မြေကြီး ရှန့်ထို အဆင့် တိုက်ပွဲ
Vol. 70 Ch. 968
ဘုန်း...
မြေကြီးရှန့်ထို ခြောက်ယောက်မှာ အတူတကွ စုပေါင်းကာ ချိပ်ပိတ်ခံထားရသည့် တစ်နေရာကို လျှို့ဝှက် စွမ်းအင်များဖြင့် ထိုးဖောက်ရန် ကြိုးပမ်း လိုက်ကြ၏။ ထိုချိပ်ပွင့်သွားသည်နှင့် သူတို့ အားလုံးမှာ ဤထောင်ချောက် အတွင်းမှ လွတ်မြောက်အောင် ထွက်ပြေးရန် ယုံကြည်ချက် ရှိကြပေသည်။
မည်သို့ပင် ဆိုစေ... သူတို့ အားလုံးမှာ မြေကြီး ရှန့်ထိုများ ဖြစ်သည်။ ကျင့်ကြံခြင်း အပေါ် နားလည်နိုင်စွမ်း အပြင် ခွန်အားနှင့် ဉာဏ်ရည်တို့တွင် မနိမ့်ကျကြပါချေ။
အခြားတစ်ဖက်၌... မျက်နှာဖုံးတပ် သေမျိုးတစ်ပိုင်း အရှင်များ၏ ကံကြမ္မာကတော့ တွေးကြည့်စရာပင် မလိုပါချေ။ အတူတကွ စုပေါင်းလိုက်ကြသည့် တိုင်အောင် မကြာခင် ရန်သူများ၏ ကွပ်မြက် ခံရတော့မည် ဖြစ်ကြောင်း သူတို့ ကိုယ်တိုင် သိရှိပြီး ဖြစ်ပေသည်။ မြေကြီး ရှန့်ထိုများမှာ သူတို့၏ ကံကြမ္မာကို အပြည့်အဝပင် လျစ်လျူကာ ကိုယ်ပိုင် လွတ်မြောက်ဖို့ အရေးကိုသာ အားထုတ် နေခဲ့ကြလေ၏။
သို့သော်လည်း ကံမကောင်း အကြောင်းမလှစွာပင်... သူတို့ ရင်ဆိုင်နေရသည့် မြေကြီး ရှန့်ထိုများမှာ သာမန် ပုဂ္ဂိုလ်များ မဟုတ်ပါချေ။
ဘုန်း...
ဝူယုက စစ်အမတေဖြင့် ဖန်တီးထားသည့် လှံကို ဆင့်ခေါ်ကာ တတိယ မဟာ အသွင်ပြောင်းခြင်းကို အသက်သွင်း လိုက်၏။ ထို့နောက် သူက ရန်သူများထံ အလျင်ဦးဆုံး တိုးဝင်သွားတော့သည်။
ဝူယုမှာ မြေကြီး ရှန့်ထို အားလုံးကို ဦးတည်၍ တိုက်ခိုက်လိုက်ခြင်း မဟုတ်ချေ။ ခြောက်ယောက် အနက် အားအနည်းဆုံး တစ်ယောက်ကိုသာ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
“ဘာလဲ...”
မျက်နှာဖုံး၏ နောက်မှ ထိုမြေကြီး ရှန့်ထို၏ မျက်နှာမှာ ဖြူရော် သွား၏။ သူက ချက်ချင်းပင် အာကာသ ထိန်းချုပ်မှုကို ဖောက်ထွက်ရန် ကြိုးပမ်းနေရာမှ ရပ်တန့်ကာ လှံကို ခုခံရန် ကြိုးပမ်း လိုက်ရတော့သည်။
သူ့ထံတွင် အခြား မြေကြီး ရှန့်ထိုများကို အကူအညီ တောင်းခံရန် အချိန် မရှိချေ။ အကယ်၍ တောင်းခံလျှင်ပင် မည်သူက ကူညီလိမ့်မည်နည်း။ သူ့ကို ကူညီရန် ကြိုးပမ်းသည်နှင့် ဟင်းလင်းပြင်အား ဖောက်ထွက်ရန် ကြိုးပမ်းမှုက ချက်ချင်း နှောင့်နှေးသွားလိမ့်မည် ဖြစ်ပေသည်။
ဝှစ်... ဝှစ်... ဝှစ်...
တစ်ချိန်တည်း၌ ဟန်ယုဟိုင်၊ စွန်းလီ၊ ဟုန်ယန်လျဲ့လန်နှင့် ချင်းဖုန်းတို့မှာလည်း ရှေ့သို့ တက်လာကာ ပစ်မှတ် အသီးသီးကို လျှို့ဝှက် အော်ရာဖြင့် မှတ်သားလိုက်ကြ၏။ ဟုန်ယန်လျဲ့လန်နှင့် ဟန်ယုဟိုင်တို့က သူတို့၏ ပစ်မှတ်များကို ယာယီ အေးခဲခြင်း စွမ်းအင်ဖြင့်ပင် ချုပ်နှောင် လိုက်ကြသည်။
တစ်တဒင်္ဂ အတွင်းမှာပင် မျက်နှာဖုံးတပ် သုံးယောက်မှာ လွတ်မြောက်ရန် ကြိုးပမ်းမှုကို စွန့်လွှတ်ကာ မိမိအသက်အတွက် ခုခံရန်ကိုသာ အာရုံစိုက် နိုင်ကြတော့၏။
သို့သော်လည်း... အခြား သုံးယောက်က ရပ်တန့်ခြင်း မပြုပါချေ။ သူတို့က ဟင်းလင်းပြင် နံရံများကို အဆက်အပြတ် ဆက်လက် ထိုးဖောက်ရန် ကြိုးပမ်း နေကြဆဲ ဖြစ်သည်။ မိုးကြိုး ထစ်ချုန်း သကဲ့သို့ အသံများမှာ အဆက်မပြတ်ပင် ထွက်ပေါ်နေ၏။ သို့သော်လည်း နံရံများမှာ အလွန်ပင် ခိုင်မာ လွန်းလှသည်။ တုတ်တုတ်မျှ လှုပ်ခြင်း မရှိပါချေ။
မြေကြီး ရှန့်ထိုများ၏ မျက်နှာများမှာ ပိုမို ပျက်လာခဲ့ကြ၏။ အခြေအနေကို သဘောပေါက်သည်နှင့် တစ်ပြိုင်နက် မြေကြီး ရှန့်ထို သုံးယောက်ထဲမှ တစ်ယောက်မှာ ဟန်ယုဟိုင်၏ ပစ်မှတ်ကို ကူညီရန် စတင် လှုပ်ရှား လိုက်၏။ လွတ်မြောက်ရန် မဖြစ်နိုင်တော့လေရာ တိုက်ခိုက်ရန် တစ်ခုတည်းသာ သူတို့ထံတွင် ရွေးချယ်စရာ ရှိပေတော့သည်။
အခြားတစ်ဖက်၌… ကျန့်ကျန့်၏ လက်အောက်ရှိ စစ်သည်တော် တစ်ထောင်မှာ လက်နက်များကို ဆွဲကိုင်ကာ မျက်နှာဖုံးတပ် သေမျိုးတစ်ပိုင်း အရှင်များကို ဝန်းရံ လိုက်ကြပြီ ဖြစ်လေသည်။ အစစ်အမှန် မွေးဖွားခြင်း ဂိုဏ်းဝင်များမှာ တတ်စွမ်းသမျှ ပြန်လည် ခုခံရန် ကြိုးပမ်း ကြသည့်တိုင် တစ်ခဏ အတွင်းမှာပင် အော်ရာ တစ်ထောင်၏ လွှမ်းမိုးမှု အောက်၌ အောက်စည်းသို့ ကျရောက် သွားကြလေ၏။
ဝေ့ဝူယင်တို့ ရောက်မလာခင် အချိန်အထိ စက္ကန့်ပိုင်းလောက်သာ ကြာမြင့်ခဲ့သည့်တိုင် ယွီစွန်းလီ၏ မိခင် ၊ လောက ဖြိုခွဲသူ ဝိညာဉ် ဧကရီမှာ ဒဏ်ရာ အကြီးအကျယ် ရထားခဲ့ပြီ ဖြစ်လေသည်။ သူမ၏ ဘယ်ဘက်လက် တစ်ခုလုံးက ဖွတ်ဖွတ်ညက်ညက် ကြေနေကာ သွေးများဖြင့် စိုရွှဲနေ၏။ သို့သော်လည်း သူမမှာ ထိုဒဏ်ရာကိုပင် မေ့လျော့နေဟန် ရကာ မီးဖီးနစ်ပေါ်ရှိ ငွေရောင် မျက်လုံးများနှင့် လူငယ်ကို ငေးကြည့် နေခဲ့မိသည်။
သူက ဝေ့ဝူယင်လော…။ သူ လုပ်နေသည့် အရာ အားလုံးက ယွီစွန်းလီ အတွက်လော။ အမျိုးမျိုးသော ခံစားချက်များက သူမ၏ နှလုံးသားကို မုန်တိုင်း တစ်ခု သဖွယ် တိုက်ခတ် လာခဲ့လေ၏။
စစ်မြေပြင်၏ တစ်နေရာတွင်တော့...
“ကြာတယ်…”
ဝူယုက စိတ်မရှည်စွာဖြင့် ပြောရင်း ချင်းဖုန်းနှင့် တိုက်ခိုက်နေသည့် မျက်နှာဖုံးတပ်ထံတိုးဝင်ရန် ပြင်လိုက်သည်။ သူ၏ ပစ်မှတ်ဖြစ်သည့် မြေကြီး ရှန့်ထိုကိုတော့ အစောကြီးကတည်းကပင် ဖမ်းဆီး ချိပ်ပိတ်ခဲ့ပြီး ဖြစ်သည်။ သူ့အတွက် ထိုတိုက်ပွဲက စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ပေသည်။
“မလုပ်နဲ့… သူက ကျွန်မ အတွက်…”
ချင်းဖုန်းက ပြင်းပြင်းထန်ထန်ပင် ကန့်ကွက် လိုက်၏။ ထို့နောက် သူမ ငွေရောင် လေဓားကို ကိုင်ဆောင်ကာ ပစ်မှတ်၏ လျှို့ဝှက် အကာအကွယ်ကို အဆက်မပြတ် ခုတ်ထစ် လိုက်တော့သည်။ သူမ၏ လှပသည့် နှုတ်ခမ်းထက်တွင်တော့ စိတ်လှုပ်ရှားသည့် အပြုံးတစ်ခုက တောက်ပစွာပင် နေရာယူ နေခဲ့လေ၏။
ဝူယုမှာ မိန်းကလေး သဘောထားကို နားလည်လိုက်ရာ အသာအယာပင် နောက်ကို ဆုတ်လိုက်၏။ ထို့နောက်… သူက စွန်းလီကို သွားရောက် ကူညီဖို့ ပြင်လိုက်သည်။ သို့သော်လည်း… ရွှေရောင် အသက်နန်းတော် ပထမကိုင်းခွဲ အုပ်ချုပ်ရေးမှူးက သူ့ကို လက်ကာ ပြလိုက်သည်။
ဝူယုမှာ နောက်တစ်ကြိမ် ခြေလှမ်းများကို ရပ်တန့် လိုက်ရပြန်၏။ စွန်းလီမှာ သူမ၏ ပြိုင်ဘက် အပေါ် အပြတ်အသတ် အသာစီး ရထားပေသည်။ သူမက လမ်းစဉ်သုံးခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကာ ထာဝရ သူရဲကောင်းများနှင့် ယှဉ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူမ အသုံးပြုနေသည့် လက်နက်မှာလည်း တစ်ဝက်တစ်ပျက် လျှို့ဝှက် လောက အဆင့် ဖြစ်ဟန်ရသည့် အပြင် ရုပ်စွမ်းအင်များကို မြှင့်တင်ပေးနိုင်သည့် အနက်ရောင် လက်အိတ်တစ်စုံကိုလည်း ဝတ်ဆင်ထားသေးသည်။ ရွှေရောင် အသက်နန်းတော်၏ ကြွယ်ဝ ချမ်းသာမှုကား အံမခန်းလောက်စရာပင်။
ဝူယုမှာ တိုက်ပွဲကို လှည့်ပတ် လေ့လာလိုက်၏။ မည်သည့် မြေကြီး ရှန့်ထိုမှ အကူအညီ လိုအပ်နေခြင်း မရှိပါချေ။ ဟန်ယုဟိုင် ပင်လျှင် ပြိုင်ဘက် နှစ်ယောက်ကို လွယ်လွယ်ကူကူ အသာစီး ယူထားသည်။ သူက ဒြပ်စင် ကာကွယ်သူ ဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် လိုက်ဖက် ညီလှပေသည်။
ဖေးယဲ့လီလင်မှာ လှုပ်ရှားခြင်း မပြုရသေးပဲ ကျိုင်းကိုသာ လေးနက်သည့် အမူအရာဖြင့် ဆုပ်ကိုင် ထားခဲ့၏။ သို့သော်လည်း သူမ၏ ကဏ္ဍက အလွန်ပင် အရေးကြီးကာ မြေကြီး ရှန့်ထိုများ ထိုကဲ့သို့ လှုပ်ရှားနိုင်အောင် ခွင့်ပြု ပေးထားသည့် ဖြစ်တည်မှုလည်း ဖြစ်သည်။
ဝူယုက ကူရာကယ်ရာမဲ့သည့် အပြုံးဖြင့် ဝေ့ဝူယင်ဘက်ကို လှည့်ကြည့်လိုက်၏။
“သူတို့က အတော်လေး တိုက်ခိုက်ချင်နေတဲ့ပုံပဲ...”
ဝေ့ဝူယင်က အေးစက်စက် အမူအရာ ဖြစ်နေသည့် ကြားမှပင် ပြုံးလိုက်မိသည်။ ထိုအရာက သူ လိုချင်သည့် အချက်ပင် ဖြစ်၏။
ဘုန်း... ဘုန်း...
မြေကြီးရှန့်ထို အဆင့်များ အကြားမှ တိုက်ပွဲများမှာ အဆက်မပြတ်ပင် ဖြစ်ပွား နေခဲ့၏။ မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုများမှာ သူတို့၏ ခွန်အားကို အဆုံးစွန် အထိ ထုတ်သုံးနေကြကာ အချို့ဆိုလျှင် ထွက်ပြေး လွတ်မြောက်ရန် အတွက် အသက်ကယ် ရတနာများကိုပင် ထုတ်ဖော် နေကြသည်။
သို့သော်လည်း... ထိုကဲ့သို့ ဖြစ်ရပ် ကြုံလာသည့် အချိန်တိုင်း မာ့ကျန်းက လက်ဟန် ချိပ်စည်း တစ်ခုကို ထုတ်ဖော်ကာ ငွေရောင် သင်္ကေတများကို ပိုမို တောက်ပသွား စေခဲ့သည်။ မျက်နှာတပ်များ၏ ကြိုးစားမှုများက ရေပေါ် အရုပ်ရေးသလို ဘာမှ အရာမထင်ခဲ့ပါချေ။ အားလုံးက ကျရှုံးမှုနှင့် အဆုံးသတ် ခဲ့ရသည်ချည်းသာ ဖြစ်ပေသည်။
ဘုန်း... ဘုန်း...
ရွေးချယ်စရာ မရှိလေရာ သူတို့မှာ ဆက်လက်၍သာ တိုက်ခိုက် နေကြရသည်။ ရင်ဆိုင်နေရသည့် ရန်သူများက ထိပ်သီး ကျင့်ကြံသူများ ဆိုလျှင်ပင် သူတို့မှာလည်း မြေကြီး ရှန့်ထိုများ ဖြစ်နေကြဆဲ ဖြစ်သည်။ သူတို့ကို လွယ်လွယ်ကူကူ အနိုင်ယူရန် မဖြစ်နိုင်ပါချေ။
ချပ်... ချပ်... ချပ်...
စက္ကန့်များက လျှင်မြန်စွာပင် ဖြတ်ကျော်နေ၏။ မကြာခင်မှာပင် တစ်မိနစ် တိတိ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။
“အချိန်ကြာနေပြီ...”
ဝူယုက မျက်မှောင်ကြုတ်ရင် အလင်းနံရံများကို လေ့လာလိုက်၏။ ထိုနံရံများကို မြေကြီး ရှန့်ထို လေးယောက်၏ စွမ်းအားဖြင့် မောင်းနှင်နေကာ ဆက်စပ်မှု အကာသ ဝိညာဥ်ပိုင်ရှင် မာ့ကျန်းက ထိန်းချုပ်ထားသည်။ ထို့ကြောင့်ပင် ၎င်းက ထိခိုက်ရန် အလွန် ခက်ခဲလှသည်။ မြေကြီး ရှန့်ထို အဆင့်များ မည်သည့် လျှို့ဝှက် ရတနာများကို ထုတ်သုံးစေကာမူ... ၎င်းတို့က တည်ငြိမ်နေဆဲ ဖြစ်သည်။
“အား...”
ရုတ်တရက် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။ အမှောင် ဟင်းလင်းပြင် အတွင်း ဖြစ်သော်လည်း ၎င်းက အားလုံး၏ ဝိညာဥ်များထဲကို စိမ့်ဝင်ကာ ပျံ့နှံ့လာခြင်း ဖြစ်သည်။
လူတိုင်းမှာ အသံလာရာကို လှည့်ကြည့်လိုက်ရာ တစ်ကိုယ်လုံး မီးများ တောက်လောင်နေသည့် ပုံရိပ်ကို တွေ့လိုက်ရသည်။ သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်ထားကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ လျှင်မြန်စွာ တွန့်လိမ် လာနေခဲ့၏။
ဟုန်ယန်လျဲ့လန်မှာ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်၏။ သူမ၏ မျက်လုံးများက မီးတောက်များဖြင့် တောက်လောင် နေခဲ့သည်။ သူမ၏ လက်ထဲတွင်တော့ ငှက်မွေးလေး တစ်ခု ရှိနေခဲ့၏။ ထိုငှက်မွေးလေးက ရွှေရောင် ဖြစ်ကာ ပြင်းထန်သည့် အသက်ဓာတ်များကို ထုတ်လွှတ်နေသည်။
“မီးနစ်မွေး...”
ပိုင်လင်မှာ အံ့သြသွားခဲ့၏။ သူမ၏ မျက်လုံးများက ရွှေရောင် မီးတောက်မီးလျှံများနှင့် ပြည့်နှက်လာကာ ဝေ့ဝူယင်ကို ချက်ချင်းပင် ဆက်သွယ်လိုက်သည်။
“အဲဒါက တတိယ နိဗာန ပြန်လည် မွေးဖွားခြင်း အဆင့်...”
“တတိယ နိဗာန ပြန်လည် မွေးဖွားခြင်း အဆင့်...”
ဝေ့ဝူယင်မှာ အံ့အားသင့် သွားခဲ့၏။ တတိယ နိဗာန ပြန်လည် မွေးဖွားခြင်း အဆင့် ဆိုသည်မှာ မီးဖီးနစ် အသွင်ပြောင်းခြင်း တတိယ အဆင့်နှင့် အတူတူပင် ဖြစ်သည်။ ပိုင်လင်မှာ ဒုတိယ အဆင့်တွင်သာ ရှိသေးသည့်တိုင် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင် ထားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ ဟုန်ယန်လျဲ့လန်က ပိုင်လင်၏ အဆင့်ကို ကျော်လွန်သည့် ငှက်မွေး တစ်ခုကို ထုတ်လာခဲ့သည်။ သူမက ဘယ်က ရလာသနည်း။
ရှဲ... ရှဲ...
မကြာခင်မှာပင် မြေကြီး ရှန့်ထို အဆင့်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပြာမှုန်များ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် ဝိညာဥ်ပင်လျှင် တဖြည်းဖြည်း ပျောက်ဆုံးသွားသည့် လက္ခဏာများကို ပြသလာခဲ့၏။ သူက သေဆုံး သွားခဲ့ချေပြီ ဖြစ်သည်။
ဝူဘုမှာ ငှက်မွေး၏ စွမ်းအားကို ကြည့်ကာ ထိတ်လန့် သွားခဲ့၏။ ဟုန်ယန်လျဲ့လန်မှာ ငှက်မွေးကို ဆက်သွယ်ခြင်း အမျိုးအစား သင်္ကေတ အစီအရင် တစ်ခုနှင့် တွဲသုံးကာ နိဗာန မီးတောက်များကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပေသည်။
“ဆိုတော့ကာ အဲဒါက သူတို့ ပြင်ဆင်ထားတဲ့ ဟာပေါ့...”
သူ မေးစေ့ကို ပွတ်သပ်လိုက်မိ၏။ မာ့ကျန်း၏ ပထမ အစီအစဉ်၌ ဟုန်ယန်လျဲ့လန်ပါ ချန်ပီယံ တစ်ယောက် အနေဖြင့် ပါဝင် တိုက်ခိုက်ရန် စီစဉ် ထားခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာပင် ရှန်းကျီးကျိက ကွက်ကျော်ရိုက်ကာ သူမကို ဝင်မပါနိုင်အောင် စည်းမျဉ်းများဖြင့် တားဆီးခဲ့သည်။ ကံကောင်းထောက်မစွာပင် သူတို့မှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် အနိုင်ရရှိခဲံပေသည်။
“ကျွန်တော် အဲဒါကို လိုချင်တယ်...”
ရုတ်တရက် ပိုင်လင်က ပြောလိုက်လေ၏။
***