← Chapters

ကြေးနီကြက်ဖ

Vol. 27 Ch. 3.154

ကြေးနီကြက်ဖ

Vol. 27 Ch. 3.154

ရွှေငါးဝိညာဉ်။ ဤအရာသည် ယခုအချိန်တွင် သူအလိုအပ်ဆုံး အရာဖြစ်သည်။ ရိုးသားစွာ ပြောရလျှင် အဖိုးတန်ခြင်း နှင့် ပတ်သက်လာလျှင် ရွှေအရှိန်သည်ပင် နိမ့်ကျသွားသည်။

ကမ္ဘာပေါ်တွင် စိတ်စွမ်းအား ပမာဏကို တိုးမြှင့်ပေးနိုင်သော ရတနာများစွာ မရှိပါ။ ၎င်းတို့အားလုံးသည် အလွန်အဖိုးတန်ပြီး ဤရွှေငါးဝိညာဉ်သည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

သူ၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၉ ဖြစ်သည်။ ပုံမှန်လေ့ကျင့်မှု အရ သူသည် အခင်းအကျင်း တံဆိပ်ပြားကို ဆွဲသည့် နည်းလမ်းကို အသုံးပြုထားသော်လည်း သုံးနှစ်အတွင်း ၁ သို့ တိုးရန် မဖြစ်နိုင်ပေ။ ၎င်းသည် ဝိညာဉ်စွမ်းအားကို မြှင့်တင်သည့် ခက်ခဲမှုကို ပြသနိုင်သည်။

စိတ်ဝိညာဥ်စွမ်းအား ၁ နှင့် ၀.၉၉ သည် ပုံမှန်အတိုင်း ကြည့်ပါက အနည်းငယ် ကွာခြားပုံရသည်။ သို့သော် အမှန်တကယ်တွင် ၎င်းသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်နှင့် ဝိညာဉ်နယ်ပယ် အဆင့်ကြား ကွာခြားချက်ဖြစ်သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ တိုးမြှင့်ခြင်းခံရပြီးနောက် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို စုပ်ယူပြီးနောက် စိတ်ဝိညာဉ် စွမ်းအားသည် အလွယ်တကူ ပြောင်းလဲနိုင်ပြီး ၁ သို့ ရောက်ရှိရန် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

အဓိပတိနယ်ပယ်မှ ထိုးဖောက်ချင်လျှင် ကြီးကျယ်သော ဇွဲလုံ့လ၊ သတ္တိနှင့် ကံကောင်းမှုများ အပေါ်မှာလည်း မူတည်သေးလေသည်။

ဒီလိုလုပ်နိုင်တဲ့ သူတိုင်းဟာ အံ့သြစရာ ကောင်းလောက်အောင် အရည်အချင်း ရှိတဲ့ သူတစ်ယောက်ဖြစ်မှာ သေချာပါသည်။ သူတို့ကျင့်ကြံမှုမှာ မပြုတ်ကျသရွေ့တော့ သူတို့ဟာ အနာဂတ်မှာ မသေနိုင်တော့မှာ သေချာပါ၏။

လုရွှမ်၏ ယခင်ဘဝတွင် သူ့ဝိညာဉ်စွမ်းအား အတိုင်းအတာသည် အဓိပတိနယ်ပယ်တွင် ၁ သို့ရောက်ရှိသွားခဲ့သည်။ ထို့အတွက်ကြောင့် သူသည် ပထမအဆင့် နန်းတော်ပင်လည် မရှိခဲ့သော်လည်း သူ၏နောက်ဆက်တွဲ လုပ်ဆောင်မှုသည် ကမ္ဘာကျော် အရူးဧကရာဇ် ဖြစ်လာသည်အထိ ချောမွေ့သွားခဲ့သည်။

"ငါ့အထင် ဒဏ္ဍာရီဆန်ဆန် ဝူအဆင့်၁၀ကို ထိချင်တယ် ဆိုရင်တော့ ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁ကို ရောက်ထားဖို့ဆိုတာ မလွှဲမရှောင်သာတဲ့ အခြေအနေ တစ်ခုပဲ"

အကြံတစ်ခု ပေါ်လာခဲ့သည်။

ဝူအဆင့် နယ်ပယ်တွေမှာ စုစုပေါင်း အဆင့်ကိုးဆင့် ရှိတယ်ဆိုတာ လူတိုင်းသိပါသည်။ သို့သော် ဒဏ္ဍာရီအရတော့ အဆင့်၁၀ လည်း ရှိပါတယ်။ ထို့အဆင့်ကို အောင်မြင်နိုင်သရွေ့ အနာဂတ်သည် စွမ်းအင် အကန့်အသတ်မဲ့ ဖြစ်ပြီး ယခင်ဘဝ၏ ချည်နှောင်မှုများကိုပင် ကျော်ဖြတ်ကာ ဒဏ္ဍာရီနယ်ပယ်သို့ ရွေ့လျားနိုင်လိမ့်မည်။

တိမ်ပင်လယ် နယ်မြေ သမိုင်းတစ်လျှောက်မှာ အဆင့်၁၀ကို အောင်မြင်ခဲ့သူ ရှိတယ်ဆိုတာ ဘယ်သူမှ မကြားဖူးခဲ့ပေ။

ဘယ်သူမှ မအောင်မြင်ဖူးပေမယ့် လုရွှမ်ဟာ ဒီနယ်ပယ် ရှိရမယ် ဆိုတာကို သိထားပြီး သူတကယ် အောင်မြင်ချင်တယ် ဆိုရင် ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁ ကို ရောက်နေဖို့ဆိုတာ မလွှဲမရှောင်သာ စိန်ခေါ်မှု တစ်ခုပဲ ဖြစ်လေသည်။

မရောက်ရှိနိုင်ပါက စိတ်ဝိညာဉ် စွမ်းအား၏ အတိုင်းအတာကို ပြီးပြည့်စုံစွာ မထိန်းချုပ်နိုင်ဘဲ အောင်မြင်ရန် လုံးဝ မဖြစ်နိုင်ပေ။

"ရွှေငါးဝိညာဥ်ကို ရှာတွေ့နိုင်ရင် ဝိညာဉ်စွမ်းအား အတိုင်းအတာက ၁အထိ ဖြတ်သွားမှာ သေချာတယ် ဒါကြောင့် ဝူအဆင့်၁၀ ကို ထိုးဖောက်ဖို့ အခွင့်အလမ်းက အများကြီး ပိုများလာလိမ့်မယ်!"

စဉ်းစားရင်း လုရွှမ် တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

ဒီရတနာဟာ သူ့အတွက် အကောင်းဆုံး ဝိညာဉ်ကျောက်တုံးပါပဲ။ လေ့ကျင့်ရေး နည်းလမ်းတွေက ကိစ္စမရှိပါ။ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ အရေးမကြီးတော့ချေ။ ကြီးမားတဲ့ အမြတ်တစ်ခုကို ရတော့မည် မဟုတ်ပါလား။

သူ လက်ရေးမူကို လေ့လာလို့ ပြီးတဲ့အချိန်မှာ ထျန်ကျွင့်နမ်မှာ ကျောက်ခန်းထဲက အရာများစွာကို ယူဆောင်လာခဲ့သည်။

၎င်းတို့အားလုံးသည် ရှားပါးပစ္စည်းများ ဖြစ်ပြီး အစိတ်အပိုင်းတိုင်းကို မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချနိုင်သည်။

"အစ်ကိုကြီး... ကျွန်တော့် အမြင်မှာတော့ ဒါတွေအကုန်လုံးက ပစ္စည်းကောင်းလေးတွေပဲ ဒါပေမဲ့ အပြင်ကို ဘယ်လို သယ်သွားရမလဲဟင်?"

ထျန်ကျွင့်နမ်၏ မျက်နှာသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

တိမ်ပင်လယ် နယ်မြေထဲမှာ အာကာသ မှော်လက်နက် မရှိချေ။ ဒါကြောင့် တစ်ခုခုကို သယ်ချင်ရင် နောက်ကျောမှာသာ ဆောင်ထားနိုင်သည်။ သူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆က လူဖြစ်ပေမယ့် ပစ်မှတ်အဖြစ် သူ့ခန္ဓာကိုယ်ပေါ်တွင် ရတနာများစွာ ထားရှိရန် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။

"ဒီလောက် အများကြီး မလုံလောက်ဘူးလား"

လုရွှမ် တစ်ချက် ကြည့်လိုက်သည်။

"လုံလောက်ပါတယ်.... ဒါပေမဲ့ ဒီလောက် ကောင်းတဲ့ အရာတွေကို ရှာတွေ့ရဖို့က မလွယ်ဘူးလေ.... အများကြီး ရှိနေတာကို ဒီအတိုင်း ထားခဲ့ရရင် နှမြောစရာကြီး မဟုတ်လား?"

ထျန်ကျွင့်နမ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။

ဒီအချိန် ဒီလျှို့ဝှက်စာအုပ်တွေကို သူပြန်ယူနေသရွေ့ သူ့အဆင့်အတန်းက ကျိန်းသေပေါက် ပေါ်ထွန်းလာမှာ သေချာပါ၏။ ဤအရာများနှင့် ဆိုလျှင် သူတို့မိသားစု မထမြောက်မီ အချိန်တစ်ခုသာ လိုတော့သည်။

သူသည် လုံလောက်သော ဝင်ငွေရှိနေပြီဟု အကြောင်းပြချက်ဖြင့် ရပ်တည်နေသော်လည်း ဤမျှလောက် ကောင်းမွန်သော အရာများကို စွန့်ပစ်ခဲ့ရမည်ကို လက်မခံနိုင်ပါ။

"ယူချင်ရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး!"

လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"တကယ်လား?" ထျန်ကျွင့်နမ်၏ မျက်လုံးများ တောက်ပလာကာ

"အစ်ကိုကြီး.... ရိုးရိုးသားသား ပြောရရင် ဒီပစ္စည်းတွေကနေ ပိုက်ဆံ အလုံအလောက်ရပြီ.... အပြင်ထွက်ပြီးရင် ရောင်းလိုက်မယ် ပိုက်ဆံတွေ ရလာရင် အစ်ကိုကြီးအတွက်ပဲ!"

"ငါ့အတွက်?"

"ဟုတ်တယ်လေ အစ်ကိုကြီးသာ မရှိရင် ကျွန်တော် ဒီလောက်ကောင်းတာတွေ ရနိုင်တော့မှာ မဟုတ်ဘူး။ ဒါတွေအားလုံး ရောင်းရင်တောင် ချမ်းသာမှု တစ်ခုပဲ သေသေချာချာပြောရင် ကျွန်တော့်အတွက်လည်း အမြတ်ပဲ"

ထျန်ကျွင့်နမ် ကမန်းကတန်း ပြောလိုက်သည်။

ကောင်လေးက သူနဲ့အတူ ဝင်လာပြီး အခုအချိန်အထိ ဘာတစ်ခုမှ မယူသွားတဲ့အတွက် အင်မတန် အားနာမိသည်။

ဤရတနာများသည် အဖိုးတန်သော်လည်း ၎င်းတို့သည် အပိုကြွယ်ဝမှုမျှသာ ဖြစ်သည်။ လျှို့ဝှက်စာအုပ်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် နိမ့်ကျနေဆဲ ဖြစ်သည်။ တချို့သော အဖိုးတန် လေ့ကျင့်ရေး နည်းလမ်းများသည် ငွေကြေးများစွာဖြင့် ဝယ်ယူ၍ မရနိုင်ကြောင်း သိထားရမည်။

"တကယ်တော့ သယ်ထုတ်ရတာ အရမ်းလွယ်ပါတယ်!"

သူပြောတာကို ကြားတော့ လုရွှမ်လည်း မငြင်းဘဲ ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်သည်။

သူသည် လေ့ကျင့်ရေး နည်းလမ်းများနှင့် အခြားအရာများကို မလိုအပ်သော်ငြားလည်း ငွေသည် လိုအပ်နေသေး၍ ဂိုဏ်းဖွဲ့ခြင်း သို့မဟုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ရတနာများ အမျိုးမျိုးကို ဝယ်ယူသည်ဖြစ်စေ ငွေသည် မရှိမဖြစ် လိုအပ်လေသည်။

ယခု သူ့ခမျာ ဆင်းရဲပြီး ငွေမရှိသဖြင့် မုယန်ဖုန်း၊ လျောက်ချင်းနှင့် အခြားလူများကိုပင် မထောက်ပံ့နိုင်တော့ပေ။

တစ်ဖက်လူတွင် ဤအရာများကို ရောင်းချရန် အဆက်အသွယ် တစ်ခုရှိသောကြောင့် သူသည်လည်း ဟန်ဆောင်နေရန် စိတ်မ၀င်စားချေ။

"အိုး... ဒါဆို အစ်ကိုကြီးမှာ နည်းလမ်းရှိလား?"

ထျန်ကျွင့်နမ်၏ မျက်လုံးများ တောက်ပလာ၏။

"နည်းလမ်းတစ်ခု ရှိတယ်.... မင်းရဲ့ ကြေးနီကြက် ရုပ်ပုံကို ငါ့ကိုပေး"

အာကာသ မှော်လက်နက်သည် အရေးကြီးလွန်းလှသည်။ မကြာသေးခင်ကမှ သိကျွမ်းခဲ့တဲ့ ထျန်ကျွင့်နမ်ကို ပြောပြရန် မဖြစ်နိုင်ဘဲ ပစ္စည်းများကို သိမ်းရန်လည်း ကျောက်စိမ်းပြားနေရာ မလိုအပ်ပေ။

"အင်း!"

ထျန်ကျွင့်နမ်သည် သူ့လက်ထဲမှ ရုပ်ပုံတစ်ခုကို ထုတ်ယူလိုက်သည်။

ရုပ်ပုံသည် သိပ်မကြီးဘဲ အရှည် ၅၀ စင်တီမီတာ ခန့်သာ ကျယ်သည်။ ၎င်းကို ရွှေဝါရောင် လိုင်းဖြင့် ကြေးနီကြက်ပုံကို ခြယ်သထားပြီး အသက်ဝင်နေ သကဲ့သို့ပင် တောက်ပနေသည့် ကြေးနီကြက်ပုံပင်။

ခြေလေးချောင်း ကြေးနီကြက်သည် အသက်ရှင်နေသည် မဟုတ်သလို ရတနာလည်း မဟုတ်သော်လည်း အထူးဝိညာဥ် သတ္တဝါတစ်မျိုး ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းသည် ဤရုပ်ပုံထဲတွင် အိပ်နေမည်ဖြစ်ပြီး ရတနာများကို အာရုံခံမိမှသာ ပေါ်လာမည် ဖြစ်သည်။

သူတို့နှစ်ယောက် မတိုင်ခင်က ဂူထဲကို ဝင်လိုက်တာနဲ့ ထျန်ကျွင့်နမ်သည် ကြေးနီကြက်ကို ရုပ်ပုံထဲ ပြန်လည် ထည့်သွင်းပြီးသား ဖြစ်လေသည်။

"ထွက်လာခဲ့!"

ရုပ်ပုံရပြီးနောက် လုရွှမ်သည် ၎င်းကို လက်ညှိုးဖြင့် ပွတ်သပ်လိုက်သည်။

ဘိ....!

ပြတ်သားသော အသံနှင့်အတူ ရုပ်ပုံအပြားချပ်ထဲ ဝင်သွားသော ခြေလေးချောင်း ကြေးနီကြက်သည် ခဏအတွင်း ခုန်ထွက်လာကာ မြေပြင်ပေါ်သို့ ဆင်းသက်ရင်း နှစ်ယောက်သား၏ မျက်နှာကို သံသယစိတ်ဖြင့် ကြည့်နေ၏။

"ဒါ...."

လုရွှမ်ရဲ့ လုပ်ရပ်ကို မြင်လိုက်ရတဲ့ ထျန်ကျွင့်နမ်မှာ ပါးစပ်အဟောင်းသားဖြင့် အင်မတန် ထိတ်လန့်သွားပြီး မူးလဲလုနီးပါး ဖြစ်သွားတော့သည်။

ကြေးနီကြက်၏ ဤရုပ်ပုံသည် သူ့ကို အရှင်သခင်အဖြစ် အသိအမှတ် ပြုထားပြီးဖြစ်သည်။ သူ၏ အမိန့်မရှိလျှင် ထွက်လာလိမ့်မည် မဟုတ်ဟု ဆိုနိုင်၏။

ထို့အပြင် ခြေလေးချောင်း ကြေးကြက်ဖကို သူတို့မိသားစုမှာ ကြီးပြင်းလာကာ မိသားစု၏ သွေးများကို တိုက်ကျွေး၍ မွေးထားခဲ့ရာ ကြေးနီကြက် ထွက်လာဖို့ သွေးနဲ့ တိုက်ဖို့ လိုအပ်သည်။

သူ မပြောနဲ့ သူတို့ရဲ့ အိမ်တော်သခင်တောင်မှ မလုပ်နိုင်ဘူး။

မူလက လူငယ်သည် သူ၏ခြေလေးချောင်း ကြေးနီကြက်ကို လုယူသွားမည်ကို၍ စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် သူသည် အလွန်အမင်း အတွေးလွန်နေခဲ့ကြောင်း သဘောပေါက်လာခဲ့သည်။

ဒီနည်းနဲ့ တစ်ဖက်က ဆန္ဒရှိသရွေ့ ခြေလေးချောင်း ကြေးနီကြက်က သူ့နောက်ကို ပျော်ရွှင်စွာ လိုက်သွားပေလိမ့်မည်။

"ခြေလေးချောင်းရှိတဲ့ ကြေးနီကြက်နဲ့ ကူဖုန်းထျန်မိသားစု အကြောင်းကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ရုံနဲ့ သိတယ်.... ခက်ခဲတဲ့ အခင်းအကျင်း ပုံစံကိုလည်း ဖြတ်မြင်နိုင်တယ်.... ဝိညာဉ်နယ်ပယ်က လေ့ကျင့်ရေး နည်းလမ်းတွေကိုလည်း တစ်ချက်တောင် မကြည့်ဘူး... ဒါကြီးက သိပ်ဆန်းကြယ်လွန်း မနေဘူးလား?"

ထျန်ကျွင့်နမ်၏ မျက်လုံးများထဲတွင် လုရွှမ်၏ ပေါ့ပေါ့ပါးပါး လက်ဝေ့ယမ်း လိုက်တာကတင် လျှို့ဝှက်ဆန်းကြယ် လာတော့သည်။

All Chapters