတဲ့လူ တော်တော်များများက ဝက်ယောင်ဆောင်ပြီး ကျားသား စားရတာကို နှစ်သက်ကြသည်။ သူတို့က လူတွေ အထင်သေးစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ရဲ့ ကျင့်ကြံမှုကို တမင်တကာ နိမ့်ထားကြပေမယ့် လက်တွေ့မှာတော့ သူတို့ဟာ တုနှိုင်းမမှီတဲ့ လူတွေ ဖြစ်နေသည်။

သူ့ရှေ့ရှိ လုရွှမ်သည် သူ့အတွေးထဲက အတိုင်း တူညီသော အခြေအနေတွင် ရှိနေပုံရသည်။ သူ့တွင် အစွမ်းထက်သော စွမ်းအားများသာ ရှိသော်လည်း တကယ်တော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ စွမ်းအားကိုပင် ဂရုမစိုက်ဘဲ အလွယ်တကူ ဖျက်စီးနိုင်ခဲ့သည်။

ပြောနေစရာတောင် မလိုပါဘူး။ သူ့ရဲ့ ခွန်အားက အဓိပတိနယ်ပယ်လောက် မရိုးရှင်းသလို သူ့ထက်လည်း လုံးဝ မပျော့ညံ့လောက်ပေ။

အခုနက စကားစမြည် ပြောပြီးတဲ့အခါ သူ့မှာ ခြေလေးချောင်း ကြေးနီကြက်နဲ့ ကူဖုန်းထျန် မိသားစုကိုတောင် သိနေတဲ့ ဗဟုသုတ များစွာရထားပြီး သူ့ရဲ့ဝိသေသ လက္ခဏာကို တမင်တကာ ဝှက်ထားတာ ဖြစ်လိမ့်မည်။ သေးငယ်တဲ့ နိုင်ငံကနေ ရောက်လာတာ မဖြစ်နိုင်ပါ။

ဒါကိုတွေးရင်း ထျန်ကျွင့်နမ်ခမျာ သူ့ကို ပိုပိုပြီး လေးစားလာခဲ့ပြီး သူ့ရဲ့ တစ်ခုတည်းသော ဂုဏ်ယူဝံ့ကြွားမှု အရိပ်အမြွက်များပါ ပျောက်ကွယ်သွားခဲ့သည်။ သူဟာ တစ်ဖက်လူကို စော်ကားမိမှာ ကြောက်လို့ နေရာတိုင်းမှာ သတိထားနေခဲ့တော့သည်။

လုရွှမ်ကတော့ တစ်ဖက်လူ ဘာတွေ တွေးနေမှန်း မသိသလို သူသိရင်တောင် ဘာမှ ထူးခြားသွားမည် မဟုတ်။

အခြားသူများ၏ အမြင်တွင် ကူဖုန်းထျန် မိသားစုသည် ဧရာမအကောင်ကြီး တစ်ကောင်ကဲ့သို့ တည်ရှိနေနိုင်သော်လည်း သူ့မျက်လုံးထဲတွင်မူ လက်ဖက်ရည်သောက်ကာ သင်ခန်းစာနှစ်ပုဒ် သင်ပေးရန် နေ့တိုင်းနောက်သို့ လိုက်နေသော အငယ်တန်း တပည့်အဖြစ် ရှိနေသေးသည်။

မကြာခင်မှာ သူတို့နှစ်ယောက်ဟာ ကီလိုမီတာရာနဲ့ချီ ရောက်လာခဲ့ကြ၏။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ရှိ ထျန်ကျွင့်နမ် နောက်ကို အနီးကပ်လိုက်၍ လုရွှမ်သည် ရွှေအရှိန်ကို ထိန်းချုပ်ရာတွင် ပို၍ ကျွမ်းကျင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က အံဝင်ဂွင်ကျ ဖြစ်လာပြီး လျှပ်စီးကဲ့သို့ အလွန်မြန်ဆန်ကာ ခမ်းနားသော အရိပ်များကို နောက်တွင် ချန်ရစ်ခဲ့သည်။

"အစ်ကိုကြီး... ကျုပ်တို့ရောက်ပြီ ဒီနေရာပဲ!"

ထျန်ကျွင့်နမ်က ရပ်လိုက်ပြီး ရှေ့ကို ထိုးညွှန်ပြသည်။

မြင့်မားသော တောင်တန်းကြီး တစ်ခုသည် သူတို့၏ မျက်စိရှေ့တွင် ရပ်တည်လျက် မို့မောက်သော တောင်ထိပ်များက ပြန့်ကျဲနေပြီး လှိုင်းထနေသော ရေပြင်ကဲ့သို့ မြင်နေရသည်။ ၎င်းသည် မည်မျှအထိ ရှည်လျားသည် မသိ။

"ဒီတောင်တွေ?"

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

သူစိတ်ထဲမှာ ရှန့်ခုန်းချိုင့်ဝှမ်းကြီး အကြောင်း စာအုပ်တွေ အများကြီး ဖတ်ဖူးခဲ့၏။ ဒီနေရာမှာ ဒီတောင်တန်း ရှိတဲ့အကြောင်း မှတ်တမ်းတွေ များများစားစား မထည့်သွင်းထားချေ။ အမည်မဖော်လိုတဲ့ တောင်တန်းတစ်ခုလို့ ထင်ရကာ ထူးခြားတဲ့ ရတနာတွေ မရှိလောက်ပေ။

"အဲဒီတုန်းက ငါ့အမြင်က အရမ်း အမြင့်ကြီး မှန်းထားမိနေလို့လည်း ဖြစ်နိုင်တယ်!"

ထိုအချိန်က အဓိကဂိုဏ်းကြီး ခြောက်ဂိုဏ်းရှိ ရှန့်ခုန်းချိုင့်ဝှမ်းမှ ရရှိလာသော ပစ္စည်းများကို ကြည့်လိုက်သောအခါ ခွန်အားသည် ယခုထက် အဆများစွာ မြင့်မားနေပြီး သူ့မျက်လုံးများကို ဖမ်းစားနိုင်သော တစ်ခုတည်းသော ပစ္စည်းများနှာ ရှေးဟောင်းသစ်ပင်များနှင့် ရွှေအရှိန်သာ ဖြစ်သည်။

"ရှေ့ကနေ လမ်းကို ဦးဆောင်ပါ!"

တောင်ထိပ်များသည် ကျယ်ပြောလှပြီး အကန့်အသတ် မရှိလို့ ခြေလေးချောင်း ကြေးနီကြက် မရှိဘဲ ရတနာဟု ခေါ်သော ရတနာကို ရှာဖွေရန် အခက်တွေ့နေ ပေလိမ့်မည်။

"ကောင်းပြီ!"

ထျန်ကျွင့်နမ်ပ အပို စကားများ မပြောတော့ဘဲ အရင်ဆုံး လမ်းလျှောက်သွားသည်။ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် ရေတံခွန် တစ်ခုဆီကို ရောက်လာခဲ့၏။

ရေတံခွန်သည် တောင်တန်းမှ မြေပြင်ပေါ်ရှိ နက်နဲသော ရေကန်ဆီသို့ အပြေးအလွှား ဆင်းသက်လာကာ ရှေ့သို့ ရောက်သောအခါ ရေငွေ့သည် သူတို့မျက်နှာဆီ ပြေးလွှား ရိုက်ခတ်လာသောကြောင့် အရောင်အသွေး ခုနစ်ရောင်ရှိသော သက်တံပန်းချီကား တစ်ချပ်ကဲ့သို့ အင်မတန် လှပလေသည်။

"ဒီနေရာက... မဆိုးဘူး!"

လုရွှမ်သည် အသက်ပြင်းပြင်း ရှူလိုက်ရာ ဤနေရာသည် စိတ်စွမ်းအင်များ ပြည့်နှက်နေပြီး လန်းဆန်းသော ခံစားမှုကို ဖြစ်စေလို့ ကျင့်ကြံရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။

အကယ်၍ ၎င်းသည် ချိုင့်ဝှမ်းအတွင်းမှာသာ မဟုတ်ဘဲ အပြင်ဘက်တွင်သာ ရှိခဲ့ပါက ဤကဲ့သို့သော အဖိုးတန်သော နေရာသည် ရှေးရှေးကတည်းက ဂိုဏ်းပေါင်းစုံက သိမ်းပိုက်ထားပေလိမ့်မည်။

"ဟုတ်တယ်... ကျုပ်ဒီကို ပထမဆုံးအကြိမ် ရောက်တုန်းကလည်း အံ့သြသွားခဲ့တာ... ဒါက ရိုးရိုးရှင်းရှင်း ကျင့်ကြံနိုင်တဲ့ ရတနာမြေပဲ ဒါပေမဲ့ ဒါက ရှန့်ခုန်းချိုင့်ဝှမ်း ဆိုတော့ အချိန်တန်လို့ အပြင်မထွက်ရင် အပေါက်ပိတ်သွားပြီး ဒီထဲမှာပဲ သေနိုင်သွားတယ်! မဟုတ်ရင် ကျုပ်တကယ် ဒီထဲမှာနေပြီး ကျင့်ကြံလိုက်ချင်တယ်"

ထျန်ကျွင့်နမ် ပြုံးလိုက်သည်။

ရှန့်ခုန်းချိုင့်ဝှမ်းကြီး ပွင့်လာတာက အချိန်အတိုင်းအတာ တစ်ခုပဲ ရှိလေသည်။ အချိန်ကျရင် လူတိုင်းက ထွက်သွားရမည်သာ ဖြစ်၏။ မဟုတ်ရင် အချိန်နဲ့ နေရာက ပိတ်သွားပြီး အတွင်းထဲက လူတွေဟာ အသေကောင်တွေပဲ ဖြစ်သွားလိမ့်မည်။ အဲဒီအထဲမှာ နေနေတဲ့သူတိုင်း အသက်ရှင်လျက် ပြန်ထွက်လာတယ် ဆိုတာတော့ မကြားဖူးသေးချေ။

ဒီလိုမှမဟုတ်ရင် အနှစ်တစ်ရာက ကျင့်ကြံသူတစ်ယောက်အတွက် သိပ်မကြာပါဘူး။ ဒီအထဲမှာ ပုန်းအောင်းနိုင်ပြီး လိုချင်သလောက် ရှာဖွေကျင့်ကြံကာ အနှစ်တစ်ရာအတွင်း အပေါက် ပြန်ဖွင့်တဲ့အခါ အပြင်ထွက်နိုင်၏။

"မင်းဒီမှာတကယ် နေခဲ့ချင်တာလား?"

လုရွှမ်က တစ်ချက် ကြည့်လိုက်သည်။

"မင်းလိုချင်ရင် ငါ့မှာ မင်းမသေဘဲ ထိန်းနိုင်ပြီး နောက်တစ်ခါ ချိုင့်ဝှမ်းကြီး ပွင့်လာတဲ့အထိ စောင့်နေနိုင်တဲ့ နည်းလမ်း ရှိတယ်!"

အခြားသူများ ဤနေရာတွင် အနှစ်တစ်ရာ မနေနိုင်သော်လည်း သူလုပ်နိုင်သည်။

အဓိကဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ လျှို့ဝှက်စုစည်းမှုများကို ဖတ်ပြီးနောက် ရှန့်ခုန်းချိုင်ဝှမ်း အကြောင်း များစွာသိရှိခဲ့ပြီး ၎င်း၏နက်နဲသော အရာများစွာကိုပါ မှတ်သားထားခဲ့သည်။

"အာ? ထားလိုက်ပါ.... ထျန်ကျွင့်နမ်ဆိုတဲ့ ကျုပ်က ငယ်ငယ်ကတည်းက ပန်းပွင့်တွေနဲ့ ကျောက်စိမ်းခေတ်မှာ ဘဝကို ကောင်းကောင်း ပျော်ရွင်လာခဲ့တာ..... ဒီမှာနေပြီး နှစ်တစ်ရာလုံး တစ်ယောက်တည်း ကျင့်ကြံဖို့က မလုပ်နိုင်လောက်ဘူး... အနှစ်တစ်ရာ ကျော်ပြီးရင် ကျုပ်က အဘိုးကြီး ဖြစ်နေတော့မှာလေ.... အပြင်ထွက်တော့ရော ဘာထူးတော့မှာလဲ"

ထျန်ကျွင့်နမ် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

အခုနက ဒီအတိုင်း စကားအဖြစ် ပြောလိုက်တာလေ။ ဒီအထဲမှာ အနှစ်၁၀၀ နေရမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လုရွှမ်ကလည်း တစ်ဖက်က သဘောရှိ ပေါ့ပေါ့ဆဆ ပြောနေမှန်း သိလေသည်။ ဒီလိုမျိုး မင်းမျိုးမင်းနွယ်လို မိသားစုတွေရဲ့ ကလေးတွေက သူတို့နောက်မှာ မိသားစုရဲ့ ပံ့ပိုးကူညီမှုတွေ ရှိပြီး သူတို့ လိုချင်တာမှန်သမျှ ရနိုင်သည်။ ဒီလိုနေရာမျိုးမှာ အနှစ်တစ်ရာ ဘယ်လိုလုပ် နေနိုင်မလဲ။

"အစ်ကိုကြီး... ကျုပ်ရဲ့ ခြေလေးချောင်း ကြေးနီကြက်က ဒီကနေ ဖြတ်သွားခဲ့တယ်... ရေလမ်းက အရမ်းရှည်တယ် အဲဒီတော့ ကြိုပြင်ထားရမှာပဲ.... မဟုတ်ရင် ကျုပ်တို့မှာ အားအင်တွေ လုံလုံလောက်လောက် မရှိမှာကို ကြောက်ရတယ်"

ဒီအကြောင်းအရာကို ဆွေးနွေးရင်း ထျန်ကျွင့်နမ်က သူ့ရှေ့က ရေတံခွန်အောက်ရှိ ရေကန်ကြီးကို ညွှန်ပြလိုက်ပါ၏။

ကျင့်ကြံသူများသည် ရေထဲတွင် ကြာကြာ နေနိုင်ရန် အသက်ရှူကြပ်မှုကို ထိန်းသိမ်းဖို့အတွက် စစ်မှန်သော စွမ်းအင်ရှိသော်လည်း ၎င်းတို့သည် ငါးများ မဟုတ်ပေ။ အကြာကြီး ကြာပါက စွမ်းအင်များစွာကုန်ပြီး ထိန်းထားနိုင်မည် မဟုတ်။

"မင်း အဆင်သင့်ပြင်လိုက် ငါမလိုအပ်ဘူး!"

လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

သူသည် ရွှေအရှိန်ကို လျင်မြန်စွာ သန့်စင်ထားပြီး ရေထဲတွင် လွတ်လွတ်လပ်လပ် အသက်ရှူနိုင်သည်။ သူ၏ စစ်မှန်သော စွမ်းအင်ကို စောင့်မနေနိုင်သည့် အခြေအနေ ရှိလိမ့်မည် ။

"ကောင်းပါပြီ!"

သူအဆင်သင့် မပြင်တာကို မြင်တော့ ထျန်ကျွင့်နမ်လည်း ယဉ်ကျေး မနေတော့ပေ။ တောထဲကို အမြန်လျှောက်သွားပြီး သေမျိုးအသွင်ပြောင်း နယ်ပယ် တတိယအဆင့်နဲ့ စတုတ္ထအဆင့်က ဝိညာဉ်သားရဲ တချို့ကိုလိုက်ရှာပြီး သူတို့ရဲ့ အသက်သလင်း ကျောက်တုံးတွေကို ယူဆောင်လာမှ စိတ်သက်သာရာ ရသွားခဲ့သည်။

ဝိညာဉ်သားရဲ၏ အသက်သလင်းကျောက်သည် ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ် အတွင်းတွင် အဓိကကျသော အရာဖြစ်သည်။ ၎င်းတွင် ဝိညာဉ်စွမ်းအင် ပမာဏများစွာ ပါရှိသည်။ ရေထဲတွင် အကြာကြီး ရှိနေလို့ စစ်မှန်သော ဝိညာဥ်စွမ်းအင် မလုံလောက်ပါက ၎င်းသည် ဝိညာဉ်စွမ်းအင်ကို လုံးဝ စုပ်ယူနိုင်၍ ဖြည့်ပေးနိုင်မည် ဖြစ်သည်။

အသက်သလင်းကျောက် အားလုံးကို သက်တမ်းရင့် ဝိညာဉ်သားရဲများမှ ထုတ်ယူ သန့်စင်ထားပြီး ၎င်းတို့တွင်ရှိသော စွမ်းအားသည် အလွန် သန့်စင်သောကြောင့် ဝိညာဥ်ကျောက်များပင် မယှဥ်နိုင်ချေ။

"ဆင်းရအောင်!"

သူအဆင်သင့် ဖြစ်နေပြီကို မြင်သော် လုရွှမ်သည် အပိုစကားမပြောဘဲ ရေကန်ထဲကို အရင် ခုန်ချလိုက်ပေ၏။

ခုန်ချပြီးတာနဲ့ ရိုးတွင်းခြင်ဆီထဲ အထိကို အအေးဓာတ်တွေ တဟုန်ထိုး တိုးဝင်လာပြီး လူကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေ၏။

"ကြီးကျယ်ခမ်းနားတဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆က ထျန်ကျွင့်နမ်တောင် မခံနိုင်တာ မထူးဆန်းတော့ပါဘူး"

လုရွှမ် ရုတ်တရက် နားလည်သွားသည်။

အရင်ကတော့ သူဟာ အတုတံဆိပ်နယ်ပယ် မှာသာရှိခဲ့ပြီး ဟန်ရွှယ်နဲ့အတူ အသက်မရှူဘဲ နာရီဝက်ကျော်ကြာအောင် ရေထဲမှာ ထိန်းထားရင် ထိခိုက်မှာ မဟုတ်ပါဘူး။

လက်ရှိအချိန်မှာတော့ ထျန်ကျွင့်နမ်လို လူပင် အချိန်ကြာလာတာနဲ့ အမျှ စစ်မှန်သော စွမ်းအင်သည် လုံလောက်မှု မရှိနိုင်ဟု အမှန်ပင် ဆိုရပေတော့မည်။

ဤရေကန်သည် အလွန်အေးလွန်းလှသည်။ထိုသို့ရှေ့ဆက်ရန် ဝိညာဥ်စွမ်းအင်သည် ခန္ဓာကိုယ် လည်ပတ်မှုကို ထိန်းသိမ်းရန် သာမက လေအေးများကိုပါ ခုခံပေးသည်။ သို့မဟုတ်ပါက လေအေးသည် ခန္ဓာကိုယ်ထဲသို့ ဝင်လာမည်ကို စိုးရိမ်စရာ ရှိပြီး ရေခဲအဖြစ်သို့ အေးခဲသွားလိမ့်မည်။

ထို့အတွက်ကြောင့် ဤနေရာတွင် စစ်မှန်သောစွမ်းအင်ကို သုံးစွဲခြင်းသည် အဓိက လိုအပ်ချက် ဖြစ်လေသည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ စွမ်းအားရှင်ပင်လျှင် ဆယ်မိနစ်ထက်သာ ပိုကြာနိုင်သည်။

လုရွှမ်တွင် ပထမအဆင့် နန်းတော်ပင်လယ် နှစ်ခုရှိ၍ စစ်မှန်သော စွမ်းအင် သိုလှောင်မှုသည် တူညီသော အဆင့်ထက် အဆများစွာ မြင့်မားသော်လည်း သူ၏ ကျင့်ကြံမှုမှာ အလွန် နိမ့်ပါး ပြီး အဓိပတိနယ်ပယ်သာ ရှိသည်။ အအေးဒဏ်ကို တွန်းလှန်နိုင်တဲ့ စွမ်းအင်က တစ်ချိန်လုံး မထိန်းထားနိုင်ပေ။

သို့သော် ဤအေးစက်သော လေမျိုးအတွက် သူသည် သူ၏စစ်မှန်သော စွမ်းအင်ကို လုံး၀ အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ဆိုရလျှင်။

"ကောင်းကင်ဘုံ ဖီးနစ်မီး!"

သူ့စိတ်တွေ လှုပ်ရှားလာသည်နှင့် တပြိုင်နက် ဖီးနစ်၏ အတောင်ပံများသည် နန်းတော်ပင်လယ်ထဲတွင် ပျံ့လွင့်လာကာ အေးစက်သော လေသည် ချက်ချင်းပင် လွင့်စင်သွားပြီး သူ့တစ်ကိုယ်လုံးတွင် နွေးထွေးမှုတစ်ခုက လွှမ်းခြုံသွားသည်။

ရေကန်တွင်းရှိ လေအေးသည် လေးလံသော်လည်း အဆင့်၁၈ရှိ ရှားပါးရတနာထက် များစွာ နိမ့်ကျနေသေးပြီး လုံးဝ နှိုင်းယှဥ်လို့ မရချေ။

All Chapters