← Chapters

ပျံသန်းခြင်း

Vol. 27 Ch. 3.155

ပျံသန်းခြင်း

Vol. 27 Ch. 3.155

"ဒီရတနာတွေကို သိမ်းယူလိုက်!"

အံ့အားသင့်စွာ ငိုချတော့မည့် ထျန်ကျွင့်နမ်ကို လျစ်လျူရှုပြီး လုရွှမ်သည် သူ့ရှေ့က ခြေလေးချောင်း ကြေးနီကြက်ကို ကြည့်ကာ ပြောလိုက်သည်။

"ကု....ကု!"

ခြေလေးချောင်း ကြေးနီကြက်သည် လုရွှမ်ကို မျက်စောင်းထိုးကာ အော်လိုက်ပြီး သူ့အမိန့်ကို လျစ်လျူရှုသလို ဂူအတွင်းဘက်သို့ လျှောက်သွားသည်။

"အစ်ကိုကြီး... ခြေလေးချောင်း ကြေးနီကြက်က သဘာဝအတိုင်း မွေးလာကတည်းက စိတ်ဓာတ်မာပြီး အရမ်းဂုဏ်မောက်တယ်.... တစ်ခုခု လုပ်စေချင်တိုင်း ကြိုကျွေးရမယ်"

ကြေးနီကြက်၏ အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ထျန်ကျွင့်နမ်က ရှက်ရွံ့စွာ ပြောလိုက်သည်။

ခြေလေးချောင်း ကြေးနီကြက်သည် သဘာဝ သတ္တဝါဖြစ်ပြီး အခြားသူများ၏ အမိန့်ကို ပေါ့ပေါ့ဆဆ နာခံရန် မည်သို့ ဖြစ်နိုင်မည်နည်း။ ထျန်မိသားစုမှ လူများသည် ရတနာများကို ရှာဖွေလိုလျှင်ပင် ၎င်းတို့ကို ကြိုတင်ကျွေးမွေးထားရန် လိုအပ်ပြီး ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကျေနပ်စေရမည် ဖြစ်သည်။

"မင်း သွေးကိုကျွေးဖို့ ဆိုလိုတာလား"

လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။

"ဟုတ်ပါတယ်!" ထျန်ကျွင့်နမ် ခေါင်းညိတ်၏။

သူတို့ ထျန်မိသားစုက ခြေလေးချောင်း ကြေးနီကြက်ကို စိတ်လိုလက်ရ ကျွေးမွေးနိုင်ရတဲ့ အကြောင်းရင်းက သူတို့မှာ လျှို့ဝှက်ချက်နည်းတွေ ရှိတာကြောင့် မဟုတ်ဘဲ သူတို့မျိုးနွယ်စုရဲ့ ကိုယ်ပိုင်သွေးနဲ့ ကျွေးရတာကြောင့်ပင်။

"အဲ့လောက် အလုပ်ရှုပ်စရာ မလိုဘူး!"

တစ်ဖက်လူရဲ့ သွေးကို ကျွေးချင်တယ်လို့ ကြားတဲ့အခါ လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းပြီး ရှေ့တစ်လှမ်းတိုးကာ ကြေးနီကြက်ဆီ ရောက်လာ၏။

"မင်းမသယ်ချင်ဘူးလား?"

"အွတ်!"

ကြေးနီကြက်သည် မာနကြီးသော မျက်နှာထားရှိပြီး ငါသည် ဝိညာဉ်သတ္တဝါ ဖြစ်ကြောင်းနှင့် ဘယ်သူ့ကိုမှ မကြောက်သည့် ပုံစံအတိုင်း ရပ်နေသည်။

"ကောင်းပြီလေ!"

လုရွှမ်သည် ၎င်း၏အသွင်အပြင်ကို မြင်လျှင် အပိာစကားများ မပြောချင်တော့ပေ။ သူသည် လက်မနှင့်လက်ညိုးကို ရှေ့သို့ဆန့်ကာ ကြေးနီကြက်၏ ခေါင်းပေါ်ရှိ အနီရောင်သရဖူပုံစံ အမောက်ကို ကိုင်ဆွဲလိုက်သည်။

"ခြေထောက် လေးချောင်းရှိတဲ့ ကြေးနီကြက်ရဲ့ အမောက်က ကြီးကျယ်တဲ့ အားဆေးတစ်ခုလို့ ငါကြားဖူးတယ်.... အဲဒါကို မျိုချပြီးရင် လူတွေကို အဓိပတိနယ်ပယ်ကနေ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အထိ တိုက်ရိုက် မြှင့်တင်ပေးနိုင်တယ်တဲ့.... ငါ အခု အဓိပတိနယ်ပယ်ကို ရောက်နေပြီ။ မင်းပြောကြည့်... ငါစားလိုက်ရင် ကောင်းမလား?"

ကြက်ခေါင်းကို ပွတ်သပ်ရင်း လုရွှမ်က မိမိဘာသာ တစ်ကိုယ်တည်း ရေရွတ်နေသည့်နှယ် ပြောလိုက်သည်။

"ကူး....ကု...!"

သူပြောတာကို နားလည်ဟန်တူတဲ့ ခြေလေးချောင်း ကြေးနီကြက်ရဲ့ မနှစ်သက်တဲ့ မျက်လုံးတွေက ရုတ်တရက် ထိတ်လန့်တကြား ပေါ်လာပြီး အရင်က အေးဆေးတည်ငြိမ်တဲ့ အကြည့်တွေ မရှိတော့ဘဲ ထပ်ခါထပ်ခါ အော်ဟစ်လာတော့သည်။

"ဒါဆို မြန်မြန်ထ!" လုရွှမ်က မျက်ခုံးပင့်ကာ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။

ရွှတ်!

ကြေးနီကြက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသည်နှင့် မြှားတစ်စင်းလို ရတနာများဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ ယခင်ကလို မာနမရှိတော့ဘဲ နာခံတတ်သော အိမ်မွေးတိရစ္ဆာန်လို လုရွှမ်ကို ချော့မော့ကြည့်ကာ တစ်ခုခုကို ရည်ရွယ်ချက် နေသည့်နှယ် ကြည့်နေလေသည်။

"ဟင်?"

ဒီမြင်ကွင်းကို မြင်လိုက်ရသူ ထျန်ကျွင့်နမ်ရဲ့ မေးရိုးက မြေပြင်ပေါ်ကို ပြုတ်ကျလုနီးပါး ဖြစ်သွားတော့သည်။

သူတို့မိသားစုက ကြေးနီကြက်ကို အမြဲတမ်း ချော့မော့ပြီး ဒီကောင်ကို မိသားစုရဲ့ မြင့်မြတ်တဲ့ အရာတစ်ခုအဖြစ် သဘောထားခဲ့သည်။ ခြိမ်းခြောက်မှုကိုလည်း သုံးလို့ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

အရေးကြီးဆုံး အရာမှာ အဲဒါက အလုပ်ဖြစ်သွားခြင်းပင်။

အံ့ဖွယ်အမှုများသည် အခြားသူများ လက်ထဲတွင် တစ်သက်တာလုံး ပြီးမြောက်ရန် ခက်ခဲသော်လည်း သူ့ရှေ့ရှိ လူငယ်လေး၏ လက်ထဲတွင် ဘာမှ မလိုတော့သလို ထင်ရသည်။

အစွမ်းထက်လွန်းပါတကား။

တစ်ချိန်လုံး သူသည် ထူးချွန်ထက်မြက်ပြီး မျိုးဆက်သစ် လူငယ်များ၏ ခေါင်းဆောင် တစ်ဦးဟု ယူဆခဲ့သည်။ လုရွှမ်သည် ထူးချွန်မှုဟု ခေါ်တွင်ခြင်းမှ လွဲ၍ ဘာမျှ မဆိုနိုင်တော့ကြောင်း သိလိုက်ရသည်။

"ကူး!"

ခြေလေးချောင်း ကြေးနီကြက်သည် လုရွှမ်၏ ခြိမ်းခြောက်မှုကို ခံရပြီး ရတနာများဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ချွန်ထက်သောပါးစပ်ကိုဖွင့်ကာ မျိုချလိုက်သည်။

ထျန်ကျွင့်နမ် ထပ်ပြီး အံ့သြနေတာက ရတနာကို မထိမိပေမယ့် သူ့ရှေ့က ရတနာဟယ သူ့ပါးစပ်ကို ဖွင့်လိုက်တာနဲ့ ချက်ချင်း ကျုံ့သွားပြီး ဗိုက်ထဲ စိမ့်ဝင်သွားဘေ၏။ သူ့ရှေ့က ရတနာတွေ အများကြီးကို မျိုချပြီးတာတောင် နည်းနည်းလေးမှ ဖောင်းမလာပေ။

"ဒါ...."

ထျန်ကျွင့်နမ်မှာ မယုံနိုင်စွာဖြင့် မျက်တောင်များ ခတ်လိုက်ရသည်။

ခြေလေးချောင်း ကြေးနီကြက်ကို သူတို့မိသားစုမှယ နှစ်အတော်ကြာ ကြီးပြင်းလာခဲ့ပြီး ရတနာတွေ အများကြီး ရှာတွေ့နိုင်ခဲ့ပေမယ့် ဒီကောင်ရဲ့ ဗိုက်က ဒီလောက်စားနိုင်တယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။

မိသားစုရဲ့ အဖိုးတန်ဆုံး လျှို့ဝှက်စာအုပ်ထဲမှာတောင် ဒီလိုမှတ်တမ်း လုံးဝမရှိထားဘူးလေ။

"အစ်ကိုကြီး... ဒါက ဘာတွေ ဖြစ်နေတာလဲ?"

နောက်ဆုံးမှာတော့ ထျန်ကျွင့်နမ် ကူကယ်ရာ မဲ့သွားပြီး လှည့်မေးလိုက်ရတော့သည်။ သူ့ရှေ့က မြင်ကွင်းက သူ့ကို တကယ်ကို အံ့သြစေလေ၏။

"ခြေလေးချောင်း ကြေးနီကြက်က ရတနာတွေကို ရှာဖွေနိုင်သလို သဘာဝအတိုင်း ရတနာတွေကိုလည်း သိမ်းဆည်းသွားနိုင်တယ်။ မဟုတ်ရင် အဲဒါကို ဝိညာဉ်ရေးပစ္စည်းလို့ ခေါ်မှာမဟုတ်ဘူး!"

လုရွှမ် အသေးစိတ် မရှင်းပြဘဲ လိုရင်းတိုရှင်းသာ ပြောလိုက်သည်။

ခြေလေးချောင်း ကြေးနီကြက်၏ စွမ်းရည်သည် ရတနာများ အတွက်သာ အသုံးဝင်သည်။ ၎င်း၏ ရှေ့ရှိ အရာသည် တန်ဖိုးမရှိလျှင် ၎င်းကို မျိုချမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤအရာများကို မျိုချခြင်းသည် သူ့အတွက် မကောင်းသလို ၎င်း၏ ခန္ဓာကိုယ်ကိုပင် ပိုလေးစေမည် ဖြစ်သည်။ ခြေလေးချောင်း ကြေးနီကြက်ကမှ မျိုချဖို့ မရွေးချယ်ခဲ့ရင် အချိန်ကြာလာတာနဲ့အမျှ ထျန်မိသားစုကလည်း သူ့မှာ ဒီစွမ်းရည်ရှိမှန်း သိတော့မှာ မဟုတ်ချေ။

လုရွှမ်သည် တစ်ချိန်က သူ၏ယခင်ဘဝတွင် ခြေလေးချောင်း ကြေးနီကြက်များကို မွေးမြူခဲ့ပြီး ကူဖုန်းထျန် မိသားစု၏ ဘိုးဘေးများပင် သူ့လက်ထက်တွင် လေ့လာခဲ့သည်။ ဤလျှို့ဝှက်ချက်လေးသည် သဘာဝအတိုင်း ထိန်းသိမ်းဖို့ မခက်ချေ။

မကြာခင်မှာပဲ ခြေလေးချောင်း ကြေးကြက်က မြေပြင်ပေါ်ရှိ ရတနာတွေ အားလုံးကို မျိုချလိုက်ပေသည်။

"သိမ်းလိုက်တော့!"

ကြေးနီကြက်ရုပ်ကို တစ်ဖန်ကောက်ယူပြီး ထျန်ကျွင့်နမ်ထံ တိတ်တဆိတ် ပစ်ပေးလိုက်သည်။

"နောက်တစ်ခါ ကြေးနီကြက်ကို ခေါ်ထုတ်လိုက်ရင် ရတနာတွေကို အလိုအလျောက် ထွေးထုတ်ပေးလိမ့်မယ်!"

"ဟုတ်ကဲ့!"

ထျန်ကျွင့်နမ်က ကြေးနီကြက်ရုပ်ပုံကို မြန်မြန် သိမ်းဆည်းပြီး စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

ခြေလေးချောင်း ကြေးနီကြက်သည် ရတနာများကို ရှာဖွေနိုင်သည်ဟုသာ သိခဲ့သော်လည်း ထိုကဲ့သို့ အစွမ်းအစရှိသည်ကို တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ ထိုအရာကို သိပါက နောင်အခါတွင် ရတနာများကို ရှာတွေ့ပါက ကြေးနီကြက်သည် ၎င်းတို့အား မျိုချကာ ယူသွားနိုင်သည်။ ရတနာက ဘယ်လောက်ကြီး နေပါစေ စိတ်ပူနေစရာ မလိုတော့ပြီ။

"အပြင်ထွက်ရအောင်!"

လှိုဏ်ဂူအတွင်းရှိ ရတနာများကို ရှာဖွေပြီးနောက် လုရွှမ် မနေနိုင်တော့ဘဲ ၎င်းတို့နှစ်ဦးနှင့် သားရဲတစ်ကောင်သည် ယခင်အေးခဲနေသော ရေကန်တစ်လျှောက် ကူးခတ်ကာ ထွက်လာခဲ့သည်။

နေ့တစ်ဝက်လောက် ကြာတော့ ရေတံခွန်ပေါ်ကို ပြန်ရောက်လာခဲ့၏။

"လက်ရေးမူရဲ့ မှတ်တမ်းတွေအရ ရေတံခွန် အထက်မှာ ရေအေးကန် တစ်ကန် ထပ်ရှိနိုင်တယ်!"

တစ်ပတ်ကြာအောင် လှည့်ပတ်ကြည့်ရှုပြီးနောက် လုရွှမ်သည် ရေတံခွန်ကို လှမ်းကြည့်လိုက်သည်။

ရေတံခွန်သည် မြေပြင်ထက် အနည်းဆုံး မီတာရာနှင့်ချီ တည့်တည့် စီးဆင်းနေသဖြင့် လူများကို မြင့်မားသော ခံစားချက် တစ်ခုကို ခံစားရစေသည်။ အောက်မှ မော့ကြည့်လိုက်လျှင် ပျော့ပျောင်းသော ရေငွေ့နှင့် ကောင်းကင်ပြာပြာတို့ကိုသာ မြင်နိုင်ကာ အခြားမည်သည့် အရာကိုမျှ မမြင်ရချေ။

"တက်ရအောင်!"

လုရွှမ်က ရေတံခွန် အပေါ်ကို ညွှန်ပြလိုက်သည်။

"တက်ရမယ်? အစ်ကိုကြီး... ရေတံခွန်ကလွဲလို့ ဒီနေရာမှာ တက်စရာနေရာ မရှိဘူးနော်... အပေါ်ကို ဘယ်လိုတက်မလို့လဲ?"

ထျန်ကျွင့်နမ် ကြည့်လိုက်ပြီး မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။

သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ စွမ်းအားရှင် တစ်ဦးဖြစ်လျှင်ပင် သူ မပျံသန်းနိုင်ပေ။ သူ့ရှေ့ရှိ ရေတံခွန်၏ ရေစီးကြောင်းသည် တဟုန်းဟုန်း စီးကျနေပြီး ဤကဲ့သို့ ပြင်းထန်သော ရေစီးကြောင်းကို အန်တု၍ အထက်သို့ ဆန်တက်ရမည်မှာ သူဖြစ်ရင်တောင် လုပ်ရခက်လောက်သည်။

"မင်းတို့နှစ်ယောက် ငါ့လက်ကို တင်းတင်းကိုင်ထား!"

လုရွှမ် သူ့ဘာမှ ပြန်မဖြေဘဲ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ဖက်က ထျန်ကျွင့်နမ်ကို ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ဖက်က တောင်ဖောက်နဂါးကို ဆုပ်ကိုင်ထားလိုက်သည်။

ဟူ!

ထျန်ကျွင့်နမ်မှာ သူဘာကြောင့် အဖမ်းခံနေရသလို ဖြစ်နေပါလိမ့်လို့ တွေးနေမိပေမယ့် နောက်အခိုက်အတန့်မှာတော့ သူ့ခန္ဓာကိုယ်ဟာ ပေါ့ပါးလာပြီး လေထုထဲ လွင့်ပျံသွားသလို ခံစားလိုက်ရ၏။

"ပျံနေတာလား?"

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ထျန်ကျွင့်နမ်လည်း ထိတ်လန့်တကြားဖြင့် မူးလဲလုနီးပါး ဖြစ်သွားတော့သည်။ ဒီလိုပျံသန်းတာက သူတော်စင်နယ်ပယ်မှာ အခြေချနိုင်တဲ့ လူတွေသာ လုပ်နိုင်တာ မဟုတ်ပါလား။

မဖြစ်နိုင်ဘူး!

သို့သော် တစ်ဖက်လူသည် သူတော်စင်နယ်ပယ်က သန်မာသောလူ မဟုတ်ကြောင်း မကြာမီ သူသိသွားသည်။ လူငယ်သည် အတောင်ပံတစ်စုံဖြင့် ပျံသန်းနေပြီး သူတော်စင်နယ်ပယ်ရှိ သန်မာသူများသည် အတောင်မပါဘဲ ပျံသန်းနိုင်သည်။

ဟူး!

လူနှစ်ယောက်နှင့် သားရဲတစ်ကောင်သည် ရေတံခွန် အထက်တွင် ဆင်းသက်လိုက်သည်။ လုရွှမ်၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် ကောင်းကင်ဖီးနစ်၏ အတောင်ပံများ ပျောက်ကွယ်သွားသည်။

ရေတံခွန်ရဲ့ အထက်မှာတော့ ဧရာမရေကန်ကြီး တစ်ခုရှိသည်။ အစွန်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မမြင်ရတဲ့ ရေကန်ကြီးပင်။ မဝင်ရသေးသော်လည်း တုန်နေအောင် ချမ်းအေးစေသော အအေးဓာတ်ကို ခံစားရစေသည်။

"အေးလိုက်တဲ့ရေ..."

ထျန်ကျွင့်နမ်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်သည် အလိုအလျောက် တုန်ယင်သွား၏။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆က လူပင်လျှင် မခံနိုင်ချေ။

ဘာသာပြန် = သာသာ အခုလက်ရှိ လုရွှမ်ကို ဘာသာပြန်နေတာ ၄လ ပြည့်ပါတော့မယ်။ အရေးအသား အဆင်မပြေရင် သည်းခံပေးပါနော် ဒါက ပထမဆုံး ဘာသာပြန်ဖူးခြင်း ဖြစ်သလို ဘာသာစကားကလည်း လက်ရှိမှာ လေ့လာနေတုန်း မလို့ပါ။ ဆက်လတ် ကြိုးစားသွားပါမယ်

All Chapters