← Chapters

ကျောက်နံရံ

Vol. 27 Ch. 3.151

ကျောက်နံရံ

Vol. 27 Ch. 3.151

အုန်း!

ဖီးနစ်၏မီးသည် အအေးဒဏ်ကို ခံနိုင်ရည် ရှိစေပြီး ရွှေရောင်အရှိန်ဖြင့် ထိန်းချုပ်ထားသောကြောင့် လုရွှမ်၏ တစ်ကိုယ်လုံးသည် ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နေသည်။ ရေထဲတွင် ရှိနေသော်လည်း သူ၏အရှိန်ကို လုံးဝ မထိခိုက်ပေ။

"သံသယ ဖြစ်စရာ မလိုဘူး.... သူက အဓိပတိနယ်ပယ် မဟုတ်တာ သေချာတယ်!"

လမ်းကို ဦးဆောင်နေသော ထျန်ကျွင့်နမ်သည် လုရွှမ်၏ လှုပ်ရှားမှုများကို မြင်ပြီး ခေါင်းယမ်းပြန်လေသည်။

အရင်က သံသယ ခြေရာတွေ ကျန်ရှိနေသေးရင်တောင် အခု နောက်ဆုံးမှာတော့ ထိုခြေရာတွေ ပျောက်သွားပြီ။

သူ့အမြင်အရတော့ သူ့ရှေ့က လူငယ်က ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားသား စားနေတာ သေချာလေ၏။

ဒီရေကန်ထဲက အအေးဓာတ်က သူ့ကို ခံနိုင်ရည်ရှိစေဖို့ ခဲယဉ်းပါသည်။ တစ်ဖက်လူက ဘာမှမပြင်ဆင်ထားတာသလို ဝိညာဥ်စွမ်းအင်လည်း ထုတ်မသုံးထားဘဲ အဓိပတိနယ်ပယ်မှာ ဒီလိုလုပ်နိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ။

"သူ့အစွမ်းက ငါ့ထက် ပိုအားကောင်းနေမှာကို ကြောက်ရတယ်.. အနည်းဆုံး သူ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ထက် ကျော်လွန်နေလောက်ပြီ!"

နောက်ကွယ်မှ လိုက်လာသော သင်းခွေချပ်သည် သေမျိုးအသွင်ပြောင်းခြင်း အဆင့်၈၏ ပြီးပြည့်စုံသော အဆင့်က ဝိညာဉ်သားရဲ ကိုယ်တိုင်ဟာ သန်မာသော ကိုယ်ထည်ရှိပြီး သူ့အတွက် အလွန်ပုံမှန်ဖြစ်သည့် အေးမြသော လေဒဏ်ကို ခံနိုင်ရည် ရှိသည်။

လူငယ်သည် လူသားတစ်ဦး ဖြစ်ပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိရန် သူ၏ ခန္ဓာကိုယ်ကိုသာ တစ်ယောက်တည်း အားကိုးရန် မဖြစ်နိုင်သော်လည်း ယခုအခါတွင် မျက်နှာအမူအရာ အပြောင်းအလဲ မရှိချေ။ သူ၏ ခွန်အားသည် သူ့ထက်သာလွန်ကြောင်း ပြသနိုင်လောက်အောင်ပင် ပြောင်းလဲသွားခဲ့သည်။

လူငယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို သူတောင် မမြင်နိုင်ဘူး!

လူနှစ်ယောက်နှင့် သားရဲတစ်ကောင်သည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားသော်လည်း ရေကန်၏ အောက်ခြေသို့ မရောက်နိုင်သေးဘဲ တစ်နေကုန် ရေခတ်ပြီးနောက်မှ အရှေ့ဘက်က လမ်းကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်သွားသည်။

ဝုန်း!

လူနှစ်ယောက်နှင့် သားရဲတစ်ကောင်တို့ ရေထဲမှ ထွက်လာပြီး သူတို့ရှေ့တွင်ရှိ ဂူကြီးတစ်ခုအား မော့ကြည့်လိုက်သည်။

"ဒါက ဘယ်နေရာလဲ?"

တစ်ပတ်လောက် လှည့်ကြည့်ပြီးနောက် ဒီဂူရဲ့ ပတ်ဝန်းကျင်က ပိတ်ထားလို့ တည်နေရာအတိအကျကို မမြင်နိုင်တော့တာ တွေ့ရလေသည်။

"ကျုပ်တို့အရင်က မြင်ဖူးတဲ့ တောင်တွေထဲမှာပဲ ဖြစ်လောက်တယ်!"

ထျန်ကျွင့်နမ်က ဒီကို တစ်ခေါက်လာခဲ့ပြီး ထွက်သွားပြီးတဲ့ နောက်မှာတော့ သူက လမ်းကြောင်းကို အတိအကျ စူးစမ်းထားခဲ့ကာ သူ့ထင်ကြေးတွေကို ပြောပြလာသည်။

"တောင်တွေထဲမှာလား?"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

လှိုဏ်ဂူတွင် ထွက်ပေါက်ရှိပါက မည်မျှပင် အားနည်းနေပါစေ သူ၏ လက်ရှိထိတွေ့မှုဖြင့် ၎င်းကို သေချာပေါက် သိရှိနိုင်မည် ဖြစ်သည်။ ယခုမူ ဤဂူကို လုံလောက်သော လေ၀င်လေထွက် မရှိပေ။ ထို့ကြောင့် ဂူက အလုံပိတ် ဖြစ်နေပုံသည်။

"အစ်ကိုကြီး... ခြေလေးချောင်း ကြေးနီကြက်က ရှေ့က ကျောက်နံရံထဲကို ရောက်နေပြီထင်တယ်!"

လူနှစ်ယောက်နှင့် သားရဲတစ်ကောင်သည် ရေထဲမှ ထွက်လာပြီးနောက် ၎င်းတို့၏ ဝိညာဥ်စွမ်းအင်များ ပျံ့နှံ့သွားကာ အဝတ်အစားများ ခြောက်သွေ့သွား၏။ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းခဲ့ကြရင်း ထျန်ကျွင့်နမ်က ထောက်ပြသည်။

ဂူ၏အဆုံးတွင် စိမ်းပြာရောင်ရှိသော ကျောက်သားနံရံ ရှိပြီး ကြည့်ရုံဖြင့် လူကို ထူထပ်ပြီး ခိုင်ခံ့နေသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

"စိမ်းပြာရောင် သံမဏိကျောက်က ဒီနေရာလေးမှာ ရှိနေတာပဲ... မင်းမချိုးနိုင်တာ မဆန်းပါဘူး!"

သူ့ရှေ့က ကျောက်တုံးပုံသဏ္ဌာန် နံရံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ လုရွှမ် ခေါင်းခါမပြဘဲ မနေနိုင်လောက်အောင် ဖြစ်သွားသည်။

ဤစိမ်းပြာရောင် ကျောက်များသည် အပြာရောင်သံမဏိ ကျောက်ဟုခေါ်သော အထူးသတ္တုရိုင်း တစ်မျိုးဖြစ်ပြီး တစ္ဆေနယ်ပယ် အဆင့်နိမ့် မှော်လက်နက်ကဲ့သို့ မာကျောပေ၏။

၎င်း၏ မာကျောမှုကြောင့် ဂိုဏ်းကြီးခြောက်ခုက ၎င်းတို့ကို ဂိုဏ်းတွင်းရှိ အဆောက်အအုံ အမျိုးမျိုးကို ဆောက်လုပ်ရန် အထူးဝယ်ယူခဲ့သည်။ ဤအရာဖြင့် တည်ဆောက်ခဲ့သော အဆောက်အအုံများသည် နှစ်ပေါင်းထောင်ချီ ရာသီဥတုဒဏ်ကို ခံရပြီးသည့်တိုင် အနည်းငယ်မျှပင် ပျက်စီးသွားမည် မဟုတ်ပေ။

ခိုင်ခံ့သော အခင်းအကျင်းကို ပေါင်းထည့်လိုက်ပါက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က လူပင် ချိုးဖျက်၍ မရနိုင်ချေ။

"ဒါဆို အစ်ကိုကြီးရဲ့ ဝိညာဥ်သားရဲနဲ့ ထိုးဖောက်လို့ ရမလား?"

ထျန်ကျွင့်နမ် အားကိုးတကြီး မေးလိုက်သည်။

သူ့အမြင်အရတော့ သင်းခွေချပ် ကိုယ်တိုင်က ကျောက်တုံးတွေကို ဖြတ်ကျော်နိုင်တဲ့ အရည်အချင်းရှိပြီး လုရွှမ်ရဲ့ ဝိညာဉ်သားရဲဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၈ ပြီးပြည့်စုံခြင်း အဆင့်မို့ ဘယ်သူမဆို ဒီအရာကို ဖြတ်ကျော်နိုင်ခြင်း မရှိရင်တောင် သူလုပ်နိုင်လောက်သည်။

"စိမ်းပြာရောင် သံမဏိကျောက်တုံး တစ်ခုတည်းဆို အရမ်းရိုးရှင်းပါတယ်... ဒါပေမဲ့ ဒီပတ်ဝန်းကျင်မှာ အခင်းအကျင်း ဖွဲ့စည်းမှုတွေ ရှိမေတယ်! တကယ်လို့ မဖယ်ရှားရင် သေမျိုးနယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ ဝိညာဥ်သားရဲတစ်ကောင် ဖြစ်နေရင်တောင် မလုပ်နိုင်ဘူး!"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

တောင်ဖောက်နဂါးသည် ထျန်ကျွင့်နမ်၏ မျက်လုံးထဲတွင် သင်းခွေချပ်သည် တောင်နှင့်ကျောက်တုံးများကို ထိုးဖောက်ရာတွင် ကောင်းမွန်သည်ဟု သိထားသည်။ ၎င်း၏ အလွန်အစွမ်းထက်သော စိမ်းပြာရောင် သံမဏိကျောက် ဆိုလျှင်ပင် ၎င်းအတွက် ခက်ခဲမည် မဟုတ်ပေ။

သို့သော် အရေးအကြီးဆုံး အရာမှာ မာကျောသော ကျောက်နံရံ မဟုတ်ဘဲ ကျောက်နံရံပေါ်က အထူးဖွဲ့စည်းထားသည့် အခင်းအကျင်း ဖြစ်သည်။

"အခင်းအကျင်း? ဒီမှာ အခင်းအကျင်း ရှိနေတာလား?"

ထျန်ကျွင့်နမ်သည် အနည်းငယ် မယုံနိုင်စွာ မျက်တောင်များ ခတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဧကရာဇ်အင်ပါယာ၏ မိသားစုကြီး တစ်ခုမှ ဆင်းသက်လာပြီး သူ၏ အမြင်နှင့် ထိုးထွင်းသိမြင်မှုသည် သာမာန်လူများထက် မြင့်မားသည်။

ကျောက်နံရံမှလွဲ၍ သူ့အရှေ့တွင် လိုဏ်ဂူတစ်ခု ရှိသည်။ အခင်းအကျင်း ဖွဲ့စည်းပုံ အတက်အကျ မရှိသည့်အပြင် ဝိညာဉ်ကျောက်တုံး၏ အငွေ့အသက်လည်း မခံစားမိပေ။ အခင်းအကျင်းက ဘယ်က ရောက်လာသနည်း။

"မင်းရှေ့က ကျောက်နံရံကို သေချာကြည့်!"

သူ မယုံဘူးဆိုတာ သိတာကြောင့် လုရွှမ်က ရှေ့ကို ညွှန်ပြလိုက်သည်။

ထျန်ကျွင့်နမ်သည် တခဏတာ အံ့အားသင့်သွားပြီး စိမ်းပြာရောင် ကျောက်တုံးကြီးဆီသို့ ခြေလှမ်းနှစ်လှမ်းဖြင့် လျှောက်သွား ကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက်တွင်တော့ ထူးထူးခြားခြား ဘာမှ မတွေ့ရသေးပေ။

"ဒီမှာဘာမှ မထူးဆန်းပါဘူး!"

ဖက်တီး ခေါင်းကုတ်ကာ

"အခင်းအကျင်း ဖွဲ့စည်းမှုရှိရင် မျဉ်းကြောင်းတွေ ရှိသင့်တယ် မဟုတ်လား? ဒီကျောက်က ချောမွေ့ပြီး အပြားလိုက် ဖြစ်နေတယ်... ဘယ်လိုလုပ် အခင်းအကျင်း ဖွဲ့စည်းမှုမျိုး ရှိနေမှာလဲ?"

သာမန်အခင်းအကျင်း ဖွဲ့စည်းပုံများသည် ဖွဲ့စည်းခြင်း အလံများကဲ့သို့ အရာများ လိုအပ်သလို အနည်းငယ် ပို၍ အသေးစိတ်ကျသော အခင်းအကျင်း ဖွဲ့စည်းပုံများသည် ရှုပ်ထွေး၍ ခက်ခဲသော ဖွဲ့စည်းမှုပုံစံများ လိုအပ်ပါသည်။

သူ၏အမြင်အရ ဆိုလျှင် အခင်းအကျင်း ရှိလျှင် နံရံတွင် ဖွဲ့စည်းခြင်းပုံစံများ ရှိရန် လိုအပ်သော်လည်း မျက်နှာပြင်သည် ကြေးမုံကဲ့သို့ ချောမွေ့နေပါသည်။ အခင်းအကျင်းက ဘယ်လိုလုပ် ရှိနေမှာလဲ။

"ဒီကျောက်နံရံမှာ အခင်းအကျင်း ပုံပန်းသဏ္ဌာန်မရှိတာ အမှန်ပဲ.... ဒါပေမဲ့ အခင်းအကျင်း ပုံစံမရှိတာနဲ့ ဖွဲ့စည်းမှု မရှိဘူးလို့ မဆိုလိုဘူး"

လုရွှမ်က ရှင်းပြသည်။

"ကျောက်နံရံရဲ့ နေရာတိုင်းမှာ ထုထားတဲ့ ကျောက်အိတ်တွေ ရှိနေတာကို မင်းမြင်ရတယ်မလား? ဒီအရာတွေက ကြည့်လိုက်ရင် ပုံမှန်အတိုင်းပဲ။ တကယ်လို့ များလွန်းသွားပြီး သူတို့ကို အတူတူ ချိတ်ဆက်လိုက်ရင်တော့ ကြီးမားတဲ့ အခင်းအကျင်း ပုံစံကို ဖြစ်ပေါ်စေလိမ့်မယ်...."

တခြားသူဆိုရင် ဤကဲ့သို့ ပြောပြနေဖို့ ပျင်းနေလိမ့်မည်။

သူ့ရှေ့က ထျန်ကျွင့်နမ်က ယဉ်ကျေးပျူငှာပြီး သိမ်မွေ့စွာ ပြောဆိုတတ်သည်။ အရေးကြီးဆုံးကတော့ ထိုသူဟာ သူ့ကျောင်းသားဟောင်းရဲ့ သားစဉ်မြေးဆက်မို့ ရှင်းပြလိုက်ခြင်း ဖြစ်လေသည်။

"ကျောက်အိတ်?"

ဒါကိုကြားတော့ ထျန်ကျွင့်နမ် မထိန်းနိုင်ဘဲ ဆက်ကြည့်လိုက်မိသည်။

သူ့ရှေ့က ကျောက်နံရံမှာ ပေါက်နေတဲ့ ကျောက်အိတ်တွေ အများကြီးရှိသည်။ မတိုင်ခင်က ကျောက်တုံးတွေဟာ မညီမညာလို့ ထင်ခဲ့မိတာဆိုတော့ ထူးဆန်းတယ်လို့ မခံစားမိခဲ့ချေ။ အခု လူငယ်လေးရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတာနဲ့ တစ်ခုခုတော့ မှားခဲ့နေမှန်း သဘောပေါက်လိုက်သည်။

ဤကျောက်အိတ်များသည် အမြင့်နှင့်အနိမ့် မညီမညာ ဖြစ်နေပြီး ပထမတစ်ချက် ကြည့်လိုက်လျှင် အခင်းအကျင်း ပုံသဏ္ဌာန် မရှိသော်လည်း အချို့သော အထူးလိုင်းများအတိုင်း ချိတ်ဆက်ပါက အခင်းအကျင်း မျဥ်းများနှင့် အနည်းငယ်ဆင်တူသည့် ထူးဆန်းသော လိုင်းများ ဖြစ်ပေါ်လာမည် ဖြစ်သည်။

"တကယ်ကြီးဟ!"

ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့မှ ထျန်ကျွင့်နမ် လန့်သွားပြီး ထအော်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် လူငယ်လေး၏ မျက်လုံးများကို ပို၍ပင် သဘောကျသွားသည်။

သူအရင်က ဒီကိုလာခဲ့၏။ ကျောက်နံရံကို တိုက်ခိုက်ဖို့ ခွန်အားတွေ အများကြီးသုံးပြီး သုံးလေးရက်ကျော် ကြိုးစားခဲ့ပေမယ့် ဘာထူးခြားမှုမှ မတွေ့ခဲ့ရပေ။ ကောင်လေးက ဒီမှာ ခဏရပ်နေခဲ့ပြီး ဆယ်မိနစ်တောင် အချိန် မယူခဲ့ဘဲ ဘယ်လိုဖြစ်လဲဆိုတာ သိသွားပြီ။ ဒီအမြင်အာရုံ ကွာဟမှုက ယှဉ်လို့ပင် မရချေ။

"အစ်ကိုကြီး... ဒါကို ဘယ်လိုချိုးဖျက်မလဲ??"

ဤအရာဟာ အခင်းအကျင်း ဖြစ်မှန်းသိသွားလို့ ခဏလောက် ကြည့်ခဲ့ပေမယ့် သဲလွန်စတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ထျန်ကျွင့်နမ်မှာ လုရွှမ်ကို လှည့်ကြည့်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

မပြုံးလိုက်ရင် အဆင်ပြေလောက်သည်။ ပြုံးပြလိုက်တဲ့ အခါမှာတော့ အဆီဖုံးနေတဲ့ မျက်နှာမှာ တုန်တုန်ယင်ယင်ဖြင့် အင်မတန် ကြည့်ရဆိုးလေ၏။

"မင်းခေါင်းကို ဟိုဘက်လှည့်လိုက်"

လုရွှမ်၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။

"ဘာဖြစ်လို့လဲ အစ်ကိုကြီး... ကျွန်တော် အရမ်းချောလို့ အစ်ကိုကြီးလို ယောက်ျားကတောင် မခံနိုင်တော့ဘူးလား"

ထျန်ကျွင့်နမ်က သူ့မျက်နှာတွင် အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။

"မင်းဒီလို ထင်ရင် ကောင်းပြီလေ.... တောင်ဖောက်နဂါး သူ့ကို ကောင်းကောင်းလေး ရိုက်ပေးလိုက်... သူ့မျက်နှာက သွေးတွေနဲ့ ဖုံးနေရင် အခုထက် ပိုကြည့်ကောင်းနေလောက်တယ်!"

လုရွှမ် သူ့လက်ကို ပျင်းယိစွာ ဝှေ့ယမ်းလိုက်သည်။

ဝူး!

တောင်ဖောက်နဂါးကြီးက ကျယ်လောင်စွာ ဟောက်လာလေသည်။

"အား....အစ်ကိုကြီး ကျွန်တော် မှားပါပြီ!"

ချက်ချင်းပင် ဂူထဲမှာ ဝက်တစ်ကောင်ကို သတ်နေသလိုမျိုး အော်သံများ ထွက်ပေါ်လာလေ၏။

All Chapters